Khit Ta Media -KTM

ဖရူဆိုတွင် စစ်ယာဥ်တန် တိုက်ခုံက်ခံရပြီး ၂စီးပျက်၊ ဘောလခဲတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃၀ ခန့် သေဆုံးစက်တင်ဘာ...
23/09/2025

ဖရူဆိုတွင် စစ်ယာဥ်တန် တိုက်ခုံက်ခံရပြီး ၂စီးပျက်၊ ဘောလခဲတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃၀ ခန့် သေဆုံး

စက်တင်ဘာ ၂၃

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့သို့ ရောက်ရှိသွားသည့် စစ်တပ် စစ်ကြောင်းက ဘောလခဲဘက်သို့ ဦး တည်နေသောကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို ရက် အကန့်အသတ်မရှိပိတ် ထားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ် ၊ သြဂုတ်လမှစ၍ စစ်တပ် စစ်ကြောင်းများမှာ ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ လမ်းမကြီး တစ်လျှောက် ထိုးစစ် ဆင်လာခဲ့သောကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ စစ်ယာဉ်တန်းအချို့မှာ ဖရူဆိုမြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်နိုင်မှုကြောင့် ဖရူဆိုမြို့နယ်ရှိ စစ်တပ် စစ်ကြောင်းအချို့မှာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်း၍ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ဘောလခဲလမ်းမကြီးဖက် သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် ကရင်နီတော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဒီးမော့ဆို-ဖရူဆိုကြားကတော့ တိုက်ပွဲတွေနေ့တိုင်းနီးပါးရှိတယ်၊ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အချို့တော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်၊ အရေအတွက်ကိုတော့ အတိအကျ ပြောရခက်တယ်၊ စစ် ကောင်စီရဲ့ယာဉ်တန်းမှာအနည်းဆုံး ကား ၂ စီးလောက်ကတော့ ပျက်စီးမှုရှိတယ်။ စစ်ကောင်စီ တပ်က ဖရူဆိုကို ရောက်သွားတာက ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ရောက်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဖရူဆိုမြို့နယ်ကနေ ဘောလခဲဘက်ကို ဦးတည်ပြီးတော့ စစ်ရေးလှုပ် ရှားမှုတွေကို ပြင်ဆင်နေတဲ့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ တော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ တာတွေရှိပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ က ပြောကြားသည်။

ထို့ကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ မိဘပြည်သူများအနေဖြင့် လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးနှင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရသည့် လမ်းသွယ်များအားလုံးကို ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသွားခြင်းမပြုလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်နီပြည်နယ်၊ ဘောလခဲဘက် မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း ကရင်နီဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘောလခဲဘက်မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင် အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားသောကြောင့် ဘောလခဲဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့က ဒီကောင်တွေ စစ်ကြောင်းထိုးလာတာကို သိလို့ ကင်းထိုင်ထားရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ စစ်ခွေး အင်အားက ၁၀၀ နဲ့ စစ်ကြောင်းထိုးလာတာကို ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲခွေး စစ်ကြောင်းက ဘောလခဲကနေ ဖားဆောင်းဘက်ကို သွားမယ့် စစ်ကြောင်းဆိုတာတော့ သိတယ်။ ဒီကောင်တွေ ဘယ်က ထွက်လာလည်းဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးသေစာရင်းကတော့ ခန့်မှန်းခြေ ၂၅ နဲ့ ၃၀ ကြား သေတယ်" ဟု ကရင်နီဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDF နှင့် နေပြည်တော် PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ် ကြောင်းများ ထပ်မံ လှုပ်ရှားနေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- (ပုံအဟောင်းဖြစ်ပါသည်။)

မောင်တောမြို့နယ်မှာ AA နှင့် ARSA တိုက်ပွဲပြင်းထန်နေ၊ AA တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားဟု ARSA ထုတ်ပြန် စက်တင်ဘာ ၂၃ ရခို...
23/09/2025

မောင်တောမြို့နယ်မှာ AA နှင့် ARSA တိုက်ပွဲပြင်းထန်နေ၊ AA တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားဟု ARSA ထုတ်ပြန်

စက်တင်ဘာ ၂၃

ရခိုင်ပြည်၊ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ အာရက္ခတပ်တော် AA နှင့် ARSA လက်နက်ကိုင်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း နှစ်ဖက်စလုံးထုတ်ပြန်ချက်အရ သိရသည်။

ARSA တပ်ဖွဲ့ဝင်များက Facebook၊ X လူမှုကွန်ရက်စာမျက်နှာများတွင် AA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရုပ်သံဖိုင်များကို ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ က လွှင့်တင်ထားကြပြီး AA တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဟုလည်း ပြောဆိုထားသည်။

သို့သော်လည်း မောင်တောမြို့နယ် မည်သည့်နေရာတွင် AA တပ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း နေရာတိတိကျကျကိုမူ ARSA တပ်ဖွဲ့ဝင်များက ဖော်ပြထားခြင်းမရှိပေ။

ARSA ၏ ဗီဒီယိုဖိုင်အရ AA တပ်စခန်းအား သိမ်းပိုက်သည်ဟုရုပ်သံထဲတွင် ကင်းစခန်းပုံစံမျိုးမဟုတ်ဘဲ အခိုင်အမာ တပ်စွဲထားနိုင်သည့် အဆောက်အဦး အများအပြားနှင့် နေရာအကျယ်အဝန်းရှိသည်ကို တွေ့ရရှိသည်။

ARSA ၏ တိုက်ပွဲရုပ်သံဖိုင်၌ ဆက်လက်တွေ့ရှိရသည်မှာ AA တပ်သားဟု ယူဆရသော လက်နက်များနှင့်အတူ တပ်သား ၅ ဦးထက်မနည်း သေဆုံးနေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း အာရက္ခတပ်တော် AA ဖက်က မောင်တောမြို့နယ်မှာ ARSA နှင့် တိုက်ပွဲဖြစ်နေကြောင်းကို အတည်ပြုပေးထားသော်လည်း တပ်စခန်း လက်လွှတ်ဆုံးရခြင်း ရှိမရှိကိုမူ တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၃ ရက်လောက်စ၍ မောင်တောမြို့နယ် တောင်ပြိုဒေသတစ်ဝိုက်တွင် အာရက္ခတပ်တော် AA စခန်းများကို ARSA လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်နေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိအချို့၏ ဖိအားပေးမှုဖြင့် AA တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေသည်ဟု ပြောဆိုထားသည်။

ခင်ဦးတွင် စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက် စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြာ...
22/09/2025

ခင်ဦးတွင် စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက် စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိ၍ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိ၍ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ခင်ဦးမြို့နယ် စစ်တပ်စခန်း မှ ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ဘုတ်ကုန်း ပျူစေထီးရွာ သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားသော စစ်တပ် စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်း အင်အားဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒု-ဗိုလ်မှူးကြီး၊ သုံးပွင့် ဗိုလ် ၊ တပ်ကြပ်များနှင့် တပ်သားများ အပါအဝင် အများအပြား သေဆုံးခဲ့ပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဘို- လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ)မှ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာစဥ် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး စစ်ကြောင်း တပ်ပျက်ကာ ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ) သို့ ကစဥ့်ကလျားဖြင့် ပြန်လည် ဆုတ်ခွာသွားပြီးနောက် အင်အား ၉၀ ခန့်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်ဟု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ...
22/09/2025

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်ဟု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ရရှိခဲ့...

စက်တင်ဘာ ၂၂
Khit Ta Media

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အကြမ်းဖက်စစ်တပ် စိုးမိုးနယ်မြေအတွင်းရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ (၁၅) ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်သည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်တဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုသည်။

အဆိုပါမြို့သိမ်းတိုက်ပွဲမှာ PDF အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနဲ့ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းတွေ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရသည်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း ကြောင်လည်ရွာ စခန်းကုန်းကနေ ဗန်းမောက်မြို့ကို စစ်ကူလာတဲ့ ကား (၁) စီးပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုသည်။

မြို့သိမ်းတိုက်ပွဲအတွင်း G-3 (၂) လက်၊ U*i (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သလို SNA ဗိုလ် (၁) ယောက်အပါအဝင် အလောင်း (၇) လောင်းကို ရရှိခဲ့တယ်လို့ သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် (၆) ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

လက်ရှိမှာ ဗန်းမောက်မြို့ဝန်းကျင်က အကြမ်းဖက်စစ်သားတွေဟာ ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာ ကာကင်းထိုင်ထားပြီး အများစုဟာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့ အနောက်တောရွာကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ သိရသည်။

ရခိုင်အမ်းတိုက်ပွဲတွင် ဗိုလ်ထိန်လင်းအောင်နှင့် သေဆုံး စစ်သား ၁၀၀၀ ရှိပြီး ၁၀၀ ကျော်ကို ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်...
22/09/2025

ရခိုင်အမ်းတိုက်ပွဲတွင် ဗိုလ်ထိန်လင်းအောင်နှင့် သေဆုံး စစ်သား ၁၀၀၀ ရှိပြီး ၁၀၀ ကျော်ကို ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေး

ဗိုလ်ထိန်လင်းအောင် သေဆုံးမှုမှာလည်း ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြား

စက်တင်ဘာ ၂၂
Khit Ta Media

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ထိန်လင်းအောင် သေဆုံးခဲ့မှုကို ယခုစက်တင်ဘာလ ၉ လကျော်ကြာမှသာကျန်ရစ်သူ မိသားစုထံသို့ စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြားလာကြောင်း မိသားစုနှင့်နီးစပ်သော မိတ်ဆွေများထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဗိုလ်ထိန်လင်းအောင်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အသိမ်းခံရသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သော်လည်း အလောင်းပြန်မရကြောင်း၊ ထို့ကြောင့် စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းထားခဲ့ပြီး ယခု စက်တင်ဘာလရောက်ရှိချိန် ၉ လကျော်ကြာမှသာ သေဆုံးသွားသည်ဟု စစ်တပ်က ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။

"သေဆုံးတာ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိမ်းခံရတော့ ကျဆုံးတာပါ။ အခုမှ မိသားစုကို စာပို့ပြီး သေဆုံးကြောင်း တရားဝင် အသိပေးတာ။ ၉ လကျော်ကြာမှ အသိပေးတာပါ" ဟု ကျန်ရစ်သူမိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။

ဗိုလ်ထိန်လင်းအောင်သည် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အင်ဂျင်နီယာ အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ထိန်လင်းအောင် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအနေဖြင့် အလောင်းပြန်လည် မရရှိသည့်အပြင် အသက်အာမခံကြေး၊ သက်စွန့်စရိတ် အပါအဝင် ခံစားခွင့်များလည်း မရရှိကြောင်း သိရှိရသည်။

အမ်းမြို့ အခြေစိုက် နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါး ရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ ထားရှိထားကြောင်း ကျန်ရစ်သူစစ်တပ် မိသားစုဝင်များက ပြောဆိုသည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့စဉ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် စစ်အရာရှိများနှင့် စစ်သုံ့ပန်း ရာချီ၍ AA အရှင်လက်ရ ဖမ်းဆီးရရှိခဲ့သည်။

ကျုံဒိုးနှင့် ကော့ကရိတ်တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပြီး စစ်သားအလောင်း ၄၀ ခန့် ကောက်ယူနိုင်ခြင်းမရှိ စက်တင်ဘာ ၂၀ ကရင်...
20/09/2025

ကျုံဒိုးနှင့် ကော့ကရိတ်တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပြီး စစ်သားအလောင်း ၄၀ ခန့် ကောက်ယူနိုင်ခြင်းမရှိ

စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အကြိမ်ကြိမ် တပ်လန်ကျသော်လည်း စစ်မှုထမ်း တပ်သားသစ်များကို အင်အားဖြည့်တင်းကာ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အတွင်းရှိ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေး တပ်ဖွဲ့များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြောင်း၊ ဒရုန်းဖြင့် နှစ်ဖက်စလုံးက ဗုံးကျဲတိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားနေကြောင်း သိရှိရသည်။

အလားတူ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရန်ကုတ်ရွာနှင့် လှိုင်စိမ်းရွာဘက်တို့တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ် စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်သောကြာင့် အသေခံ ဒရုန်းများ နေ့စဉ် တိုက်ခိုက်နေကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များကလည်း ဒရုန်း၊ ရှော့တိုက်ဒုံး၊ စနိုက်ပါများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး တိုပ်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း သိရသည်။

ကျုံဒိုးမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်ကြောင်း တစ်ခုလုံး ဖွဲ့စည်းပျက်သွားပြီး ကျုံဘိုင်းရွာနှင့် အင်ကြီးရွာဘက်တွင် သေဆုံးနေသော စစ်သား အလောင်း ၄၀ ခန့်မှာ လာရောက် ကောက်ယူနိုင်ခြင်းမရှိသောကြောင့် ပုတ်ပွနေကြောင်း သိရှိရသည်။

"ကျုံဒိုးနဲ့ ကော့ကရိတ်နယ်ထဲမှာ စစ်ကြောင်ထိုး နေတဲ့စစ်တပ်ကို ဒရုန်းစစ်ဆင်ရေး နဲ့ တိုက်ခိုက်တာ နေတိုင်းတပ်လန်ပြီး နာနေပေမယ့် စစ်ခွေးတွေက စစ်မှုထမ်း တပ်သားတွေကို အင်အားဖြည့်တင်းပြီး နေ့တိုင်း ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဖြစ်နေတာ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ ဝန်းကျင်ထိ ကျုံဒိုးမြို့နယ်ထဲက ကျုံဘိုင်းရွာနဲ့ အင်ကြီးရွာဘက်မှာ စစ်ခွေးတွေသေတာ အလောင်း ၄၀ လောက် ပုတ်ပွနေတယ်" ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မြ၀တီမြို့ကို အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသော စစ်တပ်က ယမန်နေ့ညပိုင်း မြ၀တီကုန်သွယ်ရေးဇုန်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များကလည်း ဒရုန်းဖြင့် မြ၀တီမြို့နယ်ပတ်ဝန်းကျင်တွင် တပ်စွဲထားသော စစ်တပ်နေရာတချို့ကို ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ပုံအဟောင်းများဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပစက်တင်ဘာ ၂၀အမျိုးသားညီညွတ်ရေးအ...
20/09/2025

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ

စက်တင်ဘာ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို လွတ်မြောက်ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုသည်။

ယခု အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၊ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ အမှတ် (၅၁၃) တပ်ရင်း တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တခု ဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ NUG

ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရစက်တင်ဘာ ၂၀ပဲခူးတိုင်...
20/09/2025

ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

စက်တင်ဘာ ၂၀

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း‌ သိရသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

"သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ"ဟု စစ်ရေးသတင်းရင်း မြစ်က ပြောသည်။

စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများပြီး ဒဏ်ရာရသူနှင့် သေဆုံးသူ များကို နာရေးကားသုံးစီးဖြင့် ဥသျှစ်ပင် တံတား ဂိတ်မှ ပြည်မြို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုသို့ပို့ဆောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ရွှေတောင်မြို့ အမှတ် (၆) ခုတင် ၁၀၀ စစ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ညောင်ကျိုးရိုးပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်က တပ်ဆုတ်ထားရကြောင်း သိရသည်။

လေသာတောင်ကုန်းကို စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်ဝင် ရောက်လာ ခြင်းဖြစ်ပြီး AA ဘက်က စစ်ကော်မရှင် အရာရှိများကို စနိုက်ဘာဖြင့် ရွေးချယ်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲအတွင်းမှ ပြန်သယ်လာသည့် အလောင်း ၁၀ လောင်းကျော်ရှိပြီး ဒဏ်ရာရသူများကို နာရေး ကားနှစ်စီးဖြင့် တင်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ကပစ-၆ အနီး တိုက်ပွဲများပြင်းထန် လာသော်လည်း စစ်ကော်မရှင်က စက်ရုံထုတ်လုပ်ရေးပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီး ဆီသယ် ယာဉ် ခုနစ် စီးအထိ စက်ရုံအတွင်း အဝင်အထွက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

ထားဝယ်၊ ပကာရီရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လ...
20/09/2025

ထားဝယ်၊ ပကာရီရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ထားဝယ် - ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၂ ရက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ဗုံး ၂ လုံး၊ ၆၀ မမ ၂ လုံး နှင့် 5.56 ကျည် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

"ယာယီ တပ်စွဲထားတဲ့ နေရာမှာ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ တပ်ကြပ်ကြီး ၂ ဦးရယ်။ တပ်ကြပ် ၂ ရယ်၊ စစ်မှုထမ်း ၃ ရယ် သေပါတယ်။ ဒဏ်ရာရတာကတော့ ၄၀၆ တပ်ရင်းက ဒုတိယဗိုလ်မှူးကြီး အပါအဝင် ၆ ဦးလို့ သိရတယ်။ လက်နက်ကြီးပစ်ကူ လေယဥ်ပစ်ကူရောနဲ့ ပစ်ကူပေးပါတယ်။ သူတို့ဘက်ကတော့ စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်သွားခဲ့ပါတယ်" ဟု ဒူရက စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ၊ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘိလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြရန် ဒူရကစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်◼ ဝါသဝလက်အောက်ပျူစောထီး ၁၀၀ ခန့်နဲ့ ရဲစခန်းထဲ တ...
20/09/2025

ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်

◼ ဝါသဝလက်အောက်ပျူစောထီး ၁၀၀ ခန့်နဲ့ ရဲစခန်းထဲ တပ်ပြန်စွဲပြီး မြို့အဝင်၊အထွက်ပိတ်ထား

စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဝေဖန်အပြစ်တင်ရေးသားနေကြပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရတာပါ။

စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေါ့လျော့မှု၊ PDF တွေရဲ့ အယုံသွင်းခံရမှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုရုပ်သံမှတ်တမ်း အွန်လိုင်းမှာပျံ့နှံ့သွားတာကြောင့် တပ်သိက္ခာကျကြောင်းဆိုကာ အပြစ်တင်ရေးသားတာတွေကို တွေ့ရပါတယ်။

PDF နယ်မြေအတွင်းရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ၊လက်နက်၊ခဲယမ်း အင်အားအနည်းငယ်နဲ့သာ ခုခံတိုက်ခိုက်နေရတာကြောင့် စိတ်ဓာတ်ရေးရာတွေမှာ ကျဆင်းနေကြသလို ရဲတပ်ဖွဲ့ဝင်အများအပြားဟာ ငွေရရှိရေးကိုသာ အဓိကလုပ်ဆောင်ကြတာကြောင့် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုမရှိဘူးလို့ CDM ရဲအရာရှိ ကိုပိုင်စိုး က ပြောပါတယ်။

ဇီးကုန်းရဲစခန်းတိုက်ပွဲအတွင်း ဒုရဲအုပ်အဆင့်အပါ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ သုံ့ပန်း ၁၁ ဦး ဖမ်းမိကာ အကျဉ်းသား ၃ ဦး ကို ကယ်ထုတ်နိုင်ခဲ့ပြီး G 3 ၉ လက်အပါ သေနတ် ၁၂ လက် သိမ်းဆည်းရခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)ထံက သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၁၈ ရက် ယမန်နေ့မှာ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်က ပျူဘုန်းကြီး ဝါသဝလက်အောက် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် ဇီးကုန်းရဲစခန်းအတွင်း တပ်ပြန်စွဲခဲ့ပြီး မြို့အဝင်၊အထွက်ကို ပိတ်ဆို့ထားတယ်လို့ ကန်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

" မစ်ရှင်ပြီးတဲ့နောက် ၁ ရက်မှာ ကား ၅ စီးနဲ့ပြန်ဝင်လာတယ်။ ရဲတွေအဓိကပေါ့။ အင်အားဘယ်လောက်ဆိုတာ အတိအကျတော့မသိရဘူး ခန့်မှန်း ၁၀၀ လောက်ရှိမယ်။ ကား ၅ စီးဆိုပေမယ့် အေဒီဗင်လေးတွေပါတယ်။ ထန်းကုန်းဘက်က ရှိတဲ့ပျူတွေစုတယ်။ ၆၀၀၆ ကရဲတွေပါတယ်။ လက်ရှိအသွားအလာတွေပိတ်ထားတယ်"လို့ ဆိုပါတယ်။

ရဲစခန်းစီးနင်းခံရချိန်မှာ စစ်ကော်မရှင်တပ်က စစ်ကူလာခဲ့ပေမယ့် ဇီးကုန်းမြို့အထိမရောက်ဘဲ မူးဘောင်တွေအနီးကနေ ပြန်လှည့်သွားပြီး နောက် ၁ ရက်မှ အင်အားအလုံးအရင်းနဲ့ပြန်ရောက်လာတာလို့ဆိုပါတယ်။

လက်ရှိမှာ ရဲနဲ့ပျူစောထီးတွေက မြို့အဝင်အထွက်ကိုပိတ်ဆို့ထားပြီး မြို့တွင်းပြည်သူတွေကို မြို့ပြင်ထွက်ခွာခွင့်ပိတ်ထားသလို ကျေးရွာတွေဘက်က ပြည်သူတွေကိုလည်း မြို့တွင်း ဝင်ရောက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

မုံရွေး စစ်တပ်ဂိတ်စခန်းစီးနင်းတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်းစက်တင်ဘာ ၂၀စစ်ကိုင်းတိုင်း၊ မုံရွာမြိ...
20/09/2025

မုံရွေး စစ်တပ်ဂိတ်စခန်းစီးနင်းတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်း

စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ်က စစ်အင်အား ၃၀ ကျော်ရှိတဲ့ မုံရွေးတိုးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ Budalin Defense Force - BDF က စက်တင်ဘာ ၁၉ ရက်ဒီကနေ့မှာထုတ်ပြန်သည်။

မုံရွေးကျေးရွာအနီးရှိ အဆိုပါဂိတ်စခန်းကို စက်တင်ဘာ ၁၆ ရက်မနက် ၃ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ဘန်ကာ ၁ ခု၊ ကင်းတဲတခုတို့ကို သိမ်းနိုင်ခဲ့ပေမယ့် ၃ ထပ်ဘန်ကာ ၁ ခုတော့ ကျန်ခဲ့တယ်လို့ ဆိုသည်။

"အပြတ်သိမ်းနိုင်ခဲ့တာ မဟုတ်ဘူး။ **တွေက ဘန်ကာထဲ ဝင်ပြေးကြတာ။ ဘန်ကာက သုံးထပ်လုပ်ထားတာဆိုတော့ အကုန်မရခဲ့ဘူး။ ဘန်ကာ သိမ်းခါနီးမှာ မိုးလင်းသွားလို့ ပြန်ခဲ့ရတယ်။ မိုးလင်းသွားပြီဆိုတော့ ဘန်ကာထဲကနေ **က စက်သနတ်နဲ့ ပစ်နေတာဆိုတော့ ဝင်လို့မရတော့ဘူး၊"လို့ Budalin Defense Force BDF မှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

စခန်းကိုတိုက်ခိုက်မှု ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးအလောင်း၊ သေနတ် ၅ လက်၊ ကျည်ကာ ဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကာဘိုင်ကျည်တွေအပါအဝင် အခြားကျည် မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်ဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း BDF အဖွဲ့ဘက်က ၃ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သူကဆိုသည်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်တပ်ရင်း ၂၄၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ Federal Democratic Force(FDF)၊ Budalin Defense Force(BDF) အပါအဝင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် ကာကင်းစခန်း ၆ ခုကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိထား၊ စစ်လေယာဉ်ဖြင့် ဗု...
18/09/2025

ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် ကာကင်းစခန်း ၆ ခုကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိထား၊ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုများလည်းရှိနေ

စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ကာကင်းစခန်း ၆ ခုကို သိမ်းပိုက်ရရှိထားကြောင်း PDF စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ဗန်းမောက်မြို့ရှိ စစ်တပ် စခန်းများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကာ စစ်တပ် ကာကင်းစခန်း ၆ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗန်းမောက်မြို့ ကာကင်းစခန်းများကို ဗျူဟာမှူး ရဉ်ထွန်း ဦးဆောင်သော SNA တပ်မဟာ ၆၁၄ မှ အင်အား ၄၀၀ ခန့်က တပ်စွဲထားခြင်းဖြစ်ပြီး PDF တပ်ဖွဲ့က မြစ်သေးချင်းရွာ ကာကင်းကုန်း (၁)၊ မြစ်သေးချင်းရွာ ကာကင်းကုန်း (၂)၊ တာဝါတိုင်ကုန်း၊ AGBT၊ ကျွဲကောကုန်း၊ စက်တောကုန်း စသည့် စခန်း ၆ ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေတုန်းပါပဲ ဗန်းမောက်မြို့နားက စစ်ခွေးနဲ့ SNA တွေ ပူးပေါင်းပြီး အင်အား ၄၀၀ လောက်နဲ့ တပ်စွဲထားတဲ့ ကာကင်းစခန်း ၆ ခုကိုတော့ သိမ်းနိုင်ခဲ့ပြီး စစ်ခွေးတွေဘက်က အသေများပါတယ်။ ကာကင်းက ကောင်တွေက မြို့ပေါ်ထိ ဆုတ်သွားပြီ" ဟု PDF စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅)၊ အမှတ် (၁) စစ်ဒေသ စစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင် ပကဖလှုပ်ရှားအဖွဲ့ ၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ဗန်းမောက်-ဟုမ္မလင်း လမ်းပိုင်းကို ပိတ်ဆို့ထားပြီး မြို့ပေါ်တွင် နေထိုင်သည့် ထောင်နှင့်ချီသော ပြည်သူများကို စစ်ဘေးတိမ်းရှောင်ခွင့်မပေးဘဲ လူသားဒိုင်း ပြုလုပ်ထားကြောင်း သိရသည်။

လတ်တလော စစ်တပ်က ဗန်းမောက်မြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ - ပုဲအဟောင်းဖြစ်သည်။

ที่อยู่

Soi 11
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit Ta Media -KTMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khit Ta Media -KTM:

แชร์