Tiloka Daily
Tiloka Daily ငြိမ်းချမ်းပါစေ မြန်မာပြည်
"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သူ၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ပြဌာန်းမည် ◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼...
01/02/2018
"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သူ၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ပြဌာန်းမည်
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
မကြာသေးမီက ဖြစ်ပွားခဲ့သော မီးရှို့ထားသော ဓာတ်ဆီပုလင်းဖြင့် နေအိမ်ကို တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေတစ်ရပ် လိုအပ်လာပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသူများက တောင်းဆိုသည့် အကြံပြုစာများကို အစိုးရအဖွဲ့က လက်ခံရရှိခဲ့ရာ အခုလို အကောင်အထည်ဖော်ရန် စီစဉ်လိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်တွင် အဆိုတင်သွင်းပြီး အတည်ပြုပြဌာန်းမည့် အဆိုပါ ဥပဒေတွင် အငြင်းပွားစရာများ ရှိနေခဲ့ပါသည်။
"ဒီဓာတ်ဆီပုလင်းအမှုကို သုံးသပ်ရရင် ပြိုင်ဘက်အုပ်စု ကြံ့ခိုင်ရေးနဲ့ အတိုက်အခံ မဘသကို ရည်ရွယ်တဲ့ နိုင်ငံရေးလုပ်ကြံမှုလို့ ကျွန်တော့် အနေနဲ့ သုံးသပ်တယ်....၊ လက်ရှိ အနေအထားအရ အာဏာရပါတီက အန်နံဒီပါတီဖြစ်နေပြီး ကြံ့ခိုင်ရေးပါတီက အတိုက်အခံပါတီ ဖြစ်နေတယ်လေ...၊ အဲ့ဒီလို အချိန်မှာ အာဏာရပါတီအကြီးအကဲရဲ့ လူမနေတဲ့ နေအိမ်ကို ဓာတ်ဆီပုလင်းနဲ့ ပစ်တယ်ဆိုတော့ ဒါဟာ တစ်ဘက်က အတိုက်အခံအင်အားစုတွေကို နာမည်ဖျက်ချင်လို့ လုပ်တဲ့ လုပ်ရပ်ပဲ...၊ တကယ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံချင်တာ မဟုတ်ဘူး..၊ လုပ်ကြံဖို့ ရည်ရွယ်ချက်ရှိရင် ဓာတ်ဆီပုလင်းလေးနဲ့ ဘာလို့ ပစ်နေမလဲ...၊ စနိုက်ဘာနဲ့ ခေါင်းကို ပစ်တော့မပေါ့ ...၊ သက်သက်မဲ့ ကြံ့ခိုင်ရေးနဲ့ မဘသတို့က လုပ်ခိုင်းသလိုလို ဖြစ်အောင် ပုံဖော်တာ...၊ ပြောရရင် ပြိုင်ဘက်တွေကို နာမည်ဖျက်ဖို့ နှိပ်ကွပ်ဖို့ အာဏာရပါတီ ကိုယ်တိုင်က သူ့အိမ်သူ ဓာတ်ဆီပုလင်းနဲ့ ပြန်ထုခိုင်းတဲ့ နိုင်ငံရေးလုပ်ကြံမှုပဲ...၊ ဟော အခုကြည့် ဥပဒေထွက်လာပြီ... ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သူ၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတဲ့ ....၊ စဉ်းစားကြည့်လေ...၊ ပိုင်ဆိုင်မှုဆိုတဲ့ အထဲမှာ နေအိမ်တင်မကတော့ဘူး..၊ ဘဏ်အပ်ထားတဲ့ ငွေတွေကအစ သူ့စပ်စမိုင်နာအဆုံး ပါဝင်တယ်...၊ ပြောရရင် သူ့ဘဏ်အကောင့်ထဲမှာ ငွေတွေ ဘယ်လောက်တောင် ခိုးထည့်ထားလို့ ကာကွယ်ပေးဖို့ လိုအပ်နေသလဲ မပြောတတ်ဘူး၊ ဖြစ်နိုင်ချေက ၂မျိုးပဲ ရှိတယ်၊ ပထမက ပြိုင်ဘက်တွေကို နိုင်ငံရေးအရ လုပ်ကြံချင်လို့ ဒါမှမဟုတ် ဒုတိယက သူ့ရဲ့ မဖုံးနိုင် မဖိနိုင် ကြွယ်ဝလာတဲ့ ငွေကြေးတွေကို ကာကွယ်ဖို့ လိုကို လိုနေလို့ ဒီဥပဒေကို ပြဌာန်းတာ ၊ အဲ့ဒီလို ပြဌာန်းဖို့အတွက် အကြောင်းပြချက် ကောင်းကောင်းရအောင် ဒီဓာတ်ဆီပုလင်း အမှုကို ကာယကံရှင် ကိုယ်တိုင် ဖန်တီးတာပဲ ..၊ အဲ့သလို မြင်ပါတယ်"
ဟု ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။ ဥပဒေကြမ်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးရန် သို့မဟုတ် အသက်နှင့်ခန္ဓာကို ပြင်းပြင်းထန်ထန်ဖြစ်စေ၊ အခြားသော အကျိုးတစ်စုံတစ်ရာ ထိခိုက်နစ်နာစေရန်ဖြစ်စေ ၊ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုကို ဖြစ်စေ၊ ရွေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုကို ဖြစ်စေ သို့မဟုတ် အဆိုပါပိုင်ဆိုင်မှုများနှင့် စပ်ဆက်၍ ဖြစ်စေ၊ တိုက်ခိုက်ရန်၊ အကြမ်းဖက်ရန်၊ ဖျက်ဆီးရန်၊ ထိခိုက်နစ်နာစေရန် ပြောဆို ကြံစည်သည် ၊ ရည်ရွယ်သည်၊ အားထုတ်သည်၊ အားပေးသည်၊ ဟောပြော ၊ ရေးသား၊ လှုံဆော်သည်၊ သို့မဟုတ် ပူးပေါင်းပါဝင်သည်ဟု တိုင်ကြားခံရလျှင် သို့မဟုတ် တာဝန်ရှိသူက သံသယရှိလျှင် ရဲအရေးပိုင်အမှုအဖြစ် ဖမ်းဆီးထိမ်းသိမ်းခွင့် ရှိသော အာမခံ လုံးဝ မရသည့် ၆၆(ဃ)ကဲ့သို့ ဥပဒေ ဖြစ်သည်။ ပို၍ သာလွန်သွားသော အချက်မှာ အကယ်၍ အမှုမခိုင်လုံ၍ လွတ်မြောက်ခဲ့လျှင် မိမိအား တိုင်ကြားစွဲဆိုသူကို ၆လအတွင်း တန်ပြန် တရားစွဲဆိုခွင့် မရှိခြင်း ဖြစ်သည်။ အနည်းဆုံး ပြစ်ဒဏ် ၆လမှ အများဆုံး ၇နှစ်အထိ ပြင်းထန်သည်။
Tiloka Daily
တိလောကဂျာနယ်
ဒေါ်​အောင်​ဆန်းစုကြည်​​​​နေအိမ်​ကို ဓာတ်​ဆီပုလင်းဖြင့်​ တိုက်​ခိုက်​မှုမှာ AAအဖွဲ့ လက်​ချက်​ဖြစ်​နိုင်​​ကြောင်း BENAအဖ...
01/02/2018
ဒေါ်​အောင်​ဆန်းစုကြည်​​​​နေအိမ်​ကို ဓာတ်​ဆီပုလင်းဖြင့်​ တိုက်​ခိုက်​မှုမှာ AAအဖွဲ့ လက်​ချက်​ဖြစ်​နိုင်​​ကြောင်း BENAအဖွဲ့ မှတ်​ချက်​​ပေး ◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
လက်​ရှိတွင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​​နေအိမ်​ကို ဓာတ်​ဆီပုလင်းဖြင့်​ ထုခိုင်းခဲ့သည်​ဟု ထိပ်​တန်းမှ သံသယဝင်​ခံ နေရ​သော ဘီးနား(​ခေါ်) ဗမာလက်​နက်​ကိုင်​အဖွဲ့ကို ဆက်​သွယ်​​မေးမြန်းခဲ့ရာမှာ
"ကျွန်​​တော်​တို့က ဗမာလက်​နက်​ကိုင်​အဖွဲ့ပါ၊ ​ခေါင်း​ဆောင်​ကြီး ဦး​နေဗလရဲ့ သြဝါဒအရ ဗမာလူမျိုးအချင်းချင်း မလုပ်​ကြံရဘူးလို့ အဖွဲ့ရဲ့ အ​ခြေခံမူမှာ ပြဌာန်းထားတယ်​ ...၊ အဲ့ဒီ​တော့ ​ဒေါ်​အောင်​ဆန်းစုကြည်​လည်း ဗမာလူမျိုးပဲ...၊ ဒါ​ကြောင့်​ ကျွန်​​တော်​တို့ လက်​နက်​ကိုင်​အဖွဲ့အ​နေနဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို လုပ်​ကြံဖို့ အစီအစဉ်​လုံးဝ မရှိဘူး.. ၊ အခုကိစ္စကလည်း ကျွန်​​တော်​တို့ ဘီးနားလက်​ချက်​မဟုတ်​ဘူး"
ဟု ဘီးနားအဖွဲ့ စစ်​​ကော်​မတီဝင်​ ကို​​ရွှေ​သွေးက တိ​လောကကို ​ဖြေကြားသည်​။ လွန်​ခဲ့​သော တစ်​နှစ်​​ ၂၀၁၇ ခုနှစ်​ ဇန်​နဝါရီလ ၃၁ရက်​​နေ့က ဖွဲ့စည်းတည်​​ထောင်​ခဲ့​သော BENAဘီးနားအဖွဲ့​ခေါ် "Burmese Ethnic National Army"ဟု အမည်​ရသော ဗမာလူမျိုးစု လက်​နက်​ကိုင်​အဖွဲ့ ဖြစ်​သည်​။ မကြာ​သေးမီက ဖြိုးကိုကိုတင့်​ဆန်းအမှုတွင်​ ​ကောလဟာလများ​ကြောင့်​ လှုပ်​ရှားမှု အခက်​အခဲများ ကြုံ​တွေ့ခဲ့ရ​သော်​လည်း လက်​ရှိအချိန်​တွင်​ စစ်​ကိုင်းတိုင်း အထက်​ပိုင်း ကချင်​ပြည်​နယ်​အစပ်​နှင့်​ ချင်းပြည်​နယ်​ ပလက်​ဝ ရခိုင်​အစပ်​တွင်​ လှုပ်​ရှား​နေ​ကြောင်း သိရသည်​။
"အဓိက​တော့ ကျွန်​​တော်​တို့အဖွဲ့က တိုင်းရင်းသား​ဒေသ​တွေမှာ ရှိတဲ့ ကိုယ့်​ ဗမာလူမျိုး​တွေကို ကာကွယ်​​ပေးဖို့ပဲ...၊ အခုတ​လော ရခိုင်​အဖွဲ့က ခပ်​စိပ်​စိပ်​လှုပ်​ရှားလာတယ်​...၊ သူတို့က ယူဂျီ​တွေ လွှတ်​ပြီး ​ဒေါ်​အောင်​ဆန်းစုကြည်​ကို လုပ်​ကြံဖို့ လုပ်​​နေတယ်​၊ ကျွန်​​တော်​တို့က ပြည်​​ထောင်​စု တပ်​မ​တော်​နဲ့ အဆက်​အသွယ်​မရှိ​တော့ ဒီသတင်း​တွေကို မ​ပေးနိုင်​ခဲ့ဘူး၊ အခု ဓာတ်​ဆီပုလင်းနဲ့ ပစ်​တဲ့ ကိစ္စလည်း AAအဖွဲ့ရဲ့ လက်​ချက်​ဖြစ်​နိုင်​တယ်​ ...၊ ဖြစ်​ဖို့များတယ်​"
ဟု ကို​ရွှေ​သွေးက မှတ်​ချက်​​ပေးသည်​။
"ကျွန်​​တော့်​အလိုအရဆိုရင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​အိမ်​ကို ဓာတ်​ဆီပုလင်းနဲ့​ ထုမ​နေဘူး၊ စိန်​​ပြောင်းနဲ့ တိုက်​​ခေါင်မိုး​ပေါ်​က​နေ ထုမှာ​ပေါ့၊ ဒီမှာ ..."
ဟုဆိုကာ ဘီးနားအဖွဲ့အသုံးပြု​နေ​သော နိုရင်​ကို ကုမ္မဏီထုတ်​ စိန်​​ပြောင်းကို တိ​လောက သတင်း​ထောက်​များအား ပြသခဲ့သည်​။ (ဓာတ်​ပုံ- ပိုင်​ဖြိုးလင်း) မည်​သို့ ဆို​စေ AAအဖွဲ့ကို ​ချေမှုန်းရမည်​​ကြောင်း၊ တပ်​မ​တော်​က မ​ချေမှုန်းလျှင်​ မိမိတို့က ​ချေမှုန်း​တော့မည်​ ဖြစ်​​ကြောင်း တိ​လောကကို ​ဖြေကြားခဲ့ပါသည်​။
Tiloka Daily
တိ​လောကဂျာနယ်
ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဏှောက်​ကို ဟားဗက်​​​ဆေးတက္ကသိုလ်​က အလှူခံ၊ ဦး​ဇော်​​ဌေးက ​အောင်​မြင်​စွာ ငြင်းဆို ◼◼◼◼◼◼◼◼◼◼...
01/02/2018
ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဏှောက်​ကို ဟားဗက်​​​ဆေးတက္ကသိုလ်​က အလှူခံ၊ ဦး​ဇော်​​ဌေးက ​အောင်​မြင်​စွာ ငြင်းဆို
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ၊ ၁
နိုင်​ငံတကာ ဆေးတက္ကသိုလ်​ ပညာ​ရေး​လောကတွင်​ ပုဂ္ဂလိကပိုင်​ ​ဆေးတက္ကသိုလ်​ကြီးများသည်​ ကမ္ဘာ​ကျော်​ အထင်​ကရ ပုဂ္ဂိုလ်​များ၏ ရုပ်​ခန္ဓာများကို သင်​တန်းသား စွဲ​ဆောင်​​ရေးအတွက်​ အပြိုင်​အဆိုင်​ အလှူခံမှုများ ​ရှိ​နေရာ ကမ္ဘာ့ငြိမ်းချမ်း​ရေး နိုဘယ်​ဆုရှင်​ဖြစ်​​သော မြန်​မာပြည်​က ​ဒေါ်အောင်​ဆန်းစုကြည်​လည်း နိုင်​ငံတကာ ​ဆေးတက္ကသိုလ်​ကြီးများ၏ ပစ်​မှတ်​တစ်​ခု ဖြစ်​လာခဲ့ရပါသည်​။
ယခုနှစ်​ပိုင်းအတွင်း ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး​ကောလဟာဟများ ထွက်​​ပေါ်လာပြီး​နောက်​ ​ပြည်​တွင်း၊ ပြည်​ပ ဆေးတက္ကသိုလ်​များ၏ ရုပ်​ကြွင်းခန္ဓာ အလှူခံစာ​ပေါင်းများစွာကို လက်​ခံရရှိခဲ့သည်​ဟု သမ္မတရုံး ဝန်​ကြီး ဦး​ဇော်​​ဌေးက တိ​လောကကို ဤသို့ ဖြေကြားခဲ့ပါသည်​။
"အန်​တီ့ရဲ့ ကျန်းမာ​ရေးက နှာ​စေး​ချောင်းဆိုး​လောက်​ပဲ...ဖြစ်​ပါတယ်​၊ ဒါ​ပေမယ့်​ ​​​နေရပ်​စွန့်​ခွာ ဒုက္ခသည်​တွေ ပြန်​လည်​လက်​ခံ​ရေး ကိစ္စရပ်​​တွေနဲ့ ရှုပ်​​ထွေး​နေလို့ ရွှေတိဂုံအ​နေကဇာတင်​ပွဲ သွားမတက်​ခဲ့ဖြစ်​ဘူး​...၊ အဲ့ဒီမှာ ​လေဖြတ်​​နေလို့လား ဘာလားဆိုပြီး ​ဖေ့ဘုတ်​​ပေါ် ​ကောလဟာလ​တွေ တက်​လာရာက​နေ ကွယ်​လွန်​​တော့မယ်​ဆိုပြီး ဖြစ်​သွားတာ...၊ အန်​တီ့ရဲ့ ကျန်းမာ​ရေးကို တစ်​ချိန်​လုံး ​စောင့်​ကြည့်​ ​နေကြတဲ့ ​ဆေးတက္ကသိုလ်​​တွေကလည်း အဲ့ဒီမှာ အချိန်​ကျပြီ ဆိုပြီး အလှူခံစာ​တွေ ပို့​တော့တာပဲ...၊ အများကြီးပဲ တစ်​​ထောင်​​ကျော်​​လောက်​ ရှိမယ်​..၊ အဲ့ဒီထဲက​နေ ​ဆေးတက္ကသိုလ်​ ၇ခုကိုပဲ ​မ​ဖြစ်​မ​နေ ရွေးချယ်​​ပေးခဲ့ပါတယ်​"
ဟု ​ဖြေကြားခဲ့ပါသည်​။ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကွယ်​လွန်​ပါက ကြွင်းကျန်​ရုပ်​အ​လောင်းကို ​ဆေးဘက်​ဆိုင်​ရာ သု​တေသန ဖွံ့ဖြိုး​ရေးအတွက်​ ​ပြည်​တွင်း၊ ပြည်​ပဆေးတက္ကသိုလ်​(၇)ခုကို လှူဒါန်းရန်​ ​ရွေးချယ်​ခဲ့ကြောင်း ​သိရှိရသည်​။ ထိုသို့ ​ရွေးချယ်​ခဲ့ရာတွင်​ ​ကွယ်​လွန်​မည့်​သူ ကာယကံရှင်​ ဒေါ်​အောင်​ဆန်းစုကြည်​ ​ဆန္ဒအရ လည်​ပင်း​အောက်​ ခန္ဓာကိုယ်​ အစိတ်​အပိုင်းများကို တက္ကသိုလ်​အသီးသီးက ​ဝေပုံကျ လှူဒါန်းစာချုပ်​ ချုပ်​ဆိုနိုင်​ခဲ့ကြသည်​ဟု သိရသည်​။
ထို​ရွေးချယ်​ခံ တက္ကသိုလ်​များထဲမှ စင်​ကာပူ အမျိုးသား ​ဆေးတက္ကသိုလ်​မှာ ​ဒေါ်​အောင်​ဆန်းစုကြည်​၏ ကြွင်းကျန်​ ရုပ်​အ​လောင်း ခန္ဓာကိုယ်​အစိတ်​အပိုင်းများကို ​ဝေစုအများဆုံးရရှိခဲ့ပြီး လှူဒါန်းစာချုပ်​ကို စင်​ကာပူ ​ဒေါ်လာ ၂.၅ ဘီလီယံ တန်​​ကြေးရှိ တံဆိပ်​​ခေါင်းဖြင့်​ ချုပ်​ဆိုခဲ့ကြသည်​ဟု ဆိုသည်​ ။
ကျောင်းတွင်း​ကော်​မတီဆုံးဖြတ်​ချက်​ကို ​စောင့်​ဆိုင်းရင်း အလှူခံစာ​ပေးပို့ရန်​ ​ကြန့်​ကြာနေခဲ့​သော Harvest University (Medinine Department) ဟားဗက်​​တက္ကသိုလ်​ (​ဆေးပညာဌာန)က ​နောက်​ပိုင်းမှ အလှူခံစာ ​ပေးပို့ နိုင်​ခဲ့​သည်​။ ​လည်​ပင်း​အောက်​ပိုင်း တစ်​ခုလုံးကို စာချုပ်​များဖြင့်​ လှူဒါန်းလိုက်​ပြီ ဖြစ်​​ကြောင်း ဟားဗက်​တက္ကသိုလ်​၏ အလှူခံစာကို အ​ကြောင်းပြန်​ခဲ့​သော်​လည်း လက်​မ​လျှော့​သော ဟားဗက်​​ဆေးပညာဌာနက ကျန်​ရှိ​သော လည်​ပင်းအထက်​ပိုင်း ဦး​ဏှောက်​အင်္ဂါကို အသနားခံစာနှင့်​အတူ ထပ်​မံ အလှူခံခဲ့သည်​။ အသနားခံစာတွင်​ ​တက္ကသိုလ်​ရန်​ပုံ​ငွေ ​ယူရို ၁၂သန်းကို ​ဆေးဘက်​ဆိုင်​ရာအတွက်​ ခွင့်ပြုထားသည်​ဟု အရိပ်​အမြွက်​​ပြောဆိုခဲ့​သော်​လည်း ​ဒေါ်​အောင်​ဆန်းစုကြည်​က ပရိယာယ်​ဖြင့်​ ငြင်းပယ်​​စေခဲ့သည်​ဟု ဦး​ဇော်​​ဌေးက ဆိုသည်​။ ဦး​ဇော်​​ဌေးက ငြင်းဆိုခဲ့ပုံမှာ
"​ဒေါ်​အောင်​ဆန်းစုသည်​ ​လည်​ပင်းအထက်​ပိုင်းကို လှူလို့ လုံးဝ မဖြစ်​​၊ ​ဆေးတက္ကသိုလ်​ ၇ခုကို ခန္ဓာကိုယ်​အစိတ်​ပိုင်းများ လှူဒါန်းစဉ်​က လည်​ပင်းအထက်​ပိုင်း ​ဦးခေါင်းကို လုံးလုံးမလှူဘဲ ချန်​ထားသည်​မှာ ခိုင်​လုံ​သော အ​ကြောင်းပြချက်​ရှိ​​ကြောင်း ၊ အဘယ့်​ကြောင့်​ဆို​သော်​ ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ သူ့​ခေါင်းကို ​ဆေးဘက်​ဆိုင်​ရာ သု​တေသနများအတွက်​ လှူလည်း အကျိုးရှိမှာ မဟုတ်​မှန်းသိ​နေ၍ မလှူ​တော့ခြင်း ဖြစ်​​နိုင်​​ကြောင်း၊ ​မိခင်​​ဒေါ်ခင်​ကြည်​ ​မွေးဖွား​ပေးလိုက်​စဉ်​က ဦးခေါင်းပါလာသော်​လည်း ထို​ခေါင်းထဲတွင်​ ဦး​ဏှောက်ပါမပါ ဆိုသည်​မှာ ​ပြောရခက်​​ကြောင်း၊ ​သူကိုယ်​တိုင်​ပင် မ​သေချာ​​ကြောင်း​၊ ​ဦးခေါင်းမှာ အလွန်​​ပေါ့​နေသဖြင့်​ အမြဲ ​ခေါင်းတလှုပ်​လှုပ်​ လည်​ပင်းတခါခါ ဖြစ်​​နေ​ကြောင်း၊ အကယ်​၍ ဦး​ဏှောက်​မပါ​သော ​ဦးခေါင်းအခွံကြီး ဖြစ်​​နေလျှင်​ အလှူလက်​ခံသူတို့သာ နစ်​နာမည်​ဖြစ်​​​ကြောင်း၊ ဦး​ခေါင်းအခွံကြီးကို သု​တေသနလုပ်​လည်း ဘာမှထူးမှာ မဟုတ်​၍ မလှူဒါန်းရန်​ ဆုံးဖြတ်​ခြင်း ဖြစ်​​ကြောင်း"
အကျိုးသင့်​အ​ကြောင်းသင့်​ ချက်​ကျလက်​ကျ ​ပြောဆို ပရိယာယ်​သုံးကာ လိမ်​လိမ်​မာမာ ပါးပါးနပ်​နပ်​ဖြင့််​ ​အောင်​မြင်​စွာ ငြင်းဆိုနိုင်​ခဲ့​ကြောင်း သတင်းရရှိပါသည်​။
Tiloka Daily
တိ​လောကဂျာနယ်
ဦးကိုနီလုပ်​ကြံခံရမှု ပြန်​လည်​ကျင်းပမည်​◼◼◼◼◼◼◼◼◼◼◼◼◼◼ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၃၀အချိန်​ကာလအားဖြင့်​ တစ်​နှစ်​ဝန်းကျင် ကြ...
30/01/2018
ဦးကိုနီလုပ်​ကြံခံရမှု ပြန်​လည်​ကျင်းပမည်
◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၃၀
အချိန်​ကာလအားဖြင့်​ တစ်​နှစ်​ဝန်းကျင် ကြာခဲ့ပြီဖြစ်​​သော်​လည်း တရားခံအ​ရေအတွက်​မှာ ထင်​သ​လောက်​မရဘဲ နည်းနေဆဲ ဖြစ်​​သော ဦးကိုနီလုပ်​ကြံခံရမှုအား ​​တရားလို စွဲချ​ရှေ့​နေ ​ရောဘတ်​စန်း​အောင်​က တရားခံ များများရ​အောင်​ တစ်​နှစ်​ပတ်​လုံး အပတ်​တကုတ်​ ကြိုးစားခဲ့ရာတွင်​ အမှုတွဲစရာ တရားခံ ၅၀ဦး ထက်​မနည်း ရရှိခဲ့​သော်​လည်း မှန်းထားသ​လောက်​တော့ အ​ရေအတွက်​ မရ​ခဲ့ဟု သိရသည်​။
"အားမရ​ဘူး..၊တရားခံက နည်း​နေ​သေးတယ်​....၊ အမှန်​ဆို ​သောက်​မြင်​ကတ်​ပါတယ်​...၊ ​သေသင့်​​နေပြီ...၊ မ​သေ​သေးဘူးလား၊ သတ်​ကြ​တော့​လေ..အဲ့သလို ထုတ်​​ထုတ်​​ပြော​တဲ့ လူ​တွေကိုက ​ဖေ့ဘုတ်​​ပေါ်မှာတင်​ ၁၀သန်း​လောက်​ရှိတယ်​...၊ တကယ်​လုပ်​ကြံ​တော့မှ ထွက်​လာတဲ့ တရားခံက လက်​တစ်​ဆုပ်​​တောင်​ မပြည့်​ဘူး၊ စဉ်းစားကြည့်​၊ ဖြစ်​သင့်​လား၊ ကျွန်​​တော်​က​တော့ ရပ်​မှာ မဟုတ်​ဘူး၊ ဒီ​လောက်​နဲ့ အားမရဘူး၊ တရားခံ​တွေ ဆက်​ရှာဦးမယ်​၊ မှန်းထားတာ အနည်းဆုံးတရားခံ တစ်​​ထောင်​​ကျော်​​လောက်​ရှိတယ်​...၊ တရားခံ ​ဆွေစဉ်​မျိုးဆက်​ ဇယားဆွဲထားတယ်​၊ အဲ့ထဲက လူ​တွေ အကုန်​လုံး အ​ရေးယူနိုင်​​အောင်​လုပ်​မှာ၊ ပါဝင်​ပက်​သက်​သူ၊ အား​ပေးသူ၊ ​ထောက်​ပံ့သူ၊ အလိုတူအလိုပါ၊ ကြံရာပါ သံသယ တရားခံ​တွေ တစ်​​ယောက်​မကျန်​ အ​ရေးယူနိုင်​ဖို့ လုပ်​သွားမှာပါ"
ဟု တိ​လောကကို ​ဖြေကြားခဲ့သည်​။ လက်​ရှိတွင်​ တရားခံအ​ရေအတွက်​ များများရရှိ​ရေး ​ဆောင်​ရွက်​​နေမှု​ကြောင့်​ ရုံးချိန်း​ပေါင်း ၄၀​ကျော်​ တက်​​ရောက်​​နေရသည်​မှာ ပင်​ပန်းလှသဖြင့်​ ​နောင်​တရ​နေသူ တရားခံ ဦးကြည်​လင်းက
"ကျုပ်​အ​နေနဲ့က​တော့ အ​တော်​​နောင်​တရနေပြီ...၊ ဖြစ်​နိုင်​ရင်​ ​အပြစ်​ဒဏ်​ကို အမြန်​ဆုံး ခံယူလိုက်​ချင်​ပြီ၊ ပြစ်​မှုလည်း ထင်​ရှား​နေပြီ​လေ၊ ​ခေါင်းကို ​တေ့ပြီး​သေနတ်​နဲ့ ပစ်​လိုက်​တာ အရှင်းကြီးပဲ​၊ ဒီထက်​ရှင်းတာ ဘာရှိမလဲ၊ ကျုပ်​လည်း သတ်​ပါတယ်​လို့ ဝန်​ခံပြီးပြီ၊ ပါတဲ့လူ​တွေလည်း ​ဖြောင့်ချက်​​ပေးပြီ၊ ကြိုက်​တဲ့အပြစ်​ ​ပေးလိုက်​​တော့​လေ၊ ဘာလို့ဆက်​ပြီး ရုံးချိန်း​တွေ ​ခေါ်​နေရတာတုန်း၊ ရုံးချိန်း​တွေ ထပ်​မတက်​ချင်​​တော့ဘူး၊ စိတ်​ပျက်​လာပြီ၊ ဘယ့်​နှယ့်​ တစ်​ခါလာလည်း ဘယ်​သူပါ​သေးတုန်း၊ တစ်​ခါလာလည်း ဘယ်​သူပါကို ပါရမယ်​၊ မပါရင်​ မဟုတ်​ဘူး၊ လုပ်​​နေကြတယ်​၊ ကျုပ်​​တောင်​ မသိတဲ့ လူ​တွေကို အမှု​တွေ တွဲခိုင်း​နေတယ်​​လေ၊ သူတို့​ပြောတဲ့ ​လူ​တွေက နည်းတာမဟုတ်​ဘူး၊ ကျုပ်​လည်း ကြာ​တော့ မြန်​မြန်​ပြီး နား​အေး ​ခေါင်းညိမ့်​လိုက်​တာပဲ.. ၊ ဒီနှစ်​ထဲမှ အမှုမပြီးရင်​ ရုံးချိန်းမှာ စွဲချ​ရှေ့​နေဖြစ်​ဖြစ်​၊ သတင်း​ထောက်​ဖြစ်​ဖြစ်​ နီးစပ်​ရာ တစ်​​ယောက်​​ယောက်​ကို သတ်​ပြီး ​ထောင်​ထဲဝင်​မယ်​"
ဟု ​ထောင်​ထဲ​ရောက်​​နေ​သော်​လည်း ​ရေ​ရေရာရာ ​ထောင်​မကျ​သေး​သော ဦးကြည်​လင်းက တိ​လောကကို ရင်​ဖွင့်​ ခဲ့သည်​။
ယခုချိန်​ထိ လိပ်​ခဲတည်းလည်း ဖြစ်​​နေဆဲ​ ဦးကိုနီလုပ်​ကြံခံရမှုကို အများပြည်​သူ အမြဲ​အောက်​​မေ့သတိရ​နေ​စေရန်​ ရည်​ရွယ်​၍ ပြန်​လည်​ ကျင်းပရန်​ စီစဉ်​သူများလည်း ရှိသည်​။
"​လော​လောဇယ်​​တော့ ဦးကိုနီ လုပ်​ကြံမှု ပြန်​လည်​ဖြစ်​​မြောက်​​ရေး ​ကော်​မတီဖွဲ့ထားပါတယ်​၊ ပြည်​သူ​တွေ မ​မေ့​အောင်​​ပေါ့၊ ဒီလိုလုပ်​ရင်​ ဒီလို​သေရပါလားလို့ ​သံ​ဝေဂ​လေး ဖြစ်​ဖြစ်​ ရ​စေချင်​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပြန်​လည်​ ​အောက်​​မေ့ပွဲ ကျင်းပဖို့ စီစဉ်​ရတာပါ..၊ အာဇာနည်​​နေ့မှာ ကျင်းပဖြစ်​ရင်​ ကျင်းပမယ်​၊ ​၂၀၁၈ ဖေ​ဖော်​ဝါရီလထဲ​တော့ ​သေချာပါတယ်​"
ဟု ဆိုသည်​။ ဦးကိုနီလုပ်​ကြံမှုကို ယခုနှစ်​ ၂၀၁၈ ​ဖေ​ဖော်​ဝါရီလထဲတွင်​ ခြိမ့်​ခြိမ့်​သဲ ပြန်​လည်​ကျင်းပမည်​ဟု သိရပါသည်​။
Tilowka Daily
တိ​လောကဂျာနယ်
5G internet ကို MPT ကုမ္မဏီ စမ်းသပ်​​အောင်​မြင်​◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၃၀မြန်​မာပြည်​တွင်​ အင်​တာနက်​ အသံ...
30/01/2018
5G internet ကို MPT ကုမ္မဏီ စမ်းသပ်​​အောင်​မြင်
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၃၀
မြန်​မာပြည်​တွင်​ အင်​တာနက်​ အသုံးပြုသူ ဦး​ရေ သန်း ၂၀သို့ ချဉ်းကပ်​လာ​နေချိန်​တွင်​ ဆက်​သွယ်​​ရေးကုမ္မဏီများအကြား မားကတ်​ရှယ်​ယာ(​ဈေးကွက်​​ဝေစု) ပြိုင်​ဆိုင်​မှု ပြင်းထန်​လာရာ လက်​ရှိ နိုင်​ငံခြား​သားပိုင်​ ​အော်​ပ​ရေတာများဖြစ်​​သော ကာတာပိုင်​​အူရီဒူးက ပထမ​နေရာမှ ဦး​ဆောင်​​နေပြီး ​နော်​​ဝေပိုင်​ တယ်​လီ​နောက ဒုတိယ​နေရာမှ လိုက်​ပါ​နေသည်​။ တတိယ​နေရာတွင်​​ ရောက်​ရှိ​နေ​သော မြန်​မာအမျိုးသားပိုင်​ ဆက်​သွယ်​​ရေး ​အော်​ပ​ရေတာ MPT က ပြိုင်​ဘက်​ကုမ္မဏီနှစ်​ခုကို ​ကျော်​တက်​နိုင်​မည့်​ ဆန်းသစ်​​သော အင်​တာနက်​ ဝန်​​ဆောင်​မှုကို ​ပေးစွမ်းမည့်​ နည်းလမ်းသစ်​ကို ရှာဖွေခဲ့ရာ 4Gနှင့်​ 4G+ တို့ထက်​ မြန်​နှုန်း သာလွန်​​သော 5G အင်​တာနက်​ကို ​လက်​ဦးမှုယူ တပ်​ဆင်​နိုင်​ရန်​ 5 tribal frameworks multiple- datalink combining system (MPT-supereme 5G) စနစ်​ ကို စမ်းသပ်​​​ခဲ့ရာ စမ်းသပ်​မှု ​အောင်​မြင်​ခဲ့​ကြောင်းသိရှိရသည်​။
MPT-supereme 5G အမည်​ရ​သော ယင်းစနစ်​ကို စမ်းသပ်​​​​ခဲ့ပြီး​နောက်​ ကွန်​ယက်​အပြည့်​ ဝန်​​ဆောင်​မှု​ပေးနိုင်​ရန်​ ​ဒေတာစီးဆင်းမှုများကို ​မောင်းနှင်​​ စီမံပေးရမည့်​ လိုအပ်​​သော Software Define Network ကို MPT supreme SDN-5G နှင့်​ SDN-5G+ ဟူ၍ ​ကိုယ်​ပိုင်​ဆော့ဝဲလ်​နှစ်​မျိုး ​​​ရေးသားထားပြီး ဖြစ်​သည်​ဟု သိရသည်​။ ​အဆိုပါ 5G ဝန်​​ဆောင်​မှုစနစ်​သစ်​ စမ်းသပ်​မှုနှင့်​ ပက်​သက်​၍ MTP ကုမ္မဏီတွင်​ တယ်​လီကွန်​အင်​ဂျင်​နယာအဖြစ်​ လုပ်​ကိုင်​​စား​သောက်​နေသူ ကိုမျိုးလင်းက
ဟု တိ​လောကကို ​ဖြေကြားခဲ့သည်​။ မကြာမီအချိန်​တွင်​ မူလ 2G to 4G တွင်​ အသုံးပြုပြီးဖြစ်​​သော spectrum band များကို ​ထောက်​ပံ့​ပေး​သော အင်​တာနက် ဖရိန်​​ဝေါ့​များကို ​ပေါင်းစပ်​ကာ ပိုမို မြန်​နှုန်းသာလွန်​မည့်​ ဖရိန်​တစ်​ခုဖြစ်​​သော 5G အင်​တာနက်​ ​ဒေတာလင့်​ကို 5Gအတွက်​ 5.71GHz ဖြင့်​လည်း​ကောင်း 5G+အတွက်​ 5.88GHz ဖြင့်​လည်း​ကောင်း band ၂မျိုးကို ချပြနိုင်​​တော့မည်​ဟု သိရသည်​။
5G service တွင်​ ပါဝင်​လာမည့်​ သစ်​လွင်​​သော ဝန်​​ဆောင်​မှု​တွေက​တော့ Internet of things, Smart office/city , Cloud gaming , Virtual service, Self-driven machines စတာတွေ အပြင် ပုံမှန် Voice နဲ့ Data ဝန်​​ဆောင်​မှုတွေလည်း ပါဝင်​လာမည်​​ဟု ​မျှော်​မှန်းထားကြသည်​။ MPT - supereme 5G အင်​တာနက်​ ထွက်​လာပါက မြန်​မာပြည် ဆက်​သွယ်​​ရေး ​လောကတွင်​ MPT ​အော်​ပ​ရေတာက ထိပ်​ဆုံးသို့ ​ရောက်​ရှိသွား​တော့မည်​ ဖြစ်​သည်​ဟု ကိုမျိုးလင်းက တိ​လောကဂျာနယ်​ကို ​ပြောကြားခဲ့ပါသည်​။
ဓာတ်​ပုံ - ကိုမျိုးလင်း
သတင်း​ထောက်​- မဖြိုးဖြိုး​လေး
Tilowka Daily
တိ​လောကဂျာနယ်
ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်လိုက်တဲ့အစိုးရရဲ့လုပ်ရပ်ဟာ ကျောင်းသားထုကိုစိန်ခေါ်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ ခ...
30/01/2018
ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်လိုက်တဲ့အစိုးရရဲ့လုပ်ရပ်ဟာ ကျောင်းသားထုကိုစိန်ခေါ်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ ချုပ်ပြော
ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၉
ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်လိုက်တဲ့အစိုရရဲ့ လုပ်ရပ်ဟာ ကျောင်းသားထုကို စိန်ခေါ်လိုက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ ချုပ်က ဒီကနေ့ ထုတ်ပြန်ပြောပါတယ်။ ဗကသများအဖွဲ့ ချုပ်ဟာ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ရွှေသိမ်ဓမ္မသီဂီကျောင်းတိုက်မှာ သတင်းမီဒီယာများနဲ့ တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်ခဲ့တဲ့ကိစ္စအပါအ၀င် ဒီမိုကရေစီပညာရေးတောင်းဆိုချက်(၁၁)ချက် ယခုတိုင်မရရှိသေးတာနဲ့ ပတ်သတ်ပြီးဆက်လက်တောင်းဆိုသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
''ကျောင်းထုတ်တဲ့အခါမှ တစ်ပြိုင်တည်းလည်းထုတ်တာမဟုတ်ဘဲနဲ့ ပထမဆုံးအကြိမ်တစ်ကျောင်းကိုထုတ်လိုက်တယ်။ပြီးတဲ့အခါ အဲဒီိအခြေအနေကိုကြည့်ပြီိးတော့ တစ်ခြားကျောင်းတွေကပါ တဖွဲဖွဲထုတ်တယ်။ ဒါဟာ ကျောင်းသားတွေကို စိန်ခေါ်လိုက်တာဖြစ်တယ် ၊ကျောင်းသားထုကိုစိန်ခေါ်လိုက်တာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အနေနဲ့ လက်မခံဘူးဆိုတာကို နံပတ်တစ်အနေနဲ့ ပြောချင်တယ်။ ပြီးတော့ သူတို့ ကိုထုတ်တဲ့ကျောင်းစည်းကမ်းတွေကို ကြည့်တဲ့အခါမှလည်း ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့ မညီဘူး။ အစိုးရသစ်တက်လာတဲ့အခါ ဒီမိုကရက်တစ်အစိုးရလို့ ပြောနေပေမယ့် ဒီိမိုကရေစီစံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းစည်းကမ်းတွေရှိနေတဲ့အပေါ်ကိုလည်း ကွန်တော်တို့ ဆန့် ကျင်တယ်'' လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော် ကပြောပါတယ်။
အဲဒီနောက် ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားကျောင်းသူများကို ဘာအတားအဆီး၊ ဘာအနှောင်အဖွဲ့ မှမရှိစေဘဲ ကျောင်းပြန်လည်တက်ရောက်ခွင့်ပေးဖို့ ကိုလည်း ဗကသများအဖွဲ့ ချုပ်က ဒီကနေ့  တောင်းဆိုလိုက်ပါတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုမှုများကို အစိုးရဘက်မှ ဘာလုပ်မလဲဆိုတဲ့ အချက်အပေါ် စောင့်ကြည့်ပြီး လှုပ်ရှားမှုများဆက်လက်လုပ်ဆောင်သွားမယ်လို့ လည်း သူတို့ ကဆိုပါတယ်။
ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းစည်းကမ်းတွေကို အစိုးရမှ ပြန်စဉ်းစားပြီးပယ်ဖျက်ပေးရန်၊ မတရားတဲ့ပြစ်မှုပြစ်ဒဏ်များကို ပယ်ဖျက်ပေးရန်၊ လွတ်လပ်စွာတောင်းဆိုဆန္ဒပြတဲ့ကျောင်းသားများကို ကျောင်းထုတ်လိုက်တဲ့ကိစ္စကို အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ က အမြန်ဆုံးဖြေရှင်းပေး၇န်၊ ကျောင်းမှထုတ်ပယ်ခြင်းဆိုတဲ့စာတွေကို အမြန်ဆုံးပြန်ရုတ်သိမ်းပေးရန်စတာတွေကို အစိုးရက ဆောင်ရွက်ပေးမှသာ သိက္ခာပြန်ဆယ်နိုင်မှာဖြစ်တယ်လို့ ဗကသများအဖွဲ့ ချုပ်ကပြောကြားခဲ့ကြပါတယ်။
ပညာရေးဘတ်ဂျတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများထဲမှ ရတနာပုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၄ ဦး၊ ရမည်းသင်းတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၁ ယောက်၊ မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၀ ယောက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၆ ယောက်၊ မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ ၄ ယောက်တို့ကို ကျောင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဖြိုးထက်အောင်
ဓါတ်ပုံ - ကောင်းစွမ်းသာ
ရန်ကုန်တိုင်းစစ်​ဌာနလက်​​အောက်​မှ တပ်မတော်သားများက ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံသည့် သရုပ်ဖော်တင် ဆက်မှုနှင့် ပတ်သက်ပြီး ...
29/01/2018
ရန်ကုန်တိုင်းစစ်​ဌာနလက်​​အောက်​မှ တပ်မတော်သားများက ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံသည့် သရုပ်ဖော်တင် ဆက်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြလိုကြောင်း သတင်းရရှိ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်​ကုန်​၊ Jan30
ရန်ကုန်တိုင်းစစ်​ဌာနချုပ်​တွင်​ တာဝန်​ထမ်း​ဆောင်​​နေကြ​သော အရာရှိ/စစ်​သည်​ တပ်မတော်သားများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံသည့် သရုပ်ဖော်တင်ဆက်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြလိုကြောင်းကို အရာရှိ တစ်ဦးထံမှ ​ သိရှိရပါသည်။
ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံသည့် ဖျော်ဖြေပွဲတွင် အစီအစဉ် ၁၀ ခုဖြင့်ဆောင်ရွက်ခဲ့ရာ လက်နက် ကိုင် အဖွဲ့အစည်းများသည် လက်နက်များကိုယ်စီကိုင်ဆောင်၍ သရုပ်ဖော်ထားကြောင်း၊ ထို့အပြင် ကလေးငယ်များအား လက်နက်များဖြင့် ချိန်ရွယ်ထားပုံ များပါဝင်ကြောင်း သိရှိရသည်။
ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်​ဌာနချုပ်​လက်​​အောက်​ခံ တပ်​ရင်းတပ်​ဖွဲ့များမှ တပ်မတော်သားများက ကန့်ကွက် ဆန္ဒပြလိုကြောင်း တိုင်းမှူးထံ တင်ပြရာ - တိုင်းမှူးမှ တရားဝင် ကန့်ကွက်ခဲ့သည်။ ထို့နောက် တပ်မတော်သားများအား တိုင်းမှူးမှ ရှင်းလင်းပြောကြားရာတွင် မိမိတို့အနေဖြင့် ပုဂ္ဂလိက ပိုင်းဆိုင်ရာ လက်စားချေချင်စိတ်ကို ရှေ့တန်းတင်၍ မရကြောင်း၊ အာဃာတတရားကို ဦးထိပ်ထားပြီး ဆုံးဖြတ်၍ မရကြောင်း၊ မိမိတို့ဘက်မှ တရားဝင် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချခဲ့ပြီးဖြစ်ကြောင်း ၊ သည့်ထက် ပိုမိုဆိုးရွားလာပါက တရားဥပဒေ၏ အဆုံးအဖြတ်နှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၊ တရားဥပဒေကို မည်သူမျှ လွန်ဆန်၍ မရကြောင်း၊ တပ်မတော်သားများသည် တိုင်းပြည်ကို အသက်ပေး ကာကွယ် စောင့်ရှောက်ရသည် ဖြစ်သောကြောင့် တပ်မတော်သားများနှင့် နိုင်ငံရေး သမား တို့၏ လုပ်ပုံကိုင်ပုံ ဆုံးဖြတ်ပုံ သဘောသဘာဝမှာ အင်မတန်မှ ကွဲပြားခြားနား ကြောင်း ၊ တိုင်းပြည်၏ အင်အားသည် တိုင်းပြည်အတွင်းမှာ သာရှိကြောင်း၊ ကဏ္ဍ ပေါင်းစုံ စည်းလုံး ညီညွှတ်ကြရန် အထူးလိုအပ်ကြောင်းပြောကြားခဲ့သည်။၊ ဆက်လက်၍ တိုင်းမှူးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ထောက်ခံသည် ဆိုသည်မှာ NCA ကိုထောက်ခံသည့်ပွဲမျိုးသာ ဖြစ်သင့်ကြောင်း အကြံပြု ပြောကြားခဲ့ သည်ဟု ရန်ကုန် တိုင်း စစ်ဌာနချုပ်လက်​​အောက်​ခံ ပပနတပ်​မှ အရာရှိတစ်ဦးက ဖြေကြားခဲ့ပါသည်။
ဆက်​လက်​၍ အလယ်​ပိုင်းတိုင်းစစ်​ဌာနချုပ်​နှင့်​ ​​ခြေမြန်​တပ်​မ ၉၉ ထီလာ၊ ၈၈ ​ကျောက်​ပ​တောင်းနှင့်​ စကခ ၁ ​ကျောက်​မဲ ၊ ကပစ ၂၁ ​/ ၂၄၊ စကခ ၁၅/ ၁၉ များမှ တပ်​မ​တော်​သားများမှလည်း ဆန္ဒပြလိုကြ​ကြောင်း အသီးသီးတင်​ပြ​တောင်းဆို​နေကြသည်​ဟု ရထပ ( ) မှ ဒုတိယဗိုလ်​မှူး အဆင့်​ရှိသူ ခွန်​​မောင်​ထွန်းလင်းက တိ​လောကကို ​သတင်း​ပေးပို့ထားပါသည်​။
-
Tiloka Daily
တိ​လောကဂျာနယ်
ဦးကိုနီအသတ်ခံရမှု့တွင် လက်နတ် ဝယ်ယူရန်  တိတ်တဆိတ် ပါဝင်ကူညီအားပေးခဲ့ အမေရိကန်နိင်ငံတွင်နေထိုင်သော ခိုင်ဇော် အား ယနေ့ ဒေသ...
29/01/2018
ဦးကိုနီအသတ်ခံရမှု့တွင် လက်နတ် ဝယ်ယူရန် တိတ်တဆိတ် ပါဝင်ကူညီအားပေးခဲ့ အမေရိကန်နိင်ငံတွင်နေထိုင်သော ခိုင်ဇော် အား ယနေ့ ဒေသ စံတော်ချိန် ၆နာရီခန့် က ဖမ်းဆီး ထိမ်းသိမ်း ကာ သက်ဆိုင်ရာ သံရုံးမှတဆင့် မြန်မာပြည်သို့ ပို့ဆောင်မည် ဟု သတင်းရရှိ
တိလောက နေ့စဉ်
Photo .ဖမ်းဆီးခံထားရသောခိုင်ဇော်
ဆင်းရဲနွမ်းပါးသူ အမျိုးသမီးများကို ဗေဒင်ပညာသင်တန်း အခမဲ့ သင်ကြားပေးသွားမည်။◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼ရန်ကုန်၊ Jan29ဆင်းရဲနွမ်းပါး...
29/01/2018
ဆင်းရဲနွမ်းပါးသူ အမျိုးသမီးများကို ဗေဒင်ပညာသင်တန်း အခမဲ့ သင်ကြားပေးသွားမည်။
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်ကုန်၊ Jan29
ဆင်းရဲနွမ်းပါးပြီး ပညာရေး ပြီးဆုံးအောင် တက်ရောက်နိုင်ခြင်း မရှိသော အမျိုးသမီးများ ဘဝရပ်တည်ရေးအတွက် ဆရာအောင်ချစ်ပို မှ ဗေဒင်ပညာကို အခမဲ့ သင်ကြားပေးသွားမည် ဟု သတင်းရရှိပါသည်။
"ဒါက ဘယ်လိုပြောရမလဲ စေတဏှာပေါ့ဗျာ။ သူတို့လေးတွေ အဆင်ပြေသွားအောင် တစ်ဖက်တစ်လမ်းက ကူညီတဲ့ အနေနဲ့ သင်ကြားပေးသွားမှာပါ။ အထူးသဖြင့် အသက် ၁၄ နှစ်နဲ့ ၂၀ ကြားရှိတဲ့ မိန်းကလေးတွေကို ဦးစားပေးသွားမှာပါ" လို့ မဟိဒ္ဒိမျက်လုံးပိုင်ရှင် ဆရာအောင်ချစ်ပိုက ဆိုပါတယ်။
ဆက်လက်ပြီး "သင်တန်းတက်ရောက်နေတဲ့ ကာလမှာ နေထိုင်မှူ လုံခြုံစေဖို့အတွက် ဆရာ့အိမ်မှာပဲ ခေါ်ထားမှာပါ စားတာသောက်တာက အစပေါ့လေ ဆရာသေသေချာချာ ကိုယ်ဖိရင်ဖိ အနီးကပ် သင်ကြားပေးမှာပါ" လို့ ဆရာအောင်ချစ်ပိုက တိလောက သို့ပြောကြားသွားခဲ့ပါတယ်။
တိလောကနေ့စဉ်သတင်း
Tiloka Daily
Photo-ဖြိုးမင်းသိန်း
အချိန်နဲ့ တပြေးညီ သတင်ထူးတွေဖတ်ဖို့ pageကို likeထားပါ
FDA ဒုကြီးကြပ်ရေမှူး မရွှေရည်ဝင်း အသတ်ခံရမှုတွင် လူသတ် မှုကျူးလွန်သူ တစ်ဦးတည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှု အပေါ် မယ...
28/01/2018
FDA ဒုကြီးကြပ်ရေမှူး မရွှေရည်ဝင်း အသတ်ခံရမှုတွင် လူသတ် မှုကျူးလွန်သူ တစ်ဦးတည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှု အပေါ် မယုံကြည်ကြောင်း ၎င်း၏မိခင်က ပြောသည်။
‘‘သမီးသေဆုံးချိန်က ည ၁၀ နာရီနဲ့ ၁၂ ကြားလောက်မှာ သေ တယ်လို့ ဆရာဝန်က ပြောတယ်။ ရဲစခန်းစစ်ချက်မှာတော့ (ကျူး လွန်သူ) ည ၁၀ နာရီအိမ်ပြန် ရောက်နေပြီ။ သူတစ်ယောက် တည်း သတ်တယ်လို့ ဝန်ခံထား ပေမယ့် အခုချိန်ထိ တစ်ယောက် တည်းဖြစ်မယ်လို့ မယုံပါဘူး’’ဟု မိခင်က ပြောသည်။
မြောက်ဥက္ကလာပ ဆေးရုံတွင် မရွှေရည်ဝင်း ရောက်ရှိနေ ကြောင်း ဒဂုံရဲစခန်းက အကြောင်း ကြားစဉ် မတော်တဆမှုဖြစ်ပွား ခဲ့သဖြင့် ဆေးရုံသို့ ရောက်ရှိနေ သည်ဟု ထင်မှတ်ခဲ့ကြောင်း ဖခင် ဖြစ်သူက ပြောသည်။
‘‘ဒဏ်ရာဒဏ်ချက်တွေက တော့ ရင်ညွန့်ကျိုးသွားတယ်။ အသက်ရှူပိတ်ပြီး သေတာလို့ တော့ ဆေးစစ်တဲ့ ဆရာဝန်က ပြောတယ်။ ကျန်တဲ့စစ်ဆေးချက် တွေတော့ မသိရသေးဘူး’’ ဟု ၎င်းက ပြောသည်။
လည်ပင်းညှစ်ကာ သတိမေ့ မြောနေသူကို အဓမ္မပြုကျင့်ပါက အမျိုးသမီးက လူသတ်သမားကို ကုတ်ခြစ်ခြင်း၊ ကိုက်ခြင်း လုပ် နိုင်မည်မဟုတ်ကြောင်း သေဆုံးသူ၏ ဦးလေးဖြစ်သူကလည်းထောက်ပြသည်။
‘‘သူခေါ်သွားတဲ့အချိန်နဲ့ သေ ဆုံးနေချိန်ကြားမှာ နှစ်နာရီကျော် လောက် အချိန်ဟနေတယ်။ ဒီ ကြားထဲ လူသတ်တဲ့ကောင်လေး ဆီကို သူ့သူငယ်ချင်းဖုန်းဆက် သေးတယ်။ သူက ခရီးသည်ပါ တယ် မအားဘူးလို့ ပြန်ပြော လိုက်တယ်လို့ ရဲကပြောတယ်’’ ဟု ၎င်းကပြောသည်။ ထို့အပြင်အဲကွန်းဖွင့်သဖြင့် ကျပ် ၁,၀၀၀ ပိုတောင်းရာမှ အချင်းများသည်ဟု ဆိုသော်လည်း မရွှေရည်ဝင်းမှာ ငွေကျပ်တစ်ထောင်ဖြင့် အချင်းများမည့်သူမဟုတ်ဟု ဦးလေးဖြစ်သူက ပြောသည်။
သေဆုံးသူမရွှေရည်ဝင်းကို အငှားယာဉ်မောင်းမှ နေအိမ် တိုက်ခန်းရှေ့သို့ လိုက်လံပို့ ဆောင်ပေးခဲ့ပြီးနောက် ရုန်းရင်း ဆန်ခတ်ဖြစ်ကာ အမျိုးသမီးကို ရိုက်နှက်ပြီး ကားဖြင့် ပြန်လည် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ ကြောင်း မိသားစုဝင်တစ်ဦးက တိလောကသို့ ပြောသည်။
Tiloka Daily
တိလောကနေ့စဉ်သတင်း
ဓါတ်ပုံ-အင်တာနက်
ဆရာ​တော်​ဦးဝီရသူက ပက်​ပက်​စက်​စက်​ ​မိန့်​ကြားလိုက်​ခြင်း◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼ရန်​ကုန်​၊ Jan27"​​​​လူနာက ရောဂါဖြစ်​ပြီ...
27/01/2018
ဆရာ​တော်​ဦးဝီရသူက ပက်​ပက်​စက်​စက်​ ​မိန့်​ကြားလိုက်​ခြင်း
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်​ကုန်​၊ Jan27
"​​​​လူနာက ရောဂါဖြစ်​ပြီး သေလို့ ရက်​လည်​ပြီးမှ အ​လောင်းပြန်​​ဖော်​ပြီး ကာကွယ်​​ဆေးလာထိုးတဲ့ အရူးများ"ဟု ဦးဝီရသူက ​​​ပြောကြားလိုက်​သည်​။
အပြည့်​အစုံမှာ
"ဘင်္ဂလားနယ်​စပ်​မှာ ခြံစည်းရိုး ကာနေပြီ"တဲ့ ဒကာတစ်​ဦးက လာ​ပြောတယ်​။
ကိုယ်​​တော်​က "​သြော်​...."လို့ပဲ ​ပြောလိုက်​တယ်​။ သူက ဆက်​ပြီး
"အရှင်​ဘုရား ဝမ်းမ​မြောက်​ဘူးလား"တဲ့
ကိုယ်​​တော်​လည်း ဒကာကို ပြန်​မိန့်​လိုက်​ပါတယ်​။
"နှစ်​ခါကုန်​​အောင်​လို့ကွယ်
အထဲ​ခေါ်ထားပြီးမှ​တော့ ကာစရာလို​သေးလို့လား?
ပြန်​ထွက်​သွားမှာ ​စိုးရိမ်​​​နေတာလား? ၊ ဘင်္ဂလီ​တွေ အထဲ​ရောက်​​နေမှ​တော့ အဲ့ခြံစည်းရိုးက ကာ​နေလည်း ဘာလုပ်​​တော့မှာတုန်း...၊ မင်းတို့ အစိုးရ လုပ်​ပုံက လူနာက ရောဂါဖြစ်​လို့ သေပြီး ရက်​လည်​မှ အ​လောင်းပြန်​​ဖော်​ပြီး ကာကွယ်​​ဆေးလာထိုး​တဲ့ အရူး​တွေလိုပဲ "
လို့ စိတ်​ပျက်​စွာ မိန့်​ကြားသွားခဲ့​သည်​။
Tiloka Daily
တိ​လောကဂျာနယ်
ကောလာဟာလများကို ဂရုမစိုက်ဟု ဆရာအောင်ချစ်ပိုပြော◼◼◼◼◼◼◼◼◼◼◼◼◼◼◼ရန်ကုန်၊ Jan26မိန်းမငယ်များအား ဗေဒင်ဟောဟန်ဆောင်ကာ ကိုယ်ထိလ...
27/01/2018
ကောလာဟာလများကို ဂရုမစိုက်ဟု ဆရာအောင်ချစ်ပိုပြော
◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ရန်ကုန်၊ Jan26
မိန်းမငယ်များအား ဗေဒင်ဟောဟန်ဆောင်ကာ ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုမူနေသည်ဟု လူမှုကွန်ယက်ပေါ်တွင် ပြန့်နှံ့နေမှုများအား လုံးဝဂရုစိုက်မည် မဟုတ်ကြောင်း ဆရာအောင်ချစ်ပိုမှ တိလောကသို့ ပြောကြားခဲ့သည်။
" ကျွန်တော်ကတော့ မရိုးသားတဲ့စိတ် မပါပါဘူး အသားက အသားပဲလေ အရေပြားချင်း အတူတူပဲလို့ပဲ သဘောထားပါတယ်။ အထိခံရတဲ့သူတွေက မရိုးမသား ခံစားနေလို့သာ ဒီလိုသတင်းတွေ ထွက်လာတာပါ။ တကယ်ဆို သူတို့ရဲ့အတွေးလေးတွေ ဒီ့ထက် ပိုပြီး သန့်ရှင်းသင့်ပါတယ်" ဟု ဆရာအောင်ချစ်ပိုမှ ဖြေကြားခဲ့သည်။
ဆရာအောင်ချစ်ပိုသည် ဆရာမင်းသိင်္ခ၏ တပည့်ရင်းတစ်ဦးဖြစ်ပီး ငယ်ရွယ်သူ မိန်းကလေးများကိုလဲ ဗေဒင်ပညာ အခမဲ့ အနီးကပ်သင်တန်း ဖွင့်ထားသူလည်း ဖြစ်သည်။
တိလောကနေ့စဉ်သတင်း
Tiloka Daily
Photo-ထူးချစ်ပို
Address
No. 19
Mandalay
12345
Alerts
Be the first to know and let us send you an email when Tiloka Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share