Ko Mg Oo Jade

Ko Mg Oo Jade Jade

မီးဖြူ မီးဝါ နှစ်မျိုး အကြောင်း****************************မီးဖြူနဲ့မီးဝါကို ဘယ်အရောင်ကိုပိုသုံးသင့်လည်း မေးလာသော ကျောက်...
05/08/2024

မီးဖြူ မီးဝါ နှစ်မျိုး အကြောင်း
****************************
မီးဖြူနဲ့မီးဝါကို ဘယ်အရောင်ကိုပိုသုံးသင့်လည်း မေးလာသော ကျောက်စိမ်း ပညာ စတင် သင်ယူသူများအတွက် မီးဝါကိိုပို၍သုံးစေချင်ပါတယ်။

မှော်ထဲက ကျောက်ကြည့်ကျောက်ဝယ်အများစုကိုင်သောမီးရောင်မှာ မီးဝါဖြစ်ပါတယ်။

ကျောက်၏အတွင်းသား အခြေအနေကို မီးဝါနဲ့ဆုံးဖြတ်ရတာပိုအဆင်ပြေတယ်လို့ယူဆကြပါတယ်။

မီးဖြူက ကျောက်မကြည့်တတ်ကျောက်နားမလည်ရင် ကျောက်၏အလှအပကျောက်၏ကာလာများကို ပို၍လှပစေသောကြောင့် အာရုံတက် အာရုံ မှားတာဖြစ်တတ်ပါတယ်။

မီးဖြူနှင့်ကြည့်လို့အားသာချက်များမှာ

ကျောက်၏အတွင်းထဲကအနာ အမြှုပ်အဆံ အရည် ကြည့်တဲ့နေရာမှာမီးဝါထက်ပိုလွယ်ကူစေပါတယ်။

ဒါပေမယ့် မီးဖြူနှင့်ကြည့်တဲ့အခါအာရုံပိုတက်လှပစေသောကျောက်ကာလာကျောက်ပုံစံများမှာ

1။ချွမ်ရိပ်ပါသောချွမ်ကျောက်များ

2။ပဲရိပ်ပဲငွေ့ပါသော ပဲသားများ

3။ အစိမ်းခံပါသော ပန်း ပဲများ

4။လန့်ကာလာပါသော ကျောက်များ

5။ အရည်ပါသော ကျောက်များ

6။ အသားဆန်းကာလာစွဲများ

7။ ကာလာစွဲသော ကျောက်သားများ

8။ ခုန့်ကြာလု ခွမ့်ကြာလုများ

တို့ကို မီးဖြူနှင့်ကြည့်ပါက မီးဝါထက်ပိုသာခြင်း အလှအပဖြစ်စေခြင်းကြောင့် အရောင်းအဝယ် မှားတတ်ပါတယ်။

မီးဝါရဲ့ အားနည်းချက်က
1။ အဝါဆီ အဝါသားများ အဝါခွံ အဝါပေါက်များ

2။ ခုန့် ခွမ့် များ

3။ ကြက်သွေးခွံနီ နီရဲပေါက်များ

တို့ကို ကြည့်တဲ့အခါ မီးဖြူထက် ပိုလှပစေသောကြောင့် အရောင်းအဝယ်မှားတတ်ပါတယ်။

# # Original Crd

ကျောက်မိတ်ဆွေများ ပညာသင်များ အမေးများဆုံးမေးခွန်း၅ခုကိုဖြေပေးပါမည်။(၁) ယမ်းညက်ယမ်းမူန်ယမ်းကောင်းတိုင်းကျောက်သားကောင်းရပါ...
18/07/2024

ကျောက်မိတ်ဆွေများ ပညာသင်များ အမေးများဆုံးမေးခွန်း၅ခု
ကိုဖြေပေးပါမည်။
(၁) ယမ်းညက်ယမ်းမူန်ယမ်းကောင်းတိုင်းကျောက်သားကောင်းရပါသလား?

(၂)လုံးစွတ် ဂဲ ရေမဆေးဝယ်ရာမှာ အကာခံကျောက်ဖြစ်ဖို့ ဘယ်လိုအ
ချက်တွေ ကြည့်ဝယ်ရမလဲ?

(၃)အရည်ဝင်နိုင်တဲ့ အဂ်ါရပ်တွေက ဘာတွေလဲ?

(၄)ကျောက်သားကျဲခြင်း နုခြင်းကို လုံးစွတ်မှာ ဘယ်လိုသိနိုင်လဲ

(၅)လိုင်းပေါ်ကနေဝယ်ရင် ဘယ်လိုဝယ်သင့်လည်း?

ဖြေပေးပါမယ်။

၁ချက်က
ယမ်းညက် ယမ်းမူန့်ယမ်းကောင်းတိုင်း ကျောက်းသားကောင်းမရနိုင်ပါဘူး။
ယမ်းကောင်းရင်ကျောက်သားကောင်းမယ်ဆိုတာ မှန်ပါတယ်

အခွံပေါ်ကယမ်းက အတွင်းကျောက်သားကောင်းမကောင်း ကို
အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။

တခြားပညာရှင်တွေပြောသလို
ယမ်းကြမ်းရင် ကျောက်သားကြမ်းမယ်
ယမ်းညက်ရင် ကျောက်သားချောမယ် ကောင်းမယ်
ဆိုတာ မှန်ပါတယ်

ဒါပေမယ့်
ကျောက်တစ်လုံးက ယမ်းတွေမူန့်ညက်နေပြီး ယမ်းတွေ အသွားအလာ
မှန်နေပြီး ကျောက်သားမရတာ စျေးကွက်မရတွေ အများကြီးတွေရကြုံပါတယ်
ဖြတ်သူတိုင်းလည်းကြုံနေရပါတယ်

ယမ်းညက်ပြီးယမ်းကောင်းပြီး
ကျောက်သားမရတာ စျေးကွက်
မဝင်တာက
ကျောက်ရဲ့အခွံပေါ်မှာ ယမ်းကောင်းနေပေမယ့်
အခြားအဖျက်အဂါရပ်တွေ ပါနေလို့ပါ

ယမ်းကောင်းသော်လည်း
ကျောက်ပေါ်မှာ
အမြုတ်ဆံကြောများခြင်း
အနာအမျဥ်းများခြင်း
အခွံရောင်ရောစပ်ခြင်း
အခွံရောင်နုခြင်း
အခွံရောင်မညီခြင်း
အခွံရောင်မွဲခြောက်ခြင်း
မီးထိုးအခွံရောင်မညီညာခြင်း
ကွမ်းသွေးနီကျင်ကွက်များပါရှိခြင်း
ငချိတ် /ချင်း များစွာပါရှိခြင်း
မှဲ့ပြောက် မှဲ့ခြောက်ပါရှိခြင်း
ဖားဖြုတ်ဆံများပါခြင်း
ကျောက်ကြောထိုးခြင်း
အနာများခြင်း
ရိူ့နာများပါရှိခြင်း( ရိူ့နာကကြီးရင်အတွင်းမှာမြင်းမှီးရိုက်အနာများဖြစ်တတ်ပါတယ်) စကားချပ်
မောက်ကပ်မောက်စီး
ချော်ချော်စီးခြင်း
ကျောက်အထိုင် ပြားခြင်း လုံးဝန်းခြင်း
ထောင့်အနားများမပါရှိခြင်း

စသော စသော အဖျက်အဂါရပ်တွေ ပါရင်
ယမ်းကောင်းပေမယ့်လည်း ထိုအဖျက်အဂါရပ်တွေက ကျောက်သားအတွင်းထိ ဝင်ရောက်ပြီး ကျောက်သားကို ပျက်စေပါတယ်
ကျောက်သားအလှကိုဖျက်စီးတတ်ပါတယ်

ယမ်းကောင်းမျိုးရင့်လို့ ကျောက်သားတင်းပေမယ့်လည်း
ငချိတ် ချင်း ရိူ့ မှဲ့ အကြော အမြတ်ဆံ အနာများ
ဝင်ရောက်ခြင်းကြောင့် ကျောက်သားပျက်တတ်ပါတယ်။

ဥပမာပေးရရင်
ကိုဦး ကားတစ်စီးဝယ်ချင်တယ်😁 အဓိက ဘာတွေကြည့်ဝယ်ရမလဲ
မိတ်ဆွေတို့ ကိုမေးရင်
အင်ဂျင်ကောင်းတာ အသံငြိမ်တာ ကြည့်ဝယ်ကွာလို့ပြောကြလိမ့်မယ်
အင်ဂျင်းကောင်းတိုင်း ကားကောင်းတစီးရပြီလား😁😁😁

ဘီးတွေ ဘော်ဒီရုပ် တန်း.... စတာတွေပါကောင်းမှကားတစ်စီးကောင်းရမှာပါ။

ကျောက်တစ်လုံးဝယ်ရာမှာလည်း ယမ်းကောင်းတိုင်း
ကျောက်သားကောင်း မရနိုင်ပါဘူးလို့ ဖြေပရစေ။

ယမ်းလည်းကောင်းရမယ် အခွံညီညာရမယ်
အခွံရောင်ညီရမယ်
အထိုင် ဝိတ်ကောင်းရမယ်
အပေါ်မှာပြောခဲ့သော အဖျက်အဂါရပ်တွေ နည်းနိုင်သမျှ
နည်းတာ ကြည့်ဝယ်ရမယ်
အဖျက်အဂါရပ်တွေ မပါရင်တော့ အကောင်းဆုံးပေါ့
ဝယ်စျေးလည်းမြင့်လိမ့်မယ်😁😁😁

ကားတစ်စီးဝယ်သလိုပဲ အချက်အလက်တွေပြည့်စုံနေမှ
ကျောက်တစ်လုံးဝယ်တာကလည်း ကားဝယ်သလို
အချက်အလက်ကောင်းတွေပြည့်စုံမှ
ကျောက်ကောင်းရပါတယ်

နံပါတ်၂မေးခွန်း
အကာခံတဲ့ကျောက်ရအောင် ဘယ်အချက်တွေကြည့်ဝယ်ရမလဲ?
မှော်ကြာတွေ ပညာရှင်တွေ ပြောတဲ့စကားတစ်ခွန်းရှိပါတယ်

"ရေမဆေးကျောက်တွေ ဝယ်ဖြတ်လို့ အောင်နိုင်တာက
အကာမျိုးပဲတဲ့"

ဒါက ရန်ကုန် မန်လေး စကိုင်းစတဲ့ နယ်ဘက်တွေက
ရေမဆေး ပိသာချိန် အိတ် လော့ လုံးခြင်း ရွှေးချယ်ဝယ်ယူ
သူတွေမှာ
အောင်နိုင်တာက အကာမျိုးပဲ ဖြစ်တယ်လို့
မှော်ဆရာတွေ ပြောခဲ့ကြတာပါ
လက်တွေ့လည်း ဖြစ်နိုင်ပါတယ် ဖြစ်လည်းဖြစ်နေပါတယ်

"ရေမဆေးထဲက အောင်တာတဲ့ဆိုရင်ကြည့်လိုက်
အကာပါတယ်"

အကာခံထဲ့ကျောက် ပုံမှာကြည့်ပါ မသိသူတွေ
ဘေးပတ်ခြာလည်မှာ အတွင်းကကျောက်သားကောင်းကို
အကာပတ်လည် ခံနေတာကို ကာဖြူခံတယ်လို့ခေါ်ပါတယ်

အကာခံတဲ့ကျောက်တွေက ကျောက်သားကောင်းတယ်
အောင်တာများတယ် အောင်ဖို့များတယ်
ကျောက်သမားတော်တော်များများလည်း အကာခံရင်ကောင်းတာ
သိကြပါတယ်

ဒါကြောင့်အမေးများဆုံးမေးခွန်းက
ကာဖြူခံတဲ အကာခံတဲ့ ကျောက်ရအောင်
ဘယ်လိုကြည့်ဝယ်ရမလဲ ဆိုတဲ့မေးခွန်းကို ဖြေရရင်......

အကာခံတဲ့ကျောက်တွေက မီးထိုးမပေါက်ကြပါဘူး
မီးထိုးမပေါက်တိုင်းလည်း အကာခံတဲ့ကျောက် မဖြစ်ပါဘူး

ဒါဆိုဘယ်လိုဝယ်ရမလဲ?

များသောအားဖြင့် အကာခံတဲ့ကျောက်တွေက
ဝိတ်ကောင်းတယ် အလေးချိန်စီးတယ်
မျိုးတန်းကလည်း ရင့်တယ်
အခွံညီတယ်
အခွံရောင်လည်း ညီတာများတယ်
ယမ်းလည်းညီတယ် မူန်တယ် ညက်တယ်
အရည်ဝင်လည်း မန်းကပိနေတယ်
မန်းကို မမြင်ရဘူး
သေခြာတအားဆေးကြည့်မှ မန်းက မထင်မရှားလေးမြင်ရတယ်

ဖြတ်ပြီးမှ အကာခံလို့ အရည်ဝင်မှ
အခွံပြန်ဆေးမန်းရှာရတာ များတယ်

ဆေးပြီးဖြတ်မဟုတ်တော့ဘူး😁😁
ဖြတ်ပြီးမှ မန်းပြန်ရှာဖို့ဆေးရတာများတယ်
အကာခံကျောက်တွေက။

အကာခံတတ်သောကျောက်တွေရဲအထိုင်က ထူးခြားတယ်
အောက်ဘက် ကျောက်အထိုင်က ပိုကျယ်ပြီး ပိုကြီးတယ်
အပေါ်ဘက်ခေါင်းဆီ မသိမသာ ကျောက်ပြင်ကျဥ်းသွားတယ်

ဝိတ်အလေးချိန်လည်းကောင်း အထိုင်ကြီး အထိုင်ဒေါင့် အနားတွေကောင်းပြီး ယမ်းလည်းလှ အခွံလည်းညီ ခွံရောင်လည်းညီ
မေးခွန်း၁က ပြောခဲ့သော အဖျက်အဂါရပ်တွေလည်း မပါ
မီးထိုးလည်း မပေါက် ပြချက်လည်း မကောင်းပေ့မယ့်
အကာခံပြီး ကျောက်ကောင်းရနိုင်ပါတယ်

မိတ်ဆွေတို့က ပြန်မေးလိမ့်မယ်
ဒါဆိုကိုဦးရေ မီးထိုးမပေါက်တာဝယ်ရမှာလားလို့😁
😁😁

ဒါက မီးထိုးလည်းမပေါက် ဝိတ်ကောင်း ယမ်းကောင်း
ကျောက်အထိုင်ကောင်း အခွံညီ အခွံကောင်း
တွေ ရွှေးပြီး ရေမဆေးဝယ်တတ်ဖို့ပြောတာပါ။

အကာခံကျောက်တွေမှာ မီးပေါက် မန်းမြင် ပန်းမြင်
ယမ်း အခွံ ကောင်းနေ ရင်လည်း ရေမဆေးလော့ ပိတ်သာချိန်ထဲ ရောက်လာပါ့မလား😁😁😁😁

ရေမဆေးဝယ်လို့ အောင်နိုင်တာက များသောအားဖြင့် အကာမျိုး
အကာခံကျောက်ဖြစ်လို့ ပြောပြတာပါ

ကုဏီ္မကျောက်တွေစစ်တာက မီးပေါက်အား မီးထောက်အား
အပြင်ပြချက် မန်း ယမ်းတွေ ကိုပဲ ဦးစားပေးစစ်ဆေးယူတာပါ
မီးမပေါက် ပြချက်အပြင်မှာ မတွေ့ရင်
နယ်ပို့ ချိတ်ပိတ်အိပ် လုပ်ပစ်တာမို့ ပြောပြတာပါ
မီးထိုးမပေါက်လို့ ဝိတ် အထိုင် အခွံ ယမ်း
ချော် ကောင်းနေတာတွေကို ရေမဆေးဝယ်ဖို့ သွားရွှေးတဲ့အခါမှာ
ဝယ်တတ်ဖို့ပြောတာပါ

မီးထိုးမပေါက်လည်း ကျောက်ကအထိုင်လှ
ဝိတ်ကောင်းနေလို့ စျေးသင့်ရင် ဝယ်ပါ
လက်ထဲ ချိန်ဆကြည့်ပြီး ခေါင်းက စဥ်းစားပါ

သူများဝယ်တာကြည့် လျောက်ကောက်ထည့် တပိသာပြည့်
ပြီးရော့ဝယ်နေရင်တော့
အိမ်နောက်ဘေးမှာ နေရာကျယ်ကျယ်လေး ရှင်းထားပေတော့
ပုံထားရအောင်လို့😁😁😁😁

ကျောက်က အများကြီးဝယ်စရာမလိုဘူး
တစ်လုံးကောင်းရအောင် ပတ်ရွှေး မရမဝယ်နဲ့😁😁😁
ပြောခဲ့ကွာ ကိုဦး ရွှေးခိုင်းလို့လို့😁😁😁😁
မကြိုက်သေး နောက်ထပ်ရောက်မှ လာကြည့်အုံးမယ်လို့😁😁
ရိုက်လွတ် လည်းခံလိုက်😁😁😁😁

ကျောက်တစ်လုံးဝယ်ရင် ကားတစ်စီးဝယ်သလို
အဖက်ဖက်က အပစ်အနာအဆာ ကောင်းသောအချက်တွေ
ကြည့်ဝယ်ပါ

နောက်ထပ် မေးခွန်း၃ခု ကိုတော့
ရေးရတာပြင်းလို့ မရေးသေးဘူး😁😁😁😁
စာရေးရတာ ဝါသနာကမပါဘူး
ပုံများကိုကူးယူဖေါ်ပြသည်။😁😁😁
Crd

ကျောက်မျိုးတန်း 8 ချက်1 အထိုင်    ထောင့်နားတွေ ပါရမယ်    ထောင့်ကျရမယ်2.ချော်    ချော်ပါးရမယ်    ချော်ပါးပြီး စီးကပ်နေရင်...
27/06/2024

ကျောက်မျိုးတန်း 8 ချက်
1 အထိုင်
ထောင့်နားတွေ ပါရမယ်
ထောင့်ကျရမယ်
2.ချော်
ချော်ပါးရမယ်
ချော်ပါးပြီး စီးကပ်နေရင်
မကောင်း
ချော်ပါးပြီး ရွရမယ်
ကျွပ်ရမယ်
3.ဝိတ်ပိဿာ
ကျောက်တစ်လုံး ကြည့်လို့
ကိုယ်က တစ်လောက်မှန်း
လိုက်ပြီး ကိုင်ပြီး ဝိတ်ဆကြည့်
လို့ မရှိလောက်ဘူးထင်ရင်
မကောင်းနိုင်
4.ယမ်း
ယမ်းချောင်း ခါးအောက် ခါး
ယမ်းလုံး ခါး ခါးသန်
ယမ်းညက် ခါးသန်
ယမ်းပျောက် ခါးသန်သန်
5.ရောင်ကာလာ
ကျောက်တစ်လုံးရဲ့
အခွံကာလာ တစ်နေရာမှ မကွက်
ပဲ ညီနေရမယ်
မညီရင် မကောင်းနိုင်
6.ကျောက်ကြော တင်းမတင်း
အခွံကာလာ စိုစွတ်မူ့ကို ကြည့်ရ
မယ်
7.ယမ်းလင်းအား
ယမ်းရဲ့ တောက်ပမူ့ လင်းအား ရှိ
ရမယ်
8.ယမ်း ခိုင်
ကျောက်တစ်လုံးပေါ်က ယမ်း
လေးတွေကို လက်နဲ့ ပွတ်ကြည့်ရ
မယ်
ပွတ်ကြည့်လို့ ကြွေလာရင် မ
ကောင်းနိုင်
မျိုးတန်း 8 ချက်စလုံး ပြည့်စုံနေမှ ကျောက်ကောင်းရမယ်
တစ်ချက်လောက် ချို့ယွင်းရင် ကျောက်ကောင်းမရနိုင်ပါ

crd

 #ကျောက်စိမ်းလောက ဆင်ခြင်စရာတစ်ချို့ ၁။ပြချက်ပြာလျှင်ဝါလိမ့်နိုးနိုး   စိတ်စိုးမိုးလျှက်လောဘတက်ပြီး  မခေါင်းနှင့်။ဆန်လား...
16/06/2024

#ကျောက်စိမ်းလောက ဆင်ခြင်စရာတစ်ချို့ ၁။

ပြချက်ပြာလျှင်
ဝါလိမ့်နိုးနိုး စိတ်စိုးမိုးလျှက်
လောဘတက်ပြီး မခေါင်းနှင့်။

ဆန်လား ယမ်းလား မကွဲပြားဘဲ
ပွင့်အား ခုံမင် ပယ်သာမြင်လျှက်
ဘဝင်မြင့်ပြီး မခေါင်းနှင့်။

အခွံ တင်း ခြောက် ဆန်ယမ်းနှောက်သော်
ထိုကျောက်သားလန် အရည်ကန်နိုး
မီးပြင်းထိုးပြီး မခေါင်းနှင့်။

အမျိုးနုမှာ
ဆွေးလုအရည် ပဲအရည်ဟု
အရည်လှပ မြင်နေရလည်း
လောဘတက်ပြီး မခေါင်းနှင့်။

။ကျောက်စိမ်းလောက ဆင်ခြင်စရာတစ်ချို့ ၂။

ယမ်းပြောက် တီ ထင်
ပီတိဝင်သော်
ဖြတ်လျှင် အရည်ဟာတတ်၏။

အရည် မန်းထင်
ပီတိဝင်သော်
ဖြတ်လျှင် အရည်ကျဲတတ်၏။

ကောက်လျော့ကိုမြင်
စိုက်မည်ထင်သော်
ဖြတ်လျှင် ပယ်ထုကျတတ်၏။

အနာကိုတွက်
ယို့ မတွက်သော်
မှန်းချက်မကိုက် ဖြစ်တတ်၏။

နေရည် မီးရည်
စိတ်မှာတည်သော်
လန့်ဆီ ယိုင်ကာ ငိုတ်တတ်၏။

ကျောက်ကိုသာ ခေါင်း
လူ မခေါင်းသော်
စျေးကောင်းပေးကာ မြောက်တတ်၏။

မူရင်းpost
Crd
Like & follow

"ကျောက်စိမ်းလုံးစွတ် အခွံ ပေါ်တွင်မြင်နိုင်သည့်အရာများ"ယမ်း ၊ မန်း ၊ အေပြး ၊ ရွို ၊ ကြိုး ၊ အကြော ၊ ရှင်း မြင်းမီးရိုက် ...
01/06/2024

"ကျောက်စိမ်းလုံးစွတ် အခွံ ပေါ်တွင်မြင်နိုင်သည့်အရာများ"

ယမ်း ၊ မန်း ၊ အေပြး ၊ ရွို ၊ ကြိုး ၊ အကြော ၊ ရှင်း
မြင်းမီးရိုက် ၊ ပတ်သေး ၊ ပတ်ကြောင်း....

အခွံပေါ်ရှိထင်ရှားစွာရှိနေသောအရာများဖြစ်သည်။

၎င်းတို့သည်ကျောက်စိမ်းရိုင်းတုံး၏အတွင်းရှိအနေ
အထားကိုဖော်ညွှန်းနေကြသည်။

ယမ်း
******
ကျောက်စိမ်းအခွံတွင်ကပ်ငြိတည်ရှိနေသောအရာ
များဖြစ်သည်။

~အချို့ကြီး၍အချို့ကသေးသည်။
~အရောင်လက်လက်ရှိသည်။
~အလင်းရောင်တွင်ပို၍ထင်ရှားသည်။

~ယမ်းအမျိုးမျိုး အခေါ်အမျိုးမျိုးရှိသည်။
အဓိကအားဖြင့်(၃)မျိုးရှိသည်။
၁ ။ ယမ်းလုံး
၂ ။ ယမ်းရှည်
၃ ။ ယမ်းပြား
၄ ။ ယင်ထောင်ယမ်း
၅ ။မာယား

(၁) ယမ်းလုံး
***********
~လုံးနေသည့်သဏ္ဍာန်"အရည်"ကိုအားပေးသည်။
~ဆားပွင့်၊သကြားပွင့်များ ကပ်နေသကဲ့သို့ရှိသည်။

(၂)ယမ်းရှည်
***********
~အပ်ချောင်းကဲ့သို့၊အချိုမှုန့်ရှည်ရှည်ကဲ့သို့စွဲကပ်နေ
~"အသား"ကိုအားပေးသည်။

(၃)ယမ်းပြား
**********
~လကြေးအပိုင်းအစလေးများကပ်နေသကဲ့သို့
ရှိ၏။
~"အသား" အရည်"ကိုပျက်စေသည်။

(၄)ရင်ထောင်ယမ်း
***************
~ယမ်းပြားကြီးလျှင်(ရင်ထောင်ယမ်း)ဟုခေါ်သည်။
ရင်ထောင်ရှိလျှင်"ကျောက်ပျက်"သည်။
~ပုံသဏ္ဍာန်မှာ"အချိုမှုန့်"နှင့်တူ၏။

၅ ။ မာယား
**********
~ရင်ထောင်ထက်ပို၍အပြားကြီးသော "ယမ်း"
ကျောက်စိမ်းတစ်မျိုးဖြစ်သည်။
~"အသား"ကိုဖျက်သည်။အသားထိ"ယမ်း"စွဲစေသည်။
~ရင်ထောင်ယမ်းထက်ပိုကြီးကြီးလျှင်(မာယား)ဟု
ခေါ်သည်။
~ကျောက်ကို"ပ်က္စီး"စေရာတွင် ၁၀၀/ံ့ဖြစ်သည်။
~"မာယား"ပါသောကျောက်တွင်"အရည်ပွင့်"သည့်
တိုင်မကောင်း။(အရောင်တင်မရပါ။)
( ကျောက်ပြား ၊ မာယား ဝယ်မထားနှင့်။)
~~~~~~~~~~~~~~~~~~~~~~~~~~~
မန်း အမျိုးမျိုး
*************
~ဗျိုးချေးမန်း
~ကွမ်းသွေးမန်း
~မန်းမှန်ဖောက်
~ခြစားမန်း
~မန်းငုတ်
~မန်းတက်
~မန်ဖူး
~မန်းကွက်
~မန်းကြောင်း
~မန်းဖြူ
~ကြက်ဆိတ်မန်း
~အဝါမန်း...စသည်များ
ကျောက်စိမ်းအခွံတွင်စွဲနေသော"အကွက်အစွန်း"
တစ်မျိုးဖြစ်သည်။

ဗျိုင်းချေးမန်း
***********
~ဥဗျိုင်းမစင်စွန့်ထားသကဲ့သို့အဖြူအကွက်များ
ပြန့်ကျဲနေသည်။

ကွမ်းသွေးမန်း
************
~ကွမ်းသွးထွေးထားဘိကဲ့သို့အနီကွက်များပြန့်ကျဲ
နေသည်။
~"အသား "အရည်"ပျက်မည်။(ရှောင်ရာ၏)

မန်းမှန်ဖောက်
************
~မှန်ဖောက်ပါလျှင်"အရည်"ကောင်းသည်။
~မန်းကြိုးကြောင်းပေါ်တွင်"အစိမ်းရောင်"အနည်း
ငယ်ရှိလျှင်"အောင်ကျောက်"ဖြစ်မည်။

ခြစားမန်း
********
"ခြစား"ဘိကဲ့သို့ရှိသည်။
များသောအားဖြင့်"အခြံ ညို"သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
အပွေး
******
သစ်ပင်တွင်"အေပြး"ရွိဘိသို့ ကျောက်စိမ်းတုံးတွင်
စွဲထင်နေသည်။
"အပွေးမြင် အပင်သိ" ဆိုဘိသို့ကျောက်မှ"အေပြး"
ကိုကြည့်၍ "အတွင်း"သဘောကိုတွက်ဆနိုင်သည်။
"မန်း"နှင့်"အေပြး"ကိုခွဲခြားသိရန်အထူးလိုအပ်သည်။
"အေပြး"၏သဏ္ဍာန်မှာသစ်ပင်၏"အေပြး"ကဲ့သို့ပင်။
အချို့"အေပြး"မှာသစ်ပွေးအတိုင်းအကွက်အကွက်
တွေရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ရှို
***
ကျောက်စိမ်း"အခြံ"တွင်ထင်ရှားစွာရှိနေသည့်
"အက်ကြောင်း"ဖြစ်သည်။
"ရွို"သည်အတွင်းသို့စိုက်လေ့ရှိသည်။
"ရွို"တလျှောက်ရေစိမ့်ဝင်ပြီး"အသား"နှင့်"အရည်"
ကိုဖျက်သည်။
"ရွို"ခံနေလျှင် "အရည်"မကူးပါ။(ရှောင်ရာ၏။)
("ရွို"၏ သဘာဝမွာ"အခြံ"တွင် ရေးရေးမျှ
"အက်ကြောင်း"ရှိရုံမျှပင် အတွင်းသို့လှိုက်၍
စိုက်ဝင်တတ်သည်။
(မှတ်ချက်)
"ရွို"သည် "အရည်"ကိုဖျက်သည်ပျက်သည်ဟု
ဆိုငြား "အတွင်းစိုက်ရှို"ဟုတ်မဟုတ်"သတိထားပါ"
~~~~~~~~~~~~~~~~~~~~~~~~~~~
ကြိုး
*****
~အသားတွင်"အရည်"ရှိသဖြင့်"အခြံ" သို့ အန်ထွက်
လာသော"ပြချက်"ပင်ဖြစ်သည်။
~၎င်းသည်"အခြံ"တွင် ကြိုးဖော်တန်းထားဘိကဲသို့
ရှိသည်။
~"ကြိုး"မွာ အခွံကိုပတ်၍တည်နေလျှင်"ပတ်ကြိုး"
ဟုခေါ်သည်။
~လမ်းသွားသကဲ့သို့ရှိလျှင်"ပက်ကျိကြိုး"ဟုခေါ်သည်
~ခေါင်းပေါင်းစထောင်နေဘိသကဲ့သို့ရှိလျှင်
"ခေါင်းပေါင်းစကြိုး"ဟုခေါ်သည်။
~ကြိုးမြင်လျှင် "အရည်"ရှိပြီဟုသိရာ၏။
(မှတ်ချက်)
~ပန်းကြိုး ပန်းပြတ်(တဆက်တည်းမို့မို့မောက်မောက်ပြမထားလျှင်)သတိထားပါ။
~ပန်းပွင့်များပြန့်ကျဲနေသလို"အစိမ်းရည်"ကိုဆိုလို။
~~~~~~~~~~~~~~~~~~~~~~~~~~~
အကြော
*******
~ကျောက်ရင့်လျှင်"အခြံ"တွင်"အကြော"ပြိုင်းပြိုင်း
ထနေသည်။
~"အသား"ကိုဖြစ်စေ"အရည်" ကိုဖြစ်စေအား ပေး၏။
~အကြောအောက်တွင်"အရည်"ခိုလေ့ရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ရှင်း
*****
~အခွံတွင်စွဲကပ်နေသည့်အရာဖြစ်သည်။
~"အေပြး" "မန်း" တို့နှင့်မတူပါ။
~အခွံအသားတွင် ဇဝက်သာပုံမျိုး အချောင်းစိုက်ပြီး"ညို ပြာ မည်းနက်"အဆင်းရှိသည်။

(၁) စိုက်ရှင်း
(၂) ကပ်ရှင်း
(၃) စားရှင်း
(၄) ရှင်းစိမ်း
(၅) ရှင်းမည်း
(၆)ရှင်းဂျာလု

(၁) စိုက်ရှင်း
**********
အတွင်းအသားတိုင်စိုက်ဆင်းသွားသော"ရှင်း"သည် ကျောက်စိမ်း"အရည်အသား"ကိုပျက်စီးစေသည်။

(၂) ကပ်ရှင်း
**********
~အပေါ်ယံတွင်သာလွှမ်းဖွဲ့နေသည်။
~"အရည်" "အသား" ကိုအားပေးသည်။

(၃) စားရှင်း
**********
~ယမ်းများနှင့်ရောနေပြီး"အရည်"မွာ"ဟောက်" နေသည်။
~"အခြံ" "အသား" "အရည်"တို့ကိုစားပစ်သည့်
"အဖ်က်သမား"ဖြစ်သည်။

(၄)ရှင်းစိမ်း(ဝက်မှင်)
*****************
~"ဝက်မှင်"ဟုလည်းခေါ်သည်။
~၎င်းမှပို၍ကြီးလျှင်(ခိ)ဟုခေါ်သည်။
~"အရည်စွဲ"သည့်အပေါ်တွင်ကပ်နေပြီး"မှတ်"ပေး
လိုက်လျှင်ပျောက်သွားသည်။
~ရှင်း၏အောက်တွင် "အရည်ခံ"ရှိသဖြင့်"ရှင်း"၏
အရောင်မှာ"စိမ်း မည်း ဝါ"ဘက်သို့တိမ်းနေသည်။
~အချို့"ရှင်းစိမ်း"မှာအပေါ်ယံတွင်သာရှိသဖြင့်ပွတ်
ကြည့်ရုံမျှဖြင့်"အရည်ကောင်း"များပေါ်လာသည်။

(၅)ရှင်းမည်း
~~~~~~~
~"မာယား" နှင့် တွဲဖက်နေသည်။
~မည်းနက်ပြီး နှံ့ပြန့်နေလေ့ရှိသည်။
~"အရည်အသား"ကိုပျက်စီးစေ၏။
~"ဝက်မှင်"ခေါ် ခိုများသည်လည်း ၎င်းကဲ့သို့ပင် "အရည်"ပျက်စေသဖြင့်သဘောချင်းတူ၏။

(၆) ရှင့်ဂျာလု
~~~~~~~~
~"ရှင်းစိမ်း ရှင်းမည်း" အကြားတွင် "အစိမ်းရည်"
စွဲနေခြင်းကို တရုတ်စကားဖြင့်ခေါ်သည်။
~(ရှင့် = ရှင်း ၊ ဂ်ာ= အိမ် ၊ လု= အစိမ်း)ရှင်းအိမ်တွင်စွဲကပ်နေသော"အစိမ်းရည်"
~ရှင်းအောက် မြခိုဟု စာဆိုရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်းမြီးရိုက်
~~~~~~~
~မြင်း၏အမြီးဖွားကဲ့သို့ အစိတ်စိတ် အမြွှာမြွှာသော"ရွို"များကိုခေါ်သည်။

ပတ်သေး ၊ ပတ်ကြောင်း
********************
~အက်ကြောင်းများကို" ပတ်သေး ၊ ပတ်ကြောင်း"
ဟုလည်းခေါ်သည်။
~"အသားနှင့်အရည်"ကိုပျက်စေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ထုံ
~~~
~"အခြံ" မည်းနက်သည့်"ကျောက်စိမ်း"
ကျောက်မီးသွေးနှင့်ဆင်ဆင်တူသည်။

(က)ထုံရှင်
~~~~~~
~"ထုံ"တွင်"အရည်"စွဲပြီး ကြည်လင်ရွှင်နေသည်။
~(အရောင်တင်မရ ၊ ရသည့်ပစ္စည်းလည်းရှိ)

(ခ)ထုံသေ
~~~~~~
~"အရည်"စွဲပြီးအရောင်သေနေသည်။
~"ထုံရှင် ထုံသေ"ကို ထင်သား အဓိကဆုံးဖြတ်ရသည်အရောင်(လုံးဝ)တင်မရ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ထည်လုံးစိမ်း (ထုံကုန်း)
***********
~တစ်တုံးလုံးစိမ်းနေသည့်ကျောက်ကိုခေါ်သည်။

ကျောက်စိမ်းရိုင်းတုံး၏"အခြံ" " ပြင်ပအင်္ဂါရပ်များ"
နှင့် သင်္ကေတလက္ခဏာများအကြောင်းကိုခန့်မှန်း
ရန်နားလည်သဘောပေါက်ကြမည်ဟုထင်မြင်ယူဆ
မိပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

လူကဲခတ်ရာတွင်လည်းထိုနည်းအတိုင်းပင်။
ဦးစွာလူတစ်ယောက်ရဲ့ပြင်ပ"ဥပတိရုပ်"ကိုကြည့်ကြသည်မဟုတ်ပါလား။

~ရုပ်ရည် (သန့်မသန့် ၊ ချောမချော)
~ အသားအရည်(ဖြူ၊မည်း၊ညို၊ နီ)
~အရပ် (တို၊ ရှည် ၊လတ်)
~မျက်နှာပေါက်အနေအထား(ဝိုင်း၊ချွန်၊လေးဒေါင့်)
~ဆံပင် အရောင် (နက်၊ ဖြူ၊ နီ ၊ကြောင်ကြား)
~ခန္ဓာကိုယ် (ပိန် ၊ ဝ ၊ ပုံမှန်)
~ခန္ဓာကိုယ်အချိုးအစား(ကိုယ်လုံးကိုယ်ပေါက်)
~ခြေ ၊ လက်အင်္ဂါ ( စုံမစုံ ၊သန်မသန် )
~မ်က္လုံး၊မ်က္ခုံး ( စောင်းမစောင်း ၊မြင်မမြင်)
~နှုတ်ခမ်း (ကြဲ ၊ မကြဲ )
~စကား (ပီ ၊မပီ၊ ပြောတတ် ၊ မပြောတတ်)
~နား (ကြားမကြား)
~နှာခေါင်း (အနံ့ရ ၊ မရ)
~ ကိုယ်လက်လှုပ်ရှားသွားလာပုံ(နေထိုင်ပုံဟန်)
~စကားပြောဆိုပုံ ( ယဉ်ကျေးမှု ၊ ရိုင်းပြ မွု)
~ဝတ်စားဆင်ယင်ပုံ ( သပ်ယပ်မှု ရွိ မရွိ)
~ပစ္စည်းဥစ္စာ ( ပြည့်စုံ ၊မပြည့်စုံ) စသည်တို့သည်
အပြင်ပန်းအလွယ်တကူသိမြင်နိုင်ငြားသော်လည်း

လူ့တွေရဲ့အတွင်းသဘောထားများဖြစ်ကြသည့်
~စိတ်နေစိတ်ထား (ကောင်း ၊ မကောင်း)
~စာရိတ္တ ၊ကိုယ်ကျင့်သိက္ခာ(ကောင်း ၊ မကောင်း)
~အသိဥာဏ် ပညာ အရည်အချင်း စသည့်အတွင်း
သေဘာမ်ားကိုကား ခန့်မှန့်ရန်မလွယ်ကူပေ။
~အနီးကပ်ထိတွေ့ပေါင်းသင်းဆက်ဆံကြည့်မှသာ
လျှင်အလွယ်တကူသိလာကြရပေမည်။

စိန်ကဲ၊ ကျောက်ကဲထက် လူကဲခတ်ရန်ခက်သည်ဟု
ဆိုပင်သော်ငြားလည်း "ကျောက်စိမ်းရိုင်းတစ်တုံး"
ကို"အကဲဖြတ်"ဆုံးရန်ကားပို၍ပင်ခက်ခဲလိမ့်ဟုထင်မြင်ယူဆပါသည်။
သို့ပါသော်ငြားလေ့လာသင်ကာ ထိတွေ့များလာ
လွယ်ကူလာမှာအမှန်ပါ

ဆက်လက်ဖော်ပြပေးပါဦးမည်။

Credit မူရင်း & Photo.

ရှေးစီနီယာဆရာကြီးများဆိုရိုး ၃ ချက်၁။   ။ပေါလိမှာ ကာလာ၂။   ။အဆန်းမှာ ပန်းကြား၃။   ။အရည်မှာ ခါးသန်ပေါလိသားမှာ ကျောက်အောင်...
25/05/2024

ရှေးစီနီယာဆရာကြီးများဆိုရိုး ၃ ချက်
၁။ ။ပေါလိမှာ ကာလာ
၂။ ။အဆန်းမှာ ပန်းကြား
၃။ ။အရည်မှာ ခါးသန်
ပေါလိသားမှာ ကျောက်အောင်လာပီဆိုရင် အရည်ဝင်လာပါက ဘာရည် ဘယ်ကာလာပဲဝင်ဝင် ကာလာငွေ့ငွေ့ပဲ ဝင်တတ်ပါတယ် ၁၅ ပြား
ပြား ၂၀ ရည်ထက်မပို။

၂။ ။အဆန်းမှာပန်းကြား အသားဆန်းဆို ပန်းပါမှ စျေးကောင်းပိုရတာကိုဆိုတယ်။

၃။ ။ အရည်အောင်တဲ့ကျောက်တွေမှာကြတော့ အသားတန်းမှာ ခါးသန် တွေပဲများတာဆိုပါတယ်
ခုအခေါ်နဲ့ဆို ၆-၇-၇ခွဲပေါ့။

crd.

ကျောက်စိမ်းအရိုင်း(ဖြတ်သား)များကိုအရည်အသွေးခွဲခြားရာတွင်အတွင်းပိုင်းရှိကျောက်သား အနေအထား၊ အရောင်အသွေးပါဝင်မှုနှင့် အပြစ်...
22/05/2024

ကျောက်စိမ်းအရိုင်း(ဖြတ်သား)များကိုအရည်အသွေးခွဲခြားရာတွင်အတွင်းပိုင်းရှိကျောက်သား အနေအထား၊ အရောင်အသွေးပါဝင်မှုနှင့် အပြစ်အနာတို့ကို အလွယ်တကူ စစ်ဆေးကြည့်ရှုရပါသည်။ ဖြတ်တောက်ပြီး၍ ကျောက်စိမ်းရိုင်းအတွင်းသားကို တွေ့မြင်ရသဖြင့် မျက်မြင်အနေအထားအတိုင်း အရည်ကျောက်၊ အထည် ကျောက်၊ အသားကျောက်ကို အခက်အခဲမရှိ ခွဲခြားသတ်မှတ်နိုင်ပါသည်။ သို့သော် တွေ့မြင်ရသည့် ဖြတ်သား မျက်နှာပြင်ပေါ်ရှိ အချက်အလက်များအား မူတည်၍ အမျိုးအစား၊ အရည် အသွေးခွဲခြားသတ်မှတ်ခြင်းသည် ဖြတ်သားမျက်နှာပြင်ပေါ်တွင်သာ မှန်ကန်မှုရှိပြီး ကျောက်စိမ်းအရိုင်းတုံး၏ ကျန်ရှိနေသည့် အတွင်းသားပိုင်းနှင့် အကာပိုင်းတွင် ပြောင်းလဲမှုရှိနိုင်ပါသည်။ ဖြတ်သားပေါ်တွင် အရည်ပါဝင်မှုရှိသော်လည်း အထဲအထိ ဝင်ရောက်မှု မရှိသည့် ကျောက်စိမ်းရိုင်းများရှိသကဲ့သို့ဖြတ်သားပေါ်တွင် အစိမ်းရောင်အစက်အပြောက်မျှသာပါဝင်သော်လည်း ၎င်း၏အတွင်းပိုင်းအထိ အရည်စွဲဝင်မှုရှိသည့် ကျောက်စိမ်းရိုင်းဖြတ်သားများလည်း တွေ့ရှိရတတ်ပါသည်။ တွေ့မြင်နေသည့် ဖြတ်သား၏ ကျောက်သားအနေအထားအရ အသားကျောက်သတ်မှတ်ထားသည့် ဖြတ်သား များ ထပ်မံဖြတ်တောက်ပြီးပါကအရည်စွဲဝင်မှုရှိကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ ကျောက်စိမ်းအရိုင်းဖြတ်သား များကို အရည်အသွေးသတ်မှတ်ရာတွင် အတွေ့အကြုံကို အခြေခံ၍ ဖြတ်သားမျက်နှာပြင်နှင့် အခွံအနေအထား၊ ကျောက်သားဖွဲ့စည်းပုံ၊ အနာအဆာများကို သေချာစွာကြည့်ရှုစစ်ဆေး၍ အရည်အသွေးခွဲခြား သတ်မှတ် ရပါသည်။

ကျောက်စိမ်းရိုင်း ဖြတ်သားများကို အရောင်ပါဝင်မှု(Colour)၊ ဖွဲ့သား(သို့မဟုတ်) ကျောက်သားဖွဲ့စည်းပုံ အနေအထား(Fine, Medium, Coarse grain, Texture)၊ အလင်းပေါက်မှုအတိုင်းအတာ(Transparency)ကို အခြေခံကာအပြစ်အနာ(Flaw)၊ အချောထည်ထုတ်လုပ်နိုင်မှု(Finished Product)၊ အရည်စွဲဝင်မှုအတိုင်းအတာ တို့ကို တွက်ချက်၍ အရည်ကျောက်(Imperial Jade)၊ အထည်ကျောက်(Commercial Jade)၊ အသားကျောက် (Utility Jade)ဟူ၍ (၃)မျိုး သတ်မှတ်ပါသည်-

(က) အရည်ကျောက် (Imperial Jade)။ ကြည်လင်သော(သို့မဟုတ်)အသင့်အတင့် ကြည်လင် သော၊ ဖွဲ့သားညက်သော ကျောက်သားတွင် အဝါရိပ်နှင့် အပြာရိပ်အနည်းငယ်သာပါဝင်သော အစိမ်းရောင်အရည်သည်ပိပိခဲခဲစွဲဝင်နေခြင်း၊ စွဲဝင်နေသောအပိုင်းသည် အနည်းဆုံး(၁၀)ကရက် အရွယ်လုံးချောစေ့ထုတ်ယူနိုင်ပြီးအရည်စွဲဝင်မှုအတိုင်းအတာသည် (1.51.51.5)cmရှိခြင်း စသည့်အချက်များနှင့်ပြည့်စုံပါက အရည်ကျောက်သတ်မှတ်ပါသည်။ ပါဝင်သော အစိမ်းရောင် အမျိုးအစားကိုမူတည်၍ အရည်ကျောက်ကို အောက်ပါအတိုင်း(၇)မျိုးခွဲခြားထားပါသည်-

(၁) စိမ်းဝါပြာ(လန့်လုဆွေး)

(၂) စိမ်းပြာနုဝါ(လန့်လုကြီး)

(၃) စိမ်းပြာဝါ(လန့်လု)

(၄) စိမ်းဝါရင့်(ဆွေးလုကြီး)

(၅) စိမ်းဝါ(ဆွေးလု)

(၆) ပဲစိမ်းဝါရင့်(ပဲဆွေးလုကြီး)

(၇) ပဲစိမ်းဝါ(ပဲဆွေးလု)

( ခ ) အထည်ကျောက်(Commercial Jade)။ ကြည်လင်သော(သို့မဟုတ်)အသင့်အတင့် ကြည်လင် သော ကျောက်သားတွင် အစိမ်းရောင်အရည်ပါဝင်မှု ပိပိခဲခဲမရှိဘဲ အစက်အပြောက် အသွင်ပုံ သဏ္ဍာန်သာရှိသောကျောက်များ၊ လှပသော ခရမ်းရင့်ရောင်ပါဝင်သည့် ကျောက်များ၊ အဆင့်မြင့် ကျောက်သားတွင် အစိမ်းရောင်/အစိမ်းရိပ်ပါဝင်သောကျောက်များ၊ ခရမ်းရိပ်ပါဝင်သည့် အသင့် အတင့်ကြည်လင်သော ကျောက်သားတွင် အစိမ်းပန်းပါဝင်သောကျောက်များ၊ ခုံ့နီ/ဝါစွဲဝင်နေ သောအသားကြည်ကျောက်သားတွင် အစိမ်းပန်းပါဝင်နေသောကျောက်များ၊ အစိမ်းရောင်အရည် ပြည့်ပါဝင်သည့် အလင်းပိတ်နီးပါးကျောက်သားဖြင့် ဖွဲ့စည်းထားသော ကျောက်များကို အထည် ကျောက်သတ်မှတ်ပါသည်။ ကျောက်ဖွဲ့သားနှင့် အရောင်ပါဝင်မှုတို့အပေါ် မူတည်၍ အထည် ကျောက်ကို အောက်ပါအတိုင်း(၇)မျိုးခွဲခြားထားပါသည်

(၁) ထည်ပြာစိမ်း(လန့်ဆွေး)

(၂) ထည်စိမ်းဖြူပြောက် (ဆွေးလုပြောက်)

(၃) ထည်မဲစိမ်းကြား (ရှင်းကြာလု)

(၄) ထည်ပဲစိမ်း(ပဲစိမ်း)

(၅) ထည်ပဲစိမ်းပြာ (ပဲသားလန့်)

(၆) ထည်ခရမ်းနီ(ချွမ်နီ)

(၇) ထည်ခရမ်းပြာ(ချွမ်ပြာ)

( ဂ ) အသားကျောက် (Utility Jade)။ အသားကျောက်တွင် ကျောက်စိမ်း၏ဖွဲ့သား(သို့) ကျောက်သားသည်အရေးကြီးဆုံးဖြစ်ပြီး အသားကျောက်ကို အရောင်ပါဝင်မှု(Colour)၊ ယမ်း ဖွဲ့သား အကြမ်း၊အလတ်၊ အနု (Texture)၊ အလင်းပေါက်မှုအတိုင်းအတာ(Transparency)၊ အပြစ်အနာပါဝင်မှု(Flaw)၊ ရုပ်ထု/ရုပ်ထွင်း/ပန်းပု ထုလုပ်နိုင်မှု အနေအထား(Finished Product)စသည့် ပူးတွဲဇယားပါအခြေခံအချက်(၅)ချက်ပေါ်မူတည်၍ အဆင့်မြင့်အသား ကျောက်(High Grade Utility Jade)၊ ပထမတန်းစားအသားကျောက်(UJR-A)၊ ဒုတိယ တန်းစားအသားကျောက်(UJR-B)၊ တတိယတန်းစားအသားကျောက်(UJR-C)၊ စတုတ္ထတန်း စား အသားကျောက် (UJR-D)၊ စတုတ္ထတန်းစားအသားကျောက်အောက်နိမ့်သော Lower Than UJR-D (L.D) နှင့်ရတနာတန်းမဝင်သော ပယ်ကျောက်Rejection(RJ)ဟူ၍ အမျိုး အစားခွဲခြားသတ်မှတ်ထားပါသည်။ ကျောက်စိမ်းရိုင်းအသားကျောက်အဆင့်အတန်းသတ်

မှတ်ချက်များနှင့် အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) အဆင့်မြင့်အသားကျောက်(High Grade Utility Jade)။ ကျောက်သား (Texture)နှင့် အလင်းပေါက်မှု(Transparency)သည်အဓိကဖြစ်သည်။ ကျောက်သား အနေဖြင့် လွန်စွာကျစ်လျစ်မာကြောညက်ညောသည့် (Very Fine grain texture) ဖြစ်ရမည်။ ဖန်သားမှန်သားတမျှကြည်လင်သည့် အလင်းပေါက်အနေအထား (Semi- Transparency) ဖြစ်ရမည်။ အနာပါဝင်မှုမရှိရပါ။ ပါဝင်ပါကလည်း သေးငယ်သော အနာ

(Minor Flaw)သာဖြစ်ရမည်။ အဖြူရောင်နှင့် အခြားအရောင်အမျိုးမျိုးပါဝင်နိုင်ပြီး တန်ဖိုးကြီးရုပ်ထု၊ ရုပ်ထွင်း၊ လက်ကောက်၊ ဆွဲပြားနှင့်လုံးချောများ ထုတ်ယူနိုင်ရမည်။ ဖွဲ့စည်းထားသည့် ကျောက်သားပေါ်မူတည်၍ အဆင့်မြင့်အသားကျောက်ကို အောက်ပါ အတိုင်း (၄)မျိုးခွဲခြားထားပါသည်

(ကက) ဖန်သားမှန်သား(ဘော်လီသား)

( ခခ ) ရေခဲသား(အသားဆန်း)

( ဂဂ ) အသားဆန်းပန်း(အသားဆန်းလန့်ပန်း)

(ဃဃ) လန့်နက်(Black Jade)

(၂) ပထမတန်းစားအသားကျောက်အရိုင်း(Utility Jade Rough-A)။ ကျောက်သား (Texture)နှင့် အလင်းပေါက်မှုအနေအထား(Transparency)ကောင်းမွန်ရမည်။ ယမ်းညက်(Fine grain texture)ဖြစ်ရမည်။ အလင်းပေါက်မှုတွင် ဖန်သားတစ်မျှ ကြည်လင်သော၊ သာမန်ကြည်လင်သော၊ အနည်းငယ်မျှသာကြည်လင်သော (Semi-Transparency, Semi-Translucent, Translucent) ဖြစ်ရမည်။ အနာ မပါဝင်သော၊ ပါဝင်ပါကလည်း သေးငယ်သောအနာသာပါဝင်ရမည်။ သိသာ ထင်ရှားသည့် အစိမ်းရောင်၊ ခရမ်းရောင်များ ပါဝင်မှုမရှိရသော်လည်း အစိမ်းနုရောင် (Pale Green)၊ ခရမ်းနုရောင် (Pale Lavender) တို့ ပါဝင်နိုင်သည်။ တန်ဖိုးကြီး ရုပ်ထု၊ ရုပ်ထွင်း အကြီးစားများနှင့် လက်ကောက်၊ ပုတီးစေ့များထုတ်လုပ်ရရှိနိုင်သည်။

(၃) ဒုတိယတန်းစားကျောက်စိမ်းအသားကျောက်အရိုင်း(Utility Jade Rough-B)။ ကျောက်သား(Texture)အနေဖြင့် ယမ်းညက်(Fine Grain)၊ ယမ်းလတ် (Medium Grain)နှစ်မျိုးလုံးပါဝင်နိုင်သည်။ အလင်းပေါက်အနေအထား (Transparency) အနေဖြင့် သာမန်ကြည်လင်သော၊ အနည်းငယ်မျှသာ ကြည်လင်သော ( Semi-Translucent, Translucent)တို့ ဖြစ်ရမည်။ အပြစ်အနာ အသင့်အတင့် ပါဝင်နိုင်သည်။ သိသာထင်ရှားသည့် အစိမ်းရောင်၊ ခရမ်းရောင်ပါဝင်မှု မရှိရသော်လည်း အစိမ်းနု(Pale Green)၊ ခရမ်းနု(Pale Lavender)တို့ ပါဝင်နိုင်သည်။ တန်ဖိုးကြီး ရုပ်ထု၊ ရုပ်ထွင်း အလတ်စားများနှင့်လက်ကောက်၊ ဆွဲသီး၊ ဆွဲပြားများ ထုတ်လုပ်ရရှိနိုင်သည်။

(၄) တတိယတန်းစားကျောက်စိမ်းအသားကျောက်အရိုင်း (Utility Jade Rough- C)။ ကျောက်သား(Texture)နှင့် အလင်းပေါက်အနေအထား(Transparency) အနေဖြင့် အသားကျောက်(A)နှင့်(B)ကဲ့သို့ ကောင်းမွန်ခြင်းမရှိပါ။ ကျောက်သားအနေအထားအား ဖြင့် ယမ်းလတ်(Medium Grain)နှင့် ယမ်းကြမ်း(Coarse Grain)နှစ်မျိုးလုံး ပါဝင်နိုင် သည်။ အလင်းပေါက်အနေအထားအားဖြင့် အလင်းမှုန်(Semi-Translucent)၊ အလင်းပိတ် (Opaque)နှစ်မျိုးလုံး ပါဝင်နိုင်သည်။ အဖြူရောင်၊ အမည်းရောင်များသာ အများဆုံး ပါဝင်သည်။ အပြစ်အနာများပါဝင်သဖြင့် တန်ဖိုးအသင့်အတင့်ရှိသော လက်ကောက်၊ ရုပ်ထုရုပ်ထွင်း အသေးစားများသာ ထုတ်လုပ်ရရှိနိုင်ပါသည်။

(၅) စတုတ္ထတန်းစား ကျောက်စိမ်းအသား ကျောက်အရိုင်း ( Utility Jade Rough -D)။ ကျောက်သား (Texture)အနေဖြင့် ယမ်းကြမ်း( Coarse Grain) အနေအထား၊ အလင်း ပေါက်မှု(Transparency)အနေဖြင့် အလင်းမှုန်(Semi-Translucent)နှင့် အလင်းပိတ် (Opaque)အနေအထားတို့ဖြစ်ပါသည်။ အဖြူရောင်နှင့်အမည်း ရောင်များသာအဓိက ပါဝင်ပါသည်။ အပြစ်အနာများသောကြောင့် တန်ဖိုးနည်းနံရံကပ်ကျောက်ပြားနှင့် ပုတီး စေ့များသာ ထုတ်လုပ်ရရှိနိုင်ပါသည်။

(၆) စတုတ္ထတန်းစားအောက်နိမ့်သော ကျောက်စိမ်းအသားကျောက်အရိုင်း Lower than UJR-D (L .D)။ အပြစ်အနာများသော အလင်းမှုန်နှင့် အလင်းပိတ်ဖြစ်သော ကျောက်ဖွဲ့သားကြမ်းသောရှင်း(Amphibole) မာရား၊ ခွေးရိုး၊ ကွမ်းသွေး၊ ဆံပြုတ်၊ ပိန်းဥသား၊ ကျီးကန်းသားစသည့်အပြစ်များ တစ်စိတ်တစ်ပိုင်းပါဝင်ပါသည်။အပြစ်အနာ များပါဝင်သောအပိုင်းကိုဖယ်ရှားချန်လှပ်ပြီး ကျန်ရှိသောကျောက်သားအပိုင်းကို နံရံကပ် ကျောက်ပြားနှင့်ပုတီးစေ့များသာထုတ်ယူနိုင်သောကျောက်သားအမျိုးအစားဖြစ်ပါသည်။

(၇) ရတနာတန်းမဝင် ပယ်ကျောက် Rejection (R.J)။ အပြစ်အနာများသော ၊ အလင်းမှုံနှင့်အလင်းပိတ်ဖြစ်သော၊ ကျောက်ဖွဲ့သားကြမ်းသော၊ ရှင်း(Amphibole)၊ မာရား၊ ခွေးရိုး၊ ကွမ်းသွေး၊ ဆံပြုတ်၊ ပိန်းဥသား၊ ကျီးကန်းသား စသဖြင့်အပြစ်အနာ များပါဝင်သဖြင့် တန်ဖိုးနည်းပါကေးပြားနှင့် ပုတီးစေ့မျှပင် ထုတ်ယူ၍မရနိုင်သော၊ ထုတ်ယူနိုင်သော်လည်း ရောင်းရတန်ဖိုးထက်ထုတ်လုပ်မှု ကုန်ကျစရိတ်များနေ၍ အရှုံးပေါ်နိုင်သဖြင့် မည်သည့်အရာမျှ ထုတ်လုပ်မှုမပြုတော့ဘဲ စွန့်ပစ်ရန်အဆင့်သာရှိ သော ကျောက်သားအမျိုးအစားဖြစ်ပါသည်။

ဆက်လက်ကူးယူဖော်ပြမှတ်သားပါသည်.....

credit...

ကျောက်စိမ်း၏  အကောင်းဆုံးသတ်မှတ်ချက်များမှော်တွေထဲမှာ အကောင်းဆုံးမှော်မှော်စီဆာ(သက်တမ်းရင့် ကျောက်စိမ်း အသားကျောက်ကောင်း...
10/05/2024

ကျောက်စိမ်း၏ အကောင်းဆုံးသတ်မှတ်ချက်များ

မှော်တွေထဲမှာ အကောင်းဆုံးမှော်
မှော်စီဆာ(သက်တမ်းရင့် ကျောက်စိမ်း အသားကျောက်ကောင်း ဘော်လီ အသစ်အဆန်းများထွက်ရှိရာမှော်)
အသားမှာမှော်စီဆာ

အရည်တွေထဲမှာအကောင်းဆုံးမှော်ကတော့
မှော်ဝမ်းနဲ့ဝေခါ(အရည်မှာဝေခါလို့ဆိုတယ်)

ကျောက်စိမ်းကာလာတွေထဲမှာအကောင်းဆုံးနဲ့လူကြိုက်အများဆုံးကာလာ
အစိမ်းရောင်(ထိုကြောင့် အရည်ကို လူကြိုက်များတယ်)

ကျောက်စိမ်းပန်းတွေထဲမှာ ပဲကန်စွန်းကအမြင့်ဆုံး

အပွေးအကျွတ်တွေထဲမှာ ကာလာကျွတ်ကအမြင့်ဆုံး

ဘော်လီတွေထဲမှာတော့ ချွမ်ဘော်လီအမြင့်ဆုံးတဲ့

ခုန့်တွေထဲမှာ ပျားရည်ခုန့်ကအမြင့်ဆုံး
ခုန့်ပါတဲ့ကျောက်တွေမှာ အရည်စွဲရင် ခုန့်ကြာလုဟုခေါ်၍ စျေးကောင်းရတတ်တယ်

ခုန်ရယ်ချွမ်ရယ် ကျောက်သားတစ်ခု၌ ကျောက်သားမြင့်၍ထိုကာလာနှစ်ခုဆွဲနေလျှင် ရှားပါးဖြစ်စဉ်မို့ စျေးကောင်းရတတ်တယ်

ချွမ်တွေထဲမှာအမြင့်ဆုံးက ဗေဒါချွမ်ပါရှင့်

ခွံဖြူထဲမှာအကောင်းဆုံးထွက်တဲ့မှော်က မနမှော်နဲ့ဆန်ခါတောက်ပကြယ်

ချွမ်တွေမှာအကောင်းဆုံးထွက်တတ်တာ အောင်ဘာလေနဲ့ဝေခါ(ချွမ်ငွေ့ဖျော့ရင်အပျက်များတာနမ္မချီ)

ခန္တီးက အရည်ကျွမ်းတတ်တယ်

မှော်စီဆာ က မှတ် တက်တယ်

ဝေခါကအရည်ဖြောင့်တယ်

ရုန်းချိုမှော်က ငုတ်ထယ်လုံးစိမ်းက အရည်ချိုတယ်

မြေမှန်အချိန်တစ်ရာနှစ်ရာဖြစ်ရင် သတိထားရမယ့်မှော်က ရန်ပြိုမှော်

အရွယ်သေးမြေမှန်ဆို သတိထားရမှာက အောင်ဘာလေနဲ့ကြန်ခတ်မှော်

ရေခွံမှာ တာမခံအကောင်းဆုံး

အကာမှာ(အကာမျိုး) မှာ ကာဖြူနဲ့ဆင်သရေခွံအကောင်းဆုံး

မန်းမှာ မန်းဖြူအကောင်းဆုံး

အရည်မှာ ဒေါင်းမြှီးရည်ဟုခေါ်သော ဒေါင်းမြှီးရည်အကောင်းဆုံး

အမြင့်ဆုံးအသားက ဘောလီ ဖန်သားမှန်သား

အရည်ဖြစ်စေ အသားဖြစ်စေ ကြည်လင်သန့်ရှင်းမှုအမြှုပ်အဆံပပြစ်အနာအဆာကင်းမှု အရောင်ညီညာစိုပြေမှုက အကောင်းဆုံး စံနေစံထားသုံး ကျောက်စိမ်းအတိုင်းအတာ
မှတ်ချက်။ ကျောက်စိမ်း၏အရည်အချင်း
အမျိုးအမည် လုပ်ချက်ပညာများကို အတတ်ပညာရှင်များထံ၌ သင်ယူလို့ရပေမယ့် စျေးကွက်ပညာကျောက်စိမ်းအရောင်းအဝယ်၌ အတတ်ပညာရှင် များတွင် ရေကုန်ကမ်းကုန် သင်ယူဖို့မလွယ် မိမိကိုယ်တိုင် ကျောက်စိမ်းစျေးကွက်အရောင်းအဝယ်ပြုသောနေရာများဖြစ်တဲ့ မန္တလေး ဖားကန့် နေရာမျိုးမှာ မှ မဟုတ်ရင် စျေးကွက်အကြောင်း ကောင်းစွာသိဖို့ခက်ခဲခြင်းကြောင့် ထိုနေရာမျိုး၌ များစွာ သောကျောက်စိမ်းများဖြင့် မျက်မြင်လက်တွေ့ မြင်ကြားထိတွေ့မှု ကြိမ်ဖန်များစွာ တည်ရှိများမှ အနည်းဆုံး အချိန်တနှစ်မှသုံးနှစ်အထိ နီးစပ်မှသာလျှင်အရောင်းအဝယ်စျေးကွက်ကိုလုပ်ကိုင်သင့်ပါတယ်ရှင် ထိုမှမဟုတ်လျှင် အတွေ့အကြုံ အားနည်းပါက အင်တာနက်လိုင်းပေါ်မဆိုထားနှင့် မျက်မြင်အပြင်မှာဝယ်ရင်ကို စျေးပိုများစွာပေးခြင်း မမှန်ကန်သောကျောက်တုဝယ်ယူခြင်း မှော်မမှန်ခြင်း မသိမမြင်ဖူးသော ကျောက်အမျိုးအစားကို လှသည်အထင် အာရုံ မှား၍ အကြီးကြီးမှားတတ်ပါတယ်ရှင်

ကျောက်စိမ်းနဲ့ပက်သက်ပြီးဗဟုသုတလေးတွေဆက်လက်တင်ပေးဦးမှာမို့pageလေးကိုlike&followလုပ်ဖို့မမေ့ကြနဲ့ဦးနော်😍

မဂ်လာအောင်ကျောက်အဖြာဖြာပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ

credit...

" သိထားသင့်တဲ့ ကျောက်ပညာ "၁။ ကုမ္ပဏီသမားနေနေ မြေစာပုံရှာရောင်းသမားနေနေ တန်ပြတ်ဝယ်ရောင်းသမားနေနေ ဆေးရောင်းသမားနေနေ ဝယ်ရော...
12/04/2024

" သိထားသင့်တဲ့ ကျောက်ပညာ "

၁။ ကုမ္ပဏီသမားနေနေ
မြေစာပုံရှာရောင်းသမားနေနေ
တန်ပြတ်ဝယ်ရောင်းသမားနေနေ
ဆေးရောင်းသမားနေနေ
ဝယ်ရောင်းနေနေ
ကျောက်သမားတိုင်း ကျောက်အောင်ချင်ကြတာကို
မေ့မထားပါနဲ့တဲ့။

၂။ ရေမဆေးဝယ်ဆေးပြီး
ဖြတ်တဲ့သူတွေအောင်နိုင်တဲ့ကျောက်က
အကာမျိုးပဲတဲ့။

၃။ မှော်ဝမ်းလေးနဲ့ မှော်ဝမ်းကြီးကျောက်တွေဟာ
အရေပျော်သလို
အရေလို့ထင်ရတဲ့ မောက်လည်းပျော်တယ်တဲ့။

၄။ မှော်စီဆာကျောက်မှာ
ဒုက္ခအပေးဆုံးက ယမ်းဆော့တာပဲတဲ့။

၅။ ဝေခါကျောက်မှာ
ဒုက္ခအပေးဆုံးက မျိုးရောတတ်တာပဲတဲ့။

၆။ ခန္တီးကျောက်တွေမှာ
ဒုက္ခအပေးဆုံးက
အနာနဲ့အသားလျော့ အဆံထောက်တာပဲတဲ့။

၇။ ကျောက်ကြီးဖြတ်သားတွေမှာ
အသားလျော့ပေမဲ့
အရေကြိုးနေရာ အသားနပ်တတ်တယ်တဲ့။

၈။ အမဲကြော အကျွပ်တွေက
များသောအားဖြင့် အပြင်လက္ခဏာထက်
အတွင်းကျွပ်များတယ်တဲ့။

၉။ ကာလာဆိုရင် မီးထိုးရင်
ကျောက်အရောင်က အပြာဘက်မသိမသာရောက်နေပြီး
အရေဆိုရင်
မသိမသာ အဝါဘက်ရောက်တယ်တဲ့ (မီးအဝါ)

၁၀။ အရေမှာ ဝေခါနဲ့ငချိပ်
အသားမှာ
မှော်စီဆာနဲ့တာမခံတဲ့။

၁၁။ အခွံတုအခွံပြင်တွေ
အများဆုံးက
အခွံဖြူနဲ့ အခွံဝါတွေပိုများတယ်တဲ့။

၁၂။ ၂ကျပ်သားနဲ့
သိန်း၁ထောင်ကျော်တဲ့ကျောက် သူမြင်ဘူးတယ်တဲ့။
(2002 2005 ဝန်းကျင်တုန်းက)

၁၃။ ကျောက်တစ်တုံးမှာ
အကောင်းဆုံးအသား
အကောင်းဆုံးအရေနေရာကို
အပွင့်ကောင်းထုတ်ပါတဲ့။
ဘေးပုတ်စကိုမနှမြောပါနဲ့တဲ့။

၁၄။ မမြင်မထင်လုပ်ရင်
ရေမဆေးလုပ်
အမြင်အထင်လုပ်ရင်
အပွင့် လက်ကောက်လုပ်တဲ့။

၁၅။ ဖြတ်သားလုပ်ရင်
အန်ပီုရီယံအကျထက်
မှော်ထဲက ကုမ္ပဏီတွေ ဖြတ်ပြီး
ပုံထားတဲ့အပုံကို
ပိုဝယ်သင့်တယ်တဲ့။

မူရင်းတင်သူကို" credit ပေးပါတယ်

ကြောာကျအောငျတယျဆိုတာ တဈသကြေောာကသိနျးတဈရာမွတျ တစ်စ်သိန်းရင် သိန်းတစ်ရာမြတ် တာကိုခေါ်တာလား ???============================...
03/04/2024

ကြောာကျအောငျတယျဆိုတာ တဈသကြေောာကသိနျးတဈရာမွတျ တစ်စ်သိန်းရင် သိန်းတစ်ရာမြတ် တာကိုခေါ်တာလား ???
=====================================

ကျောက်အောင်တယ်ဆိုတာအဆင့်ဆင့်ရှိပါတယ်။ မူလပထမအစသည် မြေကြီးထဲကနေထွက်လာတဲ့လုံးစွပ်ပါ။ လုံးစွပ်ကိုဆေးကျောလိုက်ရင်ကျောက်ကောင်းသည် မကောင်းသည် စသည့်ကျောက်၏ အင်္ဂါရုပ်လက္ခဏာ ထွက်ပေါ်လာပြီး အဲ့ဒီအဆင့်မှာပဲ ဆေးချက်အောင်တယ် မအောင်ဘူးဆိုတာ စပါတယ်။ ဆေးချက်အောင်ရင် နောက်တစ်ဆင့်တက်ပြီး ဆေးချက်မှာ မအောင်ရင်တော့ရပ်ပါတယ်။ ဆေးချက်အောင်တဲ့အခါ ကွမ်သင့် မကွမ်သင့် ဖြတ်သင့်မဖြတ်သင့်ကို ပညာနဲ့ အတွေ့အကြုံ ပေါင်းစပ်ပြီး အဖြေထုတ်စဉ်းစားရပါတယ်။ အတွေ့အကြုံဆိုတာ သင်ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့လဲ သင်ဘယ်လောက်စိတ်ပါဝင်စားမှုရှိခဲ့လဲ သင်ဘယ်လောက် ထဲထဲဝင်ဝင်လေ့လာခဲ့လဲဆိုတာအပေါ်မူတည်ပါတယ်။ ကွမ်တဲ့နေရာမှာလဲ ကွမ်ချက်မှားရင် စျေးကောင်းမရနိုင်သလို ကွမ်ချက်ကောင်းရင် စျေးကောင်းရနိုင်တဲ့အတွက် ကွမ်ချက်သည် ကျောက်ကောင်းတစ်လုံးရဲ့ အရေးပါတဲ့အချက်လို့ဆိုနိုင်ပါတယ်။ ကွမ်သင့်တဲ့နေရာကိုရွေးချယ်တတ်ဖို့လဲအရေးကြီးပါတယ်။ ကွမ်ချက်ကနေနောက်တစ်ဆင့်တက်ပြီး ဖြတ်မယ် ဒါမှမဟုတ် ဆေးချက်ကနေပဲ ကွမ်တဲ့အဆင့်ကိုကျော်ပြီး ဖြတ်တဲ့အဆင့်ကိုသွားမယ်ဆိုပါစို့။ ကျောက်တစ်လုံးဖြတ်သင့် မဖြတ်သင့်ဆုံးဖြတ်ရတာသည် ပညာပါ။ မဖြတ်သင့်သည့်ကျောက်ကို ဖြတ်မိမယ်ဆိုရင် ခြင်ထောင်ပက်လက်လှန်ပြီး ပိုက်ဆံအပြည့်ထဲ့ခဲ့ပါ။ သေချာတာတစ်ခုက ကုန်ပါလိမ့်မယ်။ ဖြတ်သင့်သည့်ကျောက်ကို မဖြတ်ပဲ ရောင်းခဲ့မယ်ဆိုရင် မူလဝယ်ရင်းစျေးဖြစ်စေ ကိုယ်တိုင် မြေကြီးထဲမှရှာရခဲ့သည်ဖြစ်စေ တလက်မြတ်ပါလိမ့်မယ်။ ဒီအဆင့်မှာ တစ်ထောင်ဝယ်ပြီး တစ်သောင်းရတာကို ကျောက်အောင်တာလားဆိုတဲ့မေးခွန်းရဲ့အဖြေကို သိရပါလိမ့်မယ်။ ဆေးချက်နဲ့ရောင်းတယ် ကွမ်ချက်နဲ့ရောင်းတယ်ဆိုတဲ့ကျောက်သည် ဝယ်ရင်းစျေး များတတ်ပါတယ်။ ကျောက်ဖြတ်မဲ့သူသည် ကျောက်၏အနေထားနှင့် စျေးကွက်အနေထားကို ချိန်ထိုးစဉ်းစားရပါတယ်။ ကိုယ့်အတွက် တွက်ခြေကိုက်တယ်ဆိုဝယ်ပြီး ဖြတ်တဲ့အခါ ကောက်လျှော့ဖြစ်တတ်သည်များရှိသလို အောင်သည်များလဲရှိပါတယ်။ ဆေးချက်အောင် သို့မဟုတ် ကွမ်ချက်အောင်ထားသည့် ကျောက်ကိုဝယ်သည့်အခါ ကျောက်ပညာအပြင် စျေးကွက်ကျွမ်းကျင်ပိုင်နိုင်ခြင်း ဖြတ်လိုက်သည့်ကျောက်ကို လက်ကောက်၊ အချပ်၊ တစ်စ၊ အပွင့်၊ ပန်းပု စသဖြင့် ဘယ်အရာနှင့် ဘယ်ဆိုဒ် ဘယ်ပုံစံသည် စျေးကောင်းရနိုင်သည် မရနိုင်သည်ကို ခွဲခြားနိုင်သည့်ပညာလဲ လိုအပ်သလို အရေးလဲကြီးပါတယ်။ ဒီနေရာမှာ တစ်သိန်းနဲ့ဝယ် သိန်းရာပိုင်းမြတ်တာကို ကျောက်အောင်သလားဆိုတာ အဖြေထွက်ပါလိမ့်မယ်။ တစ်သောင်းနဲ့ဝယ်ပြီး သိန်း ရာပိုင်း ထောင်ပိုင်းရခဲ့တဲ့ သာဓကလဲ ရှိပါတယ်။ အရာရာကံကိုပုံချတာထက် ကိုယ်ဘယ်လောက်ပညာရည်ပြည့်ဝလဲဆိုတာအပေါ်မူတည်ပါတယ်။ လုပ်ရဲတဲ့ သတ္တိနဲ့ လုပ်နိုင်တဲ့စွမ်းအားရှိဖို့လဲလိုပါတယ်။ တစ်သောင်းရင်း တစ်သိန်းမြတ်၊ တစ်သိန်းရင်း ဆယ်သိန်းမြတ်၊ ဆယ်သိန်းရင်း ရာပိုင်းမြတ်၊ ရာပိုင်းရင်း ထောင်ပိုင်းမြတ်ဆိုတာ ပညာမဆန်ပါဘူးခင်ဗျာ။ ကျောက်သမားဖြစ်လာဖို့ဆိုတာ ကျောက်တစ်လုံးကို ရေမဆေးတစ်သောင်းလောက်နဲ့ဝယ် ဆူးချစ်နဲ့ထိုင်ပွတ်နေရုံနဲ့ ကျောက်သမားမဖြစ်လာပါဘူး။ ရေမဆေးအလုံးကနေ ကွမ်ချက်၊ ဖြတ်၊ အချောထည်အဆင့်ဆင့် သင်ကိုယ်တိုင်ပြုလုပ်ခဲ့မယ် သွားခဲ့မယ် အဲ့ဒီအပေါ် အတွေ့အကြုံကောင်းကိုယူခဲ့မယ်ဆိုရင် ??? အတွေ့အကြုံဆိုတာ ကိုယ်တိုင်ယူရတာဖြစ်ပြီး ၃၀% သည်သာ သူတစ်ပါအတွေ့အကြုံပြောပြသည်ကို နားထောင်မှတ်သားရတာပါ။ ပညာပြည့်ဝဖို့အရင်ကြိုးစားပါ။ အောင်မြင်မှုနဲ့ ငွေက သင့်နောက်လိုက်လာပါလိမ့်မယ်။
(လေးစားစွာဖြင့် ကူးယူဖော်ပြခြင်း)
credit... Ko Soe Hlaing Myint
ပညာဗဟုသုတလေးတွေတင်နေကြလေးမို့Accလေးကိုfollowထားကြပါနော်

Address

Mandalay
05013

Website

Alerts

Be the first to know and let us send you an email when Ko Mg Oo Jade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share