Tayar Dhamma

Tayar Dhamma welcome

30/08/2023

မှတ်သားစရာ တရားတို
"ပညာရှိနှင့် တန်ခိုးရှင်နှင့် ဘယ်သူက ပိုတန်ဖိုးရှိသလဲ"

အများလူငှာ နားကြားလိုချင်ငှာ ကူးယူဖော်ပြချင်းဖြစ်ပါတယ်
မူရင်ပါရှင် ါ မူရှင်ပိုင်ရှင်ကျန်မာပါစေ ချမ်းသာပါစေ။

“နှုတ်ထွက်ကြမ်းခဲ့သော အမ္ဗပါလိ၏ဘဝကြမ္မာ”•••••••••••••••••••••••••••••••••••••••••••••••••••••••အမ္ဗပါလိသည် ဝေသာလီပြည်၌ အ...
30/08/2023

“နှုတ်ထွက်ကြမ်းခဲ့သော အမ္ဗပါလိ၏ဘဝကြမ္မာ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
အမ္ဗပါလိသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့်
ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမတစ်ဦး ဖြစ်ခဲ့သည်။

သူမသည် “သိခီဘုရားရှင်”လက်ထက်၌ ရဟန်းမပြုခဲ့ပြီး၊
မိခင်ဝမ်း၌ ပဋိသန္ဓေနေရသည်ကို စက်ဆုပ်သဖြင့်
ဥပပတ်ပဋိသန္ဓေနေရန် ဆုတောင်းခဲ့သောကုသိုလ်ကြောင့်
ယခုဂေါတမဘုရားရှင်လက်ထက်ဝယ် ဝေသာလီပြည်
မင်းဥယျာဉ်အတွင်းရှိ သရက်ပင်ဂွကြား၌ “ဥပပါတ်ပဋိသန္ဓေ”
(ခန္ဓာကိုယ်အထင်အရှား ဘွားခနဲ ပေါ်လာခြင်း)ဖြင့်
လူဖြစ်လာခဲ့သူဖြစ်သည်။

သူမသည် “ဖုဿဘုရားရှင်” လက်ထက်က ဘုရားရှင်၏
နှမတော် ဖြစ်ခဲ့ပြီး၊ အလှူပေးပြီး ရုပ်အဆင်း လှပစေရန်
ဆုတောင်းခဲ့သောကြောင့် ယခုဘဝတွင်
တုနှိုင်းမမီ အလှရှင်ဖြစ်ခဲ့ရသည်။

❖သရက်ပင်ဂွကြားမှ လူဖြစ်လာရသောကြောင့်
သူမကို “အမ္ဗပါလိ” ဟု အမည်တွင်ခဲ့သည်။

အမ္ဗပါလိ၏ အလှသည် အလွန်ကြည့်မဝ၊ရှုမဝ ဖြစ်ခဲ့ရ၍
ဝေသာလီရှိ လိစ္ဆဝီမင်းသားတို့ သူရထိုက်၊ငါရထိုက်
အငြင်းအခုန် ဖြစ်ကြရသည်။

❖ထိုအခါ ဝေသာလီခေါင်းဆောင်တို့က ထိုငြင်းခုန်
ခိုက်ရန်ဖြစ်မှုအေးစေရန် အမ္ဗပါလိသည်
“မင်းသားအားလုံးနှင့် ဆိုင်စေ” ဟုအမိန့်ချကာ
အများဆိုင် ပြည့်တန်ဆာမ ပြုလုပ်စေသည်။

သူမနှင့် တစ်ခါသွားလာပျော်ပါးလိုက
အသပြာ ငါးဆယ်ပေး၍ သွားလာရန်လည်း
သတ်မှတ်ထားသည်။

❖အမ္ဗပါလိသည် ရာဇပြည့်ရှင်
ဘုရင်ဗိမ္ဗိသာရမင်းသား နှင့်
တိတ်တိတ်ပုန်း ချစ်ကြိုက်ခဲ့၍ သားတစ်ယောက်
မွေးဖွားခဲ့သည်။ ထိုသားသည် နောင်တွင်
ဘုရားသာသနာ၌ “ဝိမလကောဏ္ဍညမထေရ်”
ဟူ၍ ထင်ရှားခဲ့သည်။

အမ္ဗပါလိသည် ပြည့်တန်ဆာမအဖြစ် နေလာခဲ့ရာမှ
အသက်အရွယ် အိုမင်းလာသော် ဘုရားနှင့်
ဖူးတွေ့ရပြီး ဘုရားရှင်ကို ဆွမ်းကျွေးကာ တရားနာခဲ့သည်။
မိမိ၏ဥယျဉ်၌လည်း ကျောင်းဆောက်၍ ဘုရားအမှုး
ရှိသောသံဃာကိုလှူဒါန်းသည်။
မိမိ၏သားတော် အရှင်ဝိမလကောဏ္ဍညမထေရ်ထံမှ
တရားနာပြီး ရဟန်းမ,ပြုခဲ့သည်။
သူမသည် အိုမင်းလာသော မိမိခန္ဓာကိုယ်ကို
ယှဉ်ကြည့်၍ ဝိပဿနာတရားအားထုတ်ရာ မကြာခင်
ဆဠာဘိညာပဋိသမ္ဘိဒါ ပတ္တရဟန္တာမ ဖြစ်ရလေသည်။

သူမသည် ရဟန္တာမ ဖြစ်ပြီးနောက် မိမိဘဝ ပြည့်တန်ဆာမ
ဖြစ်ရသည့်အကုသိုလ်အပြစ်ကို ပြန်လည် မိန့်ကြားခဲ့သည်။

❖“သိခီဘုရားရှင်” လက်ထက်ကဖြစ်သည်။
အမျိုးကောင်းသမီး တစ်ဦးသည် သာသနာ့ဘောင်
ဝင်ရောက်ကာ ရဟန်းမ,ပြုခဲ့သည်။

❖ထိုရဟန်းမသည်
တစ်နေ့တွင် အဖော်ရဟန်းမများနှင့်အတူ
စေတီကို ရှိခိုး၍ လက်ျာရစ် လှည့်လည်ပူဇော်စဉ်
ရှေ့ဆုံးမှ သွားနှင့်သော ရဟန္တာထေရီမတစ်ပါးသည်
နှာချေသဖြင့် နှာရေပေါက်သည် စေတီရင်ပြင်၌
အမှတ်တမဲ့ ကျသွားလေသည်။

❖ထိုနှာရေပေါက်ကို မြင်ရလျှင် ရဟန်းမသည်
ဒေါသဖြစ်လျက်- “ဘယ်က ပြည့်တန်ဆာမ
ဒီနေရာမှာ တံထွေးထွေးခဲ့ပါသလဲ” ဟု
ဆဲရေးတိုင်းထွာခဲ့သည်။

❖ဤနှုတ်ထွက်ကြမ်းသော စကားကြောင့်
သူမသည် “ငရဲ” ၌နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး၊
ငရဲမှလွတ်ပြီးနောက် ဘဝပေါင်းတစ်သောင်းတိုင်တိုင်
ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။

❖ယခုနောက်ဆုံးဘဝဝယ် ထိုအကုသိုလ်ကံ
ဝဋ်ကြွေးကလိုက်လာပြီး ပြည့်တန်ဆာမ ဖြစ်ခဲ့ရပြန်သည်။

ဆဠာဘိညာ ပဋိသမ္ဘိဒါပတ္တရဟန္တာမလောင်းကြီးသည်ပင်လျှင်
“တစ်ချက်မှားသော ဝစီနှုတ်ထွက်စကား” ကြောင့်
ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘဝ ရောက်ခဲ့ရသည်။

နှုတ်ထွက်ဝစီကြမ်း ဘေးကြမ်းများသည်ကို သတိပြုကြပါလော့။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အမ္ဗပါလိထေရီဂါထာ၊ ဝိနည်းမဟာဝါဇီဝကဝတ္ထု】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ...ပေးပါသည်။

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး▪▪▪▪▪▪▪▪▪မိဘတွေကိုနာကျင်အောင် မပြောပါနဲ့။မိဘတွေကို အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။မိဘတွေကို...
05/02/2023

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪▪▪▪▪▪▪▪▪
မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိုပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို့
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။

Credit_အရှင်ဇဝန
(ရွှေလင်းယုန်)ကိုယ်ပိုင်စာစုများ

မေတ္တာဖြင့်…✍️

* စကားကြီး ( ၃ ) ခွန်း *===============၁။ မြစ်ကြီးလည်း မခမ်းပါစေနဲ့၂။ သစ်ပင်ကြီးလည်း မလဲပါစေနဲ့၃။ ထုံးအိုးကြီးလည်း မကွဲပ...
03/10/2022

* စကားကြီး ( ၃ ) ခွန်း *
===============
၁။ မြစ်ကြီးလည်း မခမ်းပါစေနဲ့
၂။ သစ်ပင်ကြီးလည်း မလဲပါစေနဲ့
၃။ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့

၁။ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ

အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင်
တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို
ဆိုလိုတာ။

လူလူချင်း မေတ္တာထားကြ။
မေတ္တာတရားတွေ ပွားများကြ။
လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့
အ ဓိ ပ်ပာ ယျ ပါပဲ။

၂။ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ဆိုတာ

သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ
ဝေ၀ဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ်။
ထို့အတူပဲ ဘုရား တရား သံဃာ
ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို
ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။

ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊
အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့
ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။

သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ
အရိပ်အာဝါသကို ဖျက်ဆီးရာ ရောက်တာပဲ။
ဒါကြောင့် သစ်ပင်ကြီးမလဲအောင်
ကြိုးစား ထိန်းသိမ်းကြပါ။

၃။ ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာ

ရိုးရာဓလေ့ ထုံးစံတွေကို ပြောတာ။
မိဘဘိုးဘွားတွေ လက်ထက်ကတည်းက
လိုက်နာကျင့်သုံးလာကြတဲ့ ဗုဒ္ဓဘာသာတို့ရဲ့
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကောင်းတွေကို
မပျောက်ပျက်ရအောင် ထိန်းသိမ်းရမယ်။

ဗုဒ္ဓဘာသာတို့ရဲ့ဓလေ့အတိုင်း
ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့
နေထိုင်ကြရမယ်။

Credit

မဟာဝိဟာရအကြောင်း တစေ့တစောင်း (ပ+ဒု+တ)( အဆုံးထိ ဖတ်ရှုကြည်ညိုပါ ) မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျောင်းတိုက်ဖြစ်သော မဟာ...
01/10/2022

မဟာဝိဟာရအကြောင်း တစေ့တစောင်း (ပ+ဒု+တ)

( အဆုံးထိ ဖတ်ရှုကြည်ညိုပါ )

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျောင်းတိုက်ဖြစ်သော မဟာဝိဟာရ ကျောင်းကို လူတွေသိပ်မသိကြပါ..........။ တောရဝိနည်းသာသနာကို ထိန်းသိမ်းသောကျောင်းဖြစ်သဖြင့် ကျောင်းတိုက်အနေဖြင့် ထင်ပေါ်အောင်လည်း မနေခဲ့ပါ.....။ မဟာဝိဟာရ က ပြည်ပတွင်တော့ ကျော်ကြားလှပါသည်...။ တစ်ကမ္ဘာလုံးတွင် ဝိနည်းဆောင်သံဃာအများဆုံး သီတင်းသုံး ရာကျောင်း၊နိုင်ငံတကာ ပါဠိ စာတမ်းဖတ်ပွဲ၊ဝိနည်းဆွေးနွေးပွဲ များတွင် ဖိတ်ကြားခြင်းခံရသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စာသင်တိုက်ဖြစ်ပါသည်..................။

အခုဆိုလျှင် မဟာဝိဟာရ ၏ ကျမ်းဂန်ပို့ချချက်တွေကို နိုင်ငံခြား တွေက ဘာသာပြန်သင်ကြားနေကြပါပြီ.....။ ပါဠိ စာပေဆိုသည်မှာ အယူအဆ ဝါဒမျိုးစုံဖြင့်ခက်ခဲနက်နဲ လှသည်။တတ်မြောက်ရန်မလွယ်ကူပါ။၉နှစ် ၁၀ နှစ် သင်သော် လည်း ကျွမ်းကျင်သူရှားလှသည်...။ သို့သော် မဟာဝိဟာရတွင် မူ ၂နှစ်ခန့်မျှဖြင့် တတ်အောင်သင်ပေး သည်။ပါဠိ ဆောင်းပါး ဝတ္ထု အရေးအသားနိုင်နင်းကြသည်။ အောက်စဖို့ဆရာတော်လို ပါဠိ ပညာရှင်ကပင်...``စာသင်သား တွေလည်း ဒီလိုရေးတတ်လား ဘုန်းကြီးတို့ငယ်ငယ်က ဒီလောက် မြင့်တာတွေမရေး တတ်ခဲ့´´ ဟု တိုက်ထုတ်ပါဠိမဂ္ဂဇင်းကို ကိုင်၍ မိန့်တော်မူဖူးသည်။ ယခင်က မဟာဝိဟာရ ကား ပညာရေးဖြင့် ကျော်ကြားသည်ထက် ဝိနည်းအရာဖြင့် ကျော်ကြားခဲ့သည်၊ထို့ကြောင့် ဖားအောက်တောရ သံဃာတွေက လာရောက်အားဖြည့်ခဲ့ကြသည်...။

ကျောင်းတိုက် ပညာရေးကိုမူ စာမေးပွဲကို ဦးစားမပေးဘဲ စာပေကျွမ်းကျင်ရေးကို သာအလေးထားခဲ့သည်။ကျောင်းပိတ်ရက်မရှိ ၊သုံးနှစ်ပြည့်မှ နေရပ် ပြန်ခွင့်ပြုသည်၊တစ်နေ့လုံး စာကျောင်းစာဝါတွေနှင့် ထိန်းထားသည်။ ၄ နာရီခွဲတစ်ကြိမ် အရုဏ်ဆွမ်းစားခါနီးချိန်၊ နေ့ဆွမ်းစားခါနီးချိန်နဲ့ ၉ နာရီခွဲတစ်ကြိမ် တရားရှူ့မှတ်ရပါသည်။

မဟာဝိဟာရ ၏နိုင်ငံရေးခံယူချက်
~~~~~~~~~~~~~~~~~~
စင်ပေါ်မှာ လက်သီးလက်မောင်းတန်းပြောနိုင်မှ နိုင်ငံရေး လုပ်တာမဟုတ်ဘူး နိုင်ငံသားတွေအနေနှင့် ကိုယ်သက်ဆိုင်ရာ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်တာလည်းနိုင်ငံရေးပဲ။ မြန်မာနိုင်ငံကို သာသနာတော်ရဲ့ ဘုန်းကံနဲ့ တည်ထောင်ခဲ့တာ ဖြစ်တယ်။နိုင်ငံရဲ့ဦးခေါင်းဟာ သာသနာပဲ၊ဘုန်းကြီးတို့က မြန်မာပြည်သူတွေလှူတာကိုစားနေကြတာ။တကာ/မတွေကို ကျေးဇူးဆပ်ချင်ရင် သီလကိုအစွမ်းကုန်ုဖြည့်ကျင့်၊စာပေတွေ အစွမ်းကုန်သင်ယူ၊ဒါမှလှူတဲ့ တကာ/မ တွေအတွက် ညောင်စေ့ လောက်လှူပေမယ့် ညောင်ပင်ကြီးလောက် ကုသိုလ်ရတဲ့အတွက် ကျေးဇူးဆပ်ရာရောက်တယ်....။အခြားနည်းတွေဟာ တို့အတွက် လမ်းမှန်မဟုတ်ဘူး၊...´´ (ဆရာတော့် ဩဝါဒမှ) မဟာဝိဟာရ သည် ဘယ်ပါတီ ဘယ်နိုင်ငံရေးအဖွဲ့အစည်းနှင့်မှ မပတ်သက်ဘဲ ကင်းရှင်းခဲ့သည်။

မဟာဝိဟာရ ကိုရင်လေးများ
~~~~~~~~~~~~~~~
ကိုရင်တစ်စု ပိုက်ဆံ ပြားစေ့တစ်စေ့ကို ဝိုင်းထိုင်ကာ ငြင်းခုန်နေကြသည်၊မည်သူမျှတော့ မထိကြ.... ``ဒါက ဒီခေတ်မှာ မသုံးတော့ဘူး ပိုက်ဆံအရာမဝင်ဘူး ကိုင်လို့ရတယ်။´´ကိုရင်တစ်ပါးကပြောသည်.....။ ``ပိုက်ဆံဟာ ပိုက်ဆံပဲလေ မကိုင်အပ်ဘူး´´စသည်ဖြင့် ဝိုင်း၍ ငြင်းခုန်နေကြသည်။ နောက်ဆုံးဆရာတော်ထံ အဆုံးအဖြတ်ခံကြသည်။ မဟာဝိဟာရ တွင် ဖုန်းမကိုင်ရပါပိုက်ဆံ၊ကိုယ်တိုင် ပိုက်ဆံနှင့်ဝယ်ခဲ့သော ပစ္စည်းများကို မကိုင်ရပါ။ဝိနည်းတော်အရဖြစ်သည်။ထိုငြင်းခုန်သော ကိုရင်လေးများမှာ အသက် ၁၀/၁၁ အရွယ်လေးများသာဖြစ်သည်။ သံဃာအများမှာ ယခုထိ သောင်းတန်ငွေစက္ကူကိုမမြင်ဖူးကြသေး။ ဖုန်းကိုအဖွင့်အပိတ်ပင် မတတ်ကြ၊၊

မဟာဝိဟာရ၏ လိုဂို
~~~~~~~~~~~
သံဃာများခရီးသွါးသောအခါ သပိတ်ကိုလွယ်၊ယပ်ကိုထမ်း၊သင်္ကန်းရုံ ရပါသည်။မျက်လွှချ၍သွားနေသော ထိုအသွင်သံဃာများကိုတွေ့လျှင် မဟာဝိဟာရ သံဃာဟူ၍ မှတ်နိုင်သည်။ သံဃာများမှာ ပိုက်ဆံမကိုင်ဘဲ နိုင်ငံအနှံ့ခြေဆန့်ကြသည်၊ပိုက်ဆံမကိုင်ဘဲ နိုင်ငံခြား သွားကြသည်။နိုင်ငံခြားသွားလျှင်လည်း ဖိနပ့်မစီးကြပါ.......။ ယနေ့ခေတ်တွင် ပိုက်ဆံမကိုင်ဘဲနေလို့မရဘူး ဟူသော အချို့သံဃာများ၏ အထင်ကို ပယ်ဖျက်နေသည်။ သီလပြည့်စုံသော သူအဖို့ ထိုကဲ့သိူ့ ပြည့်စုံခြင်မျိုးမှာ မပြေါပလောက်ချေ.....။ ညနေ ဘုရားဝတ်တက်ပြီးချိန်တွင် များစွာသော ကိုရင်များမှာ ဆရာတော့်ထံ ဒဏ်လျှေက်ကြသည်၊ တစ်နေ့တာ မိမိကျုးလွန်ခဲ့သော ဝိနည်းအပြစ်များကို ကိုယ့်သဘောနှင့်ကိုယ်လာလျှောက်ကြသည်။ ထိုကဲ့သို့ ရိုးသားမှုမျိုးကို မယုံနိုင်စရာဟု ထင်ကြပေလိမ့်မည်။ မဟာဝိဟာရ တွင်တကယ်ရှိသည်။ရိုးသားတတ်အောင်လည်း ဩဝါဒမျိုးစုံဖြင့် ပုံဖော်ထုဆစ်လျက်ရှိပါသည်.......။

သီလတန်​ခိုး
~~~~~~~
မဟာဝိဟာရ ဆရာတော်သည် မိမိအလုပ်ပျက်စေမည့် အလှူအတန်းမှန်သမျှလိုက်လေ့မရှိ၊တရားပွဲများလည်းမလိုက် ထို့ကြောင့်ပင်ဆရာတော့်ကို လူသိနည်းခြင်းဖြစ်သည်။ ကျောင်းတိုက်တွင်ဆွမ်းကပ် လိုလျှင် ၆ လလောက်ကကြိုတင် စာရင်းသွင်းမှသာ ဆွမ်းကပ်ရက်ရနိုင်သည်။ကျောင်းတွင် ဆွမ်းကပ် မရှိသောရက်ဟူ၍မရှိ၊အချို့မှာကပ်ချင်၍ပင် ကပ်ခွင့်မရကြ။ သံဃာများ၏သီလတန်ခိုးမှာ ထိုမျှကြီးလေသည်။ ၁၁ နှစ်အရွှယ် ကိုရင်ငယ် တစ်ပါး သွေးကင်ဆာဖြစ်ခဲ့သည်။ တစ်လသာ ခံတော့မည်ဖြစ်ကြောင်း ဆရာဝန်ကြီးကဆိုသည် ကိုရင်မှာ အလွန်သနားစရာကောင်းသည်။ဖြူဖပ်ဖပ်လေး။ ထိုမျှနေမကောင်းသည်ကိုပင် ဆရာဝန်တို့အတင်းတိုက်သည့် အားဖြစ်စေမည့် ဆန်ပြုတ်စသည်ကို ညနေချိန်ဖြစ်၍ မသောက်။ သီလကို အသက်နှင့်လဲမည့်ကိုရင်ဖြစ်သည်။၁ လသာနေရတော့ မည်ကိုလည်းမသိရှာ၊ဆေးရုံသို့ မဟာဝိဟာရဆရာတေ.ာ်နှင့် တိုက်အုပ်ဘုန်းကြီး တို့ကြွလာကြသည်။ပရိတ်ရွတ်ကြသည်။ပြီးလျှင် သစ္စာဆိုကြသ်ည်။ ဆရာတော်မည်သို့ဆိုကြောင်းမူမသိ၊တိုက်အုပ်ဘုန်းကြီးကတော့ ``တပည့်တော်၁၂နှစ် သား သာသနာ့ဘောင်ဝင်ကတည်းက ယခုအချိန်ထိ မြို့ထဲ ရွှာထဲတွင် ဖိနပ်မစီးဖူးပါ၊ဝိနည်းတော်အရသာ သွားလာခဲ့ပါသည်၊ ဤမှန်သောသစ္စာစကားကြောင့် ဤကလေး ရောဂါပျောက်ပါစေဘုရား´´ ဆရာဝန်တို့အံ့ဩမဆုံးခဲ့ကြပါ။ထိုကိုရင်လေးမှာ ယခုချိန်ထိ ကျန်းမာ ရွှင်လန်းလျက်ရှိပါသည်။အခြားသီလကြီးများကို ထားဘိဦး ဖိနပ်မစီးခြင်းဟူသော ဝိနည်းသီလ.အသေးအမွှားကပင် လိုရာပြည့်စေခဲ့ပါသည်။

ဆရာတော်၏ လက်စွဲ ဩဝါဒ
~~~~~~~~~~~~~~~~
★ တပည့်များကို ဒီဘုန်းကြီးပြောလိုတာက ``ဝိနယော နာမ သာသနဿ အာယု´´ ဝိနည်းဆိုတာ သာသနာတော်ရဲ့ အသက်ဖြစ်တယ်..။ဝိနည်းမလေး စားဘဲ သာသနာပြုတယ်ဆိုတာ မဖြစ်နိုင်ဘူး........။ ``ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ´´ ဝိနည်း တည်မှ သာသနာတည်တယ်လို့ဆိုတယ်၊ သာသနာကိုချစ်ရင်ဝိနည်းလေးစားပါ။ဝိနည်းမလေး စားတဲ့ ရှင်ရဟန်းဟာ သာသနာဖျက်သူပဲ............။ သာသနာကွယ်တယ်ဆိုတာ အခြားမဟုတ်ဘူး။ ဥပမာ- ပိုက်ဆံကိုင်တယ်ဆိုပါစို့ ၊သူ့သန္တာန်မှာ ဇာတရူပ သီလသာသနာကွယ်သွားပြီ။သာသနာဆိုတာ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာသုံးရပ်နဲ့ ဖွဲ့စည်းထားတာမို့ သီလမရှိရင် သမာဓိလည်း မရှိနိုင် ၊သမာဓိမရှိရင် ပညာလည်း မရှိနိုင်ဘူး။ ဒါတွေကွယ်ရင် သာသနာကွယ်တယ်လို့ခေါ်တယ်............။ သာသနာကို အသက်ထက် မြတ်နိုးပါ၊အသက်ထက်ချစ်ပါ။ စည်းကမ်းတကျနဲ့ သာသနာကို စောင့်ရှောက်နိုင်ဖို့အတွက် ဝိနည်းတွေပညတ်ပြီး မြတ်ဗုဒ္ဓ ဟာ သာသနာကို တို့တွေလက်ထဲ ထိုးအပ်ခဲ့တယ်။ဒီဝိနည်းတွေကို တို့တွေမှ မစောင့်ထိန်းရင် ဘယ်သူ စောင့်ထိန်းမှာလဲ...???

သီဟိုရ်ခေတ်က စံနမူနာ ယူစရာရဟန်းမြတ်
~~~~~~~~~~~~~~~~~~~~~~~
သီဟိုရ်မှာ သာသနာထွန်းကားတုန်းကပေါ့...... ရဟန်းတော်တစ်ပါး တောရဆောက်တည်တယ်။တစ်နေ့မှာ ဓားပြတွေရောက်လာပြီး ပစ္စည်းတွေလုယက်၊ရဟန်းကိုနွယ်နဲ့ လက်ပြန် ကြိုးတုပ်ပြီး၊တောမီးရှို့ထားခဲ့ကြတယ်၊မီးဟာ အရှိန်ပြင်းစွာနဲ့ တောက် လာတယ်။ ရဟန်းဆီကို ရောက်လာတော့မယ် ၊နွယ်ကြိုးကိုဖြတ်ပြီး ပြေးမယ်ဆို ပြေးလို့ရပါလျက်နဲ့ မပြေးဘူး၊ဘာဖြစ်လို့လဲ......၊?ရဟန်းဆိုတာ စိမ်း ရှင်တဲ့ မြက်သစ်ပင်ကို မဖြတ်ရဘူး၊အာပတ်သင့်တယ်လေ...... ဒီခေတ်ရဟန်းတွေဆို တွေးမှာပေါ့ ....... အသက်ကအရေးကြီးတယ်၊နွယ်ဖြတ်တဲ့အပြစ်က သေးသေးလေးပါ၊ အာပတ်ဖြေလိုက်ရင် ပျောက်ပါတယ် လို့၊တွေးမလား မတွေးဘူးလား?? အဲ့ဒီ ရဟန်းဟာ ``သီလ မရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရတာထက် သီလရှိပြီး တစ်ရက်နေရတာက ပိုမြတ်တယ်´´လို့တွေးတယ်.............။ သူဟာနွယ်ကို ဖြတ်မပြေးဘဲ တောမီးအလောင်ခံပြီး အသက်ကို သီလနဲ့ လဲသွားခဲ့တယ်......... သီလဟာ သာသနာမှာနေထိုင်ခွင့် လက်မှတ်ဆိုတာ တပည့်များကို ဒီဘုန်းကြီးလေးလေးနက်နက် သတိပေးလိုတယ်.....။သီလမရှိတဲ့ ရှင်ရဟန်းဟာ သာသနာနှင့် မထိုက်တန်ဘူး။ လူတွေမှာ အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး အသက်နဲ့ပတ်သက်ရင် ဘာမဆို စွန့်ကြတယ်....။ သာသနာမှာတော့ ဒီလိုမဟုတ်ဘူး/ဟုတ်လည်းမဟုတ်ရဘူး သာသနာမှာ အသက်ထက် အရေးကြီးတာ ရှိသေးတယ်။ .....အဲ့ဒါ.....သီလ..ပဲ။ သီလကို စွန့်မလား?အသက်ကိုစွန့်မလား? လို့ လောကဓံက ရာဇသံ ပေးလာတဲ့အခါ အသက်ကိုပဲ စွန့်ကြပါ တပည့်တို့....။ ဒီဘုန်းကြီးတို့တတွေဟာ သံသရာ တစ်လျှောက်လုံး သားမယား အတွက်၊ကာမဂုဏ်အတွက် မိုက်မိုက်ကန်းကန်း အသေခံလာခဲ့ကြပြီ......၊ တစ်ဘဝတစ်လေတော့ ဘုရားစကားနားထောင်ပြီး သာသနာအတွက် အသက်ပေးနိုင်ရမယ်မဟုတ်လား၊???? ××××××××××××××××

(ဆရာတော့် ဩဝါဒ) မဟာဝိဟာရ လူလားမြောက်ခဲ့ပုံ
~~~~~~~~~~~~~~~~~~
အခု ဆိုလျှင် ကျောင်းတိုက်တည်သည်မှာ ၁၆ နှစ်ပင်ရှိပေပြီ....၊ယခုမှသာ အထိုက်အလျောက်ပြည့်စုံလာသော်လည်း.....။ယခင်ကမူ ဆွမ်းအငတ်ခံ၍ နေခဲ့ကြရသည်၊ ၁ လလုံးလုံး သခွားသီးပြုတ်ဟင်း.တစ်ဦးတည်းကိုသာ သုံးဆောင်ရပြီး၊နှစ်ပေါင်းများစွာ ဘူးသီးဟင်းနှင့် မျှတခဲ့ရသည်...........။ သို့သော်...စိတ်မပျက်ခဲ့ကြ...၊ဆရာတော်၏ သာသနာချစ်စိတ် ရဲရဲတောက် ဩဝါဒ များဖြင့် ရှင်သန်ခဲ့ကြသည်........။ တစ်ရက်မှာ ဆွမ်းတစ်နပ်သာစားရသော ဧကာသနိက်ဓုတင် အိပ်ရာပေါ် ဘယ်တော့မှ ကျောမချ မလဲလျောင်းရသော နိသဇ္ဇိဓုတင်၊အမြဲတမ်း သင်္ကန်းသုံးထည်(သုံးစုံမဟုတ်)ဖြင့်သာ နေရသော တိစီဝရိတ်ဓုတင် ၊သစ်ပင်အောက်၌ နေရသော ရုက္ခမူဓုတင် အချို့မှာ သုဿာန်ဓုတင် စသည်ဖြင့် ဝိနည်းအကျင့်သာမက သုတ္တာန်ကျင့်ဝတ်များကို ပါ အားရပါးရ ကျင့်သုံးခဲ့ကြသည်။ သစ်ပင်အောက်တွေမှာ စာတွေချ စာတွေကျက်ပြီး၊တရားဓမ္မရှုပွားခဲ့ကြသည်။ အရာရာမပြည့်စုံသော်လည်း သာသနာချစ်စိတ်တစ်ခုတည်းဖြင့် ``ဝိနည်း သာသနာကို မြန်မာပြည်ကပျောက်မသွားအောင် ထိန်းသိမ်းကြစို့´´ဟု ခံယူကျင့်သုံးရင်း မဟာဝိဟာရ ကြီးထွားရှင်သန်လာခဲ့သည်......။

မဟာဝိဟာရ လျှောက်သောလမ်းနဲ့ မှန်းသောပန်းတိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~

``ဒီဘုန်းကြီးက အနာဂတ်သာသနာအတွက် အတိတ်သာသနာကို
အမြဲတမ်း အတုယူလေ့ရှိတယ်......´´(ဆရာတော့်ဩဝါဒ)

မဟာဝိဟာရ၏ လျှောက်သောလမ်းနဲ့ မှန်းသောပန်းတိုင် မှာ
အတိတ်သာသနာတော်ဆီသို့ နောက်ကြောင်းလှည့်ပြန်ရေး
ပင်ဖြစ်သည်....။စာထဲမှာတွေ့ရသော ဗုဒ္ဓ အလိုတော်ကျ သော
ရဟန်းနဲ့ အနီးစပ်ဆုံးတူအောင် ကြိုးစားရပေမည်။

အဘယ့်ကြောင့် မော်ဒန်ရဟန်း/ခေတ်ဆန်ဆန်ရဟန်း
မဖြစ်လိုပါသနည်း....?????????

ခေတ်ဆန်သောကြောင့် သာသနာတော် ဆုတ်ယုတ်ပျက်စီးလာ
သည်ကိုတွေ့နေရသောကြောင့်ပါတည့်။

တရားရဖို့ရန် သမ္မာသင်္ကပ္ပမဂ္ဂင်မလို သင်္ကပ္ပဆိုသည်မှာ ကြံစည်
တွေးတောခြင်းဖြစ်၍ သမာဓိပျက်တတ်သည် ဟု စာမတတ်ပေ
မတတ်ဟောကြသည်၊ ထောက်ပြလျှင်လည်း နားမထောင်ရုံမက
``ကိုယ်တော်တို့ စာအုပ်ကြီးသမားတွေက ဒီလိုပဲ၊ဘာမှ ကိုယ်တွေ့လည်း
မရှိဘဲနဲ့၊တပည့်တော်က ကိုယ်တွေ့ဗျ ကိုယ်တွေ့ ´´စသည် ပြောကြသည်။

ခေတ်သစ်ရဟန်းတွေက အသွင်ဆန်းလှသည် ၊
ဘုရားက ပိုက်ဆံ မကိုင်ခံရ ဟု ဟောထားပါလျက်နှင့် ဟိုအကြောင်းပြ
ဒီအကြောင်းပြကာ ဘုရားကပဲ မလိုအပ်ဘဲပညတ်ခဲ့ သယောင်ယောင်
ဖြစ်အောင် ပြောဆိုကာ ရဲရဲကြီးကိုင်ခံကြသည်......။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် အကီင်္ျင်္လိုလို ဆွယ်တာလိုလို တွေ
ဝတ်လာကြသည်၊(လိင်္ဂသာသနာကွယ်ရန် အစဖြစ်ကြောင်း သတိပြုပါလေ)

ဘောကန် ခြင်းခတ် သူတွေ ၊ချဲဒိုင်ကိုင်သူတွေ၊ဆိုက်ကားအုံနာဖွင့်သူ
ကားဝပ်ရှော့ လုပ်သူတွေ၊တိုကခန်းငှါးစားသူတွေ၊လယ်အငှါးချသူတွေ
ဆိုင်ကယ်မောင်း ကားမောင်းသူတွေ....ချင်းသုတ် လက်ဖက်သုတ် ကို
ညဖက်စားကောင်းသယောင် တကာ/မ တွေကို လိမ်သူက လိမ်...စသည်..စသည်ဖြင့် ပြောမကုန်အောင်ပင်များလှသည်.....။

သံဃာ့ဩဇာ ကျဆင်းလာသောခေတ်
~~~~~~~~~~~~~~~~~~~~

ယခင်က ဆရာဘုန်းတော်ကြီး၏ အမိန့်ဩဇာကို တစ်ရွှာလုံး တစ်နယ်လုံး
နာခံကြသည်၊လေးစားကြောက်ရွှံ့ကြသည်၊ဘုရင်သည်ပင် နာခံရသည်။
ထိုသို့လေးစားလောက်အောင်လည်း မထေရ်များ၏ သီလ သိက္ခာ တို့က
မြင့်မားခဲ့ကြသည်.....။
ယခုမူ ထိုသို့မဟုတ်တော့ သာသနာကိုလေးစားမှု နည်းလာကြသည်။
ရှင်ရဟန်းများအနေနဲ့ လူတွေကို အပြစ်တင်ရန်မလို ကိုယ့်ကိုယ်ကို
သာအပြစ်တင်သင့်သည်၊၊
ကွမ်းစားဖတ်ဖတ် စီးကရက်လက်ကြားညှပ်၍ လက်ဖက်ရည်ဆိုင်
ထိုင်နေတတ်သော ရဟန်းကို အဘယ်တကာ/မ က သံသရာအတွက်
အားကိုးဖွယ်ဆရာ ဟု ယုံကြည်နိုင်ပါမည်နည်း?
ရဟန်းနဲ့တူအောင်မနေဘဲ လူတွေလိုနေကြသူများကို အတွေ့ရများလာသော
တကာ/မတွေ အဖို့ သာသနာအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းမှာ
အပြစ်တင်စရာတော့မဟုတ်ပေ.......။

နားလည်သော ဆရာတော်ကြီးများကလည်း အများနဲ့တစ်ပါးဖြစ်၍
အမုန်းခံ ပြောမနေကြတော့ ကိုယ်ကောင်းအောင်သာ ဂရုစိုက်ကြတော့သည်။
အချို့လည်း ကိုယ်နိုင်ရာပိုင်ရာ တပည့်လက်တစ်ဆုပ်မျှကိုသာ
ပြုပြင်နိုင်ကြသည်....။

ဤအတိုင်းသာ ဆက်လက်ရေစုန်မျှောနေလျှင် သာသနာတော်ကြီး
အတွက် ရင်လေးစရာကောင်းလှပါဘိ။သာသနာစိတ်ရှိသော တကာ/မတွေ
ဖက်ကလည်း နားလည်အောင်ပြု၍ လက်တွဲသာသနာပြုသင့်လှပါပြီ......။

သမိုင်းထဲက မဟာဝိဟာရ
~~~~~~~~~~~~~~

ထေရဝါဒသာသနာ့သမိုင်းကို ပြောလျှင် သီဟိုရ်ခေတ်က မဟာဝိဟာရ
ကျောင်းတိုက်ကြီးကို ချန်လှပ်ခဲ့၍ မဖြစ်ပေ၊
သံဃာသုံးထောင်ကျော် သီတင်းသုံး ခဲ့သော...........
ရဟန္တာပေါင်းထောင်ချီ ရှိခဲ့သော..........
အဋ္ဌကထာကျမ်းပေါင်းများစွာကို မွေးဖွားပေးခဲ့သော......ထိုမဟာဝိဟာရ
ကျောင်းသည် ထိုခေတ် ထိုအချိန်က ထေရဝါဒသာသနာတော်ကြီး၏
အချုပ်အခြာ စံပြဌာနကြီးဖြစ်ခဲ့သည်.......။

သာသနာကို အသက်နဲ့လဲ၍စောင့်ရှောက်ခဲ့ကြသည်....။

သွေးနဲ့ရေးတဲ့သာသနာ့သမိုင်း
~~~~~~~~~~~~~~~

သီဟိုဠ် ခေတ် ဝဋ္ဋဂါမဏိမင်းလက်ထက်တွင် ကျေးကုလားမိစ္ဆာတို့ကသာသနာကို အကြီးအကျယ်ဖျက်ဆီးခဲ့ကြသည်။သံဃာတွေကို တွေ့ရာသချိ င်္ုင်းဓားမဆိုင်းသတ်ခဲ့ကြသည်။
လူတွေတောထဲမှာ ပုန်းအောင်းနေထိုင်ကြရသည်...။ထမင်းမစားရ
သစ်သီး သစ်ဥ သာစားကြရသည်။လူတွေပင် ဤမျှဆင်းရဲကြလျှင်
လူတွေ လှူမှ စားရသည့် သံဃာတွေ၏ ဆင်းရဲကို ပြောစရာပင်လိုမည်မဟုတ်ချေ။
ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ နေလာရာမှ သေသူသေ
အိန္ဒိ ယကိုပြေးသူပြေး စသည်ဖြင့် အပါး ၇၀ ခန့်သာ ကျန်တော့ချိန်တွင်သံဃာတို့အတွက် စိုးရိမ်မှုပိုလာခဲ့ကြသည်.....။

ပိဋကတ်တော်တွေကို မည်သိူ့ထိန်းသိမ်းမည်နည်း......?
သာသနာတော်၏ အနာဂတ်မှာ ထိုသံဃာအပါး ၇၀ တို့လက်ထဲတွင်ရှိနေသည်။
ထိုခေတ်က ယနေ့ခေတ်လို စာအုပ်လည်းမရှိ၊ နုတ်တက်အာဂုံဆော်သောခေတ်ဖြစ်သည်...။
သို့ဖြင့်......ညနေချိန်ရောက်တိုင်း ထိုသံဃာတို့သည် ခန္ဓာကိုယ်ကို
အနိုင်နိုင်သယ်လျက် ရေကန်နားတွင် စုဝေးကြသည်။
ဆာလောင်မှုဖြင့် ပူမြှိုက်နေသော ဝမ်းဗိုက်ချပ်ချပ်ပေါ်တွင်
သက်သာလိုငြား သဲကိုရေဆွတ်လျက်တင်ကာ
ပက်လက်လန် ခေါင်းချင်းဆိုင်၍ ရထားသော ကျမ်းစာများကို မမေ့အောင်ညှိနိုင်းပြန်ဆိုခဲ့ကြသည်.......။

ထိုသို့ဆိုကြသည်မှာ တစ်လမဟုတ် တစ်နှစ်မဟုတ်
ဆယ်နှစ် နှစ်တိုင်တိုင်ပင်ဖြစ်သည်......။ထိုအတွင်း စာပြန်ရင်း
အသက်ထွက်သွားသူ မေ့မျောသွားသူများ ရှိခဲ့သော်လည်း
အားမလျှော့ခဲ့ကြ၊သံဃာလျော့လေ ပို၍အားစိုက်လေပင်ဖြစ်သည်.....။

အဘယ့်ကြောင့်ပါနည်းး....?
ဗုဒ္ဓ၏ ဓမ္မ ဆိုသည်မှာ လောကကြီး၏ အမှန်တရား...
လောကကြီး၏ အလင်းရောင် ဖြစ်သောကြောင်ပါတည်း...........။

ထိုသံဃာ့ကျေးဇူးကြောင့် ယနေ့အချိန်တွင် မိမိတို့ မှာ
သစ္စာတရားတွေကို နာကြားခွင့်ရပေသည်မဟုတ်ပါလား.....။

အတုယူကြ အားကျကြ
~~~~~~~~~~~~~

စာရေးသူ မဟာဝိဟာရ တွင်နေခဲ့စဉ်အတွင်း
အတိတ်သာသနာ၏ အားကျဖွယ်တွေကို အားရဂုဏ်ယူသော
အသံတော်ဖြင့် ဩဝါဒ မိန့်ကြားတတ်သည့် မဟာဝိဟာရ ဆရာတော်၏သာသနာချစ်စိတ်မည်မျှပြင်းထန်ကြောင်း ခံစားသိရှိခဲ့ရသည်......။
ဩဝါဒ နာယူရင်း ဓာတ်တွေကူး၍ နှလုံးသွေးပွက်လောက်မျှ ဖြစ်အောင်သာသနာစိတ်ပြင်းထန်ခဲ့ရသည်။
ကြက်သီးထစေခဲ့သော မျက်ရည်လည်စေခဲ့သော အတိတ်သာသနာ၏သမိုင်းဆိုင်ရာ ဩဝါဒ များစွာ နာကြားခဲ့ရသည်......။

ဆရာတော့်တွင် လက်ရှိမဟာဝိဟာရကို
သမိုင်းထဲက မဟာဝိဟာရ ကို မီအောင်....
လက်ရှိသံဃာတွေကို....သမိုင်းထဲက သံဃာတွေလို
သီလ အတွက် သာသနာအတွက် အသက်ပေးချစ်တတ်အောင်
ပြုပြင် လမ်းပြရန် အမြဲတမ်း စိတ်ကူးနေခဲ့ အကောင်အထည်
ဖော်နေခဲ့သည်......။

မဟာဝိဟာရ သည် အတိတ်သာသနာဆီသို့
နောက်ပြန်လှည့်၍ မတိမ်းမစောင်းသွားနေလျက်ရှိသည်.....။

×××××××××××××××××××××××××××××××××××××××

(ဤစာအစုဖြင့် သာသနာကို မှန်မှန် ကန်ကန်ချစ်တတ်အောင်
ဆုံးမလမ်းညွှန့်ခဲ့သော ဆရာဘုန်းကြီးကိုရိုသေစွာ ရှိခိုးလိုက်ပါ
၏ဘုရား......။မိမိ၏ သီလ ကို ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြ
သော မဟာဝိဟာရ သံဃာတော်များကိုလည်း လွမ်းဆွတ်သတိ
ရစွာဖြင့် ရှိခိုးဦးတင်လိုက်ပါသည်ဘုရား......)

မဟာဝိဟာရ တပည့်ဟောင်း(ဘိက္ခု အလင်္ကာနန္ဒ)

~~~ U Zaw Myo

Crd # မူရင်းရေးသားပူဇော်သူအား

09/07/2022

"သူတော်ကောင်းတို့ရဲ့ သဘောထား" တရားတော် သစ္စာရွှေစည် ဆရာတော် အရှင် ဥတ္တမ

 #ကံကပေးတဲ့ အပေါင်းအသင်းနဲ့  အသိဥာဏ်ဖြင့် ရွေးရမယ့် အပေါင်းသင်း #လူ့ဘဝ ရောက်လာတဲ့အခါမှာ အရေးအကြီးဆုံး ကတော့ “အပေါင်းအသင်...
29/06/2022

#ကံကပေးတဲ့ အပေါင်းအသင်းနဲ့
အသိဥာဏ်ဖြင့် ရွေးရမယ့် အပေါင်းသင်း #

လူ့ဘဝ ရောက်လာတဲ့အခါမှာ အရေးအကြီးဆုံး ကတော့ “အပေါင်းအသင်း” ပဲ။
လူဆိုတာ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ
တစ်ယောက်တည်း လျှောက်လှမ်းတာ မဟုတ်ဘူး။

လူ့ဘဝ ရောက်လာကတည်းက မိသားစုဆိုတဲ့ အသိုင်းအဝိုင်းထဲ ရောက်လာတာ ဖြစ်တယ်။
မိသားစု အသိုင်းအဝိုင်းဆိုတာ လူတွေရဲ့ society မှာ အသေးဆုံးပေါ့။

Family Society အသေးဆုံး အသိုင်းအဝိုင်းလေး တစ်ခုပဲ။
လူဟာ အပေါင်းအသင်းနဲ့နေတတ်တဲ့ သတ္တဝါလို့ ဆိုကြတယ်။

လူတင်မကပါဘူး တခြားသတ္တဝါတွေဟာလည်းပဲ
အပေါင်းအသင်းနဲ့ နေကြတာချည်းပါပဲ။

အဲဒီတော့
လူတွေရဲ့ထူးခြားမှုဟာ ဘာတုန်းဆိုရင်
လူဟာ “အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်” ဖြစ်တယ်။
လူ့ဘဝမှာ အရေးကြီးဆုံးက ဘာတုန်းဆို
အပေါင်းအသင်းပဲ ဖြစ်တယ်တဲ့။

အပေါင်းအသင်းဆိုတဲ့နေရာမှာ ကံက ပေးလိုက်လို့ ပေါင်းသင်းနေရတဲ့ အပေါင်းအသင်းက တစ်မျိုး ပေါ့။

ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ပေါင်းသင်းတာက တစ်မျိုးပေါ့။ တစ်ချို့ကျတော့ ကံက ပေးလိုက်သည့်
အပေါင်းအသင်း၊ အသိုင်းအဝိုင်းကြားထဲမှာ ရောက် သွားတယ်။

ဆိုပါစို့ …..
အယူဝါဒမတူ ကွဲပြားတဲ့ အုပ်စုတစ်ခုထဲမှာ ရောက် သွားပြီဆိုလို့ရှိရင် ထိုအယူဝါဒရှိတဲ့ အသိုင်းအဝိုင်း တွေရဲ့ ယုံကြည်ချက်အတိုင်း ဘဝခရီးမှာ လျှောက် နေကြရတယ်။

ဒီကနေ့ ကမ္ဘာမှာရှိကြတဲ့ လူတွေကိုကြည့်ပေါ့။
လူမျိုးအသီးသီးမှာ အယူအဆအမျိုးမျိုး၊
ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုးရှိကြတယ်။

အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာ အသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့နေကြရတယ်။

ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကြောင့်မို့ ကောင်းကျိုး ချမ်းသာတွေ ရကြတာရှိသလို၊ မကောင်းတဲ့အကျိုး တွေ ခံစားကြရတာလည်း ရှိတာပေါ့။

ဘုန်းကြီးတို့ သီရိလင်္ကာမှာ နေခဲ့ဖူးတယ်။
သီဟိုဠ်နိုင်ငံဆိုတာ ဒီကနေ့ လူဦးရေ သန်း(၂ဝ)ခန့် ရှိတယ်။ ဗုဒ္ဓဘာသာ နိုင်ငံလေးတစ်ခုပဲ။

အဲဒီ ဗုဒ္ဓဘာသာနိုင်ငံလေးမှာ လူမျိုး (၄)မျိုး
ခွဲခြားသတ်မှတ်ထားတယ်။
အများဆုံးကတော့ “ဆင်ဟာလီလူမျိုး” ဖြစ်တယ်။

ဆင်ဟာလီလူမျိုးကို ဗမာတွေကတော့
“သီဟိုဠ်လူမျိုး”လို့ ခေါ်တာပေါ့။ အသံထွက်လေးပဲ ကွာတာ။

ဆင်ဟာလီလူမျိုး ရှိတယ်၊ မွတ်ဆလင် ရှိတယ်၊
ဘာဂါဆိုတာ ရှိတယ်၊ တမီ ရှိတယ်။
လူမျိုး(၄)မျိုး ရှိတယ်။

Officially အသိအမှတ်ပြုထားတာ (၄)မျိုး ရှိတယ်။
အဲဒီမှာ ဒီစာရင်းထဲမှာမပါဝင်တဲ့ လူမျိုး(၁)မျိုး ရှိ သေးတယ်။

ဝဲဒလို့ခေါ်တဲ့ aborigine မူလကျွန်းနေလူမျိုးလည်း ရှိသေးတယ်။ လူဦးရေ အင်မတန်နည်းတယ်။
တောတွေ တောင်တွေထဲမှာပဲ နေတယ်။
အဝတ်မဝတ်ဘူး။

တောထဲမှာပဲ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ဘာသင်တုန်းဆိုရင် မြားပစ်တာ သင်တယ်။ လှံထိုးတာ သင်တယ်။
အကောင်တွေ ဖမ်းပြီးတော့ သတ်ဖြတ်နည်းတွေ
သင်တယ်။

လူ့ဘဝ ရောက်လာပြီဆိုလို့ရှိရင် လူဟာ မွေးလာ ကတည်းက Society တစ်ခုမှာ မွေးလာတဲ့အတွက် ကြောင့် အဲဒီ Society တစ်ခုက မကောင်းဘူး ဆိုလို့ရှိရင် တစ်ဘဝလုံး ကောင်းနိုင်စရာအကြောင်း
မရှိတော့ဘူးလေ။

ဝဲဒဆိုတဲ့ လူမျိုးကြားထဲမှာ သွားဖြစ်မယ်ဆိုလို့ရှိရင်
ဘုန်းကြီးတို့တတွေဟာ တစ်သက်လုံး တောထဲမှာ နေပြီးတော့ သတ္တဝါတွေရဲ့အသက် သတ်ဖြတ် စားသောက်လို့ မိမိဘဝရပ်တည်အောင် ကြိုးစားပြီး
နောက်ဆုံးမှာ ဘဝတစ်ခု ပြီးဆုံးသွားကြမှာပဲ။

ဒါက “ကံကြမ္မာက ပေးလိုက်တဲ့ အသိုင်းအဝိုင်း” တစ်ခုပေါ့။

ကံကြမ္မာက ပေးတာမဟုတ်ဘဲ မိမိဘာသာ ရွေးချယ် ပေါင်းသင်းဆက်ဆံတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်စာရိတ္တ ကြောင့် မကောင်းတဲ့လူနဲ့ ပေါင်းမိတဲ့အတွက်
ဒုက္ခရောက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီကနေ့ခေတ် နေရာတိုင်းမှာ ရှိတာပဲပေါ့။

ဒါကြောင့်မို့ မင်္ဂလသုတ်မှာ
“အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ”တဲ့။
လူ့လောကရောက်လာပြီဆိုလို့ရှိရင် အပေါင်းအသင်း ဟာ အင်မတန်မှ အရေးကြီးတယ်။
အသိုင်းအဝိုင်းဟာ အင်မတန်မှ အရေးကြီးတယ်။

ကံက ပေးလိုက်တဲ့ အသိုင်းအဝိုင်းက
ရုန်းထွက်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။
သာမန်စိတ်နေစိတ်ထားနဲ့ သာမန်အသိဉာဏ်မျိုးနဲ့
ရုန်းထွက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။
တော်တော် ခဲယဉ်းပါတယ်။

အဲဒါကြောင့်မို့ မွေးကတည်းက ကောင်းတဲ့ အသိုင်းအဝိုင်းထဲ ရောက်ဖို့ ဘုန်းကြီးတို့တတွေ ဆုတောင်းကြရမှာပဲနော်။
စိတ်နေစိတ်ထားနဲ့ ဦးတည်ချက် ထားကြရမှာပဲ။

အပေါင်းအသင်းဟာ လူ့ဘဝမှာ သိပ်အရေးကြီး တယ်တဲ့။

အရေးကြီးဆုံးက “ဗာလ” လို့ဆိုတဲ့ အသိဉာဏ် ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ မပေါင်းသင်းမိဖို့၊
အတူမေနမိဖို့၊ မဆက္ဆံမိဖို့၊
“ပဏ္ဍိတ” ဆိုတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံဖို့။

“ဗာလ” နဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ်တွေဟာ
ဒီဘဝခရီးမှာလည်း ဒုက္ခအမျိုးစုံ ကြုံတွေ့ကြရ တယ်။

ပညာရှိသူတော်ကောင်းတွေနဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ် တွေကျတော့ ဒီဘဝမှာလည်း အေးချမ်းတယ်၊
နောင်ဘဝမှာလည်း ချမ်းသာသုခရတယ်။
အကျိုးတွေဟာ အင်မတန်မှ ထင်ရှားတယ်။

“ဗာလ ပဏ္ဍိတ” ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်တာလဲဆိုတော့
မြတ်စွာဘုရားက မကောင်းတာတွေး၊ မကောင်းတာပြော၊
မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ ကို
“ဗာလ” လို့ သတ်မှတ်တယ်။

ကောင်းတာတွေး၊
ကောင်းတာပြော၊
ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်ကို “ပဏ္ဍိတ”လို့ သတ်မှတ်တယ်။

ကောင်းမကောင်းဆိုတာကျတော့ ဘာနဲ့ဆုံးဖြတ် သလဲ။
ကိုယ်ကြိုက်ရင် ကောင်းတဲ့အကောင်းဟာ
အကောင်းလားဆိုတော့ အဲဒီလို မဟုတ်ဘူး။
ကိုယ်ကြိုက်တာ မကြိုက်တာနဲ့ မဆုံးဖြတ်ရဘူး။

အဲဒီတော့ တစ်ဖက်သားကို ညှဉ်းပမ်းနှိပ်စက်လိုတဲ့
အတွေးမျိုး၊

ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေလိုတဲ့
အတွေးမျိုး၊

လောကကြီးကို အကျိုးမပြုတဲ့ အတွေးမျိုး၊

လောကကြီး ပျက်စီးစေလိုတဲ့ အတွေးမျိုး၊ အပြောမျိုး၊ အလုပ်အကိုင်မျိုးတွေဟာ မကောင်းဘူး လို့ သတ်မှတ်ရမယ်။

အများအတွက် အကျိုးဖြစ်တဲ့ အတွေး၊
အများအတွက် အကျိုးဖြစ်တဲ့ အပြော၊
အများအတွက် အကျိုးဖြစ်တဲ့ အလုပ်
ဒါတွေဟာ ကောင်းတယ်လို့ သတ်မှတ်ရမယ်။

အဲဒီလို လူ့လောက ရောက်လာပြီဆိုလို့ရှိရင်
နံပါတ်(၁) ပေါင်းသင်းဆက်ဆံရမယ့်သူကို
ရွေးချယ်ရတယ်။

ဘဝမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ရွေးချယ်ဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက
ပထမဆုံး မင်္ဂလာခရီးကို စတင်လျှောက်လှမ်းဖို့ရာ အတွက် ဒါကို ဦးစွာဟောတာ။ ။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံ

စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association အား အလေးအမြတ်ပြုပါသည်
Thanks*credit*

via ဗုဒ္ဓကမ္ဘာ

29/06/2022

ရခဲတဲ့ တရား (၆)ပါ

ဆရာတော် ဦးသုမင်္ဂလ
တရားတော်

 #ကမ္ဘာပျက်ခြင်း~~~~~~~~~~~~ဂေါတမဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက ဗုဒ္ဓနဲ့ ညီတော်အာနန္ဒာတို့ ဂိဇ္ဈကုဋ်တောင်ကို ရောက်ခဲ့စ...
29/06/2022

#ကမ္ဘာပျက်ခြင်း
~~~~~~~~~~~~

ဂေါတမဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက ဗုဒ္ဓနဲ့ ညီတော်အာနန္ဒာတို့ ဂိဇ္ဈကုဋ်တောင်ကို ရောက်ခဲ့စဉ်က တောင်ခြေက တီထွေးစုကြီးကို သွားမြင်တယ်။ တီထွေးတွေ များလွန်းလို့ အံ့သြပြီး ရှင်အာနန္ဒာက ဘုရားရှင်ကို ဒီ တီထွေးတွေအကြောင်း မေးလျှောက်တယ်။

ခု လူဖြစ်နေသူတွေဟာ လွန်ခဲ့တဲ့ သာသနာနှစ် (၂,၆၀၀)ခန့်က ဂိဇ္ဈကုဋ်တောင်မှာ တီထွေးဘဝနဲ့ အတူ ဆုံခဲ့ဖူးကြတယ်။

ဗုဒ္ဓက ...

❝ ချစ်သား အာနန္ဒာ၊ ဒီ တီထွေးတွေက ငါဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာနှစ် (၅,၀၀၀)အတွင်း လူ့ပြည်မှာ လူဖြစ်ပြီး အချို့ ကျွတ်တန်း ဝင်ကြလိမ့်မယ်။

ဒီ တီထွေးတွေ လူဖြစ်တဲ့အချိန်မှာ ရုပ်ဝတ္ထုတွေက နတ်ပြည်အလား တိုးတက်မယ်။ လောဘ၊ ဒေါသ၊ မောဟတွေတော့ အားကြီးမယ်။

အချို့တွေက ငါဘုရားရဲ့ တရားတွေနာပြီး ကျွတ်တန်းဝင်ကြမယ်။ ကျန်လူများကတော့ ဒီ ဂိဇ္စျကုဋ်တောင်ခြေမှာပဲ တီထွေး ပြန်ဖြစ်မယ် ❞ လို့ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောပြ ခဲ့ဖူးတယ်။

ဂင်္ဂါဝါဠု သဲစုမက ပွင့်ပြီးတဲ့ ဘုရားရှင်တွေက သာသနာချန်တာ သိပ်မရှိပါဘူး။ ဂေါတမဘုရားရှင်သာ အခြေအနေ တစ်ခုကြောင့် သာသနာကို ချန်ခဲ့တာ … တခြားသော ဘုရားရှင်တွေက လူ့သက်တမ်း သောင်းနဲ့ နေရတုန်းက ဘုရားက ပါရမီပြည့်လို့ ဘုရားဖြစ်ခွင့် ကြုံတယ်။

ဂေါတမဘုရားရှင် လက်ထက်မှာ လူ့သက်တမ်း ၁၀၀-နှစ်နဲ့ ကြုံလို့ ပါရမီ ဖြည့်ဘက် သာဝကတချို့က ပါရမီမပြည့်သေးတာကြောင့် ဘုရားက အချိန် စောင့်ပေး ခဲ့ရတယ်။ ခု ဆုတ်ကပ်ကာလ အသက် ၁၀၀-တမ်းရောက်မှ ဘုရားရော သာဝကတွေရော ပါရမီပြည့်ချင်းတူလို့ ဘုရား ဖြစ်ရတယ်။

ဒါပေမယ့် သက်တမ်းတိုလွန်းလို့ ဘုရားက သာဝကအကုန် ချေချွတ်ခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ဘုရားကိုယ်စား ပူဇော်ဖို့ တရားစာပေနဲ့ စေတီလေးမျိုး ထားခဲ့တယ်။ သာသနာနှစ်(၅,၀၀၀) ပြည့်တဲ့အခါ ဘုရားချန်ထားခဲ့တဲ့ ဓါတ်တော် စေတီတွေက နိမ္မိရုပ်ပွားအဖြစ် စုပြီး တေဇောဓါတ်လောင်မယ်။ ( ဂေါတမဘုရားသာသနာ ကွယ်မယ်ပေါ့။ )

ခု လက်ရှိအချိန်မှာတော့ တီထွေးဘဝတွေကနေ လွတ်အောင် ရုန်းလို့ရတယ်။ ဘုရားကိုယ်စား ရုပ်ပွားတော် ဖူးခွင့် ရတယ်။ ဗုဒ္ဓ ပြောခဲ့တဲ့ စကား၊ ဟောခဲ့တဲ့ တရားတွေကို စာပေအဖြစ် ( ပိဋကတ်သုံးပုံ ) မှတ်တမ်းတင်ထားတာတွေကို ပူဇော်လို့ ရသေးတယ်။

ဗုဒ္ဓ လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီး ဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်(၅)လုံးထဲက ဂုဇ္စျကုဋ်​တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူသေရင် သူ့ကို မြုပ်ဖို့ သားဖြစ်သူကို ပြတယ်။

ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့ တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ ❝ လူသေ မမြုပ်ဖူးသေးဘူး ❞ လို့ ပုဏ္ဏားကြီး ယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ...

❝ ပုဏ္ဏားကြီး၊ သင် ယခုညွှန်ပြသော နေရာ၌ " ဥပသာလက " ဟူသော အမည်ဖြင့် သင်၏ အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသဂြိုလ်လောင်ကျွမ်း မြုပ်နှံခဲ့ဖူး လေပြီ။ ❞

လောက မြေအပြင်၌ လူသေကောင်ပုတ် မမြုပ်ဖူးသော နေရာဟူ၍ မရှိပေ။ တောင်ပေါ်က သုံးပေ၊ ခြောက်ပေ နေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း " ဥပသာလက " အမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုပ်နှံပြီးသွားပြီ ဆိုတော့ တခြားနာမည်နဲ့၊ တခြား မြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့၊ မြှပ်နှံခဲ့မယ် ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။

🌸 ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တပည့်တော်မ သိချင်ပါတယ် ဘုရား။ ယခုကမ္ဘာဟာ ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ ကမ္ဘာပျက်တာက ဘယ်လိုမျိုး ဖြစ်တာလည်း ဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ် ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။🙏🙏🙏

❝ ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ် ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တဝါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့ မရအောင် များပြား လှပါတယ်။

ဘုရားတွေပွင့်တယ် ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီ ဘဒ္ဒကမ္ဘာမှာ ဘုရား(၅)ဆူ ပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ် ဆိုတာရယ်ကို ပေါင်းပြီး ဖြေပါမယ်။

တစ်ချိန်မှာ ဒီကမ္ဘာကြီးဟာလည်း ပျက်သုန်း လိမ့်မယ်။
မီး – ရေ – လေ တို့ကြောင့် ကမ္ဘာ ပျက်ရမယ်။

ကမ္ဘာပျက်တဲ့အခါမှာ မီးကြောင့် ပျက်တာလည်း ရှိတယ်၊ ရေကြောင့် ပျက်တာလည်း ရှိတယ်၊ လေကြောင့် ပျက်တာလည်း ရှိတယ်။

မီးကြောင့် (၇)ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့အခါ (၈)ကြိမ်မြောက်တိုင်း၊ (၈)ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီး ပျက်ရ ပြန်တယ်။

ဒီနည်းအတိုင်း မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁)ကြိမ်၊ မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁)ကြိမ် ဆိုတဲ့ ဓမ္မတာအတိုင်း ကမ္ဘာကြီး ပျက်လာလိုက်တာ (၆၄)ကြိမ် ပြည့်တဲ့အခါ လေကြောင့်တစ်ခါ ကမ္ဘာကြီး ပျက်ရပြန်တယ်။

ဒါကြောင့် ဒီကမ္ဘာကြီးဟာ မီးကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ ရေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ လေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်။

လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေရဲ့ သန္တာန်မှာ အားကြီး လာရင် ကမ္ဘာလောကကြီး အငတ်ဘေး ဆိုက်တယ်။

လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီး ပျက်စီး သွားရတယ်။ ကမ္ဘာဖျက်မီး လောင်ရင် မြေကြီးပါမကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်(၆)ထပ်၊ ဗြဟ္မာဘုံ(၂၀)ထဲက ပထမစျာန် ဗြဟ္မဘုံ (၃)ဘုံ ပါသွားတယ်။

🔥 မီးကြောင့် ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ရူပါ၀စရဗြဟ္မာ့ပြည်ထဲက ပထမစျာန် (၃)ဘုံအထိ အကုန်လုံး ပျက်ပါတယ်။

စိတ်ဆိုးတဲ့၊ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေဟာ လူသားရဲ့သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်။ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။

💧 ရေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပ္ပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမစျာန် ဗြဟ္မဘုံ(၃)ဘုံ ရူပါ၀စရဗြဟ္မာ့ပြည်ထဲက ဒုတိယစျာန်(၃)ဘုံအထိ အကုန်လုံး ပျက်တယ်။

ဒီထက် ဒေါသဓါတ်တွေ များလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေ လွှမ်းမိုးပြီး ပျက်စီး သွားရတယ်။

အမှန်ကို မသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေရဲ့ သန္တာန်မှာ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးတွေ ဆိုက်တယ်။ ကပ်ရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊

ဒီထက် မောဟဓါတ်တွေ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေ လွှမ်းမိုးပြီး ပျက်စီး သွားရပါတယ်။

💨 လေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမစျာန် ဗြဟ္မာဘုံ (၃)ဘုံ၊ ဒုတိယစျာန် ဗြဟ္မာဘုံ(၃)ဘုံ၊ တတိယစျာန် ဗြဟ္မာဘုံ (၃)ဘုံ ထိ ပျက်စီး သွားပါတယ်။

ချစ်သားရဟန်းတို့ …
အကြင်အခါ ကာလ၌ မဟာသမုဒ္ဒရာကြီးသည် ခန်းခြောက်၍ သွားပေ၏။ အထူးထူး, အပြားပြား ခန်းခြောက်၍ သွားပေမည်။ ထိုကဲ့သို့သော အချိန်အခါမျိုးသည် ကမ္ဘာပျက်ခါနီးပြီ ဆိုတဲ့ အချိန်ကာလတစ်ခုသို့ ဆိုက်ရောက်လာပြီ။

ဆိုကြစို့ ..
အလွန်ကြီးကျယ်နေတဲ့၊ ရေထုထည် များပြားနေတဲ့ မဟာ သမုဒ္ဒရာကြီးတွေဟာ နေတွေ (၁)စင်းပြီး (၁)စင်း၊ (၁)စင်းပြီး (၁)စင်း ထွက်လာသကဲ့သို့မှ နေ(၅)စင်းလောက် ထွက်လာသကဲ့သို့ ဆိုရင် မဟာသမုဒ္ဒရာရေတွေ အားလုံး ခန်းခြောက်သွားတယ်။ အဲဒီလို အချိန်အခါမျိုးဟာ တစ်ချိန်မှာ ကြုံကြ ရလိမ့်မယ်။

သံသရာခရီး မဆုံးသေးရင်တော့ မိမိတို့ကလည်း လူ့ဘ၀မှာပဲ တည်ရှိနေကြသေးတယ် ဆိုရင် ဒီဒုက္ခက မိမိတို့ ရင်ဆိုင် ကြရမည့် ဒုက္ခတစ်ခု ဖြစ်ပါတယ်။

နေ(၅)စင်း ထွက်လာသကဲ့သို့ကြောင့် မဟာသမုဒ္ဒရာရေတွေ ခန်းခြောက်သွားတဲ့ အချိန်အခါ ကာလတစ်ခု တစ်နေ့ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီ အချိန်အခါမျိုးမှာသော်လည်း အဝိဇ္ဇာ နီ၀ရဏတရားက ပိတ်ဖုံး၊ ကာဆီးထားအပ်တဲ့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာ၀ဋ်ဆင်းရဲ ဒုက္ခကြီးဟာ ကုန်ဆုံးသွားလိမ့်မယ် လို့ ငါဘုရား မဟောဘူး။

အဲဒီလို ကမ္ဘာကြီး ပျက်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်။ ( သံ၀ဋ္ဋကပ် = ပျက်ဆဲကပ်လို့ ခေါ်ဆိုပါတယ်၊ ပရမာဏုမြူခန့် အမှုန်ကလေးတွေတောင် မကျန်ရအောင် အားလုံး ပျက်သွားတယ်။ )

ပျက်သွားပြီးတဲ့အခါ ဘာမျှမရှိဘဲ လဟာပြင် အတိုင်း တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်။ သံ၀ဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်။ အပျက်အတိုင်း တည်နေတဲ့ ကပ်ပါ ပဲ။

တစ်ခါ ကမ္ဘာပြုမိုး ရွာတဲ့ အချိန်အခါက စပြီး နေ, လ, နက္ခတ်တာရာတွေ ထွက်လာတဲ့ အချိန်အထိ ကမ္ဘာကြီး တည်လာတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်၊ ဝိ၀ဋ္ဋကပ်လို့ ခေါ်တယ်။ ကမ္ဘာတည်နေဆဲ ကပ်ပါ ပဲ။

နေ, လ, နက္ခတ်တာရာတွေ ထွက်တဲ့ အချိန်အခါကစပြီး ကမ္ဘာကြီးပျက်တဲ့ အချိန်အထိ ကမ္ဘာကြီး တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ ကြာညောင်းပါတယ်၊ ဝိ၀ဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်။ တည်ပြီးအတိုင်း ဆက်လက် တည်ရှိနေတဲ့ ကပ်ပါပဲ။

ခုပြောခဲ့တဲ့ သံ၀ဋ္ဋ, သံ၀ဋ္ဋဌာယီ, ဝိ၀ဋ္ဋ, ဝိ၀ဋ္ဋဌာယီ လို့ ခေါ်တဲ့ ကပ်(၄)ကပ်ကို တစ်ကမ္ဘာလို့ ခေါ်ဆိုပါတယ်။

ဗြဟ္မာဘုံ ( ၁၁ )ဘုံ ကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။

ကမ္ဘာလောကမှာ သတ္တဝါတွေနဲ့ လူ, စဖြစ်တယ် ဆိုတာ အဲဒီ ကျန်ခဲ့တဲ့ ဗြဟ္မာဘုံ ( ၁၁ )ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့ သေပြီး သတ္တဝါတွေနဲ့ လူ့ဘ၀ ရောက်ရာကနေ စကြတာပါပဲ။

အကျဉ်းချုပ်လိုက်ရင်တော့ ဘာကြောင့် ကမ္ဘာ ပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ် လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါ ပဲ။ ဒါကြောင့် လောဘကုန်ဖို့အတွက် ဒါန များများပြု … ဘာ၀နာ ပွါးပါ … ဝိပဿနာတရား နာကြားပါ၊ ရှုပါ။

ဒေါသကုန်ဖို့ အတွက် မေတ္တာဘာ၀နာ အမြဲ ပွါးပါ။
မောဟကုန်ဖို့ အတွက် ရဟန္တာဖြစ်တဲ့ အထိ ဝိပဿနာတရားကို နာကြား ရှုပွါးပါ။ ❞

ဘယ် ဆက်ရမလဲ ?
~~~~~~~~~~~~~

အဝိဇ္ဇာနီ၀ရဏ ပိတ်ဖုံး ခံနေရတဲ့ သတ္တဝါတွေအဖို့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့ ဒီသတ္တဝါတွေအဖို့ ရှေ့သံသရာခရီးက ဆီးကြို နေပါတယ်။

❝ န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီ၀ရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာ၀တံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ၀ဒါမိ။ ❞ 🙏🙏🙏

❝ ဘိက္ခဝေ ချစ်သားရဟန်းတို့ ...

ထိုကဲ့သို့သော အချိန်ခါမျိုး၌ သော်လည်းပဲ အဝိဇ္ဇာ နီ၀ရဏတရားသည် ပိတ်ဖုံးကာဆီး အပ်ကုန်သည်ဖြစ်၍၊ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ် နှောင်ဖွဲ့ထားအပ်ကုန်သည် ဖြစ်သောကြောင့် ထိုဘ၀မှ ဤဘ၀, ဤဘ၀မှ ထိုဘ၀သို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော် ...

တစ်ခုသော ဘ၀၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော သတ္တဝါတို့၏ သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြား ပြုခြင်းကို ငါဘုရားသည် ဟောတော် မူသည်သာလျှင်တည်း။ ❞

Crd,

မေတ္တာဖြင့် -

#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731

Address

83*84
Mandalay

Website

Alerts

Be the first to know and let us send you an email when Tayar Dhamma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share