25/04/2025
သူတို့ကတော့ Lou (အမဲကောင်) နဲ့ Buddy
Lou က မန္တလေးက Buddy က ထိုင်းက
Lou က အမကြီး
Trainer နဲ့ သေချာ train ထားတော့ အကျင့်ကောင်းတယ်
ဟိုကောင် Buddy ကတော့ လမ်းဘေးက ကောက်ရတာ
ဘာမှ သေချာ train မရ
လမ်းဘေးက အစာတွေ့ရင် ကောက်စားချင်
ရှဉ့်တွေ ကြောင်တွေတွေ့ရင် ပြေးလိုက်ချင်
နွားတွေကိုတော့ အရမ်းချစ်
အိမ်ဘေးနားလာရင် ချောင်းကြည့်လို့ကို မပြီးနိုင်ဘူး
နှစ်ကောင်လုံး ရေကူးရတာတော့ အရမ်းကြိုက်တယ်
တစ်ပတ် ၃ ရက် ပင်လယ်ထဲသွားပြီး ရေဆော့တယ်
မသွားရတဲ့နေ့ အိမ်ထဲက ရေကူးကန်ထဲ ခုန်ချတယ်
လူမကူးရဘူး သူတို့ချည်းပဲ ကဲ
Lou က မြန်မာကနေ ထိုင်း၊ အာဖရိက၊ အမေရိက မှာနေပြီးသွားပြီ။ အခုတော့ တူရကီမှာ ထိုင်းက မွေးစားမောင်လေး Buddy နဲ့ တူတူနေနေတယ် 🐶