
28/03/2025
မန်ယူနည်းပြ အာမိုရင်မ်သည် ရပ်ရှ်ဖို့ဒ်၏နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ထရင်ကာအိုအား ခေါ်ယူပေးရန် အသင်းကိုတောင်း ဆိုထားသည်။အာမိုရင်မ်သည် အက်စတွန်ဗီလာအသင်းထံ အငှားချထားသည့် ရပ်ရှ်ဖို့ဒ်နှင့် ချယ်လ်ဆီးအသင်းထံ အငှားချထားသည့် ဆန်ချိုတို့ကို အသင်းသို့ ပြန်လည်ခေါ်ယူလိုခြင်း မရှိဘဲ အသင်း၏တောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ထရင်ကာအိုအား မျက်စီကျနေခြင်းဖြစ်သည်။ထရင်ကာအိုသည် စပို့တင်းလစ္စဘွန်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၉) ဂိုးသွင်းယူထားပြီး ဘယ်ညာတောင်ပံနှစ်ဖက်လုံးတွင် ကစားနိုင်သူဖြစ်သည်။ ထို့အတွက်ကြောင့် အာမိုရင်မ်က ၎င်းကို ခေါ်ယူရန် မန်ယူအသင်းတာဝန်ရှိသူများကို ပူဆာလျက်ရှိကြောင်းသိရသည်။
#ဂျိမ်းဖော၃၆၅
#အာမိုရင်မ်
#ထရင်ကာအို