08/07/2026
"Bonk DAO နဲ့ နာကျင်အချိန်ပို"
GM everyone
Bonk DAO တော့ ဒီရက်ပိုင်းမှာ အတော်လေးဒုက္ခရောက်သွားပါတယ် အကြောင်းကတော့ DAO vote တစ်ခုကြောင့်ပါပဲ
DAO ဆိုတာ Decentralized Autonomous Organization ပါပဲ သူ့အနှစ်သာရအားဖြင့် လူတိုင်းမဲပေးပိုင်ခွင့် အဆိုပြုပိုင်ခွင့်ရှိသည်ပေါ့လေ
Bonk အနေနဲ့လည်း ဒီစံနှုန်းကို အပြည့်အဝလိုက်နာတဲ့ DAO ရှိပါတယ် အဆိုပြုချက်တစ်ခုကို လူတိုင်းတင်ခွင့်ရှိပြီး ၇ရက်အတွင်း pass ဖြစ်ရင် smart contract တွေနဲ့ vote ကိုလိုက်နာပြီး လိုက်လုပ်တယ်ပေါ့လေ
ပြီးခဲ့တဲ့ရက်သတ္တပတ်က အမည်မသိလူတစ်ယောက်က DAO ထဲက fund တွေ အတိအကျပြောရရင် Project ရဲ့ ရှေ့ဆက်ဖို့လုပ်ထားတဲ့ ကိစ္စတွေမှာသုံးမဲ့ ရန်ပုံငွေတွေကို သူ့ wallet ထဲ လွှဲပေးဖို့ Proposal တင်လိုက်ပါတယ်
Crypto ဟာဈေးအကျဘက်ရောက်နေပြီး community ထဲကလူတွေ Proposal တွေဝင်ကြည့်ဖို့လောက်ထိ စိတ်မဝင်စားတဲ့အချိန်ကိုက် Proposal တင်လိုက်တာပါ
တစ်ပတ်ပြည့်တဲ့အချိန်မှာ အဲ့ Proposal က approve ဖြစ်ပြီး $ သန်း၂၀ဖိုး ရှိတဲ့ crypto တွေဟာ သူ့ wallet ထဲ လွှဲသွားပါတယ်
ဒီလိုလွှဲဖို့အတွက် Proposal တင်တဲ့အမည်မသိ Whale ကြီးက $4.4M တန်ဖိုးရှိတဲ့ $BONK တွေဝယ်ပြီး နောက်ဆုံးမိနစ်ထိ ထိုင်စောင့်နေခဲ့တာပါ
နောက်ဆုံးအချိန်ကျမှ $4.4M voting Power နဲ့ သူ့ vote ကို Yes လုပ်ပြီး လွှဲချသွားပါတယ်
ဒီ Proposal ကို vote လုပ်ခဲ့တဲ့သူဟာ ၇ယောက်ပဲရှိပြီး Crypto market cap ရဲ့ 1% Quorum ပြည့်ရမယ် (440M market cap ရဲ့ 1% 4.4M) ဆိုတဲ့အချက်ကို ကွက်တိအသုံးချပြီး $16M လောက်အမြတ်ထွက်သွားခဲ့တာပါ
Bonk team အနေနဲ့လည်း ဒီလို exploit လုပ်သွားတာ နောက်ကျမှသိရှိခဲ့ပြီး fund တွေအကုန်ဆုံးရှုံးသွားပါတော့တယ် ခုချိန်မှာတော့သူတို့အနေနဲ့ ရဲတိုင်တာ Project ရှေ့ဆက်ဖို့ အလှူခံဖို့ကြိုးစားတာတွေ လုပ်နေရပြီး အတော်ဒုက္ခသုက္ခရောက်နေပါတယ် (နာကျင်နေတဲ့ချိဖ Bonk DAO)
ဒီကိစ္စမှာ ရယ်စရာကောင်းတာက ဗဟိုထိန်းချုပ်မှုကင်းချင်တဲ့ DAO က ဗဟိုထိန်းချုပ်ပါတယ်ဆိုတဲ့ အစိုးရရဲ့ရဲဌာနကို တိုင်ပြီးအကူအညီတောင်းနေရတာပါပဲ
ညီကိုတို့ရော ဒီ Whale ရဲ့လုပ်ရပ်က ဘောင်ထဲကလုပ်တာဖြစ်တဲ့အတွက်တရားတယ်မြင်သလား Scam သွားတယ်မြင်လား အမြင်တွေကိုမျှဝေပေးကြပါဦး
ဒီ post ကိုတော့ ဆော်အရမ်းကြည်တဲ့ ဒေါ်သန်းကြည်မြေး အညာသားအက်ထမင်ကိုယ်တိုင် တစ်ကျော့ပြန် တင်ဆက်လိုက်ရပါတယ်
ချစ်တဲ့ your brother in crypto 🤪