A Yauk Boosting Service

A Yauk Boosting Service Customer တွေဆီ အရောက်ပို့ပေးမဲ့ A-Yauk Boosting Service

ကြော်ငြာမဟုတ်တဲ့ "ကြော်ငြာ" (The Art of Soft Selling)ရုပ်ရှင်တစ်ခု ဇာတ်ရှိန်တက်နေတုန်း ကြော်ငြာဖြတ်ဝင်လာရင် လူတိုင်း စိတ...
28/02/2026

ကြော်ငြာမဟုတ်တဲ့ "ကြော်ငြာ" (The Art of Soft Selling)

ရုပ်ရှင်တစ်ခု ဇာတ်ရှိန်တက်နေတုန်း ကြော်ငြာဖြတ်ဝင်လာရင် လူတိုင်း စိတ်ပျက်ကြသလိုပေါ့၊ Facebook သုံးနေတုန်း ကြော်ငြာတွေ့တာနဲ့ လူတွေက ကျော်ပစ်နေကြတာပါပဲ။ Facebook ကလည်း Direct Selling (တိုက်ရိုက်အရောင်း) ပို့စ်တွေကို Reach ချပစ်လေ့ရှိပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ Content တွေဟာ "ကြော်ငြာဆန်မနေဖို့" အရေးကြီးဆုံးပါပဲ။

✨ အဲ့တာကြောင့် ကိုယ့်တင်လိုက်တဲ့ ပိုစ့်ဟာ ကြောငြာဆန်မနေပဲ ပိုမိုထိရောက်စေမယ့် Soft Selling ဥပမာလေးတွေ ပြောပြပေးမယ်နော်🥰🥰

လူကြီးမင်းတို့ လုပ်ငန်းနဲ့ ကိုက်ညီမယ့် ပုံစံလေးတွေကို ရွေးချယ်အသုံးချကြည့်ပါ။

Lifestyle ကို ရောင်းပါ (Aesthetic Focus):

ဖုန်းကာဗာ ရောင်းရင်: "ကာဗာအသစ်ရောက်တယ်" လို့ တည့်တိုးတင်မယ့်အစား၊ ကော်ဖီခွက်လေးရယ်၊ စာအုပ်လေးရယ်နဲ့အတူ ကာဗာလှလှလေးတပ်ထားတဲ့ ဖုန်းကို Aesthetic ဆန်ဆန် ရိုက်ပြပါ။ အဲ့တာမှ ငါ့ဖုန်းလေးလဲ အဲ့လို လှချင်လိုက်တာဆိုပြီး ဝယ်သူတွေရဲ့ ရင်ထဲကို ရောက်မှာပေါ့🤭🤭

Experience ကို ရောင်းပါ (Review & Tutorial):

အလှကုန်/Skin Care ရောင်းရင်: ဘူးခွံကြီးပဲ တင်မယ့်အစား မနက်ခင်းအိပ်ရာထချိန် Skin Care လိမ်းနေတဲ့ Get Ready With Me (GRWM) ဗီဒီယိုလေး တင်ပါ။ ကြည့်တဲ့သူက "ငါလည်း အဲ့လိုမျိုး ကြည်လင်တဲ့အသားအရေ ရချင်တယ်" ဆိုတဲ့ စိတ်နဲ့ ဝယ်လာပါလိမ့်မယ်🫡🫡

Knowledge ကို ရောင်းပါ (Education Based):

အဝတ်အထည် ရောင်းရင်: "ဒီဂါဝန်လေး လှတယ်" လို့ ပြောမယ့်အစား "ပိန်တဲ့သူတွေ ဝတ်ရင် ပိုကြည့်ကောင်းစေမယ့် ဒီဇိုင်း (၅) မျိုး" ဆိုပြီး ကိုယ့်ဆီက အင်္ကျီ‌လေးတွေကို နမူနာပြပြီး ဝတ်ပြပါ။ အဲ့တာမှ ကြည့်တဲ့သူက ငါလဲ အဲ့လိုမျိုးလေးတွေ ဝတ်လို့ရတာပဲဆိုပြီး ဖြစ်သွားမှာ✨✨

ကျွန်တော့်ရဲ့ Boost Service ဆိုရင်: "Boost လုပ်ပေးမယ်" လို့ အော်မရောင်းဘဲ အခုလိုမျိုး လုပ်ငန်းရှင်တွေ သိသင့်တဲ့ Marketing Knowledge တွေကို မျှဝေရင်း ကျွန်တော့်ရဲ့ လုပ်ငန်းကို မသိမသာ ကြော်ငြာနေတာပါ🤭🤭

💡 လုပ်ငန်းရှင်များအတွက် ထပ်ဆင့်အကြံပြုချက် (Bonus Tips)

လူကြီးမင်းတို့ရဲ့ Post တွေ ပိုပြီး Engagement ရလာအောင် ဒါလေးတွေလည်း လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Behind the Scenes (နောက်ကွယ်က မြင်ကွင်းများ): ပစ္စည်းတွေကို ထုပ်ပိုးနေတာ၊ Order တွေ ပြင်ဆင်နေတာ ဒါမှမဟုတ် ပစ္စည်းရွေးချယ်နေတဲ့ ပုံရိပ်တွေကို တင်ပေးပါ။ ဝယ်သူက သင့်ကို ပိုပြီး ယုံကြည်လာစေပါတယ်။

Customer Feedback (ဝယ်သူ့စကားသံ): Feedback တွေကို Screenshot ရိုက်တင်တာထက်၊ အဲ့ဒီ Feedback ကြောင့် ကိုယ်က ဘယ်လိုပျော်ရွှင်ရကြောင်း ဒါမှမဟုတ် ဘယ်လိုတိုးတက်အောင် လုပ်ပေးမယ့်အကြောင်း ရေးသားပါ။

Storytelling (ပုံပြင်ပြောခြင်း): ဒီပစ္စည်းကို ဘာလို့ ရွေးချယ်ဖြစ်ခဲ့တာလဲ၊ ဒီလုပ်ငန်းကို ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ရံဖန်ရံခါ တင်ပေးပါ။

✅ Post မတင်ခင် ဒါလေးတွေကို စစ်ဆေးကြည့်ပါ✅

ကိုယ့်ရဲ့စာသားတွေက ဈေးရောင်းတာထက် အကြံပေးတာမျိုး ပိုဖြစ်ရဲ့လား?

သုံးထားတဲ့ ပုံ သို့မဟုတ် ဗီဒီယိုက ကြည့်ရတာ မျက်စိပသာဒ ဖြစ်ရဲ့လား?

စာဖတ်သူအတွက် တစ်ခုခု အကျိုးရှိသွားစေရဲ့လား?

"လူတွေဟာ ပစ္စည်းဝယ်ရတာကို ကြိုက်ပေမဲ့၊ ဈေးရောင်းခံရတာကိုတော့ မုန်းကြပါတယ်။"

လူကြီးမင်းတို့ရဲ့ ရောင်းကုန်ပစ္စည်းကို ဝယ်သူရဲ့ပြဿနာကို ဖြေရှင်းပေးမယ့် အဖြေတစ်ခု (Solution) အဖြစ် ပုံဖော်တင်ဆက်ကြည့်ပါ။
ဒါဆိုရင် Reach လည်းတက်၊ အရောင်းလည်း တကယ်သွက်လာပါလိမ့်မယ်။

ဒီလိုမျိုး Content Strategy တွေနဲ့ မိမိလုပ်ငန်းကို လူသိပိုများအောင် Boost လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီကို အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🚀




Online Shop ကို အောင်မြင်အောင် ဘယ်လို Content နဲ့ ဆွဲဆောင်မလဲ? (Knowledge Sharing)ယနေ့ခေတ် Online ဈေးကွက်မှာ ပစ္စည်းကောင...
21/02/2026

Online Shop ကို အောင်မြင်အောင် ဘယ်လို Content နဲ့ ဆွဲဆောင်မလဲ? (Knowledge Sharing)

ယနေ့ခေတ် Online ဈေးကွက်မှာ ပစ္စည်းကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရဖို့နဲ့ ယုံကြည်မှုရဖို့က အဓိကကျလာပါတယ်။ ကိုယ့်ရဲ့ Online Shop ကို တခြားသူတွေထက် ထူးခြားပြီး အောင်မြင်စေမယ့် အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ Trust (ယုံကြည်မှု) ကို အရင်တည်ဆောက်ပါ
Online ကနေ ဝယ်သူတွေ ကြောက်ဆုံးအချက်က "ငွေလွှဲပြီး ပစ္စည်းမရမှာ" ဒါမှမဟုတ် "ပုံနဲ့ ပစ္စည်းမတူမှာ" ကိုပါ။

Customer Reviews: ဝယ်ဖူးသူတွေရဲ့ feedback တွေကို ပုံမှန်တင်ပေးပါ။

Real Photos/Videos: ပုံလှလှလေးတွေအပြင် ပစ္စည်းရဲ့ တကယ့်အပြင်အဆင် ဗီဒီယို (Review) လေးတွေကို ကိုယ်တိုင်ရိုက်ပြီး ပြပါ။

၂။ Content is King (အသုံးဝင်တဲ့ အချက်အလက်ပေးပါ)
ပစ္စည်းအကြောင်းချည်းပဲ တင်နေရင် ဝယ်သူက ငြီးငွေ့သွားတတ်ပါတယ်။
ဥပမာ- အဝတ်အထည်ရောင်းရင် "ဒီအင်္ကျီကို ဘယ်လို Match ဖြစ်အောင် ဝတ်ရမလဲ"၊ အလှကုန်ရောင်းရင် "အသားအရေအလိုက် ဘယ်လိုရွေးရမလဲ" ဆိုတဲ့ Value-added content တွေကို မျှဝေပေးပါ။

၃။ Customer Service (ဝန်ဆောင်မှု အလေးထားပါ)
Reply Speed: Chatbox မှာ စာပြန်တာ မြန်လေလေ၊ ရောင်းရဖို့ အခွင့်အလမ်း များလေလေပါပဲ။
Politeness: စကားပြော ချိုသာယဉ်ကျေးမှုက ဝယ်သူကို နောက်တစ်ခါ ပြန်လာအောင် ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။

၄။ Consistency (ပုံမှန်ရှိပါစေ)
တစ်နေ့ရောင်းရ၊ တစ်နေ့ ပျောက်သွားတာမျိုး မဟုတ်ဘဲ Page မှာ အမြဲတမ်း Active ဖြစ်နေဖို့ လိုပါတယ်။ ပုံမှန် Post တင်ပေးခြင်းက ကိုယ့် Shop ကို ဝယ်သူတွေ မျက်စိထဲမှာ အမြဲရှိနေစေမှာပါ။

၅။ Target Audience (ဘယ်သူ့ကို ရောင်းမှာလဲ)
လူတိုင်းကို လိုက်ရောင်းတာထက် ကိုယ့်ပစ္စည်းကို တကယ်လိုအပ်မယ့်သူတွေဆီ ရောက်အောင် လုပ်ပါ။
ဥပမာ- လူငယ်ပစ္စည်းဆိုရင် TikTok လို နေရာမျိုးမှာ Content လုပ်တာက ပိုထိရောက်ပါတယ်။

💡 အကြံပြုချက်: အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ "ရောင်းဖို့" တစ်ခုတည်းကိုပဲ မကြည့်ဘဲ ဝယ်သူရဲ့ "ပြဿနာကို ဖြေရှင်းပေးဖို့" ကို အမြဲဦးစားပေးလေ့ ရှိကြပါတယ်။

ဒီအချက်လေးတွေက လူကြီးမင်းရဲ့ Online Shop ခရီးလမ်းမှာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။


Valentine Day မှာ ဘာလုပ်ကြမလဲဆိုရင်...
14/02/2026

Valentine Day မှာ ဘာလုပ်ကြမလဲဆိုရင်...

ဒီရက်ပိုင်း boost results ကောင်းကောင်းလေးတွေ...Boost ပေမဲ့ စာမဝင်ဘူးဆိုတာ Target Audience မမှန်လို့ပါ...စာဝင်ပေမဲ့ မရောင...
02/02/2026

ဒီရက်ပိုင်း boost results ကောင်းကောင်းလေးတွေ...

Boost ပေမဲ့ စာမဝင်ဘူးဆိုတာ Target Audience မမှန်လို့ပါ...

စာဝင်ပေမဲ့ မရောင်းရဘူးဆိုတာ ကိုယ်က customer ကိုမဆွဲဆောင်နိုင်လို့ပါ..

စာလဲဝင်မယ် ရောင်းလဲရောင်းရချင်တယ်ဆိုရင်တော့...

Post က boost လို့အဆင်ပြေနိုင်မလားဆိုတာ သေချာစစ်ပေးမယ်..✅

လိုအပ်တာရှိရင် အားမနာတမ်း ထောက်ပြပေးမယ်..✅

Boost နေတုန်းလဲ အချိန်နဲ့အမျှစောင့်ကြည့်နေပေးတဲ့အတွက် results မကောင်းတာရှိခဲ့ရင် ချက်ချင်းပြင်ပေးမယ်...✅

Results မကောင်းခဲ့ရင် တစ်ခြား post ပြောင်း boost မလား၊ refund ပြန်ယူမလား အဆုံးထိ တာဝန်ယူပေးမယ်..✅

ဖြစ်သလို Boost ပြီး၊ Boost သလို မဖြစ်တာတွေကို ထားခဲ့ပြီး Boost လိုက်တိုင်းမှာ လက်မလည်အောင်ရောင်းရဖို့ ကျွန်တော်တို့ SBS နဲ့လက်တွဲဖို့ ‌ဖိတ်ခေါ်ပါရစေ...✅

✅5$ ကနေ စ Boost လို့ရပြီး၊ Active ဖြစ်မှ ငွေချေလို့ရပါတယ်✅


ဒီရက်ပိုင်း ဈေးဝယ်တွေ နည်းနေလား...Engagement တွေနည်းပြီး အပြိုင်အဆိုင်တွေကြားမှာ ကိုယ့်ရဲ့ page နစ်မြုပ်နေပြီလား...အဲ့တာ...
16/01/2026

ဒီရက်ပိုင်း ဈေးဝယ်တွေ နည်းနေလား...

Engagement တွေနည်းပြီး အပြိုင်အဆိုင်တွေကြားမှာ ကိုယ့်ရဲ့ page နစ်မြုပ်နေပြီလား...

အဲ့တာဆိုရင်တော့ Target Audience မှန်မှန်နဲ့ customer တွေရှေ့ ကိုယ့်ရဲ့ post ကို အရောက်ပို့ပေးမဲ့ SBS ရှိနေတယ်နော်😎

Boost Service နဲ့ပတ်သက်ပြီး မေးသမျှကိုလဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးမဲ့အပြင် လူကြီးမင်းတို့သိချင်သမျှကိုလဲ အားမနာတိုင်း မေးလို့ရတယ်နော်✨✨

ခြောက်ကပ်နေတဲ့ messenger, ဈေးဝယ်တွေနဲ့ စည်ကားနေဖို့ အခုပဲ SBS မှာ service အပ်လိုက်ပါ။



5$ နဲ့ TikTok စ boost လို့ရပြီနော်Facebook မှာသာမက TikTok မှာပါ လုပ်ငန်းတွေ တွင်ကျယ်လာတဲ့ ခေတ်မှာ Facebook ပေါ်မှာပဲ ဈေး...
05/12/2025

5$ နဲ့ TikTok စ boost လို့ရပြီနော်

Facebook မှာသာမက TikTok မှာပါ လုပ်ငန်းတွေ တွင်ကျယ်လာတဲ့ ခေတ်မှာ Facebook ပေါ်မှာပဲ ဈေးရောင်းနေတုန်းလား။

လူအသုံးများလာတဲ့ TikTok ပေါ်မှာ အခုကတည်းက နေရာတစ်ခု မယူထားနိုင်ရင် နောက်ကျသွားမယ်နော်..

အပြိုင်အဆိုင်နေရာလုနေကြတဲ့ အချိန်မှာ ကိုယ့်အတွက် နေရာတစ်ခု ရထားဖို့အတွက် 5$ ကနေ စပြီး boost လို့ရပါပြီ။




ဒီရက်ပိုင်း boost ထားတဲ့ results တွေ😏CPM ကိုပဲတစ်ချက်ကြည့်လိုက်တော့။ဈေးရောင်းမကောင်းဘူးဆိုတာ ကျွန်တော်တို့နဲ့ အလုပ်အတူမလ...
27/10/2025

ဒီရက်ပိုင်း boost ထားတဲ့ results တွေ😏

CPM ကိုပဲတစ်ချက်ကြည့်လိုက်တော့။

ဈေးရောင်းမကောင်းဘူးဆိုတာ ကျွန်တော်တို့နဲ့ အလုပ်အတူမလုပ်ဖူးသေးလို့ပါ။

5$ နဲ့ စ boost ပြီး active ဖြစ်မှ ငွေချေလို့ရပါတယ်✅✅



13/10/2025

ဒီနေ့ Internet error ဖြစ်နေလို့ စာပြန်နောက်ကျတာရှိရင် သည်းခံပေးပါဗျ။
လိုင်းပြန်အဆင်ပြေတာနဲ့ အကုန်လုံးကို စာအမြန်ဆုံး ပြန်ပေးသွားပါမယ်ဗျ။

4$ ပဲရှိသေးတယ် message က 100 ရှိနေပြီ...ဒီလို results ကောင်းကောင်းနဲ့ လက်မလည်အောင် ရောင်းရချင်ရင်တော့ SBS မှာ boost serv...
23/09/2025

4$ ပဲရှိသေးတယ် message က 100 ရှိနေပြီ...

ဒီလို results ကောင်းကောင်းနဲ့ လက်မလည်အောင် ရောင်းရချင်ရင်တော့ SBS မှာ boost service အပ်လို့ရပါတယ်နော်✅✅



ရောင်းအားတွေကျနေပြီလား ...ကိုယ့်ရဲ့ online shop ဈေးရောင်းပါးနေလို့ စိတ်ညစ်နေရတယ်ဆိုရင် မပူနဲ့တော့ဗျို့!Reach ပဲတက်ချင်လာ...
11/09/2025

ရောင်းအားတွေကျနေပြီလား ...

ကိုယ့်ရဲ့ online shop ဈေးရောင်းပါးနေလို့ စိတ်ညစ်နေရတယ်ဆိုရင် မပူနဲ့တော့ဗျို့!

Reach ပဲတက်ချင်လား ✅
Message ပဲဝင်ချင်လား ✅
Follower ပဲတိုးချင်လား ✅

အစ၊ အလယ်၊ အဆုံးထိ တာဝန်ယူပေးမဲ့ Scale Boosting Service ရှိတယ်နော်~

သုံးလိုက်တဲ့ Dollar တွေ အလကားမဖြစ်ရအောင် အချိန်နဲ့တပြေးညီ results ကို စောင့်ကြည့်ပေးတာမို့လို့ results မကောင်းမှာ လုံးဝပူစရာမလိုဘူးပေါ့✓

Boosting ပိုင်းသီးသန့် လက်စွမ်းပြချင်တာမို့လို့ လူကြီးမင်းတို့ဖက်က ယုံကြည်မှုတစ်ခုတည်းနဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ...




Address

Mandalay

Opening Hours

Monday 21:00 - 17:00
Tuesday 21:00 - 17:00
Wednesday 21:00 - 17:00
Thursday 21:00 - 17:00
Friday 21:00 - 17:00
Saturday 21:00 - 17:00

Website

Alerts

Be the first to know and let us send you an email when A Yauk Boosting Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share