Passport QR Service

Passport QR Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Passport QR Service, Digital creator, Mandalay.

Passport QR လျှောက်ပေးထားတာလေးတွေဆက်သွယ်ရန်-09797774822
27/11/2025

Passport QR လျှောက်ပေးထားတာလေးတွေ
ဆက်သွယ်ရန်-09797774822

30/10/2025

Passport QR လျှောက်ပေးပါသည်။
​QR လျှောက်လိုသူများ viber 09797774822(သို့) messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။

(ဒါနထက် သီလက အရေးကြီးပုံ)🙏🙏🙏 ခွေးဘဝ ရောက်ခဲ့ပေမယ့် အတိတ္ဘဝက ဒါနအားကောင်းခဲ့လို့    သူဌေးအိမ်၌ ခွေးဖြစ်ရပြီး    ချမ်းချမ်...
22/09/2023

(ဒါနထက် သီလက အရေးကြီးပုံ)
🙏🙏🙏
ခွေးဘဝ ရောက်ခဲ့ပေမယ့်

အတိတ္ဘဝက ဒါနအားကောင်းခဲ့လို့
သူဌေးအိမ်၌ ခွေးဖြစ်ရပြီး
ချမ်းချမ်းသာသာ နေရပါတယ်။

သို့သော်လည်း
အတိတ် ဘဝက

ဒါန အား ကောင်းခဲ့သော်လည်း
ကိုယ့်ကျင့်သီလ ပျက်ခဲ့လို့

အပါယ်လေးဘုံ၌
တိရစ္ဆာန်ဖြစ်သော ခွေးဘဝ
ရောက်ခဲ့ရရှာတယ်။

ကိုယ်ကျင့်တရားပျက်လျှင်
အပါယ် လေးပါး က လြတ္ဖို့
ဒါနက မတားဆီးနိုင်ပါ။

ကိုယ်ကျင့်တရား ကောင်းမှသာ
အပါယ်လေးပါးမှ
လွတ်မြောက်နိုင်တယ်။

ငါးပါးသီလ လောက်တော့
အမြဲတန်း စောင့်ထိမ်းပေးကြပါ။

ငါးပါးသီလကို
ဖေါက်ဖျက်နေသူများဟာ
ကိုယ့်ကိုယ်ကို မချစ်ကြလို့ပါ။

သေသေချာချာ
သင်ယူကြပါ
မေးယူကြပါ
ကျင့်ကြပါ

ကျေးဇူးတော်ရှင်
#အမရပူရ_မဟာဂန္ဓာရုံဆရာတော်ကြီး

#မေတ္တာဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည် 🙏
🙏🙏🙏credit

20/09/2023

စိတ်ရှည်လိုက်တာနော်

19/09/2023

#ပိုက်ဆံရှိကြောင်းမကြွားပါနဲ့

ဆေးရုံရောက်ရင် ပိုက်ဆံဟာ
စက္ကူနဲ့ တူသွားတယ်။

အလုပ်ကောင်းကြောင်း မကြွားပါနဲ့
သင်ပြုတ် သွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်။

ရာထူးကြီးကြောင်း မကြွားပါနဲ့
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်။

အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့
သင်မရှိတော့တာနဲ့
တခြားလူဟာဖြစ်သွားတယ်။

ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်။

ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့
သင်ထွက်သွားတာနဲ့ ကားသော့က
တခြားလူလက်ထဲ ရောက်သွားတယ်။

သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ။

တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ
လုပ်နေနိုင်ပါတယ်။

ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ
သင့်ရဲ့ ကိုယ်အင်္ဂါပစ္စည်း အစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။

ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ။

မနက်စာကို ဘုရင်လိုစားတဲ့
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း
အဓိကျပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းတခုခုလုပ်ရင်း
ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့...။

-to-Original writer

ကိုယ့်အဖေလည်းပြောဖူးတယ်..ထုံးတို့မီးသွေးတို့မျှစ်တို့များဘယ်တော့မှစျေးမဆစ်ပါနဲ့သမီးရယ်.တဲ့.မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ...
15/09/2023

ကိုယ့်အဖေလည်းပြောဖူးတယ်..
ထုံးတို့မီးသွေးတို့မျှစ်တို့များ
ဘယ်တော့မှစျေးမဆစ်ပါနဲ့သမီးရယ်.တဲ့.
မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..
ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာ
ပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..
သိပ်ပင်ပန်းဆင်းရြဲကတာ..
ကိုယ်ချင်းစာပါသမီးရယ်တဲ့..🙏

"မဆစ်နဲ့"

မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့
ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက
"မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။

ဟုတ်တယ် သူပြောဖူးတယ်......
" မဆစ်နဲ့"လို့။

ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။

မကွေးဘက်လား၊ မုံရွာဘက်လား၊
ဒါမှမဟုတ် မတ္တရာဘက်လား၊
ဖေဖေ
ကောင်းကောင်း မမှတ်မိတော့ဘူး။

အဝေးပြေးကားကြီးနဲ့သွားကြရာက
တစ်နေရာ
ကားခဏထိုးရပ်လိုက်တဲ့အခါ
ရေသန့်ဘူးရောင်းတဲ့
ကလေးမ ကလေးတစ်ယောက်
ကားအနားကို
ကပ်လာပါလေရောလို့ ဆိုပါတော့။

ရေခဲစိမ်ထားလို့ထင်ပါရဲ့၊
သူ့လက်ထဲက
ရေသန့်ဘူး သုံးလေးဘူးဟာ
ရေတွေသီးလို့။

ခြစ်ခြစ်တောက်အောင်ပူတဲ့
အညာနေရဲ့ အောက်မှာ
"ရေသန့်ဘူး၊ ရေသန့်ဘူး"ဆိုတဲ့
အသံလေးဟာ စာ နေတာပဲ။

နဂိုမူလ ညိုတဲ့အသားကလေးဟာ
နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။

ထုံးစံအတိုင်း ဆရာချစ်ဦးညိုက
ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။

ဟဲ့ သမီးလေး ရေသန့်ဘူး
ဘယ်လောက်လဲ ဘာညာပေါ့။

ကလေးမကလေးက သုံးရာ တဲ့။

သည်တုန်းက ရေသန့်ဘူးစျေးက
နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊
သုံးရာဆိုတော့
နည်းနည်းလေး များသလိုလိုတော့
ရှိတာပေါ့။

အဲသည်မှာ ဆရာချစ်ဦးညိုက
ဆစ်တော့တာပါ။

သမီးလေး များတယ်ဟဲ့တဲ့ ၊
နှစ်ရာ့ငါးဆယ်ထားတဲ့။

သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊
ဆစ်နေက္မို့လို့ပဲလား
ကလေးမလေးကို ကျီစားချင်လို့ပဲလား၊
တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။

အဲသည့်အချိန်မှာ
မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံ
ထွက်လာတာပါ။

" ငချစ် ... မဆစ်နဲ့ကွ" တဲ့။

သူတို့အချင်းချင်း
ချစ်စနိုးစကားဆိုတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ဂွစာတဲ့၊
ဆရာချစ်ဦးညိုကို ငချစ်တဲ့
အပြန်အလှန်ခေါ်နေကြမို့
ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။

ထား...
အဲတာက အရေးမကြီးလှပါဘူး။

မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။

နင်လား ငါလားအနေအထားနဲ့
ဘဝကို
ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့
ကလေးတွေကို ပိုက်ဆံကလေး
ငါးဆယ်တစ်ရာ များသွားရုံနဲ့
မဆစ်နဲ့လို့ လှမ်းတားလိုက်တာက
အရေးကြီးတာပါ။

သည်လို သဘောထားမျိုးကို
ဖေဖေ သိပ်ကြိုက်သွားတယ်။

ဆရာချစ်ဦးညိုကလည်း
သိပ်ကြိုက်သွားပုံ ရပါတယ်။

အေးပါကွာ အေးပါကွာလို့ ဆိုပြီး
ကလေးမလေးပြောတဲ့အတိုင်း
ရေသုံးလေးဘူး
ပေးဝယ်လိုက်တော့တာပါ။

အရပ်ထဲမှာ
တစ်ပုလင်း၁၅၀၀ထက်မပိုတဲ့
ဘီယာပုလင်းကို လေဆိပ်ထဲက
ပြည်ပထွက်ခွာ အခန်းထဲမှာ
၅၀၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

အရပ်ထဲမှာ ၆၀၀လောက်ပဲတန်တဲ့
ဘီယာဘူးကို လေယာဉ်ပေါ်မှာ
၁၅၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

ရေနွေးကြမ်းတစ်ခွက် ၅၀၀လည်း
ဖေဖေတို့ သောက်ခဲ့ကြရတာပဲ
မဟုတ်လား။

သူ့နေရာ သူ့ဒေသအလိုက်
အဟန့်နဲ့ အခန့်နဲ့ တောင်းဆိုတဲ့
နှုန်းတွေကိုတောင်
ဖေဖေတို့ ဆစ်ခွင့်မရဘဲ
စားသုံးခဲ့ကြတာပဲ ဥစ္စာ။

ဘာဖြစ်လို့ မိုးထဲလေထဲက
ရုန်းရုန်းကန်ကန်ဘဝတွေကို
ဘာကြောင့်များ တိတိကျကျကြီး
ဆစ်နေတော့မှာလည်း။

ဖေဖေ့အသိတစ်ယောက်
ဂျာနယ်ဝယ်ပုံကလေးကလည်း
စိတ်ဝင်စားစရာကောင်းတယ်။

မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ
ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။

၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။

သူက ကိုယ်လည်းဆင်းရဲနေတာမှ
မဟုတ်တာဗျာ တဲ့။

ကားလမ်းပေါ်မှာ ရပ်နေရရှာတာက
၁၀၀မက တန်ပါတယ်တဲ့။ ။

တမင်တကာ အားပေးတာပါတဲ့။

ရပ်တည်မှုလေးနည်းနည်း
အသက်ရှူချောင်ပါစေပေါ့။

တစ်ခါက ပြောင်းဖူးပြုတ်ရောင်းတဲ့
မိန်းမရွယ်ကလေးတစ်ဦး
ဖေဖေတို့အိမ်တံစက်မြိတ်မှာ
ပြောင်းဖူးပြုတ်တောင်းကိုချတော့
တိုတိုကလေးညှပ်ထားတဲ့
သူ့ဆံပင်လေးတွေကို
ကြည့်ပြီးမေးမိတယ်။

ဆံပင်တွေညှပ်ထားတာလားပေါ့။

သူက
ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ။

ဆံပင်တွေ ကျွတ်လွန်းလို့
ညှပ်ထားတာတဲ့။

အဝတ်စကို ဖယ်တဲ့အခါ
ပြောင်းဖူးပြုတ်တွေဆီကနေ
အငွေ့လေးတွေထွက်လာတော့
ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။

ဘယ်တော့မှ မဆစ်ဘူး။
မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။

ဘဝတဝမ်းတခါးကို
ခြေကုန်လက်ပန်းကျမတတ်
ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။

သူတို့ကို ဘယ်တော့မှ
ဖေဖေ မဆစ်ချင်တော့ဘူး။
ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။

ကားအရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

အိမ်အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

လက်ဝတ်လက်စား
အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။

ဆရာ မောင်သာချို.

07/09/2023
တကယ်
06/09/2023

တကယ်

05/09/2023

"အိမ်တစ်အိမ်လိုချင်တယ်"

မာနနည်းတဲ့အိမ်

ဒေါသနည်းတဲ့အိမ်

မေတ္တာတရားတွေနဲ့အိမ်

လုံခြုံအေးချမ်းတဲ့အိမ်

ရယ်သံတွေဖောဖောသီသီ ကြားရတဲ့အိမ်

တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တက်တဲ့အိမ်

အကြီးကိုအငယ်က လေးစားတဲ့အိမ်

အငယ်ကိုအကြီးက ကြင်နာတဲ့အိမ်

ငွေအတွက်ပျော်စရာမပျောက်ရှတဲ့အိမ်

မိသားစုအတွက် အချိန်သီးသီးသန့်သန့်ရှိတဲ့အိမ်

ဘယ်ကစစ ချစ်ခြင်းမေတ္တာနဲ့စပြီး

ဘယ်မှာဆုံးဆုံး ချစ်ခြင်းမေတ္တာနဲ့ဆုံးတဲ့အိမ်.........!


#ခွန်အားဖြစ်စေသောစာများ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Passport QR Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share