7even Lubricant Distribution-ကားနှင့်စက်ပစ္စည်းအင်ဂျင်ဝိုင်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • 7even Lubricant Distribution-ကားနှင့်စက်ပစ္စည်းအင်ဂျင်ဝိုင်ရောင်းဝယ်ရေး

7even Lubricant Distribution-ကားနှင့်စက်ပစ္စည်းအင်ဂျင်ဝိုင်ရောင်းဝယ်ရေး Lubricant Services Mandalay

✅
04/12/2023

ကားပိုင်ရှင်တို့မသိမဖြစ် အင်ဂျင်ဝိုင်လျော့ရခြင်းအကြောင်းအရင်း (၉) ချက်!!

ကားတွေမှာအင်ဂျင်ဝိုင်လျော့တာ၊ ပျောက်တာ၊ အင်ဂျင်ဝိုင်စားတာတွေဟာ ကားပိုင်ရှင်တွေ မကြာခဏ တွေ့ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကီလိုများလာလေ ပိုကြုံရလေပါပဲ။ အင်ဂျင်ထဲကသတ္ထုအစိတ်ပိုင်းတွေဟာ လည်ပတ်ရင်း တခုနဲ့ တခု အမြဲမပြတ် ပွတ်တိုက်နေရပါတယ်။
သတ္ထုတစ်ခုနဲ့ တစ်ခု ပွတ်တိုက်ခြင်းဟာ ကြားထဲမှာ စက်ချောဆီရှိမနေရင် ချက်ချင်းအပူချိန်မြင့်တက်လာစေတာမို့ ကားအင်ဂျင်တစ်လုံးဟာ (၁၀) မိနစ်ထက် များများ ပိုခံနိုင်ရည်ရှိဖို့ မလွယ်ပါဘူး။ အကြာဆုံးခံနိုင်ရည်ရှိတဲ့ အကောင်းဆုံးအင်ဂျင်တွေတောင်မှ မိနစ် (၃၀) ထက်ပို ခံနိုင်ရည်မရှိပါဘူး။
အင်ဂျင်ဝိုင်ခမ်းနေတဲ့ကားကိုမောင်းနေရင် ကားအင်ဂျင် အပူချိန်မြင့်တက်လာပြီး ဘယ်ရင်တွေ စားကာ ပျော်ကျလာပါမယ်။
အင်ဂျင်အတွင်းအပူချိန်လွန်ကဲလာပြီး အင်ဂျင်အတွင်းအစိတ်အပိုင်းတွေအကုန်ပျက်စီးမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အင်ဂျင်ဝိုင်ခမ်းနေတဲ့အချိန်မှာ ကားကို အင်ဂျင်ဝိုင်လုံလောက်စွာမဖြည့်ဘဲ လုံး၀ လုံး၀ အသုံးမပြုသင့်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ကားပိုင်ရှင်တွေဟာ အင်ဂျင်ဝိုင် လျော့စေတဲ့ အကြောင်းအရင်းတွေကို သိရှိထားသင့်ပါတယ်...

၁။ ပထမဦးစွာပြဿနာအပေးနိုင်ဆုံးနဲ့ အလွယ်ဆုံးပြုပြင်လို့ရနိုင်တဲ့ အကြောင်းရင်းကတော့ PCV ဗား (Positive Crankcase Ventilation Valve) ဖြစ်ပါတယ်။ PCV ဗားဟာ Combustion Chamber ထဲက မီးလောင်ပြီး Ring တွေကြားထဲကနေ အင်ဂျင်ရဲ့ အောက်ဘက်ကို ရောက်ရှိလာတဲ့ ကြွင်းကျန်ဓါတ်ငွေ့တွေကို အင်ဂျင်ရဲ့ လေအဝင်လမ်းကြောင်းထဲကို ပြန်ပို့ပေးကာ အင်ဂျင်အတွင်း ဖိအားတွေကို လျော့ကျစေပြီး အိတ်ဇောငွေ့ကိုလည်း ပိုမိုသန့်ရှင်းစေတဲ့စနစ်ဖြစ်ပါတယ်။
PCV ဗားဟာ အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေးတွေ ပိတ်ရင် ကောင်းစွာအလုပ်မလုပ်တော့တာဖြစ်တတ်ပါတယ်။
PCV ဗား ပိတ်နေရင် အင်ဂျင်အတွင်း ဖိအားတွေများလာပြီး ဝိုက်ဆီးတွေပေါ်မှာ Pressure ပိကာ ဆီယိုလာစေနိုင်ပါတယ်။
PCV Valve မကောင်းတော့ရင် PCV ဗားလမ်းကြောင်းတလျှောက် အင်ဂျင်ဝိုင်တွေ တွန်းပို့ပြီး အင်ဂျင်ဝိုင်တွေ Combustion Chamber ထဲကို ကျကာ မီးလောင်တဲ့အထဲပါသွားပြီး အင်ဂျင်ဝိုင်စားတတ်ပါတယ်။
ကားအင်ဂျင်ဝိုင်စားနေရင် ပထမဆုံး ဖြုတ်စစ်ဆေးသင့်တဲ့ Valve လေးပဲဖြစ်ပါတယ်။
လက်နဲ့ လှုပ်ကြည့်လို့ ကလောက်ကလောက် အသံမထွက်ရင်တော့ ဗားကချေးတွေကပ်ပြီး ပိတ်နေပြီဖြစ်ပါတယ်။
ကားဟာ ကီလို 80,000 – 100,000 လောက်ရှိနေပြီဆိုရင်တော့ PCV ဗားကို စစ်ဆေးပြီး မကောင်းရင် လဲလှယ်သင့်ပါတယ်။

၂။ Ring တွေ ဟာလာလို့ Ring တွေ ကြားထဲကနေ Engine Oil ထွက်ပြီး မီးလောင်ပါသွားတာလည်း ဖြစ်နိုင်ပါတယ်။
မော်ဒယ်မြင့် ကားတွေက Piston သေးသေးနဲ့ အင်ဂျင်ပါဝါ များများထွက်အောင် Compression Ratio မြှင့်ထားပါတယ်။ Compression Ratio က မြင့်တဲ့အတွက် Octane No. လည်း ပိုမြင့်မြင့်လိုအပ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံက မော်ဒယ်မြင့်ကားတွေက ဂျပန်မှာ Octane 98 ကို အသုံးပြုနေကျဖြစ်ပါတယ်။ Octane လိုအပ်ချက်ကို တစ်ချို့ ကားတွေရဲ့ ဆီတိုင်ကီ အဖုံးမှာ ကပ်ပေးထားတတ်ပါတယ်။
ကျွန်တော်တို့ဆီမှာက 95 ပဲ သုံးကြတဲ့ သူတွေများပါတယ်။ 95 တောင်ပြည့်မပြည့် အာမခံချက် မရှိပါဘူး။

အလွယ်ကူဆုံးသိနိုင်တာကတော့ လီဗာကို ခပ်မြန်မြန်တစ်ခါလောက် တင်ကြည့်ပါ။
မိမိကားရဲ့ Octane လိုအပ်ချက်ထက် လျော့တယ်ဆိုရင် မီးသံစပေးပါလိမ့်မယ်။
မီးသံခေါက်တာများလာရင် Piston Ring တွေ ပျက်စီးကုန်တာ၊ စလစ်တွေ Piston ရဲ့ ပုံမှန်မဟုတ်တဲ့ knocking ဖြင့် လာရိုက်တဲ့အရှိန်ကြောင့် ချိုင့်တွေဖြစ်ပြီး ထိကုန်တာ ဖြစ်နိုင်ပါတယ်။
Oil Ring တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ရင် သို့မဟုတ် စလစ်မှာချိုင့်တွေဖြစ်လာရင် အင်ဂျင်ဝိုင်တွေ Combustion Chamber ထဲကို ကျော်ဝင်ကာ ဆီပျောက်နိုင်ပါတယ်။
(အင်ဂျင်ချ စလစ်ပြန်သပြီး Ring တွေလဲလိုက်မှ အဆင်ပြေပါလိမ့်မယ်)

၃။ Engine အတွင်းနဲ့ Piston Ring တွေကြားထဲမှာ အညစ်အကြေးတွေ များနေလို့ သန့်ရှင်းပေးနေရရင်းနဲ့ အင်ဂျင်ဝိုင်အပေါ်မှာ ဝန်ပိပြီး ဆီကြာကြာမခံတော့တာ။
Oil Control Ring က ဆီကို ပုံမှန်ခြစ်ချပေးရပါတယ်။ Oil Control Ring နဲ့ Piston ကြားထဲမှာ အညစ်အကြေးတွေနဲ့ ကပ်သွားပြီးဆိုရင် သို့မဟုတ် Oil Ring ရဲ့ ဆီပေါက်လေးတွေ ပိတ်သွားရင် Oil Ring ကနေ ဆီတွေကို အပြည့်အ၀ ခြစ်မချ နိုင်တော့ပါဘူး။ ကျန်နေတဲ့ ဆီတွေဟာ Combustion Chamber ထဲမှာ မီးလောင်ပြီး ပါသွားပါတယ်။

၄။ Valve Guide Oil Seals တွေ မလုံတော့လို့ Valve guide တွေ ကြားထဲကနေ Engine Oil ဆင်းပြီး မီးလောင်ပါသွားတာ။
Valve Guide Oil Seals တွေဟာ အချိန်ကြာလာရင် မာလာတတ်ပါတယ်။ မာပြီးကျုံ့သွားရင် ဆီမလုံတော့ပါဘူး။ အင်ဂျင်ဝိုင်ထဲမှာ အနည်အနှစ်တွေနဲ့ ပိတ်နေလို့ Valve Guide တွေကြားထဲကို ဆီကောင်းမွန်စွာမရောက်တတ်ရင်လည်း Valve Sticking ဖြစ်ပြီး Valve Guide တွေ Oil Seals တွေ ပျက်စီးတတ်ပါတယ်။ အဲဒီအချိန်ကျရင် ဆီတွေဟာ Valve Seal ကြားထဲကနေ Combustion chamber ထဲကို ကျရောက်ပြီး မီးလောင်ပါသွားတာဖြစ်တတ်ပါတယ်။
Camshaft ဝိုက်ဆီးတွေ ကရိုင်းရှပ်ဝိုက်ဆီးတွေကလည်း အချိန်ကြာလို့ မာလာရင် ဆီယိုတတ်ပါတယ်။
Oil Seal တွေ ဆီယိုနေပြီဆိုရင် အင်ဂျင်မှာ ဆီတွေရွှဲနေတာမျိုး ကားရပ်ထားတဲ့နေရာမှာ ဆီကွက်ရာလေးတွေ ကျန်နေခဲ့တာမျိုး တွေ့ရတတ်ပါတယ်။ အလားတူပဲ Tapped Seal (တိုက်ပစ်စီး) တွေ မလုံရင်လည်း လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၅။ အင်ဂျင် Gasket ပျက်စီးသွားတာ၊ မကောင်းတော့တာ ကြောင့်လဲ အင်ဂျင်ဝိုင်ပျောက်ပါတယ်..။
အင်ဂျင်ဂတ်စကတ်တွေဟာ အင်ဂျင်ဘလောက်တုံးနဲ့ အင်ဂျင် Head အကြားမှာ ဆီးလ်ပိတ်ပေးပါတယ်။ အင်ဂျင်ဝိုင်လိုင်းတွေ Coolant လိုင်းတွေကို မရောအောင် ထိန်းပေးထားပါတယ်။ အင်ဂျင်ဂတ်စကတ်တစ်ခုဟာ ကားကိုပုံမှန်ထိန်းသိမ်းနေတယ်ဆိုရင် ကီလို 200,000 ကျော် 300,000 လောက်အထိ ဘာပြဿနာမှမရှိတတ်ပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် အင်ဂျင် Heat တက်လာရင်တော့ အင်ဂျင်ဘလောက်တုံး နဲ့ Head တွေ လိမ်ကုန်တာ အက်ကုန်တာတွေ ဖြစ်လာရင်တော့ ဂတ်စကတ်က ကောင်းကောင်း ဆီးလ်ပိတ်မပေးနိုင်တော့ပါဘူး။
အင်ဂျင်ဝိုင်နဲ့ ရေလိုင်းတွေ ယိုစိမ့်ကုန်ပြီး အင်ဂျင်ထဲကို Coolant တွေရောက်ကုန်တာ ရေတိုင်ကီထဲမှာ အင်ဂျင်ဝိုင်တွေ ရောက်နေတာ ဖြစ်တတ်ပါတယ်။
ရေတိုင်ကီထဲမှာ ဆီတွေ ဝေ့နေတာဖြစ်ဖြစ် Coolant ဟာ အဖြူရောင်တွေ ပေါက်လာတာဆိုရင်တော့ ဟက်အက်တာတို့ ဂတ်စကတ်ပေါက်တာတို့ကို စစ်ဆေးရမှာဖြစ်ပါတယ်။
အင်ဂျင်ဝိုင်ဂိတ်တံကို ထုတ်ကြည့်ပြီး အင်ဂျင်ဝိုင်ဟာ ပုံမှန်အကြည်ရောင် သို့မဟုတ် သုံးတာကြာနေရင် မည်းနေရုံလောက်ဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှစ်တွေ အဖတ်တွေ ကပ်နေပြီဆိုရင်တော့ ပြဿနာရှိနေပြီဖြစ်ပါတယ်။ ကားဆားဗစ်မှာ အမြန်ဆုံးပြသ သင့်ပါတယ်။
လိုအပ်တဲ့ Gasket လဲခြင်းတွေ Head သ ခြင်း၊ လဲလှယ်ခြင်း တွေကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

၆။ အင်ဂျင်ဝိုင်လျော့ခြင်းဟာ တခါတရံရိုးစင်းတဲ့ အကြောင်းလေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကားရဲ့အင်ဂျင်ဝိုင်ဆီကန်ခွက်နဲ့ လမ်းမှာ ကျောက်တုံးကဲ့သို့ တခုခုနဲ့ ထိခိုက်မိရင်လည်း ကွဲအက်ပြီး ဆီယိုစိမ့်ကာ အင်ဂျင်ဝိုင် လျော့တတ်ပါတယ်။ အင်ဂျင်ဝိုင်ဖောက်ချတဲ့ ချက်နတ်ဝါလျှာလေးက ကျိုးပဲ့နေတာဆိုရင်လည်း အင်ဂျင်ဝိုင်မလုံတော့ပဲ ဆီယိုတတ်ပါတယ်။ ပျက်ဆီးနေရင် စစ်ဆေးလဲလှယ်ပေးရမှာဖြစ်ပါတယ်။

၇။ အင်ဂျက်တာတွေ ချေးပိတ်နေရင် သူ့ရဲ့ ပုံမှန်လုပ်ဆောင်ချက်ဖြစ်တဲ့ ဓါတ်ဆီ/ဒီဇယ်ကို အမှုန်အမွှားအဖြစ် အပြည့်အ၀ ပြောင်းမပေးနိုင်တော့ပါဘူး။ ဆီတွေဟာ အမှုန်အမွှားမဖြစ်တော့ရင် မီးလောင်တာ ခက်ခဲလာပါတယ်။
မီးမလောင်ဘဲကျန်တဲ့ ဓါတ်ဆီ/ဒီဇယ်တွေက Piston Crown ဘေးကြားကနေ အင်ဂျင်ဝိုင်ထဲကိုကျ၊ အင်ဂျင်ဝိုင် ကျဲလာပြီး Ring တွေကြားထဲကနေ ထွက်ပြီး မီးလောင်ပါသွားတာဖြစ်နိုင်ပါတယ်။ တချို့ကားတွေမှာ ကားမောင်းရင်း အင်ဂျင်ဝိုင်တွေတိုးလာတယ်လို့ ပြောတာကြုံဖူးကြပါတယ်။

၈။ မိမိကားနဲ့ လိုက်လျောညီထွေဖြစ်မယ့် အင်ဂျင်ဝိုင် သုံးမထားတာ
ကားကီလို 250,000 လောက်ဖြစ်နေပြီး Ring အနည်းငယ် ချောင်နေတဲ့အချိန်မှာ 5W30 လို ဆီအပါးကို သွားသုံးရင် အင်ဂျင်ဝိုင် လျော့မှာပါပဲ။
ကီလိုလျှော့ထားတဲ့ကားဖြစ်နေရင်လည်း ကီလိုများနေတာကို မသိဘဲ ဒိုင်ခွက်ကိုပဲကြည့်ပြီး ဆီအပါးကို ရွေးချယ်မိတာလည်း ဖြစ်တတ်ပါတယ်။
တချို့ကားအင်ဂျင်တွေကတော့ အင်ဂျင်ဝိုင်လျော့တိုင်း ဆီသားပိုထူတာပြောင်းသုံးပြီး ဖြေရှင်းလို့မရပါဘူး။ တချို့အင်ဂျင်ဒီဇိုင်းမှာ သတ်မှတ်ထားတဲ့ဆီသားထက်ပိုထူတာသုံးမိရင် Oil Pressure လုံလောက်စွာ မရတဲ့အတွက် အင်ဂျင်ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။
လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်ပြီး ဆီသားအပါးပဲ ပြန်လည်အသုံးပြုရမှာဖြစ်ပါတယ်။

၉။ ဆီအမှားကို အကြာကြီးသုံးထားမိခြင်း
မိမိကားက 10W30 လောက် စွဲသုံးသင့်တဲ့အခြေအနေမှာ 15W40 သို့မဟုတ် 20W50 အကြာကြီးစွဲသုံးမိခဲ့ရင် ကားက ဆီအပါးတွေ ပြန်ထည့်ရင် မခံနိုင်တော့ဘဲ စားကုန်နိုင်ပါတယ်။ ဆီအထူနဲ့မှ ဆီမပျောက်တော့တဲ့ကားတွေဆိုရင်တော့ ဆီအထူပဲ သုံးရတော့ပါမယ်။ ဆီအပါးက Fuel Economy ပို ကောင်းပါတယ်။ ဒါ့ကြောင့် မိမိကားကို ဆီအပါးနဲ့ အချိန်အကြာကြီး အသုံးပြုနိုင်အောင် ဂရုတစိုက် သန့်ရှင်း ထိန်းသိမ်းပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။
Credit to original uploader.
♦♦♦♦♦♦♦♦♦♦♦
#ဇွဲ #ကားမောင်းလေ့ကျင့်ရေးသင်တန်းမှ ကြိုဆိုပါတယ်။

ကားနဲ့ဆိုင်တဲ့ ဗဟုသုတများ လေ့လာနိုင်ဖို့ အောက်က you tube channel နှိပ်ပြီး subscribe လုပ်ထားစေချင်ပါတယ်။

https://www.youtube.com/

ခေတ်တွေ ပြောင်းလာတာနဲ့အမျှ
ကားမောင်းတတ်ဖို့ဆိုတာ
အတတ်ပညာတခု အနေနဲ့
အရေးပါလာခဲ့ပါပြီ။
♦ဟိုဒီသွားစရာ ကိစ္စကြုံလာရင်
ဖြစ်စေ၊
♦ကလေး ကျောင်းကြို/ပို့ ဖို့ ဖြစ်စေ
♦ကျန်းမာရေးကိစ္စကြောင့်ဖြစ်စေ၊
စသည်ဖြင့် အကြောင်းကိစ္စ
အမျိုးမျိုး အရေးကြုံလာပါက
မိမိအိမ်မှာ ကားလဲရှိမယ်၊
မိမိကိုယ်တိုင် ကားမောင်းတတ်မယ််
ဆိုရင် စိတ်သွားတိုင်းကိုယ်ပါနိုင်မှာ
ဖြစ်ပါတယ်။

package 1
♦♦♦♦
ကားမမောင်းတတ်ဘူး၊
လိုင်စင်ဖြေတဲ့အချိန်မှာ
မောင်းပြရတဲ့
ပတ်မောင်းလေ့ကျင့်မှုရယ်၊
ပါကင်ထိုးပြရတဲ့
၆၅°ပါကင်လေ့ကျင့်မှုရယ်အတွက်
(လေ့ကျင့်ချိန် ၆နာရီ)
သင်တန်းကြေး ၁သိန်း၅သောင်း။

package 2
♦♦♦♦
ကားမောင်းတတ်တယ်။
သင်တန်းလဲ တက်ဖူးတယ်။
လိုင်စင်ဖြေတဲ့အချိန်မှာ
မောင်းပြရတဲ့
ပတ်မောင်းလေ့ကျင့်မှုရယ်၊
ပါကင်ထိုးပြရတဲ့
၆၅°ပါကင်လေ့ကျင့်မှုရယ်အတွက်
(လေ့ကျင့်ချိန် ၄နာရီ)
သင်တန်းကြေး ၁သိန်း။

package 3
♦♦♦♦
ကားမောင်းအခြေခံ သင်တန်း
အသက်ကန့်သတ်ချက်မရှိ။
(လေ့ကျင့်ချိန် ၁၀ နာရီ)
သင်တန်းကြေး ၂သိန်း၅သောင်း။

package 4 (Special class)
♦♦♦♦♦♦♦♦♦
ကားမောင်းအတတ်သင် သင်တန်း
အသက် ၁၆ နှစ်မှ ၃၀ နှစ်အတွင်း
(လေ့ကျင့်ချိန် ၁၆နာရီ)
သင်တန်းကြေး ၄ သိန်း။

package 5 (VIP class)
♦♦♦♦♦♦♦♦
ကားမောင်းအတတ်သင် သင်တန်း
အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်း
(လေ့ကျင့်ချိန် ၂၀ နာရီ)
သင်တန်းကြေး ၅ သိန်း။

♦probox အော်တိုဂီယာ
♦သင်မောင်းလိုင်စင် အခမဲ့
💜💜💜💜💜💜💜💜💜

ဘာတွေသင်ပေးမလဲ?
🎯 စက်မနှိုးမီ စစ်ဆေးရမည့်
ဆီ ရေ လေ ဝိုင် အကြောင်း
🎯 ကားအတွင်းရှိ ခလုတ်များ
အသုံးပြုပုံ
🎯 ယာဥ်မောင်းချိန်တွင် တွေ့ရမည့်
လမ်းညွှန်အမှတ်အသားများ
🎯 ယာဥ်မောင်းချိန်တွင် လိုက်နာရမည့်
စည်းကမ်းချက်များ
🎯 ရှေ့သို့ မောင်းနှင်ခြင်း နှင့်
လမ်းကွေ့ အယူအဆများ
(ကားမောင်းသင်ကွင်း အတွင်း /
ကွင်းပြင်ပ လမ်းများနှင့် လမ်းမကြီး
များပေါ်အထိ)
🎯 နောက်ဆုတ်ခြင်းအယူအဆများ
🎯 ပါကင်ထိုးပုံ ၇မျိုး အယူအဆများ
🎯 အမျိုးသား သင်တန်းသားများ
အတွက် ကားဘီးဖြုတ်ခြင်း
တပ်ခြင်း
🚘🚘🚘🚘🚘🚘🚘🚘🚘🚘🚘

♦ သင်တန်းအပ်နှံလိုပါက

ဆရာဇွဲ
ဖုန်း 09421130462
ယာဥ်မောင်းသင်လေ့ကျင့်ရေးစခန်း
ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်။

Address

Mandalay

Telephone

+9592015273

Website

Alerts

Be the first to know and let us send you an email when 7even Lubricant Distribution-ကားနှင့်စက်ပစ္စည်းအင်ဂျင်ဝိုင်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share