Myat Kyaw Lwin

26/06/2024
02/03/2024

♦️🔹မေတ္တာရောင်ပြန်🔹♦️
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔸တစ်ည အောင်မင်္ဂလာ အဝေပြေးကားဂိတ်ကို ဧည့်သည်အားလိုက်ပို့ရသည်။ ကားက ည ၁၀ နာရီခွဲမှထွက်မည်။ အဝေးပြေးကားကြီး ထွက်ခါနီးတွင် သူငယ်ချင်းဖြစ်သူက

“ကျေးဇူးတင်ပါတယ်ကွာ … ငါရန်ကုန်မှာ ဆေးခန်းလာပြတုန်း အစစအရာရာ ကူညီတဲ့အတွက်”

“မင်းကွယ် ... ကျေးဇူးတင်စရာလား ... ငါတို့က သူငယ်ချင်းတွေပဲ ... မင်းကိုတောင်းပန်ရမှာက ငါမလိုက် ဖြစ်တာကိုပဲ ... နီးမှ အစည်းအဝေးကိစ္စပေါ်လာရတယ်လို့”

“ရပါတယ်ကွာ ... ငါလည်း နေကောင်းနေပြီပဲ”

ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အပြေးအလွှား ကားဂိတ်ထဲကို ဝင်လာသည်

“လက်မှတ်တစ်စောင်လောက် ... အရေးကြီးလို့ပါ”

“နောက်နေ့အတွက်ပဲရှိတော့တယ် ... ဒါနောက်ဆုံးကားပဲ ... လက်မှတ်မကျန်တော့ဘူး”

“ကြားခုံလေးနဲ့ဖြစ်ဖြစ် လိုက်လို့မရဘူးလား ... အရေးကြီးလို့ပါ”

“အထူးကားရှင့် ... ကြားခုံမရှိပါဘူး"

“ဒုက်ခပါပဲ”

ကျွန်တော်က သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်သည်

“ဘာလဲကွ”

“မင်းကို နှစ်ခုံတွဲ သက်သောင့်သက်သာဖြစ်အောင် ဝယ်ပေးလိုက်တာ ... အဲဒါ”

“အဲဒါ ဘာဖြစ်သလဲကွ”

“မင်း ငါ့ကိုကျေးဇူးတင်ရင် နောက်တစ်ယောက်ကို ကူညီတဲ့အနေနဲ့ ဟိုအမျိုးသမီးကို ခေါ်သွားပေးပါလား”

“ဟာ ... ရတာပေါ့ ... ခေါ်လိုက်ပါ”

ကျွန်တော်က အမျိုးသမီးကြီးထံသွားလိုက်ပြီး

“ဒီက ညီမ ... ဒီကားနဲ့ လိုက်ချင်လို့လား”

“ဟုတ်ကဲ့ရှင့်”

“ကဲ ... ကားပေါ်တက်တော့ ထွက်တော့မယ် ... ဟိုက ငါ့သူငယ်ချင်းနဲ့အတူတူလိုက်သွား ... သူ့က သိပ်နေမကောင်းဘူး ... လမ်းမှာ စောင့်ရှောက်ပေးပါ”

“ခုံပိုလို့လား”

“ပိုပါတယ် ... တစ်ခုံအပိုဝယ်ထားတာ ... လိုက်သွားပါကွယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ... ပိုက်ဆံဘယ်လောက်ပေးရမလဲ”

“မပေးပါနဲ့ ... တကယ်လို့ ကျေးဇူးပြန်ဆပ်ချင်ရင် ဒုက္ခရောက်နေသူ နောက်တစ်ယောက်နဲ့ တွေ့တဲ့အခါ ကူညီဖြစ်အောင် ကူညီလိုက်ပါကွယ်”

“ဟုတ်ကဲ့”

ကားထွက်သွားသည်အထိ ကျွန်တော်စောင့်ကြည့်နေမိသည်။ သူတို့ ကားထွက်သွားမှ ကျွန်တော်လည်း ကားမောင်းထွက်ခဲ့သည်။

ကားလမ်းတွေက ပိတ်တတ်သောကြောင့် ကျွန်တော်က ကားရှင်းသည့်လမ်းတွေကို ရွေးမောင်းပါသည်။ ကားရှင်း လူပြတ်သည့်နေရာတစ်နေရာတွင် တက္ကစီ ကားတစ်စီးရပ်ထားပြီး လူတစ်ယောက်က ကားကို တားသည်။ ကျွန်တော့်အနေဖြင့် အခြေအနေအရ ဤသို့သော ကားတားမှုတွေကို ရပ်ပေးလေ့မရှိ။ ဤခေတ်တွင် လူတိုင်းကို မယုံရသောကြောင့်ဖြစ်သည်။

သို့သော် ကားတားနေသူက

“ကူညီပါခင်ဗျာ ... ဒုက္ခရောက်နေလို့ပါ” ဟု အော်ပြောသည့် အသံကို သနားသွားသဖြင့် ကားကို ရပ်ပေးလိုက်သည်။ သို့သော် တံခါးကိုမဖွင့်။ သူက ပြေးလိုက်လာပြီး

“ကယ်ပါခင်ဗျာ ... ကားပျက်သွားလို့ပါ ... ကားပေါ်မှာ ဗိုက်နာနေတဲ့ ကိုယ်ဝန်နဲ့ မိန်းမတစ်ယောက် ပါလာလို့ပါ”

သူ့မျက်နှာက ရိုးသားပုံပေါ်ပါသည်။ ထို့ကြောင့် ကားတံခါးဖွင့်လိုက်ပြီး

“လာလေ ... ခေါ်သွားပေးမယ်”

လူတစ်ယောက် အမျိုးသမီးတစ်ယောက်ကို တွဲပြီးခေါ်လာသည်။ ကျွန်တော်ကလည်း အခြေအနေကြည့်ပြီး တံခါးကိုဖွင့်ဆင်းလိုက်သည်။

နောက်ခန်းတွင် ဗိုက်နာနေသည့် အမျိုးသမီးနှင့် သူ့ခင်ပွန်းဖြစ်သူတို့ တက်ခိုင်းလိုက်သည်။ ကျွန်တော်ကတော့ သံသယဖြင့်ကားကို မောင်းလာရင်း နောက်ကြည့်မှန်ကို ကြည့်နေရသည်။ အမျိုးသမီးက ရှုံ့မဲ့နေပြီး သူ့ယောက်ျားက အားပေးနေသည်။ သူတို့ကြည့်ရသည်မှာ သိပ်ပြီးရှိပုံတော့မပေါ်

“သား ဘာလုပ်သလဲ”

“ပန်းရံလုပ်ပါတယ်”

“ကိုယ်ဝန်က နေ့စေ့ပြီလား”

“သိဘူးဆရာကြီး ... ဗိုက်နာတယ်ဆိုလို့”

ဆေးရုံကို ရောက်သည့်အခါတွင် ကျွန်တော့်မှာ မပြန်နိုင်သေးပါ။ ဘာများ ကူညီရဦးမည်နည်းဟုတွေးပြီး

“သား ... ဒီမှာ ဦးရှိနေမယ် ... အကူအညီလိုရင် လာပြော”

နောက် နာရီဝက်လောက်အကြာတွင် ကောင်လေးထွက်လာသည်။

“ဘယ်လိုလဲကွ”

“မွေးခန်းထဲတော့ ခေါ်သွားကြပြီ ဆရာကြီး”

“ဟုတ်လား ... ချောချောမွေ့မွေ့ မွေးနိုင်ပါစေကွယ် ... ဒါနဲ့ တစ်ခုခုသွားစားရအောင် ... လိုက်ခဲ့ပါလား ... ဟိုလက်ဖက်ရည်ဆိုင်သွားမယ်”

လက်ဖက်ရည်ဆိုင်ထိုင်လိုက်သည့်အခါ

“ဆရာကြီး ကျေးဇူးတင်လိုက်တာ ... ဒါနဲ့ ဆရာကြီး ကားခစောင့်နေတာလား”

ကျွန်တော်က ရယ်ချင်သွားသည်။ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်နေထိုင်တတ်သည့်အတွက် ကျွန်တော့်ကို တစ်မျိုးထင်နေပုံရသည်

“ဦးက ညဆိုရင် ဒီလိုပဲ အောက်ဆိုက်ထွက်မောင်းတာကွ ... ဒါက ကုမ္ပဏီကား”

ကျွန်တော်ကပြောပြီး ရယ်ချင်စိတ်ကိုအောင့်ထားရသည်

“သား ... ဘယ်လောက်ပေးရမလဲဆရာကြီး ... သိပ်အများကြီးတော့ မတတ်နိုင်ဘူး”

“မင်း ဘယ်လောက်များ တတ်နိုင်သလဲကွ”

“သုံးထောင်လောက်ဆိုရင်ရော”

“သား ... မင်းတို့ ဒုက္ခရောက်နေချိန်မှာ ကူညီတဲ့သူပေါ်လာတဲ့အတွက် ဝမ်းမသာသွားဘူးလား”

“ဝမ်းသာတာပေါ့ ဆရာကြီးရယ်”

“အေး ... ဒါဆိုရင် နောက် ... မင်းတို့လို အကူအညီပေါ်နေတဲ့ သူတစ်ယောက်နဲ့တွေ့ရင် ငါ့လိုပဲ လိုလိုလားလား အကူအညီပေးလိုက်ပါသားရယ် ... အဲဒီလောက်ဆိုရင် ဖြစ်ပါတယ်”

ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်ထဲကို ကလေးတစ်ယောက်ဝင်လာသည်။ နွမ်းနွမ်းပါးပါးပုံစံလေး

“ထမင်းတစ်ပွဲ ဘယ်လောက်လဲ”

“ဘာဟင်းနဲ့လဲ”

“ကြက်သားနဲ့”

“၁၀၀၀”

“ငါးရာဖိုးမရဘူးလား”

“မရဘူး ... ဟင်းတင် ၈၀၀ ကွယ့်”

ကျွန်တော်က ကောင်လေးကို ကြည့်လိုက်ပြီး

“သားရေ ... ဟိုမှာ သားကူညီရမယ့် တစ်ယောက်တော့တွေ့ပြီ ... သွားကူညီလိုက်ပါကွယ်”

“ဪ ... ဟုတ်သားပဲ”

ကောင်လေးက ကလေးကို သွားခေါ်လာသည်

“ညီမလေး ... ဒီမှာထိုင် ... အစ်ကို ထမင်းသွားဝယ်ပေးမယ်”

ကျွန်တော်ကလည်း

“ကလေး ဒီမှာထိုင် ... ဘယ်သူစားမှာလဲ”

“မေမေ”

“မေမေက ဘာလုပ်လဲ”

“ဆေးရုံတက်နေတယ် ... ဖေဖေမလာသေးလို့ ... ထမင်းဆာတယ်ဆိုလို့ ... အဲဒါ ငါးရာပဲရှိတယ် ဘဘ”

“မပူပါနဲ့ကွယ် ... ဟိုမှာ သမီး အစ်ကိုကြီးက သွားဝယ်ပေးလိမ့်မယ်”

“ဦးတို့က ဖေဖေနဲ့သိလား”

“သိတာပေါ့ ... သမီးဖေဖေက မှာထားတာ ... သူ့သမီးလေး ထမင်းလာဝယ်ရင် ပိုက်ဆံပေးလိုက်ပါတဲ့”

“ဟုတ်လား”

“ရော့ ... ဒီမှာ ပိုက်ဆံ ငါးထောင်”

“ဘာလုပ်ဖို့လဲ”

“သမီးမေမေကို ပေးလိုက် ... ဆေးဖိုးလို့”

ထိုစဉ်ကောင်လေးက ပြန်လာပြီး အထုပ်ကို ကလေးမလေးအား ပေးလိုက်သည်။

“ညီမလေး ... ဒီမှာ ပိုက်ဆံ ၂၀၀၀ ယူသွားဦး ... ဆေးဖိုး”

“ကျေးဇူးကိုကိုကြီး”

“ကျေးဇူးတင်ရင် နောက်လည်း ဒုက္ခရောက်နေသူတွေကိုတွေ့ရင် ကူညီပေးနော်”

“ဟုတ်ကဲ့ ကိုကိုကြီး”

အို

ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်း


#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်...
#လေးစားစွာဖြင့်-
🦚🦚🦚
ŠŽ

တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာထီးကို ဝါးလုံးနဲ့ထောက်ထားပြီးထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့လူကြီးတစ်ဦ...
25/02/2024

တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်
ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်

သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်

မာန က ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။
မာန က လိပ်ပြာလုံစေတယ်တဲ့...။

အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်
ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး
ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်

အဲ့ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်
သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ်

တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်

ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦးတစ်ခါတလေ
မင်း မဝယ်ချင်လည်းပြော ငါ့တို့အညောင်းခံဝယ်ပေးပါ့မယ်ကွ

ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှမဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ရော့
ဟေ့ကောင် များလှပါလားကွ
အင်း ငါစုထားတာရောမို့ပါ

မင်းကွာ အတော်ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး

ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာမဟုတ်ဘူးကွာ

မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ် ဈေးထိပ်နားမှာ ပေါင်တိုဆိုင်လို့မေးလာခဲ့

ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခုဧည့်ခံလိုက်လေ
ဟုတ်ကဲ့ အဖေ

ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လ္ဘက်ရည်လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့

ဟေ့ကောင်တွေစားကြ
မောင်လေး ဖိနပ်ချုပ်ချင်
အော် ဟုတ်ကဲ့

အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်လောက်ကျမလဲ
၇ ရာပါ
လဲပေးပါမောင်လေး ကန်တော့နော်

ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့

ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့
၅ ရာ ကျမယ် အန်တီ ခဏစောင့်ရမယ်

ဟေ့ကောင်တွေစားလေ
ဘာလို့လဲ

မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ

မဟုတ်ပါဘူးကွာ
မင်းလုပ်နေတာကြည့်ပြီးမစားရက်လို့
သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ

ဒီလိုပါပဲကွာ
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်
ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်

ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာငါမှာရှိတယ်

ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်

သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်
လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့လူရယ်
အမှားကို လုပ်နေတဲ့သူရယ်

ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှုအတွက်
လက်မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်

မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ
ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက်မ ရဲရဲထောင်ပြီး
ပျော်အောင်အိပ်မယ်ဆိုတာမျိုးပဲ

မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလို​ေသးလို့ပါ

ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖိုးအဖြစ်ပေးတာကွ

ငါအိမ်ကိုပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်

ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့

ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှုပဲလိုတယ်

မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။

အတွေးတစ်ခုခုရကြပါစေ။

Address

Mandalay

Telephone

+959897800097

Website

Alerts

Be the first to know and let us send you an email when Myat Kyaw Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Kyaw Lwin:

Share