Salmon Dialogue

Directions

Salmon Dialogue Dialogues & Performance

11/11/2025
ဒီတလော အဆောင်မှာနေဖြစ်ရင်း ဒီနေ့ညနေက ထမင်းသွားဝယ်ဖို့ ခြေညောင်းလက်ဆန့်လည်းဖြစ်အောင် အဆောင်က စက်ဘီးလေး တစ်စီး စီးသွားကြည်...
09/10/2025

ဒီတလော အဆောင်မှာနေဖြစ်ရင်း ဒီနေ့ညနေက ထမင်းသွားဝယ်ဖို့ ခြေညောင်းလက်ဆန့်လည်းဖြစ်အောင် အဆောင်က စက်ဘီးလေး တစ်စီး စီးသွားကြည့်မိတယ်။စက်ဘီးလေးက ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လစ်လစ်လေး။ ပြိုင်ဘီးတွေလိုပုံစံပေမယ့် ကုန်းပြီးစီးရတာလည်း မဟုတ်ဘူး။ လမ်းမပေါ် စတက်မိတော့ ကုန်းတက်ဆိုတော့ အားထည့်ပြီး နင်းရင်း
okတယ်ပေါ့၊ comfortable ဖြစ်တယ်လို့
နင်းရင်း တွေးနေမိတာ။

လမ်းမပေါ်ရောက်တော့ အရှိန်လေးတင်နင်းရင်း ဘရိတ်ဆွဲကြည့်မိမှ သိရ။ ကိုယ်နင်းခဲ့တဲ့ အရှိန်က ဆိုင်ကယ်တစ်စီး ခပ်လောလောမောင်းနေတဲ့ အရှိန်မျိုး။လမ်းမပေါ်မှာ ညနေပိုင်းမို့ ဆိုင်ကယ်တွေ ကားတွေကလည်းရှုပ်နေချိန် ခပ်လှမ်းလှမ်းမှာ ဂုန်းဆင်းရောက်တော့မယ်လို့ လှမ်းမြင်တော့မှ Breakလှမ်းဆွဲမိတော့ ဘရိတ်က ဘယ်လိုဆွဲဆွဲ မိမနေဘူး။ ဒီအရှိန်နဲ့ဆို ခုန်ပြီး ဆင်းလိုက်လို့လည်း မဖြစ်။ ကံကောင်းချင်တာလို့ပဲ ပြောရမယ် ။ လမ်းက ဂုန်းဆင်းကနေ ညာဘက် မချိုးခင်နား ကုန်းအတက်ဖြစ်နေလို့ အရှိန်လျော့သွားလို့ တော်ပါသေးရဲ့။

အရှိန်ဆိုတာ က တကယ်တော့ ကမ္ဘာမြေကြီးရဲ့
ဆွဲအားကနေ အခြေခံပေမယ့် အဲ့ဒီသဘာဝတရားကြီးက Breakကို ကျော်လွန်ပြီးတော့လည်း ဆွဲထား ကန်ထားမှာ မဟုတ်ပါဘူး။

ဒီ Break ကိစ္စက ကိုယ်တို့ နိစ္စဒူဝ ကိစ္စတွေတင် မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ Livingthingsတိုင်း mindsetလုပ်ရမယ့် အရာတစ်ခုလို့ မြင်ပါတယ်။ Break လုပ်ဖို့ အချိန်ကာလ အတိုင်းအတာ အခြေအနေတစ်ခုဆိုတာ ဘယ်နယ်ပယ်နေနေ ရှိကြတာပါပဲ။

အရေးပေါ်အခြေအနေတစ်ခုမှာ Break မလုပ်နိုင်ရင်
အကုန် ကျွမ်းထိုးမှောက်ခုန် ဖြစ်ကုန်မှာပါပဲ။ ဥပမာ.
လူတစ်ယောက် အစာ စားတာနဲ့ ပက်သက်ပြီး ပြောရရင် အစားအစာရဲ့ အတိုင်းအရှည်ကိုမသိပဲ ​တွေ့ရာမြင်ရာတွေ လှိမ့်စားနေမိရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက တစီတတန်းကြီးပဲ။ သောက်တတ်တဲ့ သူတွေဆိုရင်လည်း အဲ့ဒီလိုပဲ။ ဒါကို သောက်ရင် အသည်းက ခြေဖျက်ဖို့ အချိန်ဘယ်လောက်လိုတယ်။သောက်ပြီးတဲ့အခါလည်း ဘယ်လိုသင့်တင့်တဲ့အဟာရ ရအောင်စားရမယ် စသဖြင့်ပေါ့။(ကိုယ့်ကိုယ်ကို သတိပေးတာပါ😁)

ဘယ်လို အခြေအနေဖြစ်ဖြစ် ကိုယ်တို့မှာ Breakလုပ်ရမယ့် အချိန်အခါဆိုတာ အလိုလိုသိနိုင်ပါတယ်။

ကျွမ်းထိုးမှောက်ခုန်မဖြစ်ရအောင်
ကြည့်ကျက်ပြီး Break လုပ်ကြရုံပါ။

အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့ကိုပဲ တစိုက်မက်မက် ချီတက်နေရတဲ့ Breakလုပ်လိုက်လို့မဖြစ်တဲ့ နယ်ပယ်တွေလည်း ရှိပါတယ်။ဒါတွေကတော့ ချွင်းချက်ပေါ့။

Good Luck.

SD.
9102025

တစ်ယောက်တည်း သောက်ရတာအလုပ်က သိပ်ရှုပ်တာရယ်ဘာလိုလို့လိုမှန်းလည်း မသိဘူးမလွယ်ပါဘူး😆
02/10/2025

တစ်ယောက်တည်း သောက်ရတာအလုပ်က သိပ်ရှုပ်တာရယ်
ဘာလိုလို့လိုမှန်းလည်း မသိဘူး
မလွယ်ပါဘူး😆

26/09/2025

ကိုယ်က အသံနဲ့ပက်သက်ပြီး အစွဲကြီးတာလားတော့ မသိဘူး

International Vocalist တွေထဲ
Adele မှ Adele ပဲ

Adeleအသံကြားရရင် ရင်ထဲ နင့်ခနဲ နင့်ခနဲ ပဲ ။

26/09/2025

ကြယ်ပျံတွေ ပျံကျလာပြီး
တိမ်အဖြူရောင်တွေ ပျံကျလာပြီး
နှင်းရည်စက်တွေ ပျော်ကျလာပြီး
သက်တန့်များ တဖြေးဖြေးဖျော့လာပြီး
မေတ္တာတရားတွေဟာ ဖြန့်ကျလာပြီး

ငါးပျံတွေ

ငါးပျံတွေ ဖြစ်ရဲ့

ငါးပျံတွေ ငါးပျံတွေ
ငါးပျံတွေဟာ အချစ်ကဗျာပေါ့ကွယ်

SD.

26/09/2025

ဒါနဲ့ စကားမစပ်
နှင်းရည်စက်တွေ အရည်ပျော်လုပြီလား

ဒို့များဆီ
ရောက်ခါ နီးလုပြီလား ။

SD.

26/09/2025

All confirm ကွာ

Fb Fri Lists တွေကိုပြောတာပါ

ကျန်တာတွေ ကိုယ်ဘာမသိညာမသိတွေတော့ မconfirmနိုင်ပါဘူး

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Salmon Dialogue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share