A Ni Zaw - online shop

A Ni Zaw - online shop ခေါင်း စ ခြေ အဆုံး လင်းလက် သဘာဝထုတ်ကုန်တွေသာသုံးပါ

မိမိကိုယ်ကို အမြဲတမ်းပြန်လည်ဆန်းစစ်နေဖို့ သတိရနိုင်ပါစေ။အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့ ။တခါတုန်းက ကြက်ဥမကြိုက်တဲ့ ...
17/04/2024

မိမိကိုယ်ကို အမြဲတမ်းပြန်လည်ဆန်းစစ်နေဖို့
သတိရနိုင်ပါစေ။

အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့ ။

တခါတုန်းက ကြက်ဥမကြိုက်တဲ့
ကျီးကန်းတစ်ကောင်ဟာ
သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း
ခွေးကို ပေးတယ်။

ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊၊
ကြာတော့ အကျင့်ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့ ဒါက သူ့ကို
ပေးကိုပေးရမယ်လို့ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တစ်နေ့ကျတော့ ကျီးကန်းက ကြက်ဥကို ကြောင်
ကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။

ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ
သူမေ့သွားတယ်။

ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတာ မေ့သွားတယ်။

ဒါနဲ့ သူတို့စကားများကြပြီး
အခင်အမင်ပျက်သွားကြတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ။

တချို့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံး ရမဲ့

အရာလို့ သတ်မှတ်တက်တဲ့ လူတွေ ရှိတတ်ပါတယ်။

အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။

အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။

ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။

ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။

တစ်နေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။

တကယ်တမ်းကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။

ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလို မြင်လာပြီး ကျေးဇူးတရား ဆိုတာကို မေ့သွားတာပါ။

ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေ သတ်မှတ် မထားသင့်ပါဘူး။

တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။

သင်္ကြန်အကြိုနေ့ လေးမှာ ချစ်ရသူမိတ်ဆွေများအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်🙏🏻
13/04/2024

သင်္ကြန်အကြိုနေ့ လေးမှာ ချစ်ရသူမိတ်ဆွေများအပေါင်း

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်🙏🏻

Solar ပြား နှင့် Controller သိကောင်းစရာ  ➖➖➖➖➖➖➖➖➖➖➖မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ...
12/04/2024

Solar ပြား နှင့် Controller သိကောင်းစရာ
➖➖➖➖➖➖➖➖➖➖➖
မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်

(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
=======================
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့တိုက်ရိုက်ပြောင်းလဲပေးနိုင်သောနည်းပညာ ဖြစ်ပါသည် နေအလင်းရောင်တွင်ပါ၀င်သော အလင်းမှုန်များမှဆိုလာပြားအတွင်းရှိလျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကိုဖြစ်ပေါ်စေခြင်းဖြစ်ပါသည်

(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း
=========================
ဆိုလာဆဲလ် ဆိုသည်မှာအလင်းစွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးသောအရာ ဖြစ်ပါသည် ဆဲလ်များသည်မည်သည့် စွမ်းအင်ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှုမရှိတော့ပေ

(၃) Charge Controller ဆိုတာ ဘာလဲ
========================
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက်ကိရိယာဖြစ်ပါသည် ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်

(၄) Charge Controller
ဘာကြောင့် အသုံးပြုရတာလဲ
=========================
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကိုအသုံးပြုရပါသည်

(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ
=======================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်
ကြခြင်းကြောင့်ဖြစ်ပွါးနိုင်ပါတယ်

‘‘ဆိုလာကနေထွက်တဲ့ ကြိုးကို သင့်တော်တဲ့ကြိုးမသုံးတအရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ ဆိုလာပြားကိုသယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ ဆိုလာပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်းမပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း အနုတ်ငုတ်မှာ ကြိုးချောင်နေတာ ကြားထဲမှာ ကြိုးဆက်ထားတဲ့အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် "

၆/ ဆိုလာပြား မှမီးလောင်ခြင်းများ
မဖြစ်ပွါးရအောင်
=========================
၁/Controller ခံသုံးပါ

၂/အဝင်ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာအသုံးပြုပါ

၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ

၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ ခရီးရှည်ထွက်လျှင်လုံးဝ ပိတ်ထားခဲ့ပါ

၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်

Credit: Original Uploader
Photos: Google

မင်္ဂလာ နံနက်ခင်းပါရှင်🙏🏻🙏🏻
12/04/2024

မင်္ဂလာ နံနက်ခင်းပါရှင်🙏🏻🙏🏻

11/04/2024

လက်လီသီးသန့်ရောင်းမဲ့ ကိုယ်စားလှယ်သစ်လေးပါ

11/04/2024

အလှကုန် ၅၀
မြင်းခြံကိုသွားရမယ်

နွေရာသီရဲ့အပူဒဏ်ကို ကာကွယ်ဖို့ တကယ်ကို သူရှိနေရင်အဆင်ပြေပါတယ်လို့အဲဒီ သူလေးကတော့👇👇လင်းလက် က ထုတ်လုပ်ထားတဲ့ သဘာဝအပူငြိမ်း...
05/04/2024

နွေရာသီရဲ့အပူဒဏ်ကို ကာကွယ်ဖို့ တကယ်ကို သူရှိနေ

ရင်အဆင်ပြေပါတယ်လို့

အဲဒီ သူလေးကတော့👇👇

လင်းလက် က ထုတ်လုပ်ထားတဲ့ သဘာဝအပူငြိမ်းကရမက်မှုန့် လေးပါပဲ

၁ ဘူး ၆၅၀၀ ကျပ်
၁၀ ဘူး ၅၂၀၀၀ ကျပ်

#လက်လီ/လက်ကား မှာယူလို့ရပါတယ်နော်
#☎️09777766057(or) cb 🤙🤙🤙
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုး
#လက်လီလက်ကားဖြန့်ချီရေး

ပူပူနွေးနွေး income လေး💸💸💸
02/04/2024

ပူပူနွေးနွေး income လေး💸💸💸

01/04/2024

လကုန်ပီးလို့April 1 ရက်နေ့ကိုရောက်နေပါပီလို့ ငွေလွှဲလေးတွေစောင့်နေပါတယ်လို့

“မဖြစ်နိူင်ဘူး”ဆိုတဲ့အတွေးမျိုးကိုခဏ ခဏ မတွေးမိပါစေနဲ့ကြာရင်  . . ဘာမှမလုပ်ရဲတဲ့ဘဝရောက်သွားမယ်
01/04/2024

“မဖြစ်နိူင်ဘူး”

ဆိုတဲ့အတွေးမျိုးကိုခဏ ခဏ

မတွေးမိပါစေနဲ့

ကြာရင် . .

ဘာမှမလုပ်ရဲတဲ့ဘဝရောက်သွားမယ်

01/04/2024

အောင်မြင်မှုဆိုတာ
လုပ်ကြည့်မှဖြစ်တာ
ဆန္ဒရှိနေယုံနဲ့
ဘာမှဖြစ်မလာဘူး

လကုန်ရက် စာရင်းပိတ်တဲ့ ရက်မှာပဲ ဘူးရေ ၁၇၂ ဘူးရောင်းအားနဲ့စာရင်းပိတ်ခဲ့ရပါတယ်
01/04/2024

လကုန်ရက် စာရင်းပိတ်တဲ့ ရက်မှာပဲ ဘူးရေ ၁၇၂ ဘူးရောင်းအားနဲ့စာရင်းပိတ်ခဲ့ရပါတယ်

Address

Mandalay

Telephone

+959777766057

Website

Alerts

Be the first to know and let us send you an email when A Ni Zaw - online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share