ဆုံရွာကျေးရွာ-Kpg

ဆုံရွာကျေးရွာ-Kpg General

သစ်ပင် တစ်ပင်ရဲ့တန်ဖိုး
07/05/2024

သစ်ပင် တစ်ပင်ရဲ့တန်ဖိုး

မန္တလေးမြို့ ရတနာပုံဂံတိုက် ဇေယျာဘုံသာကျောင်းတိုက်နှင့်မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဆုံရွှာကျေးရွှာ ဆုံရွှာတော...
30/04/2024

မန္တလေးမြို့ ရတနာပုံဂံတိုက် ဇေယျာဘုံသာကျောင်းတိုက်နှင့်မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဆုံရွှာကျေးရွှာ ဆုံရွှာတောင်ကျောင်းတိုက်၏ဦးစီး
ပဓါနနာယကဆရာတော်ဘဒ္ဒန္တပရမ
သက်တော်၉၀၊သိက္ခာတော်၇၀
အရ မဟာထေရ်မြတ်ကြီးသည်
၁၃၆၈ခုနှစ်တန်ခူးလပြည့်ကျော်၃ရက်၂၆၊၄၊၂၀၂၄နေ့တွင်ဘဝနတ်ထံပျံလွန်တော်မူပါသည်
၁၃၈၆ခုနှစ်တန်ခူးလပြည့်ကျော်၈ရက် ၁၊၅၊၂၀၂၄ရက်နေ့တွင်အန္တိမအဂ္ဂိဈာပနကျင်းပပူဇော်ပါမည်

👉 အဆိပ် အားလုံးရဲ့ဖြေဆေး👉   မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်ယောအခေါ်  #ဟင်းခတ်ပွင့် မေတ္တာဖြင့်ယောနယ်သား 👉 ဟင်း...
26/04/2024

👉 အဆိပ် အားလုံးရဲ့ဖြေဆေး

👉 မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်
ယောအခေါ် #ဟင်းခတ်ပွင့် မေတ္တာဖြင့်ယောနယ်သား

👉 ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက်
ဟင်းဂုတ်ပင် #ဟင်းခတ်ပင်ဟု ခေါ်ကြသည်။

👉 တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။
ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်း
ငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။
တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေး
ရှည်ရှည်။နှစ်ပေခန့်ရှိ။

👉 ဆေးဘက်ဝင်ဝင်ပုံ

👉 #အခေါက်
၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါက
အခေါက်ကိုအမြန်ဝါးစားလိုက်ပါ
လျှင် အဆိပ်မရှိတော့ပါ။ငန်းတော်
ကျား။ငန်း မြွေ အပါအဝင်ပါ။
(မြွေပွေးနှင်မြွေဟောက်သာအ
ကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြ
ရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်
လျှင်လည်းအခေါက်ဝါးးစားပါ။

၃။ မျက်စေ့နာပါကအခေါက်သွေးပြီး
မျက်လုံးကွင်းလိမ်းပါ။မကျည်း
ခေါက်လိုအပွေးမရှိ။

၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်
ပြုတ်ရေ ချိုးပါ။

👉 #အပွင့်
၁။ ရှေးကတည်းကကလေးတွေကို
ရောဂါကင်း။ကိုယ်တွင်းအဆိပ်
ကင်းသည်ဆိုကာသုပ်ကျွေးသည်

၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်
သည်။အခြောက်ဆိုရင်ပြုတ်ရ
သည်။အခြောက် အရောင်မဲနေ
သည်မှလွဲ၍အရသာမပြောင်းပါ။

၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ
တော်တော်များများအပွင့်သုပ်စား
နေကြသည်။

၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်း
ချနေကြပါသည်။တို့စားစရာအ
ဖြစ်လည်းသုံးသည်။

👉 #အရွက်
၁။ အရွက်နုကိုဟင်းခါးချက်သောက်
ကြသည်။

၂။ ကလေးများရေကျောက်ပေါက်
လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲ
လျှင်၄င်း။ကလေးများကျန်းမာ
ရေးအတွက်၄င်း။အရွက်ပြုတ်
ရေ ဖြင့်ရေချိုးကြသည်။

၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်
လျှင် ခေါင်းတခုလုံးရောင်။မျက်
လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း
သော်လည်း အရွက်ကျွေးပါက
တရက်နှင့်ပျောက်သည်။

👉 ချုပ်အားဖြင့်

👉 မြွေပွေး။မြွေဟောက်ကိုက်ခံရသူ
များအခေါက်စားသွားသဖြင့်ဆေးရုံ
ရောက်သည့်အခါအဆိပ်မရှိတော့။
တဦးကလက်သန်းမြွေပွေးကိုက်ရာ
မြွေပါအစွယ်နှင့်ချိတ်ပါလာသည်။
သူကတော့ဆေးရုံမသွားတော့ဘဲ
အခေါက်စား။အရွက်နှင့်စည်းထား
ခဲ့သည်။

👉 သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်
အန္တရာယ်ကြီးလွန်းသည်။ခြေသလုံး
အထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါ
သည်။မြွေကြီးတော့အဆိပ်အလွန်
များတော့ အမြန်ဆုံးအခေါက်စား
ရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမ
လုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။

👉 အိမ်။လယ်ယာ အနီးရှိဟင်းငုတ်
ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာ
ရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်
ပါသည်။

👉 မိမိတွင်ရုက္ခဗေဒစာအုပ်များ
မရှိပါ။လက်ရှိအသုံးပြုနေပုံများ။
သက်ကြီးစကား ကြားများ။အတွေ့အ
ကြုံ များအားဖေါ်ပြထားခြင်းဖြစ်
ပါကြောင်း။

မေတ္တာဖြင့်ပြန်လည်ပြီးကူးယူ
ပုံများနှင့်တကွ ဗဟုသုတမျှဝေပါတယ်။

အညာမှာ မန်ကျည်းရွက်တွေ နုပြီ🌿🌿🌿မန်ကျည်းရွက်​လေးခူး ကြက်သွန်​လေးပါးပါးလှီးလှီး ပဲမှုန့်​လေးဖြူး ဆီစိမ်း​လေးဆမ်းပြီး သုပ်စ...
22/04/2024

အညာမှာ မန်ကျည်းရွက်တွေ နုပြီ🌿🌿🌿

မန်ကျည်းရွက်​လေးခူး ကြက်သွန်​လေးပါးပါးလှီးလှီး ပဲမှုန့်​လေးဖြူး ဆီစိမ်း​လေးဆမ်းပြီး သုပ်စား အရမ်းကောင်းပါသည်။

Photo Credit Htet Wai Soe (Zagyan)

ပုစွန်လုံးမှာ ဦးခေါင်းမပါဘူး။သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်းပါတဲ့ လူ ကနေရာတကာ ...
14/04/2024

ပုစွန်လုံးမှာ ဦးခေါင်းမပါဘူး။
သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူ ကနေရာတကာ
ဟိုလူ့ မှီခို ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံနဲ့လုံးဝရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ်တစ်ယောက် ရဲ့ အနှစ်
အမြူတေဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်းရှိတယ်။

စာနာစိတ်ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း မဖြူခြင်း
ရုပ်ရည်လှခြင်း မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ မရှိ
ဘာတွေ လုပ်နိုင် မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

#အောင်သင်း

လူငယ် တော်တော်များများ ဟာ ကိုယ့်ကို "မင်း တန်ဖိုးမရှိတဲ့ကောင်လို့" ပြောရင် သိပ်စိတ်ဆိုးတာဘဲ။ အဲတော့ " တန်ဖိုး " ဆိုတာ ဘာ...
13/04/2024

လူငယ် တော်တော်များများ ဟာ ကိုယ့်ကို
"မင်း တန်ဖိုးမရှိတဲ့ကောင်လို့"
ပြောရင် သိပ်စိတ်ဆိုးတာဘဲ။

အဲတော့ " တန်ဖိုး " ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။

တကယ်တော့ '' တန်ဖိုး '' ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။
အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊
ငါသွားခွာလည်း ရတယ်၊
သဘာဝက အလကား ပေးထားတာလေ၊

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး
လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ်။
သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
" တန်ဖိုး '' တက် မသွားဘူးလား။

ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။
လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား။

ငါတို့တွေ လေကို အလကား မရှူရဘူးလား၊
ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊
မင်းက အကိုရယ် လေအလကား ရတာပဲလို့
ပြောကြည့်ပါလား၊
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့၊
ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။

"ဆရာကြီး ဦးအောင်သင်း၏
လူငယ်များအတွက်လက်ဆင့်ကမ်း သြဝါဒ " မှ...

မြန်မာနှစ်သစ်ကူး အတာင်္သကြန်အကြိုနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ
13/04/2024

မြန်မာနှစ်သစ်ကူး အတာင်္သကြန်အကြိုနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ

အညာရဲ့ သဘာဝ အညာရဲ့အလှ Photo Credit
07/04/2024

အညာရဲ့ သဘာဝ
အညာရဲ့အလှ

Photo Credit

အညာမြေ လွမ်းမောစရာပုံရိပ် တောဓလေ့ တောသဘာဝ ထန်းတက်သမားတို့ရဲ့ တစ်နေ့တာ Photo Crd
30/03/2024

အညာမြေ လွမ်းမောစရာပုံရိပ်

တောဓလေ့ တောသဘာဝ

ထန်းတက်သမားတို့ရဲ့ တစ်နေ့တာ

Photo Crd

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်းပါတဲ့ လူက နေရာတက...
18/03/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူက နေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း

ပြန်လည်မျှဝေသည်။

Credit

မင်္ဂလာနံနက်ခင်းမှာ ကျက်သရေအဖြာဖြာတိုးလို့ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေ….
16/03/2024

မင်္ဂလာနံနက်ခင်းမှာ

ကျက်သရေအဖြာဖြာတိုးလို့

ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေ….

***သင်သေသွားသော်***👉ဪ....     လူ့ပြည်လောက၊လူ့ဘဝကား     အိုရ..နာရ၊ သေရဦးမည်     မှန်ပေသည်တည်း။👉သို့တပြီးကား...    သင်သေသ...
15/03/2024

***သင်သေသွားသော်***
👉ဪ....
လူ့ပြည်လောက၊လူ့ဘဝကား
အိုရ..နာရ၊ သေရဦးမည်
မှန်ပေသည်တည်း။

👉သို့တပြီးကား...
သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

👉သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

👉သင်ဦးချ၍
အမျှဝေရာ၊ စေတီသာနှင့်
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။ ။

ဆရာဇော်ဂျီ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဆုံရွာကျေးရွာ-Kpg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category