Ms.mushroom

Ms.mushroom It would be like a Diary 💛
Favourite တွေအကြောင်း ရေးမယ် 🦋
ရေးချင်တာလဲ ရေးမယ် 🌟
(1)

လက်ရှိ new feed တခွင်
09/11/2025

လက်ရှိ new feed တခွင်

ကိုယ် review တင်ထားတဲ့ အရမ်းကောင်းတယ်ဆိုတဲ့ ဇာတ်ကားရဲ့ လင့်လေး
05/03/2025

ကိုယ် review တင်ထားတဲ့ အရမ်းကောင်းတယ်ဆိုတဲ့ ဇာတ်ကားရဲ့ လင့်လေး

02/03/2025

မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား... အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။

ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်။

လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်းမတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေကအဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီးရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Hack Your Health: The Secrets of Your Gut [2024]
------------------------
ဇာတ်ကားကြည့်ရန်လင့်
👇👇👇
🎬 ကော့မန့်မှာထည့်ပေးထားတယ်နော်..
------------------------
#စာတန်းထိုး #မြန်မာစာတန်းထိုး #တရုတ်ကား #ကိုးရီးယားကား #အက်ရှင်ကား #ထိုင်းကား #ဇာတ်လမ်းတွဲ

၂၀၂၅ အတွက် Trend ဖြစ်နေတဲ့ ဆံပင်စတိုင်လေး
02/03/2025

၂၀၂၅ အတွက် Trend ဖြစ်နေတဲ့ ဆံပင်စတိုင်လေး

Roan ရဲ့ Pink Pony Club သီချင်းနဲ့ emotion ဖြစ်နေလို့ပါGuess what!! ဒီသီချင်းက ထွက်တာ တကယ်တော့ ၂၀၂၀ ကတည်းကဖြစ်ပြီး နာမည်...
24/02/2025

Roan ရဲ့ Pink Pony Club သီချင်းနဲ့ emotion ဖြစ်နေလို့ပါ

Guess what!!
ဒီသီချင်းက ထွက်တာ တကယ်တော့ ၂၀၂၀ ကတည်းကဖြစ်ပြီး နာမည် မကြီးခဲ့ဘူး
ကံနိမ့်တဲ့အချိန် ကံမြင့်တဲ့အချိန်ဆိုတာ တကယ်နော် ..
Grammy ပွဲမှာ တက်ဖျော်ဖြေတော့မှ Hits ဖြစ်သွားတယ်
သူမက 2025 Grammy Award for Best New Artist ပါ ရရှိခဲ့ပါတယ်

သီချင်းလေးရဲ့ အဓိက အဓိပ္ပါယ်က သူယုံကြည်ရာကို သူ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတယ် ဆိုတဲ့အကြောင်း
လူတွေ ဘာပဲပြောပြော .. (မိဘတွေကပါ ပြောနေပါသော်ငြားလည်း) သူဟာ ဒီလို လူအမျိုးအစား ဖြစ်နေတာကို သူကိုယ်တိုင်လဲ မတတ်နိုင်ကြောင်း self-acceptance လုပ်ပြီး ရှေ့ကိုပဲ ဆက်လျှောက်နေတဲ့အကြောင်း

သီချင်းလေးက တော်တော်များများရင်ထဲကို ထိစေတယ်
LGBT တွေအနေနဲ့လဲ ရင်ထဲထိစေတဲ့အပြင်
ယုံကြည်ရာလျှောက်လှမ်းဖို့ မိသားစုကို အဝေးမှာထားခဲ့ပြီး အလုပ်သွားလုပ်တဲ့သူတွေအနေနဲ့လဲ ဒီသီချင်းလေးက ခံစားရစေတယ်လို့ ပြောကြတယ်

ကိုယ့်အတွက်လဲ လက်ရှိမှာ ဒီသီချင်းလေးက ကိုယ်ယုံကြည်ရာကို ဆက်လျှောက်လှမ်းဖို့ရာ Motivation ရစေလို့ ခဏတိုင်း နားထောင်ဖြစ်နေတယ်

စာရင်းကိုင်နဲ့ ဓာတုဗေဒ ပညာရှင် အတွဲမျိုးက အရမ်း လိုက်ဖက်ညီတယ် ဆိုတာ ခုမှ သိတယ် ကဲ .. စာရင်းကိုင်မမတွေ right person ရှာတဲ...
18/02/2025

စာရင်းကိုင်နဲ့ ဓာတုဗေဒ ပညာရှင် အတွဲမျိုးက အရမ်း လိုက်ဖက်ညီတယ် ဆိုတာ ခုမှ သိတယ်

ကဲ .. စာရင်းကိုင်မမတွေ right person ရှာတဲ့အခါ ဓာတု ကျောင်းဆင်းတွေကိုလဲ ထည့်သွင်း စဉ်းစားသင့်ကြောင်း

17/02/2025

သူများရဲ့ Breaking Bad က ပိုက်ဆံရှာတဲ့ နေရာမှာ ကမ်းကုန်ကို ဆိုးတာ

ငါတို့ရဲ့ Breaking Bad က စားတဲ့နေရာမှာ ..
ဒီစာကို ညသန်းခေါင် ထ ထမင်းစားရင်း ရေးသည် 🥴

Game ဆော့လေ့ မရှိလို့ Game အကြောင်းတွေတော့ မသိပေမဲ့ YouTube မှာ သီချင်းနားထောင်ရင်း ဂိမ်းကုမ္ပဏီတွေက ဂိမ်းရဲ့ Signature ...
15/02/2025

Game ဆော့လေ့ မရှိလို့ Game အကြောင်းတွေတော့ မသိပေမဲ့ YouTube မှာ သီချင်းနားထောင်ရင်း ဂိမ်းကုမ္ပဏီတွေက ဂိမ်းရဲ့ Signature အဖြစ် သီချင်းတွေပါ ထုတ်ပြီး သီချင်းတွေကလဲ ကောင်းနေလို့ နားထောင်ကြည့်လို့ရအောင် sharing လေးလုပ်တာ

ဂိမ်းလဲ မဆော့ဖူးပဲ သီချင်းအနေနဲ့ကို ကြိုက်မိစေသော သီချင်း (၂) ပုဒ်

ပထမ သီချင်း နာမည်က 'Follow the Orders'
Lethal Company က PC Survival Game တွေ ထုတ်ပြီး အဲ့ ဂိမ်းအတွက် သီချင်း ထုတ်ထားတာ
MV ကလဲ ချစ်စရာလေး ကြည့်ကောင်းတယ်

ဒုတိယ သီချင်းနာမည်က "Polluted Platoon Pathfinder"
Another Crab's treasure ဆိုတဲ့ ဂိမ်းရဲ့ နောက်ခံသီချင်း
အလွန်မြူးပြီး နားထောင်ကောင်းသော

ခုပဲ YouTube မှာ ရှာပြီး နားထောင်ကြည့်ကြပါဦး

High Potential (2024)မှုခင်း CSI ကြိုက်တဲ့သူတွေဆို ဒီကားကို အတော်လေး ကြိုက်မှာ .. CSI နဲ့ Vibe တူတယ်Fool me once တို့ Mi...
13/02/2025

High Potential (2024)

မှုခင်း CSI ကြိုက်တဲ့သူတွေဆို ဒီကားကို အတော်လေး ကြိုက်မှာ .. CSI နဲ့ Vibe တူတယ်
Fool me once တို့ Missing you တို့လို တထိုင်တည်း အကုန်ကြည့်ချင်သွားလောက်အောင် ဆွဲဆောင်တဲ့ Thriller type မဟုတ်ပဲ တနေ့တပိုင်း Binge လုပ်ပြီး အေးဆေး Chill ကြည့်ရတဲ့ Type မျိုးလေး

ဇာတ်လမ်းအကျဉ်းက မော်ဂန် ဆိုတဲ့ အမျိုးသမီးက အိုင်ကျူ ၁၆၀ ရှိပြီး problem မြင်ရင် စွဲလမ်းသွားပြီး မဖြေရှင်းပဲ မနေနိုင်တာမျိုး .. ညထိ စဉ်းစားမိပြီး အိပ်မပျော်တတ်တဲ့သူ .. မှုခင်းဌာနကို သန့်ရှငိးရေးအနေနဲ့ ရောက်လာပြီး board ပေါ်က အမှုကို တွေ့တော့ အမှားမြင်ပြီး မနေနိုင်ပဲ ဝင်ပြင်လိုက်ရာကနေ သူ့အစွမ်းအစတွေကို ဌာနမှူး မြင်ပြီး သဘောကျသွားတယ်ပေါ့

General Knowledge နဲ့ ပတ်သက်တာတွေ အများကြီး ထည့်ရှင်းပြထားလို့ ဗဟုသုတတော့ အရမ်း ရစေသော ဇာတ်လမ်း

အမှု ဖြေရှင်းချက်တွေကလဲ ကျွတ်ဆင်ကြီးတွေ ..
လေတိုက်နှုန်းတွေရော အမှုဖြစ်တဲ့အချိန်မှာ လက ဘယ်နေရာရှိနေလို့တို့ အမလေး စဉ်းစားပုံတွေက လန်ထွက်

အပြင်မှာ ဒါမျိုး အမှုဖြစ်ရင်တော့ ဘလိုနည်းနဲ့မှတောင် ဖြေရှင်းနိုင်မယ် တောင် မထင်ဘူး ..

အဲ့လို တွေးကြည့်ပြီး ကိုယ့်မှာ ဆက်ရင်လေးသွားတယ်
အပြင်လောကကြီးမှာ တကယ့် တရားခံ မဟုတ်ပဲ အမှုနေရာမှာ ကံမကောင်းပဲ ရှိမိသွားရုံနဲ့ အတင်းဆွဲစိ ခံရပြီး ထောင်ကျသူတွေ ဘလောက် များလိမ့်မလဲလို့

Address

Mandalay

Telephone

09969912784

Website

Alerts

Be the first to know and let us send you an email when Ms.mushroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share