Khit Ta Media -KTM

NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများအားလုံးကို အပြီးသတ် ဖြိုချဖျက်ဆီးရန် အစည်း အဝေးတွင် အမိန့်...
03/07/2026

NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများအားလုံးကို အပြီးသတ် ဖြိုချဖျက်ဆီးရန် အစည်း အဝေးတွင် အမိန့်ပေးခဲ့(သတင်း)

Khit Ta Media -KTM ဇူလိုင် ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များကို အပြီးသတ် ဖယ်ရှားဖြိုချရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နှင့် ဇွန်လ ၂၆ ရက်နေ့များတွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အစည်းအဝေးအတွင်း အမိန့်ပေးညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အစည်းအဝေးတွင် မင်းအောင်လှိုင်က NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများအားလုံးကို ဖယ်ရှားဖြိုချရန် ညွှန်ကြားခဲ့ပြီး မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း စစ်ဘက်လုံခြုံရေးဌာနနှင့်ရဲသတင်းတပ်ဖွဲ့ က နေ့စဉ် အစီရင်ခံတင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများ၏ တည်နေရာ၊ တည်ဆောက်သည့် ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်များတွင် အရေးပေါ်စာရင်းကောက်ယူထားပြီး ဗိုလ်ချုပ်ကြေးရုပ်များအားလုံးကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရှိရသည်။

"NLD အစိုးရလက်ထက်က တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကိုပဲ အဓိကထား ဖယ်ရှားတာပါ။ အရင်ခေတ်က တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ အထိမ်းအမှတ်တွေ မပါဘူး။ ဒါ့အပြင် NLD ခေတ်မှာ လုပ်ခဲ့တဲ့ အခြားနိုင်ငံရေးအထိမ်းအမှတ်တွေကိုလည်း ဖယ်ရှားခိုင်းထားပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ညအချိန်များတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် ကရိန်းယာဉ်များ၊ ဘက်ဟိုးများနှင့် မြေကော်ယာဉ်များ အသုံးပြုကာ ဆက်တိုက် ဖယ်ရှားဖြိုချမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်မှ စတင်၍ စစ်တပ်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့တို့က ဘက်ဟိုးများ၊ မြေကော်ယာဉ်များဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ၂ ရုပ်ကို ဖြိုချဖယ်ရှားခဲ့သည်။

အဆိုပါ ရုပ်တုနှစ်ရုပ်အနက် တစ်ရုပ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တည်ဆောက်ခဲ့သည့် ကြေးရုပ်ဖြစ်ပြီး ကျန်တစ်ရုပ်မှာ တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနှင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်တည်ဆောက်ခဲ့သည့် ကြေးရုပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေးရုပ်များကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အများပြည်သူ ဂါရဝပြုနိုင်ရန် စိုက်ထူခဲ့ခြင်းဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်နိုင်ငံသို့ လွတ်လပ်ရေးဆွေးနွေးရန် သွားရောက်စဉ် ဝတ်ဆင်ခဲ့သည့် လောင်းကုတ်အင်္ကျီပုံစံဖြင့် သွန်းလုပ်ထားသော အမြင့် ၉ ပေ၊ ကြေးပိဿာချိန် ၃၀၀ ရှိသည့် ရုပ်တုဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းတွင် သာကေတမြို့နယ် မြကန်သာပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း စစ်တပ်နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဘက်ဟိုးများဖြင့် ဖြိုချဖယ်ရှားခဲ့သည်။

အဆိုပါ ကြေးရုပ်မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သာကေတမြို့နယ် ပြည်သူများ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွင်း မြို့နယ်အဆင့်၌ ပြည်သူများ စုပေါင်းအလှူငွေဖြင့် တည်ဆောက်ခဲ့သည့် ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များအနက် တစ်ရုပ်ဖြစ်ကြောင်း သိရသည်။

ယင်းရုပ်တုကို ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝ သမိုင်းဝင်ဓာတ်ပုံကို အခြေခံ၍ သွန်းလုပ်ထားခြင်းဖြစ်ပြီး သာကေတမြို့ခံများအတွက် သမိုင်းအမှတ်တရတန်ဖိုးရှိသည့် အထိမ်းအမှတ်တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် စည်ပင်သာယာရေးရုံးဝင်းအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင် ဘက်ဟိုးယာဉ်ဖြင့် ဖြိုချဖယ်ရှားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင်လည်း ဇူလိုင်လ ၂ ရက်နေ့ နံနက်အစောပိုင်း၌ အောင်ဆန်းရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်ကောင်စီတပ်က ကရိန်းယာဉ်များအသုံး ပြု၍ ဖယ်ရှားခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်လများအတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ နေပြည် တော် ပုဗ္ဗသီရိမြို့နယ်၊ ပဲခူးမြို့၊ ပုသိမ်မြို့နှင့် မန္တလေးတိုင်း သာစည်မြို့တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကိုလည်း ညအချိန်များတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ကရိန်းယာဉ်များ၊ ဘက်ဟိုးများနှင့် မြေကော်ယာဉ်များ အသုံးပြု၍ ဆက်တိုက် ဖယ်ရှားဖြိုချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များကို နိုင်ငံတစ်ဝန်း ဆက်လက်ဖယ်ရှားလျက်ရှိပြီး ယင်းလုပ်ရပ်များအပေါ် ပြည်သူများ၏ တုံ့ပြန်မှုများကိုလည်း အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်ရှိ စကစ စခန်းများကို သိမ်းပိုက် ဗိုလ်ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံး၊ ၁ ဦးအရှင်မိပြီး ...
03/07/2026

ဆင်ပေါင်ဝဲမြို့နယ်ရှိ စကစ စခန်းများကို သိမ်းပိုက် ဗိုလ်ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံး၊ ၁ ဦးအရှင်မိပြီး လက်နက်တချို့သိမ်းမိ(သတင်း)

Khit Ta Media -KTM
ဇူလိုင် ၃

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လအထိ သုံးလအတွင်း အကြမ်းဖက်စစ်တပ်ဂိတ်စခန်းတွေကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၃ဦး​သေဆုံးပြီး သုံ့ပန်းတစ်ဦးနဲ့ လက်နက်ခဲယမ်း တချို့ရရှိခဲ့ကြောင်း PDF၊ သရက်ခရိုင်စစ်ဌာနက ဇူလိုင်လ ၂ရက်၊ မ​နေ့က ထုတ်ပြန်ပါတယ်။

ပထမဆုံးအနေနဲ့ ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်မှာရှိတဲ့ နွယ်လီလမ်းပေါက်ဂိတ်စခန်းနဲ့ လယ်မလမ်းပေါက်ဂိတ်စခန်း ၂ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၁ဦး သေဆုံးပြီး၊ ၂ဦးဒဏ်ရာရရှိခဲ့သလို ဘန်ကာတစ်ခုပျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၃ရက်နေ့နဲ့ ၄ရက်နေ့တွေမှာလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပိုင်းပေါ်က ဧကရာဇ်ရဲစခန်းနဲ့ ကိုးပင်သာဂရလမ်းမပေါ်က သာစည်လမ်း ပေါက်ဂိတ်စထန်းတွေကိုလည်း တိုင်းဒရုန်းအဖွဲ့က Drop Bombတွေချပြီးတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဧကရာဇ်စခန်းမှူး ဒဏ်ရာရရှိပြီး အဆောက်အဦးထိခိုက်ပျက်စီးခဲ့ကြောင်း သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သာစည်လမ်းပေါက်ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၄ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်

တဆက်တည်းမှာပဲ ဂိတ်အတွင်း ကျ​န်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေထွက်ပြေးသွားတာကြောင့် ဂိတ်ကိုပါတခါတည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင်စစ်ဌာနကပြောပါတယ်။

အလားတူ မေလ ၂၇ရက်နေ့မှာလည်း ကိုးပင်သာဂရလမ်းပေါ်က သပြေစမ်း(အိုးလွယ်ဆွဲ)ဂိတ်စခန်းကိုလည်း သရက်ခရိုင်စစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၄ဦးသေဆုံးပြီး သုံ့ပန်း ၁ဦးနဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၅ရက်နေ့မှာလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်သာဂရလမ်းနဲ့ အမှတ် ၁ ခရိုင်ချင်းဆက်လမ်းဆုံရာ စခန်းမြေထောင်လမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို သရက်ခရိုင် အထူးလှုပ်ရှားတပ်ဖွဲ့နဲ့အတူ သရက်ခရိုင်အမှတ်-၅ တပ်ရင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပ.က.ဖ တို့က တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄ဦးသေဆုံးပြီး ဖုန်း ၄လုံးရရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂိတ်စခန်းအတွင်းရှိနေတဲ့ ဘန်ကာ ၄လုံးကိုတိုက်ခိုက်ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သရက်ခရိုင်စစ်ဌာနကဖော်ပြပါတယ်။

လက်ရှိကာလဟာ တော်လှန်ရေးကာလဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုနဲ့ အဝေးဆုံးကနေ နေထိုင် သွားလာလှုပ်ရှားကြဖို့နဲ့ စစ်ရေးသတိထားကြဖို့ကိုလည်း သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ထားသည့် စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ။

#သတင်း

Four Prisoners of War, Including a Captain, Killed in Myanmar Junta Airstrike on POW Detention Camp in Kyain Chaung, Mau...
03/07/2026

Four Prisoners of War, Including a Captain, Killed in Myanmar Junta Airstrike on POW Detention Camp in Kyain Chaung, Maungdaw [latest news]

Khit Ta Media -KTM

July 3, 2026

A military prisoner-of-war (POW) detention camp in Kyain Chaung, Maungdaw Township, Rakhine State, was reportedly bombed in an airstrike carried out by Myanmar's military junta, killing four prisoners of war, including a captain, according to local sources.

The attack took place on July 2 between 3:00 p.m. and 3:13 p.m., when two junta fighter jets reportedly carried out six bombing runs, dropping six 500-pound bombs on the POW detention facility.

According to the same sources, a Y-12 aircraft also conducted another series of attacks between 3:17 p.m. and 3:32 p.m., dropping 27 bombs in five separate bombing runs.

As a result of the airstrikes, a junta captain who had been assigned to provide medical care for the prisoners inside the camp, along with three other junta personnel being held as prisoners of war, were killed at the scene. Several buildings within the detention facility were also reportedly damaged.

Sources said the Myanmar military has repeatedly carried out airstrikes targeting POW camps administered by the Arakan Army (AA). They also referred to an earlier incident on March 8, when the junta allegedly bombed another POW camp in the Dalet Chaung area of Ann Township, reportedly killing 116 prisoners of war, including officers holding the ranks of colonel and major, and injuring 32 others.

Photo: Arakan Princess Media

03/07/2026

◼️‌ချောက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းတွေကို PDF တပ်ရင်းတပ်ဖွဲ့တွေက ၃ ရက်တာတိုက်ခိုက်မှု စကစ ၁၀ ဦး သေဆုံး(သတင်း)

Khit Ta Media ဇူလိုင် ၃

မကွေးဒေသ၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို PDF တပ်ရင်းတပ်ဖွဲ့ တွေက ဇွန် ၂၃၊ ၂၆၊ ၂၇ ရက်တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချောက်မြို့နယ် စစ်ကောင်စီတပ် ခလရ ၁၃ မှ ထွက်ခွာလာတဲ့ ‌စစ်ကြောင်းကို ဇွန် ၂၃ ရက်မှာ ဇောင်းတောကန်ကျေးရွာအနီးအရောက် မကွေးခရိုင်စစ်ဌာနစုဖွဲ့မှုစစ်ကြောင်းက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တဲ့အပြင် တိုက်ခိုက်ရေးဒရုန်း တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လေးပင်ကုန်းကျေးရွာသို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စီးနင်းဝင်ရောက်တာကြောင့် ဇွန် ၂၆ ရက်မှာ ခုခံပြင်ဆင်ထားတဲ့ နင်းမိုင်း၊ တိုက်မိုင်းတွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇွန် ၂၇ ရက်မှာ ပဒေသာမိုင်း ၅ လုံး ထပ်မံပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့တဲ့အတွက် အထိနာနေတဲ့စစ်ကြောင်းကို စစ်ကူလာတဲ့ အင်အား ၅၀ ခန့်ပါ ယာဉ်တန်းကိုလည်း မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တဲ့အပြင် MA1 ၁ လက်၊ MA4 ၁ လက်၊ ၅.၅၆ ကျည် ၅၇၇ တောင့်၊ ကျည်ဘောက် ၆ ခု၊ 60MM ဗုံးသီး ၅ လုံး၊ 40MM ဗုံးသီး ၂ လုံး၊ Equipment ၂ ခု၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ စစ်ယူနီဖောင်း၂ စုံ၊ မှတ်စုစာအုပ် ၅ အုပ်၊ စစ်သုံးရေဗူး ၁ ဗူးနဲ့ လက်ကိုင်ဖုန်း ၁၀ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး‌တွေကို တိုင်းစစ်ဌာနတွေအလိုက် ဖော်ဆောင်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း ရဲဘော်တွေကို တတ်စွမ်းသရွေ့ကူညီဖေးမကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

03/07/2026

မြို့နယ် ၅ခုမှာ ဇွန်လစစ်ဆင်ရေးအတွင်း စစ်တပ် ၄၀ ကျော်သေ၊ လက်နက် ၁၈လက်ရဟု နေပြည်တော် PDF ထုတ်ပြန်(သတင်း)

Khit Ta Media -KTM
ဇူလိုင် ၃

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လအတွင်း နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေတွေ ဖြစ်တဲ့ ပဲခူးတိုင်း ဆွာမြို့နဲ့ ရေတာရှည်မြို့နယ်တွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းစစ်ခွင်နဲ့ မကွေးတိုင်း အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွင်းရှိ အလယ်ရိုးမစစ်ခွင်တွေမှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေ စုစည်းဖော်ပြခဲ့တာဖြစ်ပါတယ်။

တစ်လအတွင်းစစ်ဆင်ရေးတွေမှာ စစ်တပ်ထံက လက်နက်ငယ် (၁၈)လက်နဲ့ ကျည်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းရခဲ့ကြောင်းလည်း မှတ်တမ်းနဲ့အတူ အသိပေးပါတယ်။

ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး ဖြစ်စဉ်တခုချင်းကိုလည်း ဖော်ပြခဲ့ရာ ဇွန်လ ၃ရက်မှာ ဆွာမြို့နယ် ဆွာမကြီးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှု၊ ဇွန် ၄ရက်မှာ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာ အနီး စိုင်ကောင်းရဲစခန်းမှူးလိုက်ပါလာသော ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇွန်လ ၅ရက်မှာ ရေတာရှည်မြို့နယ်ပိတောက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့မှု ဇွန်လ ၁၅ရက်မှာ ရေတာရှည်မြို့နယ် ကျွန်းကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်မှု၊ အဲဒီနေ့မှာပဲ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ ဘက်မှ ထွက်ခွာလာတဲ့ ဗိုလ်ကြီး အဆင့်ပါ ၄ဦး စီးနင်းလာတဲ့ ကားကို ရန်ကုန်_ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်_ဆတ်သွား လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အသိပေးပါတယ်။

ဇွန်လ ၁၈ရက်မှာလည်း ပဲတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာအကြား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လ ၂၄ရက်မှာလည်း ပဲတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာကြား တပ်စွဲထားတဲ့ စစ်တပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

အထက်ပါ စစ်ဆင်ရေးတွေကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် (၁၈)၊ ဗျူဟာအမှတ် (၁၉)လက်အောက်ရှိ PDF တပ်ရင်းတွေ၊ နေပြည်တော်ပကဖ၊ ဗျူဟာ အမှတ် (၁၇) လက်အောက်ရှိ PDF တပ်ရင်းများ၊ ဗျူဟာအမှတ် (၁၇) လက်အောက်ရှိ ရိုးမဖိုက်တာစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များက ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရေတာရှည်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးများလို့ ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ Y 12၊ MI 35 နဲ့ ဂျက်ဖိုက်တာများ သုံး တိုက်ခိုက်တာတွေရှိတယ်လို့ အသိပေးပါတယ်။

စစ်ဆင်ရေးအတွင်း PDF ရဲဘော်တွေ ထိခိုက်ကျဆုံးရှိမရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

ဓာတ်ပုံ - နေပြည်တော်PDF ပုံအဟောင်းများ

#သတင်း #နေပြည်တော်PDF

မြို့နယ် ၅ခုမှာ ဇွန်လစစ်ဆင်ရေးအတွင်း စစ်တပ် ၄၀ ကျော်သေ၊ လက်နက် ၁၈လက်ရဟု နေပြည်တော် PDF ထုတ်ပြန်(သတင်း)Khit Ta Media -KTM...
02/07/2026

မြို့နယ် ၅ခုမှာ ဇွန်လစစ်ဆင်ရေးအတွင်း စစ်တပ် ၄၀ ကျော်သေ၊ လက်နက် ၁၈လက်ရဟု နေပြည်တော် PDF ထုတ်ပြန်(သတင်း)

Khit Ta Media -KTM
ဇူလိုင် ၂

မင်းတပ်နဲ့ ကန်ပက်လက်သို့လာတဲ့ အင်အားထောင်ချီစစ်တပ်ကိုတိုက်ခိုက်မှု စကစရာချီသေဆုံး(သတင်း)

Khit Ta Media -KTM
ဇူလိုင် ၂

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေသို့ အင်အားထောင်နဲ့ချီ ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ ပူးပေါင်းတပ်များက တလကျော်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး အလောင်းများနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ CPU/CPA က သတင်းထုတ်ပြန်ထားပါတယ်။

ယောဒေသ၊ ဆောနယ်ကိုဖြတ်ပြီး ကျူးကျော်လာတဲ့ စစ်မှုထမ်းတပ်သားတွေ အများအပြားအပါအဝင် အင်အားထောင်နဲ့ချီ စစ်တပ်စစ်‌ကြောင်းတွေကို မေ ၁၆ ရက်မှစတင်ကာ ဟန့်တားတိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး ဖွဲ့စည်းပုံပျက် တပ်လန်ခဲ့တယ်လို့ ဆိုပါတယ်။

တလကျော်တိုက်ပွဲများအတွင်း စစ်သုံးပန်းများလည်း ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများစွာနဲ့ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာအထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က စစ်ဘက်အရပ်ဘက်မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ် တိုက်ခိုက်လျက်ရှိတာကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေနဲ့ အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ချင်းပြည်သူ့တပ်မတော် CPU/CPA ၊ ယောဒေသအခြေစိုက် YDF ၊ YA အပါအဝင် မဟာမိတ်ပူး‌ပေါင်းတပ်များက တိုက်ခိုက်ခဲ့တာဖြစ်သလို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံနဲ့ အဆုံးထိခုခံတွန်းလှန်သွားမယ်လို့ သိရပါတယ်။

#သတင်းဖော်ပြခြင်း

02/07/2026

မင်းဘူးမြို့နယ် ဥယာဥ်တံတားရှိ စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း(ရုပ်သံ/သတင်း)

Khit Ta Media ဇူလိုင် ၂

မကွေးတိုင်း၊ မင်းဘူးမြို့နယ် ဥယာဥ်တံတားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူး-စကု ပကဖ က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ဥယာဥ်တံတားထိပ်တွင်ရှိသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုသည် မိနစ် ၃၀ ကျော်ခန့်ကြာမြင့်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိကာ မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများပြားပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း မင်းဘူးမြို့နယ် ပကဖ ဒုတာဝန်ခံ ရဲဘော်ဖိုးသား တိုက်ပွဲအတွင်း ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စခန်းသိမ်း တိုက်ပွဲတွင် ၅.၅၆ ကျည်တောင့်များ၊ အီနာဂါဗုံးသီးအချို့နှင့် စစ်ဦးထုပ် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်သား ကိုင်ဆောင်သော လက်နက်ငယ်များသည် တံတားတစ်ဖက်ခြမ်းတွင် ကျန်ရှိခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး မလုပ်နိုင်ခဲ့၍ လက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးမြို့နယ် ပကဖ နှင့် အတူ ချင်းကာကွယ်ရေးတပ် (အရှို) CDF (Asho)နှင့် လူဘောင်သစ်တပ်တော်(NSA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မင်းဘူး၊ စကုမြို့နယ် ပကဖသည် စစ်အနိုင်တိုက်ရေးနှင့် ပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကိုသာ ဦးထိပ်ထားသည့်တပ်ဖွဲ့ဖြစ်သည့်အတွက် အာဏာရှင်စနစ်ဇီဝိန်ချုပ်ငြိမ်းသည်အထိ အမြစ်ပြတ်တွန်းလှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။
#သတင်း

မင်းတပ်နဲ့ ကန်ပက်လက်သို့လာတဲ့ အင်အားထောင်ချီစစ်တပ်ကိုတိုက်ခိုက်မှု စကစရာချီသေဆုံး(သတင်း)Khit Ta Media -KTM ဇူလိုင် ၂ချင်...
02/07/2026

မင်းတပ်နဲ့ ကန်ပက်လက်သို့လာတဲ့ အင်အားထောင်ချီစစ်တပ်ကိုတိုက်ခိုက်မှု စကစရာချီသေဆုံး(သတင်း)

Khit Ta Media -KTM
ဇူလိုင် ၂

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေသို့ အင်အားထောင်နဲ့ချီ ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ ပူးပေါင်းတပ်များက တလကျော်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး အလောင်းများနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ CPU/CPA က သတင်းထုတ်ပြန်ထားပါတယ်။

ယောဒေသ၊ ဆောနယ်ကိုဖြတ်ပြီး ကျူးကျော်လာတဲ့ စစ်မှုထမ်းတပ်သားတွေ အများအပြားအပါအဝင် အင်အားထောင်နဲ့ချီ စစ်တပ်စစ်‌ကြောင်းတွေကို မေ ၁၆ ရက်မှစတင်ကာ ဟန့်တားတိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး ဖွဲ့စည်းပုံပျက် တပ်လန်ခဲ့တယ်လို့ ဆိုပါတယ်။

တလကျော်တိုက်ပွဲများအတွင်း စစ်သုံးပန်းများလည်း ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများစွာနဲ့ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာအထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က စစ်ဘက်အရပ်ဘက်မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ် တိုက်ခိုက်လျက်ရှိတာကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေနဲ့ အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ချင်းပြည်သူ့တပ်မတော် CPU/CPA ၊ ယောဒေသအခြေစိုက် YDF ၊ YA အပါအဝင် မဟာမိတ်ပူး‌ပေါင်းတပ်များက တိုက်ခိုက်ခဲ့တာဖြစ်သလို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံနဲ့ အဆုံးထိခုခံတွန်းလှန်သွားမယ်လို့ သိရပါတယ်။

#သတင်းဖော်ပြခြင်း

မြောက်ဦးမြို့နယ်တွင် ကုရ်ဘာနီနေ့အထိမ်းအမှတ် ဘောလုံးဒိုင်းလုပွဲ ကျင်းပပြီးစီး (သတင်း)Khit Ta Media -KTM ဇွန် ၃၀အာရက္ခဒေသ၊...
30/06/2026

မြောက်ဦးမြို့နယ်တွင် ကုရ်ဘာနီနေ့အထိမ်းအမှတ် ဘောလုံးဒိုင်းလုပွဲ ကျင်းပပြီးစီး (သတင်း)

Khit Ta Media -KTM
ဇွန် ၃၀

အာရက္ခဒေသ၊ မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်က ကျရောက်ခဲ့သော အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်နေ့ ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် ပြိုင်ပွဲ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ကုရ်ဘာနီနေ့ မတိုင််မီကပင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် မြောက်ဦးမြို့နယ်မှ မူဆလင်ကျေးရွာများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယိုင်သည်ကျေးရွာမှ ပထမဒိုင်းဆုကို ရရှိခဲ့ပြီး ပုရိန်ကျေးရွာမှ ဒုတိယဆုကို ရရှိခဲ့ကြောင်း သိရသည်။

ကုရ်ဘာနီနေ့အထိမ်းအမှတ်ဘောလုံးဒိုင်းလုပွဲသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA)မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ခဲ့ကြပြီီး တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)မှ ပွဲလုံခြုံရေး ယူပေးခဲ့သည်။

ဓာတ်ပုံ/သတင်း - One Nation News

ที่อยู่

Soi 11
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit Ta Media -KTMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khit Ta Media -KTM:

ทางลัด

แชร์