KiWi Content

KiWi Content kiwi

29/10/2025

""နှလုံးသားနယ်မြေကိုမသိမ်းပိုက်နိုင်ခဲ့သူ
တစ်ယောက်"...

အချစ်မှာကျရှုံးခဲ့တဲ့ကောင်
အနုပညာမှာ ကျရှုံးခဲ့တဲ့ကောင်
ကဗျာတွေရေးပြီး မအောင်မြင်ခဲ့တဲ့ကောင်

အဲဒီလိုပြောရင်တော့ သူဟာ ဘယ်သူလဲဆိုတာစဥ်းစားရခက်နေပါလိမ့်မယ်...

နှလုံးသားကိုအခြေခံပြီးမှ ပြုလုပ်နိုင်တဲ့အရာတွေကို
ရူးရူးမိုက်မိုက်လုပ်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့
ကောင်လေးဟာ
ဂျူးလူမျိုးတွေကို ရက်ရက်စက်စက်သတ်ပါတယ်ဆိုတာ
တကယ်ကို မယုံချင်စရာကောင်းလွန်းလှပါတယ်...

ငယ်ဘဝ ဗီယင်နာကျောင်းမှာတူတူတက်ခဲ့တဲ့
ဂျူးလူမျိုး မိန်းကလေး
Stefanie Lask ကို ရူးရူးမူးမူးတဖက်သတ်
ချစ်ခဲ့ပြီး
မပိုင်ဆိုင်ရမှာဆိုးလို့
ပြန်ပေးဆွဲပြီး
"Danube" မြစ်ထဲ တူတူခုန်ချမယ်ထိ
ကြံစည်ခဲ့တဲ့ အထိ
အချစ်ရေးမှာမအောင်မြင်ခဲ့တဲ့ကောင်လေးဟာ
ဟစ်တလာပါပဲ....

စုတ်တံပဲကိုင်ချင်တဲ့လက်
ကဗျာတွေပဲရေးချင်တဲ့လက်ကို
Vienna Academy of Art အနုပညာသင်တန်းကျောင်းက နှစ်ကြိမ်တိတိ ငြင်းခံရတဲ့နောက်မှာ
ဝါသနာပါတဲ့ အရာတွေ
နောက်မလိုက်နိုင်ပဲ
လူတွေနောက်ကိုလိုက်ပြီး သတ်ဖြတ်ခဲ့တဲ့လက်တစ်စုံဖြစ်သွားရတာဟာလည်း တကယ်ကိုဝမ်းနည်းစရာကောင်းလွန်းလှပါတယ်...
နူးညံ့ပါတယျဆျိုတဲ့လကျကလေးတှေ ကြမ်းတမ်းသွားတဲ့အခါ
အရာအားလူံးထက်ပိုမိုကြောက်ရွံ့ရပါတယ်...
အနုပညာမှာ မထင်ရှားတဲ့အမှတ်သားဟာလည်း
ဟစ်တလာပါပဲ...

ဂျူးလူမျိူးတွေကိုတော့
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်
နာဇီအကျဥ်းထောင်ကို တစ်ခေါက်ကလေးမှမရောက်ဖူးတဲ့အပြင်
ဂျူးလူမျိုးတွေကို
ဂျာမနီကနေ ထွက်သွားဖို့ကိုတော့ တကြိမ်တခါမှ
စာ မထုတ်ဖူးခဲ့သူဟာလည်း ဟစ်တလာပါပဲ

စနှိုးဝိုက်နဲ့ လူပုလေး၇ ယောက်ကာတွန်းကိုကြိုက်နှစ်သက်တဲ့သူဟာ
ပန်းချီပြခန်းတွေအထိ ရောက်အောင် သူကြိုက်နှစ်သက်တဲ့
ကာတွန်းပုံလေးတွေ ရေးဆွဲခဲ့ပြီး

1938 ခုနှစ်မှာ TIME သတင်းစာရဲ့
"Man of the year " ဆျိုပွီးဖောျပွခွငျးခံခဲ့ရပါတယျ...

ဗေဒင်နက္ခတ်တွေကိုယုံကြည်ပြီး နံပါတ်၇ ကိုကြိုက်နှစ်သက်တဲ့သူဟာ
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်းခံရတယ်လို့ပြောရင်
တကယ်ကိုရီချင်စရာပါ

ရီချင်စရာကောင်းပေမဲ့လည်း တကယ်တင်သွင်းခံရတာပါ..

သက်သက်လွတ်စားပြီးလူတွေအများကြီးသတ်တယ်ဆိုတာဟာလည်းတကယ်ကိုမယုံချင်စရာပါ..

မယုံချင်လည်းလက်ခံရမဲ့ သမိုင်းတွေမို့...
စာပေ ပန်းချီ အနုပညာမှာ နာမည်မကျော်ကြားခဲ့တဲ့ ကောင်လေးတစ်ယောက်ကို
တကမ္ဘာလုံး သိအောင်ရက်စက်ကြမ်းကြုတ်ပြခဲ့သူဟာလည်း ဟစ်တလာပါပဲ

ဟစ်တလာမသိမ်းနိုင်ခဲ့တဲ့ ကမ္ဘာတခြမ်းရှိတယ်
ဟစ်တလာ မရနိုင်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရှိတယ်
ဟစ်တလာမရနိုင်ခဲ့တဲ့ အနုပညာ ကဗျာ စာပေ ပန်းချီတွေ ရှိတယ်
မရယူနိုင်တဲ့အရာတွေကိုရယူဖို့ကြိုးစားနေရင်လည်း
အချိန်တွေကုန်တာပဲအဖတ်တင်ပါမယ်

အဲ့ဒါကြောင့်
ပိုင်ဆိုင်ရသလောက်ကိုပဲ တန်ဖိုးထားပါ
ထပ်တူကျတဲ့ချစ်ခြင်းမေတ္တာမှာအစွမ်းကုန်ရင်းနှီးမြှပ်နှံပါ
အချိန်ရသလောက် စာပေ ဂီတ ပန်းချီ အနုပညာကိုလိုက်စားပါ....

နှလုံးသားရှိတဲ့သူတွေမို့... အားလုံးကိုမေတ္တာထားနိုင်ကြပါစေ.....


#ဟစ်တလာ

Address

Mandalay
111211

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when KiWi Content posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share