Khit Ta Media

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချအညံ့ခံသူ ၁၂၀ ကျော်ရှိပြီး လက်နက်ခဲယမ်းတွေပါရရှိ ဩဂုတ် ၁၈စစ်ကိုင်းတိုင...
18/08/2024

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချအညံ့ခံသူ ၁၂၀ ကျော်ရှိပြီး လက်နက်ခဲယမ်းတွေပါရရှိ

ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် စစ်ကောင်စီဘက်က အလံဖြူထောင်လက်နက်ချသူ ၁၂၃ ယောက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ဩဂုတ်လ ၁၈ ရက် နေ့လည်ပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။

၃ရက်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်အစောပိုင်းမှာ မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ရရှိခဲ့တာလို့ စစ်ကိုင်း ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူတချို့ ထွက်ပြေးသွားပြီး အလံဖြူထောင်လက်နက်ချသူ ပျူ ၂ ယောက်။ Non CDM ဝန်ထမ်း ၄၁ ယောက်၊ မိသားစုဝင် အယောက် ၈၀၊ စုစုပေါင်း ၁၂၃ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

အမှတ် (၁) စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းတွေ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့ ပူးပေါင်းအဖွဲ့တွေက မြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့ရဲ့ နေရာတချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စိုးမိုးထိန်းချုပ်ထားတာဖြစ်ပြီး ဒီနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာတော့ တစ်မြို့လုံးကို အပြီးသတ် ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မှော်ဘီတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်သေဆုံးဟုဆို Khit Ta Media...
02/08/2024

မှော်ဘီတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်သေဆုံးဟုဆို

Khit Ta Media

ရန်ကုန်မြို့၊ မှော်ဘီမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျပြီး တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး သေဆုံးပြီးအမျိုးသမီးလေယာဥ်မှူးနှင့် စက်မှူအကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။

ပျက်ကျသည့်ရဟတ်ယာဉ်သည် လေ့ကျင့်ရေးရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ်မှာ ဗိုလ်ချုပ်စိုးတင်လတ်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။

မှော်ဘီလေတပ်မရဟတ်ယာဉ်ကွင်းအတွင်း ပျက်ကျခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သတင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေသည်ဟု မှော်ဘီမြို့ခံချို့က ပြောသည်။

အာဏာသိန်းအုပ်စုလက်အောက်ခံတယ်လီဂရမ်ချန်နယ်အချို့က မှော်ဘီမြို့၌ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦးသေဆုံးကြောင်း ရေးသားနေကြသည်။

ဓာတ်ပုံ - ၂၀၂၂ မတ်လက ချင်းပြည်နယ်၊ဟားခါးမြို့နယ်၌ စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပျက်ကျစဉ်။ (ပုံအဟောင်း)

လားရှိုး ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး ...
27/07/2024

လားရှိုး ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေ

Khit Ta Media
ဇူလိုင် ၂၇

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေကြောင်း MNDAA က ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် MNDAA တပ်၏ အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့ဝင်များကို စတင် တိုက်ခိုက်ခဲ့ကာ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်တွင် တိုးဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်း အကြွင်းအကျန်များကို ရှင်းထုတ်နေကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၁ တပ်ရင်း နှင့် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ကို MNDAA တပ်က သိမ်းပိုက်နိုင်လိုက်ကြောင်း သိရသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံးလက်နက်၊ ၁၂၀ မမ အမြောက်များ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရ...
25/07/2024

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံးလက်နက်၊ ၁၂၀ မမ အမြောက်များ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိ

Khit Ta Media
ဇူလိုင် ၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက် အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့သိမ်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁ လက်၊ ငဂျင်းမီး ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဂျမ်းပါ ၁ စုံ၊ အတွဲလိုက်ဒုံး ၄လုံးတွဲပစ်အမြောက် ၁ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ အပါ အဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်သုံးပန့် ၃၀ ကျော်ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ ၇၈၊ ၈၈၊ ၁၄၈ ဗျူဟာမှူးကြီးအခြေ ချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန် တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်း လင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြိုနယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် ၄ ပတ်ကြာ ဇူလိုင် ၂၄ ရက်နေ့ တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းချေမှုန်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း၊ ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် မန်တိုင် ၅ တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲတိုမှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးခဲ့ပြီး၊ ၅၉ ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြို့နယ်ကို TNLA သိမ်းပိုက်၍ ပြည်သူများက သပြေခက်ဖြင့် ကြိုဆို Khit Ta Mediaမန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ စစ်က...
24/07/2024

မိုးကုတ်မြို့နယ်ကို TNLA သိမ်းပိုက်၍ ပြည်သူများက သပြေခက်ဖြင့် ကြိုဆို

Khit Ta Media

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )နှင့် ပူးပေါင်းမဟာမိတ်တပ်တို့ကြား တလနီးပါးကြာ တိုက်ပွဲပြင်းထန်နေပြီးနောက် ယနေ့(ဇူလိုင် ၂၄ ရက်)တွင် မိုးကုတ်မြို့ကို TNLA နှင့်မဟာမိတ်များမှ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ပြန်ကြားရေးမှ အတည်ပြုပြောဆိုသည်။

"မိုးကုတ်ကို သိမ်းပိုက်နိုင်တာ ဟုတ်ပါတယ်။ ဒီနေ့ပါ" ဟု TNLA ၏ ပြန်ကြားရေးမှ အတည်ပြုပြောဆိုသည်။

TNLA တပ်ဖွဲ့ဝင် တဦးမှလည်း ယနေ့ ညနေပိုင်းတွင် မြို့အတွင်း TNLA နှင့်မဟာမိတ်များဝင်ရောက်လာပုံနှင့် ပြည်သူများက သပြေခက်ဖြင့် ပျော်ရွှင်စွာကြိုဆိုနေကြပုံကို လူမှုကွန်ရက်တွင်လည်း မျှဝေထားသည်။

“အိမ်နဲ့ အဆက်အသွယ်မရလို့ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်” ဟုရေးသားထားသည်။

မိုးကုတ်မြို့၌ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကစတင်ကာ နေ့စဉ်ရက်ဆက်တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲကာလ တလခန့်ကြာမြင့်ပြီးနောက် မြို့ကို TNLA နှင့်မဟာမိတ်များမှ အလုံးစုံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

မိုးကုတ်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း TNLA မှ ဒုတိယမြောက်သိမ်းပိုက်လိုက်နိုင်သည့်မြို့ဖြစ်လာသည်။ နောင်ချိုမြို့ကို TNLA မှ ဇူလိုင် ၁၀ ရက်နေ့က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။
မိုးကုတ်မြို့တွင် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများအားလုံးကို ဖြတ်တောက်ထားသည်။

လားရှိုးတွင် စကစတပ်များမှ ဗိုလ်မှူးကြီးများအပါဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်■ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်...
23/07/2024

လားရှိုးတွင် စကစတပ်များမှ ဗိုလ်မှူးကြီးများအပါဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်

■ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင်ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို

Khit Ta Media
ဇူလိုင် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးကို MNDAAတပ်သို့ လက်နက်ချအလင်းဝင်ခဲ့ပြီး မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

MNDAAနိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံချက်ပေးထားကြောင်း သိရှိရသည်။

MNDAAတပ်ဖွဲ့၏ မူဝါဒအရ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ MNDAAတပ်ဖွဲ့သည် လက်နက်ချသော ဝန်ထမ်းများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်သူတို့ကိုလက်ခံချိန် MNDAAတပ်ဖွဲ့ က သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သမ္မတရာထူး ၁၀ နှစ်အထိ တာဝန်ယူလို့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့  မင်းအောင်လှိုင် နောက်ဆုံးမှာ ယ...
23/07/2024

သမ္မတရာထူး ၁၀ နှစ်အထိ တာဝန်ယူလို့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင် နောက်ဆုံးမှာ ယာယီ သမ္မတရာထူး ရယူ

Khit Ta Media
ရန်ကုန် ခေတ်သစ်မှ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း အာဏာသိမ်းမှု ၃ နှစ်ခွဲလာချိန်မှာတော့ ယာယီသမ္မတရာထူးနဲ့တာဝန်တွေကို ရယူလိုက်ပါတယ်။

အရင်ကတည်းက သမ္မတရူးရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဘယ်သူမှ ရွေးကောက်တင်မြှောက်တာမရှိဘဲ သူ့ကိုယ်သူ ယာယီသမ္မတရာထူးတာဝန်ကို လွှဲပြောင်းရယူတာပါ။ သူ ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းချက်မရှိသလို သူ့ကိုယ်သူ သမ္မတရာထူး ပြန်လည် အပ်နှင်းခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရာထူးတာဝန်ကို နောက်ထပ် ၁၀ နှစ်အထိ လုပ်ဖို့ရှိနေတယ်ဆိုတာ နိုင်ငံတကာကို သူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှဲပေးမယ်လို့ အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိုင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လို့ရတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့မှာပဲ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိ သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန် လာမယ့် ကာလမှာ အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ့ က ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတလုပ်မယ့် သဘော ပုံစံမျိုးတွေ လုံး ထွေး ပြောဆိုခဲ့တာဖြစ်တဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ပြောဆိုခဲ့တာပါ။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို တကယ် လက်တွေ့ သိမ်းယူခဲ့ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။

“သူ မလုပ်ရဲတာ မရှိဘူး” လို့ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။

မင်းအောင်လှိုင်ဟာ သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ပြီး သမ္မတ မင်းအောင်လှိုင်ဆိုတဲ့ အရှက်မရှိ သိက္ခာမဲ့စွာ ပြည်သူတွေကို ဆက်လက်ဒုက္ခပေး၊ နိုင်ငံကို ရေတိမ်နစ်အောင် ဆက်လက်လုပ်ဆောင်မှာကတော့ အသေအချာဖြစ်ပါတယ်။

သတင်း- ရန်ကုန် ခေတ်သစ်

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် Khit Ta Medi...
22/07/2024

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Khit Ta Media
ဇူလိုင် ၂၂

မန္တလေးမြို့တွင် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သော လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်ထိ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေကြောင်း ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

“ဘူး” သပိတ်ကို ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး” ၊ အခွန်အခ မပေး “ဘူး” ၊ စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး” ၊ မရောင်း “ဘူး” ၊ ဖက်ဆစ် တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည် ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြရန်နှင့် ပြည်သူတစ်ဦးတစ်ယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြရန် သပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာသည့် စစ်ရေး တိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမည်ဖြစ်ပြီး ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြရန် အချိန်ကြပြီဟု ဒေါက်တာတေဇာစန်းက တိုက်တွန်းထားသည်။

မင်းအောင်လှိုင်ကိုယ်တိုင် သမ္ပတလုပ်မည်ဖြစ်ကြောင်း မင်း​အောင်လှိုင်ကိုယ်တိုင် ယနေ့ ကြေညာလိုက်ပြီKhit Ta Media ဇူလိုင် ၂၂ ...
22/07/2024

မင်းအောင်လှိုင်ကိုယ်တိုင် သမ္ပတလုပ်မည်ဖြစ်ကြောင်း မင်း​အောင်လှိုင်ကိုယ်တိုင် ယနေ့ ကြေညာလိုက်ပြီ

Khit Ta Media
ဇူလိုင် ၂၂

ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူးပေးအပ်ကြောင်း ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ယာယီသမ္မတတာဝန်များကို လွှဲပြောင်းအပ်နှံလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် သမ္မတလုပ်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် သမ္မတရူး ရူးနေသူတစ်ဦးဖြစ်ရာ ယခု သမ္မတရာထူး လွှဲပြောင်းရယူမှုမှာလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်ပါဝင်ခြင်းမရှိဘဲ သမ္မတရာထူးရယူလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာKhit Ta Media ဇူလိုင် ၂၂ ယာယီသမ္မတ မြင့်ဆွ...
22/07/2024

အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ

Khit Ta Media
ဇူလိုင် ၂၂

ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူးပေးအပ်ကြောင်း ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ယာယီသမ္မတတာဝန်များကို လွှဲပြောင်းအပ်နှံလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် သမ္မတလုပ်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် သမ္မတရူး ရူးနေသူတစ်ဦးဖြစ်ရာ ယခု သမ္မတရာထူး လွှဲပြောင်းရယူမှုမှာလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်ပါဝင်ခြင်းမရှိဘဲ သမ္မတရာထူးရယူလိုက်ခြင်းဖြစ်သည်။

ပုသိမ် -မုံရွာ လမ်းမပေါ်တွင် တပ်စွဲထားသောတပ်မှ လုံခြုံရေးကင်းပတ်သော စစ်သားများကို  တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လ...
22/07/2024

ပုသိမ် -မုံရွာ လမ်းမပေါ်တွင် တပ်စွဲထားသောတပ်မှ လုံခြုံရေးကင်းပတ်သော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်းရရှိ

Khit Ta Media
ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အင်အား ၁၅၀ ခန့်ဖြင့် စခန်းချတပ်စွဲ ထားသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ယင်းမာပင်ပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်း ပေါ် ၌ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက် လာ သော အကြမ်းဖက် စစ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား လမ်းခု လတ်တွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအသုံးပြုသော MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပုသိမ်-မုံရွာလမ်းပေါ်မှာက တပ်စွဲထားတာကြာပြီ၊ ကြေးနီသယ်တဲ့ ကားတွေကို လုံခြုံရေးယူပေးဖို့ လမ်းပိုင်းစိုးမိုးရေးယူထားတဲ့စစ်ကြောင်းပဲ၊ အဲဒီအထဲကမှာ ၆ ယောက်က ကင်းပတ်ထွက်လာတာ၊ အဲဒီ ၆ ဦးနဲ့ ကျနော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကနဲ့က ကျေးစာကျရွာနဲ့ အုံတုံပင်ရွာကြားမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်- ၃၀ - ADPRA တပ်ခွဲ ၂ (Black Shadow PDF) ၊ မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်း တပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Address

၁၂၅ လမ်း
Mandalay

Alerts

Be the first to know and let us send you an email when Khit Ta Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Ta Media:

Share