11/02/2024
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက်ကန့်သတ်ချက်များ ပြဋ္ဌာန်းထားသော်လည်း ဥပဒေကို ပြင်ဆင်ခြင်း၊ လိုအပ်သလို ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်သည်။ ထို့ပြင် ထပ်မံ ဖွဲ့စည်းမည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက လိုအပ်သလို လူတိုင်းစစ်ထဲ ဆွဲခေါ်နိုင်သော အဓိပ္ပာယ်အမျိုးမျိုး ထွက်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။
ဥပမာအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အခန်း ၅ စစ်စည်းရုံးခြင်း အခန်း ပုဒ်မ ၂၁ (က) (ခ) (ဂ) တို့တွင် လိုအပ်သလို ပြည်သူများကို စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော ပြဋ္ဌာန်းချက်များဖြစ်သည်။
ပုဒ်မ ၂၁ (က) နိုင်ငံတော်၏ ဒေသအချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင်လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော်အစိုးရသည် စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးကို ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကို ဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့်ကို ထုတ်ဆင့်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းရေး ဆင့်ခေါ်ရန် မည်သည့်အခြေအနေတွင်မဆို အာဏာပေးထားခြင်းဖြစ်သည်။
စစ်မှုထမ်းအသက်ကန့်သတ်ချက်ကို လက်ရှိ ဥပဒေတွင်
အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ၊
ကျွမ်းကျင်သူ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်မပြည့်သေးသော နိုင်ငံသား၊
အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၂၇ မပြည့်သေးသော နိုင်ငံသား၊
ကျွမ်းကျင်သူ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသား
ကိုလည်းကောင်း ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ အသက်ကန့်သတ်ချက်များကို လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲပြဋ္ဌာန်းနိုင်သည့်အခွင့်အာဏာရှိနေပြန်သည်။ စစ်မှုထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်၊ စစ်မှုထမ်းခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုလျှင် ထောင်ဒဏ် ၅ နှစ်၊ စစ်မှု မထမ်းစေရန် ကူညီအားပေးလျှင် ထောင်ဒဏ် ၁ နှစ်ဟုလည်း ပြဋ္ဌာန်းထားသည်။
*** Respectfully Credit to Original writers
#ပြည်သူ့စစ်မှုထမ်းဥပဒေ
ပြည်သူ့စစ်မှုထမ်းဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀) (၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)
https://www.mlis.gov.mm/mLsView.do;jsessionid=A652041C0EB3726C30E8B2687737F340?lawordSn=954