14/04/2025
အိမ်တစ်လုံးရဲ့မြန်မာအခေါ်အဝေါ်များ
ခေါက်လျောက် (Rafter Plate) "
အဆောက်အဦးတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းမျာ အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့း ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျေက် ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄" × ၂" ၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။
ဒိုင်း (Rafter) "
မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကို တော့ သိကြပြီးဖြစ်ပါလိမ့်မယ်။
မြင့်မိုရ်ပိတ် ( Gable Wall ) "
မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့ နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။
ထုပ် ( Tie Beam / Roof Tie )"
မြန်မာအခေါ်ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ် တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ် တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄" × ၂"၊ ၅" × ၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။
လျောက်(Wall Plate) "
လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထား အတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများ အားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင် အောင် ထားတဲ့ ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များ သောအားဖြင့် ၅"×၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လို တော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ် တယ်။
ယက်မ (Beam) " 11
ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မ တင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ယက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"×၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ် အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေ ထက်ပို မဝေးရဘူး။
ဆင့် (Joist) "
ယက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"x၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမ ညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁ဝ လက်မခြားထားလေ့ ရှိတယ်။
ခါးပန်း(Facia Board) "
ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ် တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia eaves board
မြှား (Purlin)"
ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အ စိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats) ခံ ပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃" × ၂"နဲ့ ၄" × ၂" တို့ကို ၃ ပေခွဲထက်မဝေး အောင် တင်ပေးရတယ်။
တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"x၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွ တ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်ပြီးထည့်ရတယ်။
မြှားတိုင် (King Post)
တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ် တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများ အားဖြင့် ၄"x၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။
အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်ပါတယ်။
Credit 💳 Original Writer