23/10/2025
အာဆီယံထိပ်သီးအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း (U Hau Khan Sum) တက်မည်
-------------------------
တီးတိန် - အောက်တိုဘာလ ၂၃၊ ၂၀၂၅
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ရန်အတွက် မလေးရှားနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
၎င်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁း၃၅ မိနစ်တွင် ကွာလာလမ်ပူရ်နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
ယနေ့တွင် တီမောလက်စ်တီး နိုင်ငံခြားရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည်လည်း ထိပ်သီးအစည်းအဝေးအတွက် အသီးသီးရောက်ရှိလာကြမည်ဖြစ်သည်။
ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ဖြစ်သော မလေးရှားနိုင်ငံသည် “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ဟူသော ခေါင်းစဉ်ဖြင့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းအဝေးကို ကွာလာလမ်ပူရ်တွင် အောက်တိုဘာလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။
ထိပ်သီးအစည်းအဝေးအတွက် အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယအပါအဝင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
Ref: ဘနားမား