Shining Oria

Shining Oria Personal Blog

လိုချင်တာလေးတွေဝယ်ပြီး လှလှပပပဲ စိတ်ညစ်ကြနော် 😍🥰
11/08/2023

လိုချင်တာလေးတွေဝယ်ပြီး လှလှပပပဲ စိတ်ညစ်ကြနော် 😍🥰

10/08/2023

🌺 အိမ်က ကျောင်းဆရာကတော့ အမြင်ကျယ်သော အတွေးအခေါ်ခေတ်မီသော ကျောင်းဆရာပါ..
🌺 မိမိတို့ သားသမီးလေးတွေအတွက် Home guide ပါ လက်ခံသင်ကြားပေးနေပါတယ်နော် ☺️

#သင်ရိုးပြောင်းပြီးတိုင်း ကလေးအတွေးအခေါ် ဖော်ထုတ်ခွင့်ကို
အသိအမှတ်ပြုပေးရင်
ပိုတိုးတက်နိုင်မယ်လို့အကြံပေးချင်ပါတယ်

စနစ်သစ် ကိုးတန်း တက်နေတဲ့ ကိုယ့်ညီမလေး တစ်ရက်နေ့ အိမ်မှာ ပွဲထရှာတယ်။ မြန်မာစာမှာ သူ ဖြေတဲ့ အဖြေကို ဆရာမက အမှတ်မပေးလိုက်လို့ပါ တဲ့။

မေးတာက “ ရှင်မဟာရဋ္ဌသာရ ဆုံးမစာကို မည်သည့်ရာစုတွင် ရေးခဲ့သနည်း ” ။ ကိုယ့်ညီမ စတန့်ထွင်မိသွားတာက “ ၁၅ ရာစု (အင်းဝခေတ်) ” ။ တကယ်လည်း အင်းဝခေတ်မှာ ရေးခဲ့တာပါ။

အဲ့နဲ့ နင်က ဘာလို့ ရှင်မဟာရဋ္ဌသာရက အင်းဝခေတ်မှာ ဒီအပုဒ်ကို ရေးမှန်းသိတာလဲမေးတော့ ကိုကို အရင်ကဖတ်ခဲ့တဲ့ ကိုးတန်းစာအုပ်မှာ ဖတ်မိတာ တဲ့။ ဟုတ်တာပဲ... သု စိ ပု ဘာ... ဆိုတဲ့ အပုဒ်မှာပါတာ။

ဆိုတော့ “ အင်းဝခေတ် ” တစ်ခုပဲ ပိုဖြေတာလေးကို ဘာလို့ အမှတ်မပေးလဲဆိုရင် လက်ရှိ စနစ်သစ်ပြဌာန်း စာအုပ်ထဲမှာ ရာစုနှစ်သာ ပါဝင်ပြီး ခေတ်ကို မဖော်ပြထားလို့ ဖြစ်နေတယ်။

နည်းနည်း ရယ်မိတယ်။ ဒါလေးပဲ ပိုဖြေမိတာကို ဘာဖြစ်လို့များ အမှတ်မပေးသလဲပေါ့။ ပြီးရင် အပိုဖြေထားတာက မှားရင်လည်း တစ်မျိုး၊ အင်းဝခေတ်က ရှင်မဟာရဋ္ဌသာရ ဆယ်လီဖြစ်ခဲ့တဲ့ ခေတ်ပဲလေ။

အဲ့နဲ့ စဉ်းစားမိတယ်။ အမှတ်ပေးလိုက်ရင် ဒီကလေးပျော်သွားမှာစိုးလို့လား။ အဲ့ဆရာမ အလုပ်ပြုတ်သွားမှာ စိုးလို့လား။ ဒီကလေးကို တစ်မှတ်ပေးလိုက်လို့ သူ့ဘဝပြောင်းသွားမှာ မဟုတ်ဘူးလို့ ထင်စေချင်တာလား.. စသဖြင့်ပဲ။

ကိုယ်တိုင်လည်း Volunteer ဆရာတစ်ယောက်အနေနဲ့ စာပြနေတော့ ဒီ့ထက်ပိုပြီး တွေးကြည့်တဲ့အခါ...


သင်ရိုးသစ် ပြောင်းသွားပေမဲ့ ကျောင်းတွေမှာ စာသင်ပြပုံ၊ ကလေးတွေ စာသင်ယူပုံ၊ လက်ရှိ ပညာရေးစနစ်က သွားနေတဲ့ Mission (စနစ်ကို အကောင်အထည်ဖော်မယ့် စွမ်းဆောင်ရည်) က ထူးခြားလား,သလားဆိုရင် ထူးခြားမလာဘူး။

သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ဘယ်လိုပဲပြောင်းပစ်လိုက်ပါစေ။ မြန်မာကျောင်းတွေမှာ မပျောက်သေးတဲ့ Culture က သင်ရိုးညွှန်းကို အဓိက အားထားနေတဲ့စနစ်ပဲ။ သဘောက ပြင်ပဗဟုသုတ ထည့်သင်ပေးဖို့ကို ဝန်လေးနေသေးတယ်။

ရှေ့မှာ Academic Curriculum ကို ချ၊ ပြီးရင် အကုန်လုံးကို နှုတ်တိုက်ပေး​နေတဲ့အကျင့်က ဘယ်တော့ ပျောက်မှာလည်း မပြောတတ်ဘူး။ အဲ့တော့ ဘာဆက်ဖြစ်နိုင်ချေ ရှိလဲဆိုရင် စနစ်သစ်မျိုးဆက်ဟာ ဘယ်လိုမှ Citizenships ဆီရောက်ဖို့ မြန်ဆန်မှာ မဟုတ်တော့ဘူး။

အရင်တုန်းကလို သင်ပုန်းကြီးစနစ် (သို့) ဆရာက သင်ပေးရင် တပည့်က ဆရာပြောသမျှ လိုက်မှတ်ပြီး ကလေးတွေဆီမှာရှိတဲ့ အတွေးအခေါ်ကို မနှိုက်ထုတ်ပေးနိုင်တဲ့ စနစ်ကြီးက သင်ရိုးသစ် ပြောင်းသွားလဲ အဟောင်းနွံထဲမှာ နစ်မြဲနစ်နေတဲ့ အသစ်လိုပဲ။

မြန်မာပြည်ရဲ့ Traditional Teaching Logic (ရိုးရာစနစ်) ကြီးက တော်တော်လေး ကြောက်စရာကောင်းတဲ့ စနစ်ဆိုလည်း မမှားဘူး။ ပြဌာန်း(ပုံနှိပ်) စာအုပ်ဆိုတဲ့ ဘောင်တစ်ခုကနေ မထွက်ဘူး။ မထွက်သေးဘူး။ မထွက်နိုင်ဘူး။

ဒါက ဘယ်သူတွေ ပိုသိလဲဆိုရင် တက္ကသိုလ်ဝင်တန်းပြီးလို့ အဖြေလွှာတွေ အမှတ်စစ်ပေးတဲ့ဆရာတွေပဲ။ သူတို့ဆီက ဘာတွေ ကြားရလဲဆိုရင် စာအုပ်ကြီးအတိုင်းပဲ ထွက်ချက်ထားတာ၊ ရေးထားတာ၊ ဖြေထားတာတွေကို စစ်ဆေးနေရတာ တဲ့။

ဒါကလည်း ဖြေဆိုသူ ကလေးတွေမှာ အပြစ်ရှိသွားသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ စနစ်ထဲမှာကိုက ဒီနည်းနဲ့ သွားရမယ်ဆိုပြီး Fix လုပ်ထားတာ။ တရားသေ သတ်မှတ်ထားတာ။ ဘာတွေကို Fix (တရားသေ) လုပ်ထားလဲဆိုရင် အဖြေလွှာက ပြဌာန်းစာအုပ်တိုင်း မဟုတ်နေရင် အဲ့အဖြေလွှာကို Remove လုပ်ပစ်တာပဲ။

ကလေးတွေကို Brain storming လုပ်ဖို့ကို အားမပေးဘူး။ Creative thinking ဖြစ်ဖို့ မထောက်ပံ့ဘူး။ ဒီကလေးတစ်ယောက်ရဲ့ အဖြေက စာအုပ်ထဲကအတိုင်းမဟုတ်ဘူးလား၊ ရတယ် သွား ဒီကလေး အရည်အချင်း မပြည့်ဝဘူးလို့ ထင်အောင် တမင်လုပ်ပေးတဲ့ တရားသေစနစ် ဖြစ်နေတယ်။

ဆိုပါစို့။

ကုန်းနေ..ရေနေ သတ္တဝါကို ဖား၊ လိပ်လို့ ကျောင်းမှာ သင်ထားတယ်။ ဒါကို ကလေးက မိကျောင်း၊ ရေမြွေလို့ ဖြေမိရင် အမှတ်မပေးချင်ဘူး။ ဒီကလေး ဉာဏ်မကောင်းဘူးလို့ ထင်တယ်။ ကျောင်းနဲ့ သွေဖည်နေရင် ဒီကောင် ညံ့တယ်။

ဒီ Side Effect က ကလေးတွေမှာ​တောင် ငါကများ ဉာဏ် မကောင်းတာလားလို့ သူတို့ကိုယ်သူတို့ အထင်ရောက်သွားစေနိုင်တဲ့အထိ ပဲ။ ကြာလာရင် ကလေးတွေအတွက် Side effect က တော်ရုံဆိုးကျိုး မဟုတ်တော့ဘူး၊ Dark effect (ဒီ့ထက်ဆိုးတဲ့ဆိုးကျိုး)ကိုပါ ပေးလာရော။


ကျွန်တော်ထင်တယ်။

မြန်မာစာ Test ကို ကလေးတစ်ယောက်က ဘယ်လောက်တော်တော်၊ အမြဲတမ်း အမှတ်ပြည့်ပေးလို့မရဘူးလို့ စံနှုန်းထားတဲ့ စနစ်တွေ ရှိသေးရင် ...

Physics, Chemistry, Biology တို့ကို စာချည်းသက်သက်သာသွားပြီး ဘာလက်တွေ့မှာ မပါဘူးဆိုရင် ...

ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အကြောင်းအရာအပေါ် စတန့်ထွင်မှု၊ ဆရာတစ်ယောက်နဲ့ အပြိုင် Debate လုပ်နိုင်မှု၊ ကလေးအားလုံးရဲ့ ပျော်ရွှင်မှုကို ထည့်တွက် မစဉ်းစားပေးဘူးဆိုရင် ...

သေချာတယ်။ စာမေးပွဲ မဖြေခင်ကတည်းက ကလေးတွေဟာ သူ့တို့ကိုယ်သူတို့ အလိုလို ရှုံးနေပြီသား အရှုံးသမားလို့ ဆိုလိုတဲ့ သဘောမျိုး ရောက်သွားလိမ့်မယ်။ ဘယ်လိုလေးလဲဆိုရင် ကျောင်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ ဘာဆိုဘာမှ မရှိတော့ဘူး။

အပေါ်မှာ ပြောခဲ့တဲ့ Citizenships ဆိုတာ ဒါပါပဲ။ စနစ်က ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ နေရာမှာ ကလေးတွေက ရေဘူးပေါက်နေလို့ ရေခွက်.. ရေဇလုံ.. ရေပိုက်သွယ်ပေးမယ် ဆိုရင်တောင် မရဘူး သွား ရေဘူးနဲ့ပဲ ခပ်ခဲ့ ဆိုတာမျိုးချည်း။

ကြာလာတော့ စနစ်ထဲက ကလေးတွေမှာ...
1. Creative Thinking မရှိတာ
2..Team Work နဲ့ အလုပ်မလုပ်တတ်တာ
3. သင်ရိုးဘောင်ကနေ အပြင်ဘက်ကို မတွေးနိုင်တာ
4. Research မလုပ်တတ်တာ
5. Presentation Skill ခဏထား၊ လူအုပ်ကြီးကို ရှိန်တာ
6. နောက်ဆုံး Application လို့ မေးရင် Text ထဲက စာကို Answer paper ပေါ် အလွတ်ကျက် ပြန်ကူးတာ... ချည်း တွေ့လာရတယ်။

ဒီနေရာမှာ စာရေးဆရာ ကျားပေါက် (ဟန်ထူးလွင်) ပြောတဲ့ စကားကို သိပ်သဘောကျတယ်။ ကလေးတွေကို သင်သင့်တာ သင်ပေးပြီး ဘဝထဲကို လွှတ်ပေးလိုက် တဲ့။

ဟုတ်လိုက်တာ၊ ကျောင်းပြီးရင်တောင် တော်ချင်မှာ တော်မှာလေ။ တကယ်က ကလေးတစ်ယောက်ကို တော်အောင်လုပ်ပေးမှာက သူ့ဘဝထဲက သူပဲ။ သူ ကြုံရတဲ့ စရိုက်တွေပဲ။

အကြောင်းကတော့ ရှင်းတယ်။ စာသင်ကျောင်းဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး Change ဖြစ်စေနိုင်မယ့် အရာတွေကို ဘယ်သောအခါမှ မသင်ပေးနိုင်သေးတဲ့ သီးသန့်ဘောင်ဖြစ်နေလို့ပဲ။

Ref, Myo Ko

ဘုန်းမောင်ဦး
သြဂုတ် ၉၊ ၂၀၂၃။

🌺 ဒါလေးတွေကတော့ မင်မင်တို့ဆီ Instock ရှိနေတဲ့ Kalimba လေးတွေပါ🌺 Instock မို့ စောင့်စရာမလိုတဲ့အပြင် အရင်စျေးနဲ့ပါ ရမှာပါန...
10/08/2023

🌺 ဒါလေးတွေကတော့ မင်မင်တို့ဆီ Instock ရှိနေတဲ့ Kalimba လေးတွေပါ
🌺 Instock မို့ စောင့်စရာမလိုတဲ့အပြင် အရင်စျေးနဲ့ပါ ရမှာပါနော် 🤗

🌺 တခြား စိတ်ကြိုက် Kalimba လေးတွေကိုလည်း preorder အနေနဲ့ မှာလို့ရလို့ Page Cb မှာ အားမနာတမ်း လာရောက်မေးမြန်းလို့ရပါတယ်နော် ☺️

🌺 Kalimba လေးအကြောင်း မသိသေးရင်လည်း ဒီမှာဖတ် လို့ရပါတယ်နော် https://m.facebook.com/story.php?story_fbid=857933325738366&id=100045651206162&mibextid=qC1gEa

🌺 မင်မင်တို့က မန္တလေးကပါ.
🌺 ရန်ကုန် မန္တလေး အပါအဝင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၀ ကျော်ကို အိမ်အရောက်ငွေချေရပါတယ်.

🌺 Preorder items များအတွက် ပစ္စည်းတန်ဖိုး ၅၀၀၀၀ အောက်ဆို အိမ်အရောက်ငွေချေ၊ ၅၀၀၀၀ နှင့် တသိန်းကြားဆို half-prepaid၊ တသိန်းအထက်ဆို full-prepaid ပါ.

🎵တူရိယာတီးခတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်. 🎵သိသာမြင်သာတာ တခုကတော့ စိတ်ဖိစီးမှု လျော့ကျစေပြီး စိတ်အပန်းပြ...
10/08/2023

🎵တူရိယာတီးခတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်.
🎵သိသာမြင်သာတာ တခုကတော့ စိတ်ဖိစီးမှု လျော့ကျစေပြီး စိတ်အပန်းပြေစေတာပဲ ဖြစ်ပါတယ်.

🎵ဂီတတူရိယာတွေထဲမှာမှ Kalimba ဆိုတဲ့ တူရိယာလေးတမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.
🎵Kalimba ဆိုတဲ့ တူရိယာလေးက Africa မှာ လက်ချောင်းလေးတွေနဲ့ တီးခတ်ရတဲ့ Mbira ဆိုတဲ့ တူရိယာလေးက ဆင်းသက်လာတာဖြစ်ပါတယ်.
🎵လက်မလေး ၂ချောင်းနဲ့ အလွယ်တကူ တီးခတ်လို့ရလို့ Thumb piano လို့လည်း အလွယ်ခေါ်ကြပါသေးတယ်.

⁉️ဒါဆို တီးခတ်ဖို့ကရော?
🎵တီးခတ်ဖို့ကလည်း ဘယ်လောက်အထိ လွယ်လဲဆိုရင် social media တွေက Kalimba cover video လေးတွေ ကြည့်လိုက်တာနဲ့ တီးခတ်နိုင်သွားတာမျိုးပါ. သင်တန်းတက်မှ တတ်တာမျိုး မဟုတ်ပါနော်.

⁉️ဒါဆို notes ဖတ်ဖို့ရော ခက်မှာလား?
🎵Music နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသူများအတွက်လည်း မခက်ပါနော်.
🎵Kalimba keys လို့ခေါ်တဲ့ တီးခတ်ရတဲ့ စတီးချောင်းလေးတွေပေါ် ရေးထားတဲ့ နံပါတ်လေးတွေကို ကြည့်တီးရုံပါပဲ. ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို 1,2,3,4 လေးတွေ ကြည့်တီးရုံနဲ့ အဆင်ပြေနေပါပြီနော်.

⁉️စျေးကရော?
🎵Musical instruments တွေထဲမှာ စျေးအသက်သာဆုံးလို့ ပြောလို့ရတဲ့ Kalimba လေးတွေက သောင်းကျော်ကစပြီး ဆိုဒ်စုံ ဒီဇိုင်းစုံ စျေးအစုံရှိတာမို့ Price အတွက်လည်း ပူစရာမလိုပါဘူးနော်.

🌺 ကဲ.. ပတ်အဝန်သံးကျင်ကို အနှောက်အယှက်မဖြစ်စေတဲ့ ချိုချိုလေးတွေနဲ့ သယ်ယူရလည်းလွယ် တီးခတ်ရတာလည်း လွယ်ကူတဲ့ Kalimba လေးကို အခုပဲ တီးကြည့်လိုက်တော့နော်

🌺 Kalimba လေးတွေ မှာချင်ရင် Page Cb လာခဲ့လိုက်နော်
🌺 https://www.facebook.com/profile.php?id=100080037019934&mibextid=2JQ9oc ဒီ page မှာလည်း မှာလို့ရပါတယ်. ဒီမှာတော့ မင်မင်ရဲ့ kalimba coverလေးတွေပါ နားဆင်ကြည့်လို့ရပါတယ်

📍📍မင်မင်တို့က မန္တလေးကပါ.
📍📍ရန်ကုန် မန္တလေး အပါအဝင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၀ ကျော်ကို အိမ်အရောက်ငွေချေရပါတယ်.

💟 Preorder items များအတွက် ပစ္စည်းတန်ဖိုး ၅၀၀၀၀ အောက်ဆို အိမ်အရောက်ငွေချေ၊ ၅၀၀၀၀ နှင့် တသိန်းကြားဆို half-prepaid၊ တသိန်းအထက်ဆို full-prepaid ပါ.

💟 မင်မင်တို့ posts လေးတွေကို နှစ်သက်သဘောကျရင် လွတ်လပ်စွာ share လို့ရပါတယ်နော်😇. စာသားများ ကူးယူဖော်ပြခြင်းကိုတော့ ခွင့်မပြုပါရှင့် 😔

💝 ကာကာတို့အားလုံး အဆင်ပြေချောမွေ့ကြပါစေနော်

Photos : Credit ပါနော်

သူစိမ်းအိမ် Reviewဖွေးဖွေးကတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတော့ သိပ်အထွေအထူးပြောစရာမလိုပါဘူးဗျာ။ အပိုအလိုမရှိ ကွက်တိ သရုပ...
02/08/2019

သူစိမ်းအိမ် Review

ဖွေးဖွေးကတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတော့ သိပ်အထွေအထူးပြောစရာမလိုပါဘူးဗျာ။ အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်သွားနိုင်ပါတယ်။
မခိုင်ကြီး
မခိုင်ကြီး ခေါ် အန်တီထွန်းအိန္ဒြာဗိုလ်ကလည်း သဘာရင့်သူပီပီ မျက်လုံးအကြည့်တွေ ဟန်တွေကလည်း တကယ်ကြောက်စရာကောင်းပြီး ကြက်သီးထစရာကောင်းအောင်ကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဦးလွင်မိုးလည်း ထိုနည်းလည်းကောင်းပါပဲဗျာ Psycho ဇာတ်ရုပ်ကို အပီပြင်ဆုံး ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
အထူးချီးကျူးချင်တာက မင်းသမီးသစ်လေး ကူးကူးဇင်အောင်ပါပဲဗျာ။ ကူးကူးဇင်အောင်က ကျတော့်အကြိုက်(Crush) ဖြစ်တဲ့ MayGrace နဲ့ ပုံစံဆင်တာကတမျိုး နောက်ပြီး ဒီဇာတ်ကားမှာ သူ့ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျဖြစ်နေပြီး အသစ်တစ်ယောက်လို့မထင်ရအောင်ပင် သရုပ်ဆောင်မှုစွမ်းရည်တွေကောင်းမွန်တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုအတော်လေး ကြိုက်သွားခဲ့ရပါတယ်။
အန်တီလင်းဇာနည်ဇော်လည်း သူပါဝင်တင်ဆက်တဲ့အခန်းမှာ သူ့ဇာတ်ရုပ်နဲ့ကိုက်ညီစွာ ပီပြင်စွာ သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
ဇာတ်ပို့မင်းသမီး မြတ်နိုးအေးကတော့ ကြိုးစားပမ်းစား သရုပ်ဆောင်သွားပေမယ့် သူသရုပ်ဆောင်တာ တခုခုလိုနေသလိုခံစားမိပါတယ်။ (ကျွန်တော့်အမြင်ပေါ့ဗျာ)
ဇာတ်ပို့မင်းသားအသစ်နှစ်ယောက်ကတော့ သရုပ်ဆောင်မှုအားမကောင်းသေးတာကို တွေ့ခဲ့ရပါတယ်။ ပထမဆုံးအကြိမ်ဆိုတော့လည်း လိုအပ်ချက်တွေ ရှိပေမယ့် နောက်ပိုင်းဇာတ်ကားတွေမှာတော့ အဆင်ပြေသွားမယ်လို့ ခံစားမိပါတယ်။
သရဲကားကြိုက်တတ်တဲ့သူ သရဲကားကြည့်ရင်မကြောက်တတ်ပေမယ့် ဒီနှစ်ထဲမှာ ထိုင်ရာကမထ မလှုပ်မယှက်ကြည့်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတွေကတော့ "လိပ်ပြာစံအိမ်" နဲ့ “သူစိမ်းအိမ်” တွေပါ။ ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးဆရာကိုတော့ တော်တော်လေးချီးကျူးပါတယ်။ အရမ်းအားစိုက်ထားတဲ့ဇာတ်ကားလေးမှန်း သိသာစေပါတယ်။ နောက်ပြီး သူစိမ်းအိမ်ကြည့်ပြီး ဖြစ်လာခဲ့တဲ့ Feeling ကတော့ ကိုယ်နဲ့မရင်းနှီးသော သူများအိမ်ကို ညအိပ်ညနေမတည်းရဲသော စိတ်လေးတခုတော့ဖြစ်လာမိပါတယ်။ 😁😁😁
ကျွန်တော့်ရဲ့ Rating ကတော့ 8.0 ပါ။
👏👏👏👏
(ကျွန်တော့်ရဲ့ Review ကို ဖော်ပြလိုပါက ကျွန်တော့်ရဲ့ Page “Credit by Diary of my life-Yu Paing Han” လို့ရေးသားပြီး ကူးယူဖော်ပြလို့ရပါတယ်)
#သူစိမ်းအိမ်

Frequency - ကြိမ်နှုန်းဒီဇာတ်ကားလေးကို ပိုစတာလေးစတွေ့ပြီးကတည်းက စိတ်ဝင်စားလို့ သွားကြည့်မယ်ဆိုပြီး လက်မှတ်တောင်ကြိုဖြတ်ပြ...
18/07/2019

Frequency - ကြိမ်နှုန်း
ဒီဇာတ်ကားလေးကို ပိုစတာလေးစတွေ့ပြီးကတည်းက စိတ်ဝင်စားလို့ သွားကြည့်မယ်ဆိုပြီး လက်မှတ်တောင်ကြိုဖြတ်ပြီး first show ကို ကြည့်ခဲ့ရတဲ့ ဇာတ်ကားပါ။
ဇာတ်ကားလေးမှာက အားသာချက်က ၅၀% အားနည်းချက်က ၅၀% ရှိပါတယ်။
အားသာချက်က စပြောပါမယ်။
အိန္ဒြာကျော်ဇင် က ဝါရင့်သရုပ်ဆောင်ပီပီ အသံထွက်စကားပြောစရာမလိုပေမယ့် မျက်လုံးအကြည့်တွေ expression တွေကအစ အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
နောက်ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မခိုင်ကြီး ခေါ် ထွန်းအိန္ဒြာဗိုလ် လည်း သူ့ဇာတ်ရုပ်ကို နိုင်နင်းကျွမ်းကျင်စွာဖြင့် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမနဲ့လိုက်ဖက်တဲ့ character တစ်ခုပါ။
သရုပ်ဆောင်အသစ်လေးတွေကလည်း သူတို့စတင်သရုပ်ဆောင်တဲ့ ဇာတ်ကားမှာတင် အသစ်တွေနဲ့မတူပဲ အကောင်းဆုံးသရုပ်ဆောင်သွားနိုင်တာ ချီးကျူးစရာပါ။ အထူးသဖြင့် မေဇင့် နေရာမှာသရုပ်ဆောင်တဲ့ သရုပ်ဆောင်မင်းသမီးအသစ်လေးပါ။ ဇာတ်ကားတခုမှာ သူမကနေရာအရဆုံးဖြစ်ပြီး သူမသရုပ်ဆောင်ရတဲ့အပိုင်းမှာလည်း ကြိုးကြိုးစားစား သရုပ်ဆောင်သွားနိုင်တာ ချီးကျူးပါတယ်။
အားနည်းချက်တွေကတော့ ဇာတ်ညွှန်းနဲ့ editor ကြိုးစားမှုအားလိုနေသေးတာကိုတွေ့ရပါတယ်။ ဇာတ်ကားက ဘာကိုပြချင်နေတာလဲ ဘာအတွက်ကြောင့် ဒီလိုတွေဖြစ်လာရလဲ သေချာစွာမပြထားပါ။ အိန္ဒြာကျော်ဇင်က သူ့ယောကျာ်းသေတယ်။ စိတ်ဒဏ်ရာရတယ်။ Abortion ဖြစ်တာနဲ့တင် ဘာဖြစ်လို့ အိမ်ရှိလူတွေအကုန်လုံးကို လိုက်သတ်ရတာလဲ။ နတ်ဆိုးကရော ဘယ်ဘုံကမ္ဘာကနေ ဘယ်လိုတွေဟပ်ချလောင်းနဲ့ ပေါ်လာရတာလဲ။ မအူဝဲ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်သတ်ခါနီး နတ်ဆိုးပေါ်လာပြီး ဘယ်လိုဖြစ်သွားရတာလဲ။ ကျွန်တော်ပဲ တွေးတောနိုင်စွမ်းနည်းလို့ပဲလားတော့မသိခဲ့ပါ။ နောက်တစ်ယောက် မခိုင်ကြီးက ဘာအကြံအစည်နဲ့ လူငယ်တစ်စုကို အိမ်ကြီးထဲမှာတည်းဖို့ ခွင့်ပြုခဲ့တာလဲ။ သူမ နောက်ဆုံးပြောစကားအရ နင်တို့တွေ ငါ့အစီအစဉ်တွေအကုန် ပျက်စီးအောင်လုပ်ရက်ကြတာလဲ။ အေးရတယ်။ ငါအကုန်လုံးကိုပြန်လုပ်ပြမယ် ဆိုတဲ့အခန်း သူ့အစီအစဉ်တွေဆိုတာကဘာလဲ။ နောက်ပြီး မာလီနဲ့သူ့ဦးလေးကို ဘာလို့သတ်တာလဲ။ သူမကရော နတ်ဆိုးနဲ့ဘယ်လိုပတ်သက်နေတာလဲ ဆိုတာ သေချာစွာမပြထားတော့ ကြည့်ရှုသူတွေ က ဘယ်လိုတွေနားလည်မှုယူရမှန်းမသိခဲ့ပါ။ ကျွန်တော့်အထင် ဇာတ်ညွှန်းရေးသူကြောင့်ပဲလား editor ကြောင့်ပဲလားပေါ့။ ပြသချိန်၂နာရီအတွင်းမှာ သူတို့ပြတဲ့အကွက်တွေက များနေလို့ ချန်လှပ်ခဲ့တာများလား။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် frequency - ကြိမ်နှုန်း ရဲ့ မူရင်းဝတ္ထုကိုဖတ်ချင်မိတယ်။
Effect တွေက အရင်တုန်းကထက် စာရင် အများကြီးတိုးတက်လာပေမယ့်သိပ်တော့သဘောမတွေ့ခဲ့ပါဘူး။
ထို့နည်းတူစွာ မအူဝဲ နတ်ဆိုး ဝင်ပူးတဲ့အခန်းက မျက်နှာအပေါ်က အဖြူဖတ်တွေက ဂျုံမှုန့်ကြီးကပ်ထားသလိုဖြစ်နေပြီး တချို့နေရာတွေမှာ အဖတ်လိုက် ကွာကျနေတာကို မြင်တွေ့ရပါတယ်။
ကြိုးစားအားထုတ်မှုတွေအများကြီးတွေ့ရသောဇာတ်ကားလေးတစ်ခုပါ။
ကျွန်တော့်အနေနဲ့ဆိုရင် Rating က 5.0 ပါ။
#ကြိမ်နှုနိးမ်နှုန်း

သူတို့လေးယောက်ဆုံတွေ့ကြသော ဒဏ္ဍာရီမိုးရဲတိုက်အရမ်းတော်သော သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူ့စိတ်တစ်ခုလုံး ဇာတ်လမ်းထဲမှာ နှစ်ြ...
11/07/2019

သူတို့လေးယောက်ဆုံတွေ့ကြသော ဒဏ္ဍာရီမိုး
ရဲတိုက်
အရမ်းတော်သော သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူ့စိတ်တစ်ခုလုံး ဇာတ်လမ်းထဲမှာ နှစ်ပြီး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဘာတစ်ခုမှအပြစ်ပြောစရာမရှိသော သရုပ်ဆောင်ကွက်တွေနဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
ဒေါင်း
သူ့ရဲ့ ဒုတိယမြောက်ရုံတင်ကားဖြစ်ပေမယ့် အသစ်တယောက်နဲ့မတူဘဲ သရုပ်ဆောင်ပိုင်နိုင်လွန်းလှတာကို ဒီဇာတ်ကားထဲမှာ တွေ့ရပါတယ်။ သူ့ရဲ့ကာရိုက်တာက ဗီလိန်ပေမယ့် သူ့ကာရိုက်တာထဲကွက်တိဝင်အောင် သူ့ရဲ့လေယူလေတိမ်းတွေရော အိုက်တင်တွေရော over ဖြစ်မသွားဘဲ ထူးချွန်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဝတ်မှုန်ရွှေရည်
မကစ်က ဒီကားထဲမှာ သူ့ဇာတ်ရုပ်နဲ့လိုက်အောင် ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားစလယ်အဆုံး မကစ်ရဲ့အလှမှာ မျောပြီး အသက်ရှူဖို့တောင် မေ့တဲ့အထိဖြစ်ခဲ့ရပါတယ်။
ရွှေထူး
ကြိုးစားမှုအားကောင်းသော်လည်း ဒီဇာတ်ကားမှာ သရုပ်ဆောင်မှုအနည်းငယ်လိုနေတာကိုတွေ့ရပါတယ်။ မတ်တတ်ရပ်တဲ့အခါ လက်ပြင်ကုန်းပြီး သက်တောင့်သက်သာမရှိလှပါဘူး။ စကားအပြောအဆို flow တွေမှန်ကန်ပြီး တချက်တချက် ခံစားမှုmood လွတ်သွားတာကို တွေ့ရပါတယ်။ ခြုံကြည့်မယ်ဆိုရင်တော့ ကြိုးစားမှုရှိသော အလားအလာကောင်းသော သရုပ်ဆောင်တစ်ယောက်ပါ။
ဝတ်မှုန်ရွှေရည်ငယ်ဘဝကိုသရုပ်ဆောင်တဲ့သမီးလေးကတော့ မကစ်ကိုကြည့်နေရသလိုပဲ မကစ်ရု့သရုပ်ဆောင်ချက်အတိုင်း တထပ်တည်းသရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ရဲတိုက်ရဲ့ငယ်ဘဝကိုသရုပ်ဆောင်တဲ့ကလေးကလည်း သူ့အခန်းနဲ့သူ ပီပြင်သော်လည်း ဒေါင်းငယ်ဘဝကိုသရုပ်ဆောင်တဲ့ကလေးရဲ့သရုပ်ဆောင်ချက်တွေက လိုနေသေးတာကို တွေ့ရပါတယ်။
ဇာတ်ကားအနေနဲ့ပြောရရင် ဇာတ်လမ်းလေးက မြှုပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ အချစ်ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းအဆုံးရောက်တော့မှ မြှုပ်ကွက်တွေအားလုံးကို သိရတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ကားလေးပါ။ ဇာတ်လမ်းရဲ့ Tempo က တဖြည်းဖြည်းမြှင့်တက်ပြီး စိတ်ဝင်စားအောင် ရိုက်ကူးနိုင်ခဲ့တဲ့ဇာတ်ကားလေးတစ်ခုပါ။ ကျွန်တော်အနေနဲ့ပြောရရင် ဇာတ်လမ်း rating က 7 ပါ။ Nice Movie 👍👍👍
#ဒဏ္ဍာရီမိုး

07/07/2019

ကွက်ကျားမိုး
တေးရေး - ငြိမ်းချမ်းကို
တေးဆို - ဝတ်ရည်ထက်
YouTube Download Link
https://youtu.be/e0T6whOixaY

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Shining Oria posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share