HELLO YDB

HELLO YDB ➥ Mobile Game များကို Review စုံလင်စွာဖြင့်
➥ Up to Date တင်ဆက်ပေးနေပါသည်။

Mobile ပေါ် Official ရောက်လာမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ် .... 😎
04/08/2025

Mobile ပေါ် Official ရောက်လာမည်ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ် .... 😎

✈️ ငယ်ငယ်က ကောင်းကင်မှာ လေယာဉ်ပျံကြီးမြင်တာနဲ့ လက်ညိုးတစ်ထိုးထိုးလုပ်ပြီး လိုက်စီးဖူးချင်ခဲ့တာ နှစ်တွေဘယ်လောက်တောင် ကြာခ...
28/07/2025

✈️ ငယ်ငယ်က ကောင်းကင်မှာ လေယာဉ်ပျံကြီးမြင်တာနဲ့ လက်ညိုးတစ်ထိုးထိုးလုပ်ပြီး လိုက်စီးဖူးချင်ခဲ့တာ နှစ်တွေဘယ်လောက်တောင် ကြာခဲ့ပြီလဲ ? အရုပ်‌ဝယ်ရင်တောင် လေယာဉ်ပျံကြီး ဝီးဝီးဆိုပြီး လုပ်ခဲ့ဖူးမယ်ဆိုရင် ဒီဂိမ်းလေးက ငယ်ငယ်က ခေါင်းမော်ကြည့်ခဲ့ရတဲ့ လေယာဉ်ကြီးရဲ့ ဝန်ဆောင်မှုတွေကို ကိုယ်တိုင်ဝင်ရောက်ခံစားရတော့မှာပဲဖြစ်ပါတယ်။

🧳 အထူးသဖြင့် လေယာဉ်မောင်မယ်လုပ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး Simulation ဂိမ်းတစ်ခုဖြစ်ပြီး
💺 Passenger အနေနဲ့ပါ Flight Crew တွေရဲ့ ဝန်ဆောင်မှုတွေကို ဗဟုသုတအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

#ဂိမ်းကဘယ်လိုပုံစံမျိုးလဲ ?

Simulation ဆိုတဲ့အတိုင်း လေယာဉ်မယ်တစ်ဦးရဲ့ တာဝန်တွေကို အသေးစိတ်မဟုတ်ရင်တောင် အနီးစပ်‌ဆုံး ချုံပြီးပြပေးထားတာကြောင့် အကယ်လို့ ကိုယ်က လေယာဉ် Crew လုပ်ဖို့ ဝါသနာအထုံပါခဲ့မယ်ဆိုရင် ဒီဂိမ်းကစားကြည့်ရုံနဲ့ ကိုယ့်ရဲ့ Passion ဟုတ်မဟုတ်ကို သိနိုင်တဲ့အထိ သဘောကျစေမှာပဲဖြစ်ပါတယ်။

#ဘယ်လိုကစားရမှာလဲ ?

ဒါက မင်မင်ကိုယ်တိုင် သဘောအကျဆုံး အပိုင်းဖြစ်ပြီး ဒီဂိမ်းမဆော့ခင်အထိ လေယာဉ်မယ်တွေ ဒီလိုလုပ်လို့ရတယ်ဆိုတာကိုတောင် မသိခဲ့ပါဘူး။ အရင်ဆုံး ကိုယ့်ရဲ့ အလုပ်တာဝန် စပြီဆိုတာနဲ့ ဘာတွေလုပ်နိုင်မလဲဆိုရင်

🎫 ကိုယ်စီးမယ့် လေကြောင်းလိုင်းကို Check လို့ရမယ်။
🍔 ခရီးသည်တွေကို ဧည့်ခံဖို့အတွက်
မုန့်တွေ Order တင်လို့ရမယ်။
💺 ခရီးသည်တွေမရောက်ခင်
လေယာဉ်တစ်ခုလုံးကို Check လုပ်ပေးရပြီး
🛟 Supply Box , Safety Box , Fire Alarm တွေအထိ

အကုန် အသေးစိတ်စစ်ပေးရမယ့်အပြင် ခရီးသည်တွေရောက်လာပြီဆိုရင်လည်း

💺 သူတို့ရဲ့ ထိုင်ခုံတွေကို Check လုပ်ပေးရတာ။
🍽️ အစားအသောက် ဝန်ဆောင်မှုပေးရတာ။
😷 နောက်ဆုံး အရေးပေါ် ဆေးကုတာတွေအထိ

အန္တရာယ်ရှိတဲ့ အခြေနေတွေအဆုံး အကုန်တာဝန်ယူရမှာပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုကောင်းတာနဲ့အမျှ အဆင့်မြင့် လေယာဉ်တွေအထိပါ ရောက်ရှိနိုင်တာကြောင့် ကိုယ့်ရဲ့ ကြိုးစားမှုပဲ လိုပါတယ်။

#ဘာကြောင့်ကစားသင့်တာလဲ ?

လေယာဉ်နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတာမစားတာက အသာထား၊ ဒီဂိမ်းမှာ မုန့်တွေ စိတ်ကြိုက်ဝယ်ပြီး ဧည့်သည်တွေအကြိုက် ဝန်ဆောင်မှုပေးရတာလောက် ကောင်းတာမရှိဘူး။ မင်မင်ဆို ခရီးသည်တွေဆင်းသွားရင်တောင် မုန့်ဗန်းကြီးကိုင်ပြီး လေယာဉ်ပေါ်ကနေ ထွက်လာတဲ့အထိ တော်တော်လေးကမြင်းခဲ့တာ။

နောက်ပြီး ကိုယ့်ရဲ့ စည်းစနစ်ကျမှုကိုလည်း ဒီဂိမ်းမှာ လေ့ကျင့်ယူလို့ရတဲ့အထိ ပစ္စည်းနေရာချတာ ၊ လိုအပ်တာတွေကို ပြန်စစ်တာမျိုးတွေက အမြဲတမ်းဒါကြီးပဲဆိုရင်တောင် ခရီးသည်တွေ Safe ဖြစ်ဖို့နဲ့ စိတ်ကျေနပ်မှုက အဓိကမလို့ တကယ်ယူတတ်ရင် အလေ့ကျင့်ကောင်းတွေရစေတယ်။

ဒါတင်မကသေးဘူးနော် စီးပွားရေးပညာပါ တစ်ခါတည်းရအောင်လို့ လေယာဉ်ပေါ်က Business ဆန်ဆန် အစားသောက်ဝန်ဆောင်မှုတွေကလည်း တကယ်နေရာအလိုက် တန်ဖိုးခြင်း ကွာသွားတာကိုပါ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

#ဒီတော့အချိန်ပေးရ‌တာ‌တန်ရဲ့လား ?

ဂိမ်းတစ်ခုလုံးက လေယာဉ် Crew တွေရဲ့ Life ကို အနီးစပ်ဆုံး ပုံဖော်ထားတာဖြစ်တာကြောင့် သူတို့ရဲ့ တိကျမှု ၊ သေသပ်မှု၊ စည်းကမ်းရှိမှုတွေကို ကိုယ်တိုင် လေ့လာနိုင်မယ့်အပြင် စီးပွားရေးအရပါ ဘယ်လို Extra Money တွေနဲ့ လည်ပတ်နေလဲဆိုတာကို သိရမှာဆိုတော့ အချိန်ပေးရတာ အလကားတော့မဖြစ်ပါဘူး။ တစ်ခုရှိတာက စိတ်တော်တော်ရှည်မှ ရမှာနော်။

𝐂𝐚𝐛𝐢𝐧 𝐂𝐫𝐞𝐰 𝐒𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 )
=============================

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7 . 0 +
◈ 𝐑𝐚𝐦 = 4 GB
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 174 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 328 MB
◈ 𝐒𝐎𝐂 = Snapdragon 600 + , Helio G80 +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Online

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2025/07/cabin-crew-simulator.html?m=1

( ဒီတစ်ခါ Android ကော ၊ iOS ကော Free ဆော့လို့ရတယ်နော်။ )

Browser မှာ " HELLO YDB " လို့ ရိုက်ရှာလိုက်တာနဲ့ ဂိမ်းတွေအကုန် မြန်မာလို Review ဖတ်နိုင်မယ့် Blogspot လေးတစ်ခု ရှိတယ်နေ...
26/07/2025

Browser မှာ " HELLO YDB " လို့ ရိုက်ရှာလိုက်တာနဲ့ ဂိမ်းတွေအကုန် မြန်မာလို Review ဖတ်နိုင်မယ့် Blogspot လေးတစ်ခု ရှိတယ်နော် ..

သိချင်တာရှိရင်လည်း အခု Post အောက်မှာ ဝင်ရေးသွားလို့ ရပါတယ်။

◼️ မြင်လိုက်တာနဲ့ သာမန်ဂိမ်းတစ်ခု မဟုတ်ဘူးဆိုတာကို အရောင်ကြည့်ရုံနဲ့တင် ခံစားမိကြမှာပါ။ Theme တစ်ခုလုံးက ( Monochrome )လ...
25/07/2025

◼️ မြင်လိုက်တာနဲ့ သာမန်ဂိမ်းတစ်ခု မဟုတ်ဘူးဆိုတာကို အရောင်ကြည့်ရုံနဲ့တင် ခံစားမိကြမှာပါ။ Theme တစ်ခုလုံးက ( Monochrome )လို့ခေါ်တဲ့ အဖြူအမဲ ဒီဇိုင်းပုံစံအတိုင်း ဖန်တီးပေးထားတာဖြစ်ပြီး လူတိုင်းသဘောကျတဲ့ LIMBO တို့လို ဂိမ်းပုံစံမျိုးကိုပါ Inspiring ယူထားတာဖြစ်တာကြောင့် တကယ်သဘောကျစရာ ကောင်းတာပဲဖြစ်ပါတယ်။

#ဒီတော့ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?

ဒီဂိမ်းမှာ ချီးကျူးစရာကောင်းတာက ရေအောက်ကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အလှတရားတွေကို အရောင်အသွေးမစုံဘဲနဲ့တောင် အဖြူအမဲနဲ့ ပီပီပြင်ပြင် ပုံဖော်ပြထားနိုင်တာမလို့ လုံးဝကို အံ့ဩစရာကောင်းတဲ့အပြင်

◾ အမြင်အာရုံကို လှည့်စားထားတာတွေ
◾ ထူးခြားတဲ့ သတ္တဝါအသွင်အပြင်တွေအပြင်
◾ ရေအောက် သစ်ပင်တွေရဲ့ လှုပ်ရှားမှုတွေကအစ

ကစားသူကို နစ်မြောသွားစေတဲ့အထိ ညှိုယူဖမ်းစားနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မထင်ထားတဲ့ အရာတွေကြောင့်ပါ ပါးစပ်အဟောင်းသားဖြစ်နေနိုင်သလို၊ ရုတ်တရက်တုံ့ပြန်မှုတွေကြောင့်လဲ နားမလည်နိုင်အောင်အထိ ဂိမ်းတစ်လျှောက်လုံးမှာ ကြုံတွေ့ရမှာပါ။

#‌ဒါဆိုဘယ်လိုကစားရမှာလဲ ?

ဂိမ်းရဲ့ တင်စားပုံက နက်နဲပေမယ့် ၊ သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် ရေအောက်ကမ္ဘာထဲကို စွန့်စားရှာဖွေနေတဲ့ ရေငုပ်သမားအဖြစ်နဲ့ပဲ မြင်တွေ့ရမှာပါ။

ထူးဆန်းတဲ့ ပဟေဠိတွေကို ဦးစားပေးထားတာကြောင့် ကစားရမယ့် ပုံစံကလည်း တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး ဘယ်လောက်အထိ ထူးခြားလဲဆိုရင်

◾ ကစားတဲ့သူက ရေအောက်သတ္တဝါတွေကို ကိုယ်ချင်းလဲပြီး ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ ဥပမာ -

❖ ငါးတစ်ကောင်ကို ကိုယ်ချင်းလဲပြီး ကျဉ်းမြောင်းတဲ့ နေရာတွေကနေ ဖြတ်သန်းနိုင်တာမျိုး။
❖ ဒါမှမဟုတ် ပိုကြီးတဲ့ သတ္တဝါတစ်ကောင်ရဲ့ စွမ်းအားကို အသုံးပြုပြီး အတားအဆီးတွေကို ဖယ်ရှားပစ်တာမျိုးတွေအထိ လုပ်လို့ရနိုင်တာပဲဖြစ်ပါတယ်။

ဒီလို လုပ်နိုင်စွမ်းတွေကြောင့် ခုနကပြောခဲ့တဲ့ ဂိမ်းရဲ့ တင်စားပုံဟာ ပိုနက်နဲနိုင်ပြီး ဒီလိုထူးခြားတဲ့ Gameplay တွေကြောင့်ပဲ ကစားတဲ့အခါ စဉ်းစားစရာတွေက အပြည့် ဖြစ်နေရတာပါ။

#ဘာကြောင့်ကစားသင့်တာလဲ ?

Thalassophobia ရှိတဲ့သူတွေအတွက် Mind Test ဂိမ်းတစ်ခုလို့ ပြောလို့ရပြီး သုံးပေးထားတဲ့အရောင်နဲ့ နောက်ခံတီးလုံးတွေကြောင့်ပါ တစ်ခါမှ မကြုံဖူးတဲ့ Feeling မျိုးကြီးကို ခံစားရမှာပါ။

"အသံကြောင့် ဖားသေ" ဆိုတဲ့ စကားပုံလိုပဲ ဘာမှမဖြစ်သေးခင်ကတည်းက အချက်ပေးလာတဲ့ ရေ‌အောက်လှိုင်သံတွေကြောင့် သိချင်စိတ်ကော၊ထိတ်လန့်‌မှုတွေပါါ တစ်ပြိုင်တည်း ခံစားရစေမှာပဲဖြစ်ပါတယ်။

#အချိန်ပေးရတာတန်ရဲ့လား ?

ဂိမ်းတစ်ခုလုံးက Narrative မပါပဲ တင်စားထားတာတွေ များလွန်းတာကြောင့် သေချာကစားမယ်ဆိုရင်တောင် တွေးလိုက် ၊ ဆော့လိုက်နဲ့ တော်တော်လေးကို အရသာရှိပါတယ်။ Anxieties အတော်‌များမယ့် ဂိမ်းတစ်ခုမလို့ ထူးထူးဆန်းဆန်းနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ချင်တဲ့သူတွေအတွက် အတန်ဆုံး ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Puzzle ဦးတည်ထားတာမလို့ ဦးနှောက်စားချင်တဲ့သူတွေလဲ ဆော့လို့ရသေးတယ်နော်။

⬛ ဒီတော့ အနှစ်ချုပ် ပြောရရင်တော့ SILT ဆိုတဲ့ ဒီဂိမ်းက ပုံမှန်ဂိမ်းတွေနဲ့ မတူဘဲ အနုပညာဆန်တဲ့ ဒီဇိုင်း၊ စိန်ခေါ်မှုရှိတဲ့ ပဟေဠိတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ရေအောက်ကမ္ဘာကိုပါ ပေါင်းစပ်ပေးထားတဲ့ ဂိမ်းကောင်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

⬛ စိတ်အေးအေးထားပြီး စူးစမ်းလေ့လာရတာ၊ ပဟေဠိဖြေရှင်းရတာ ဝါသနာပါသူတွေအတွက် အထူးသင့်တော်ပြီး ထူးခြားတဲ့ Visual Experience နဲ့ Gameplay ကို ရှာဖွေနေသူတွေဆိုရင်တော့ SILT ဟာ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဂိမ်းကောင်းထဲက တစ်ခုပဲဖြစ်ပါတယ်။

𝐒𝐈𝐋𝐓 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐏𝐂 / 𝐂𝐨𝐧𝐬𝐨𝐥𝐞𝐬 )
========================
( iOS က စောင့်ရပါအုံး‌မယ် )

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 8 . 0 +
◈ 𝐑𝐚𝐦 = 4 GB
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1 GB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.27 GB
◈ 𝐒𝐎𝐂 = Snapdragon 600 + , Helio G80 +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2025/07/silt.html?m=1

( Premium Game အသစ်လေးဖြစ်ပြီး Apk Only မလို့ Install တင် ကစားရုံပဲနော် )

🌚 ညဘက်ရောက်တိုင်း တစ်ယောက်တည်း မှောင်မှောင်မည်းမည်းအခန်းထဲမှာ Game လေးတွေ ဆော့ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတာကို ကြိုက...
24/07/2025

🌚 ညဘက်ရောက်တိုင်း တစ်ယောက်တည်း မှောင်မှောင်မည်းမည်းအခန်းထဲမှာ Game လေးတွေ ဆော့ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတာကို ကြိုက်လား ?

🫨 ဒါမှမဟုတ် အိပ်မပျော်နိုင်အောင် ခြောက်လှန့်နိုင်တဲ့ ဇာတ်လမ်းဆန်ဆန် ထူးထူးဆန်းဆန်း Game မျိုးတွေကို ရှာနေတဲ့သူလား ?

ဒါဆိုရင်တော့ HELLO YDB ကနေ ဒီတစ်ခါ ပြောပြပေးချင်တဲ့ Game လေးက " 𝐉𝐮𝐫𝐧𝐚𝐥 𝐌𝐚𝐥𝐚𝐦 : 𝐁𝐞𝐬𝐭𝐟𝐫𝐢𝐞𝐧𝐝 " ဆိုတဲ့ အင်ဒို Game အကြောင်းလေးပဲဖြစ်ပါတယ်။

🫂 #နာမည်ကြားတာနဲ့ " အော် သူငယ်ချင်းအကြောင်းလေးပါလား " လို့ အမှတ်တမဲ့ ထင်သွားနိုင်ပေမယ့်၊ ဒီ Game ထဲမှာပါတဲ့ 'သူငယ်ချင်း' ဆိုတဲ့ စကားလုံးက ကိုယ်ထင်ထားတာထက်ကို အများကြီး ပိုနက်နဲသလို ပိုပြီး‌တော့လဲ ကြောက်ဖို့ကောင်းနိုင်တယ်ဆိုတာကို ကြိုပြောချင်ပါတယ်။

⚠️ နောက်ထပ် သတိပေးချင်တာက Developer တွေကိုယ်တိုင်ကိုက ( နှလုံးရောဂါရှိတဲ့သူတွေ ၊ စိတ်မခိုင်တဲ့သူတွေ ) မစမ်းကြည့်ဖို့ရာအတွက် ကြိုတင်သတိပေးထားတာမလို့ အင်ဒိုဂိမ်းတွေ ဘယ်လောက်ကြမ်းတယ်ဆိုတာကို ကြည့်လိုက်ရအောင်နော် ...

#ဒီ‌တော့ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?

ဇာတ်လမ်းအစပျိုးထားတာက Asia နိုင်ငံတွေမှာ ကြုံရလေ့ရှိတဲ့ အခြေနေမျိုးကို ပုံဖော်ထားတာဖြစ်ပြီး အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို ညအိပ်သွားစောင့်ပေးရာကနေ စတင်ထားတာပါ။ အထူးသဖြင့် မြန်မာတွေဆိုရင်လဲ အကူညီတောင်းတာနဲ့ ထိပ်ဆုံးကနေ ကူညီချင်တတ်တဲ့ ချစ်စရာအမူအကျင့်လေးတွေရှိတတ်တာကြောင့် ဒီဂိမ်းက ပေးတဲ့ Dark Side ကြီးက ကိုယ့်ရဲ့ ကူညီချင်စိတ်လေးတွေကိုတောင် တွန့်သွားနိုင်ပါတယ်။

နောက်တစ်ခု ယုတ္တိရှိတာက ဒီထဲက ဇာတ်ကောင်ကလည်း အခု စာဖတ်နေတဲ့သူတွေလိုပဲ လုံးဝကို သတ္တိရှိပြီး အရာရာကို Logically တွေးတတ်တဲ့သူမလို့ တကယ်ကို စိတ်ဝင်စားစရာ‌ ကောင်းပါတယ်။ ပြောရရင် ဒီ Character က မဲမဲမြင်မှကိုမဟုတ်ဘူး၊ အကောင်လိုက်ပြရင်တောင် ကြောက်တတ်တဲ့သူ မဟုတ်တာမလို့ ကစားရတာ အားရစရာတော့ကောင်းတယ်။

ဒီတော့ ဇာတ်လမ်းကလဲ ကောင်းတယ်၊ Character ကလည်း သတ္တိရှိတယ်ဆိုတော့ နောက်ဆုံး အခက်တွေ့နိုင်မယ့် ပြဿနာတစ်ခုက ဒီဂိမ်းကို ကစားမယ့် သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

#ဘယ်လောက်အထိကြောက်စရာကောင်းလဲ ?

ကစားမယ့်သူ နေရာကနေ ကြည့်မယ်ဆိုရင် ဂိမ်းတစ်ခုလုံးရဲ့ Graphic အပြင်အဆင်တွေက PC နီးပါးအထိ Mobile ပေါ်ကို ယူဆောင်ပေးလာတာကြောင့် Real Time Shadow တွေ ၊ Detail Soundtrack တွေက သင့်ကို ခဏခဏ နှလုံးရပ်သွားစေမှာပဲဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂိမ်းထဲမှာပါတဲ့ သရဲက အဲဒီလောက် ကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပဲ၊ ဂိမ်းထဲမှာ ခံစားရတဲ့ ပတ်ဝန်းကျင်အငွေ့သက်တွေကိုက လုံးဝကို အိမ်မက်ဆိုးမက်နိုင်တဲ့အထိ ခြောက်ခြားစရာကောင်းနေတာမျိုးဖြစ်နေတာပါ။

#ဂိမ်းပုံစံကဘယ်လိုဆော့ရမှာလဲ ?

များသောအားဖြင့် Escape Type မျိုးလို့ ပြောချင်ပေမယ့် ဒီထဲမှာပါတဲ့ အဓိကဇာတ်ကောင်က အရမ်း သတ္တိတွေရှိနေတော့ ကစားတဲ့သူပါ ရောပြီး အခြောက်ခံရမယ့် ပုံစံမျိုးနဲ့ ကစားရမှာပါ။ သရဲမက အိမ်ထဲမှာ မနေအောင် ပုံစံမျိုးစုံနဲ့ သတိပေးပေမယ့် ဆရာသမားက Logically အရမ်းတွေးနေတတ်တော့ ဒီဂိမ်းမှာ ဘာတွေလုပ်လို့ရမလဲဆိုရင်..

🏠 သူများအိမ်ကို စိတ်ကြိုက် စူးစမ်းလို့ရမယ်။
☕ ရေခဲသေတ္တာထဲမှာလဲ စိတ်ကြိုက် စားခွင့်ရမယ်။
💡 စိတ်မလုံရင် တစ်အိမ်လုံးလဲ မီးဖွင့်ထားလို့ရမယ်။
🔦 မီးမလာရင်တောင် ရေနံဆီ မီးအိမ်သုံးလို့ရမယ်။
🏃 ‌ပျင်းရင်လည်း ပြေးလို့၊ ပုန်းလို့ရမယ်။
🥹 နောက်ပြီး သရဲမလေးကလဲ အာရှသူလေးမလို့

စိတ်ဝင်စားမယ်ဆိုရင် အဆုံးထိ ကစားကြည့်လို့ကောင်းတဲ့ ဂိမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါကြောင့် တကယ်သတ္တိသာ ရှိရင် အရမ်းလွယ်တဲ့ ဂိမ်းလေးမလို့ ကိုယ့်ရဲ့ Critical Thinking တွေကို အသုံးချပြီး ဂိမ်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မှာပဲဖြစ်ပါတယ်။

#ဘာကြောင့်ဆော့သင့်တာလဲ ?

တကယ် Horror ဂိမ်းတွေထဲမှာ Indo Game ပီပီ တော်တော်ကြမ်းထားတာမလို့ မင်မင်ကတော့ ကစားဖူးသင့်တယ်လို့ မြင်မိတယ်။ နောက်ဆုံး Horror ကြောက်တတ်တယ်ဆိုရင်တောင် ဂိမ်းရဲ့ Graphics နဲ့ Real Time Shadow / Lighting တွေကို ခံစားကြည့်သင့်တာမလို့ Mobile Game အနေနဲ့ ဆော့ကိုဆော့ကြည့်သင့်တယ်။

#အချိန်ပေးရတာကောတန်ရဲ့လား ?

အချိန်ဆိုတဲ့ နေရာမှာ ညဘက်အိပ်ပြီး ဆော့မယ့်သူတွေအတွက် ပိုပြီးတော့ Recommend ပေးချင်ပါတယ်။ အကယ်လို့ ကိုယ့်ဖုန်းက AMOLED Display နဲ့သာဆိုရင် ပိုပြီး ရုပ်ကြွအောင်လို့ အခန်းမီးပိတ်ပြီးတော့သာ ကစားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

ခုနကပြောသလိုပဲ သရဲမက အာရှသူလေးမလို့ သိပ်ကြောက်စရာကောင်းနေမှာမဟုတ်ပဲ ဂိမ်းရဲ့ အပြင်အဆင်နဲ့ ဖန်တီးထားတဲ့ Design Atmosphere ကိုက လုံးဝကို အပြင်မှာ ကြုံနေရသလိုအထိ ခံစားရမှာပဲဖြစ်ပါတယ်။

ကဲ.... ဒီလိုဆို သူများအိမ်တွေ လိုက်အိပ်ရဲအုံးမလားဆိုတာကတော့ ဒီဂိမ်းဆော့ကြည့်မှပဲ သိမှာနော်..

𝐉𝐮𝐫𝐧𝐚𝐥 𝐌𝐚𝐥𝐚𝐦 : 𝐁𝐞𝐬𝐭𝐟𝐫𝐢𝐞𝐧𝐝 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐏𝐂 )
================================

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 5 . 1 +
◈ 𝐑𝐚𝐦 = 4 GB
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 387 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 507 MB
◈ 𝐒𝐎𝐂 = Snapdragon 600 + , Helio G80 +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2025/07/jurnal-malam-bestfriend.html?m=1

( Paid Game လေးဖြစ်တာကြောင့် Free ဆော့လို့ရအောင် ထည့်ပေးထားတယ်နော် )

#ကြောက်စရာဂိမ်း #သူငယ်ချင်း #လျှို့ဝှက်ဆန်းကြယ်

23/07/2025

Edit : ဂိမ်း Link လေး ထည့်ထားပြီးပြီနော်။

ကဲ.. မနက်ဖြန်တင်မယ့် Premium Game လေးအတွက် အမြည်းလေးပြပေးလိုက်ပြီ 🫨

အဆုံးထိကြည့်ကြည့်နော် 🫣
မြန်မာစာတန်းထိုးလေးပါ ထည့်ပေးထားတယ် 🥹

Game Link
=========
https://m.facebook.com/story.php?story_fbid=1299876962139021&id=100063501889396&mibextid=Nif5oz

☣️ ကပ်ဘေးလို့ ပြောလိုက်တာနဲ့ ဖန်တစ်ရာထပ်နေတဲ့ Zombie Case တွေကို ကစားရတာ ငြီးငွေ့နေပြီဆိုရင် ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်း...
23/07/2025

☣️ ကပ်ဘေးလို့ ပြောလိုက်တာနဲ့ ဖန်တစ်ရာထပ်နေတဲ့ Zombie Case တွေကို ကစားရတာ ငြီးငွေ့နေပြီဆိုရင် ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးက စစ်ကြောင့်ဖြစ်တဲ့ ကပ်ဘေးမျိုးထဲမှာ ရှင်သန်ရမှာပဲဖြစ်ပါတယ်။

စစ်မြေပြင်ဖြစ်ပြီးသွားတဲ့ နယ်မြေတွေဟာ များသောအားဖြင့် အထိန်းအကွပ်မရှိပဲ ပျက်ဆီးမှုတွေ အရမ်းများတာကြောင့် သူခိုး၊ဓားပြတွေလောက်သာ အုပ်စုဖွဲ့ ကျက်စားနေတတ်ကြပြီး အဲဒီလို အခြေနေမျိုးထဲမှာ ရှင်သန်ဖို့ဆိုတာက တကယ်ကို မလွယ်ကူတာပဲဖြစ်ပါတယ်။

#ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?

အဓိကဇာတ်ကောင်က သူ‌‌နေတဲ့ တိုင်းပြည်မှာ ရုတ်တရက်ကြေငြာလိုက်တဲ့ မာရှယ်‌လောကြောင့် မိသားစုနဲ့ ကွဲကွာသွားခဲ့ပြီး အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ ဓားပြတွေကလွဲပြီး ကျန်တဲ့သူတွေကို ရှာမတွေ့ခဲ့ပါဘူး။ တစ်မြို့လုံး စွန့်ခွာသွားတဲ့အချိန်မှာ သူခိုး၊ဓားပြတွေပဲ ကျန်ရစ်ခဲ့တာကြောင့် ဒီလိုအခြေနေမျိုးမှာ ရှင်သန်ဖို့အတွက် သင်ကိုယ်တိုင် လှုပ်ရှားရုန်းကန်ရမှာပဲဖြစ်ပါတယ်။

#ဘယ်လိုကစားရမှာလဲ ?

Survival RPG မလို့ အသက်ရှင်သန်ဖို့အတွက် အဓိက ကြိုးစားရမှာဖြစ်ပြီး Material တွေစု ၊ Energy တွေ ချွေတာပြီးတော့ လက်နက်၊အသုံးဆောင်ပစ္စည်းတွေကို ကိုယ်တိုင်ဖန်တီးပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘာတွေလုပ်နိုင်မလဲဆိုရင်

🗺️ နယ်‌မြေသုံးခုအထိ လျှောက်သွားနိုင်မယ်။
🎒 သူခိုး၊ဓားပြတွေဆီကလဲ Loot ပြန်လုပ်လို့ရမယ်။
🛠️ Tools နဲ့ လက်နက်တွေလဲ ဖန်တီးနိုင်မယ်။
🍲 ရလာတဲ့ အစာတွေကိုလည်း ချက်ပြုတ်နိုင်မယ်။

စတဲ့ ဆေးဝါးရှာတာ၊ အစာစု‌တာတွေထိပါ လုပ်နိုင်မယ့် ဂိမ်းမျိုးဖြစ်ပြီး ပုံမှန် Survival ဂိမ်းတွေနည်းအတိုင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

#ဘာကြောင့်ကစားသင့်တာလဲ ?

ဒီဂိမ်းကို ကစားသင့်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက တိုးတက်လာတဲ့ Graphics အပြင်အဆင်တွေကြောင့်ပဲဖြစ်ပါတယ်။ Detail ကြည့်ရင် သိပ်မသိသာဘူးဆိုပေမယ့် ချုံကြည့်လိုက်မယ်ဆိုရင် လုံးဝကို Realistic ဆန်တဲ့ Vibe မျိုးကို ပေး‌စွမ်းနိုင်ပြီး Camera Movement ကအစ လမ်းလျှောက်တိုင်း ယိုင်သွားတဲ့အထိ သဘာဝဆန်တဲ့ လှုပ်ရှားမှုကို ခံစားရမှာပဲဖြစ်ပါတယ်။

#အချိန်ပေးရတာကောတန်ရဲ့လား ?

အမှန်တိုင်းပြောရရင် ဒီဂိမ်းက ပန်းတိုင်မရှိပဲ Survival Loop ထဲမှာ သံသရာလည်နေတာဖြစ်တာကြောင့် စွဲဆော့ရင်တော့ အဆင်မပြေနိုင်ပါဘူး။ ရှာလိုက် ၊ စုလိုက် ၊ သတ်လိုက်နဲ့ ထပ်တလဲလဲဖြစ်နေမှာဖြစ်တာကြောင့် Graphics ခံစားမယ့်သူရယ် ၊ ခဏတစ်ဖြုတ်‌ ဆော့တတ်တဲ့သူ‌တွေလောက်ပဲ အဆင်ပြေစေပါတယ်။

ကဲ Survival ဂိမ်းအသစ်လေး ဆော့ကြည့်ဖို့အတွက် Ready ပဲလား ...

𝐆𝐫𝐢𝐦𝐳𝐨𝐧𝐞: 𝐋𝐚𝐬𝐭 𝐝𝐚𝐲 𝐬𝐮𝐫𝐯𝐢𝐯𝐚𝐥 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 )
=============================

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 8 . 0 +
◈ 𝐑𝐚𝐦 = 6 GB
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 588 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 784 MB
◈ 𝐒𝐎𝐂 = Snapdragon 700 + , Helio G88 +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2025/07/grimzone-last-day-survival.html?m=1

( Mod Version လေး ထည့်ပေးထားတာမလို့ Offline ကစားလို့ရပေမယ့်၊ ပစ္စည်းလေးတွေ ဝယ်ချင်တယ်ဆိုရင် VPN ခံပြီး အင်တာနက်ဖွင့်ပေးဖို့တော့ လိုမယ်နော်။ )

🐱🐾 ကြောင်လေးတစ်ကောင်ရဲ့ ဘဝကို ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်ချင်တဲ့ သူတွေအတွက် "I Am Cat" ဆိုတဲ့ ဂိမ်းလေးကို ဆော့ပြီးကြပြီ...
22/07/2025

🐱🐾 ကြောင်လေးတစ်ကောင်ရဲ့ ဘဝကို ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်ချင်တဲ့ သူတွေအတွက် "I Am Cat" ဆိုတဲ့ ဂိမ်းလေးကို ဆော့ပြီးကြပြီလား ?✨

အမြဲတမ်း လူသားဇာတ်ကောင်တွေ နေရာကနေပဲ ကစားနေရတာကို ငြီးငွေ့လာပြီဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေ၊ အထူးသဖြင့် ချစ်စရာကောင်းတဲ့ ကြောင်လေးတွေရဲ့ နေ့စဉ်ဘဝကို သူတို့ ဘယ်လိုများဖြတ်သန်းနေကြမလဲဆိုတာကိုကော မသိချင်ကြဘူးလား ? 🤔

သိချင်တယ်ဆိုရင် ဒီ I Am Cat ဆိုတဲ့ Simulation Game အကြောင်းလေးကို ဆက်လိုက်ရအောင်နော်။

ိုတာဘယ်လိုဂိမ်းမျိုးလဲ ?

တကယ်တော့ နာမည်အတိုင်းပဲ... ကစားတဲ့သူက ကြောင်‌လေးတစ်ကောင်အဖြစ်နဲ့ ရှင်သန်ရမှာဖြစ်ပြီး သာမန် Action ဂိမ်းတွေလို တိုက်ခိုက်ရတာ၊ အဆင့်တွေကျော်ဖြတ်ရတာမျိုး မဟုတ်ဘဲ၊ ကြောင်လေးတစ်ကောင်ရဲ့ ငြိမ်းချမ်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေ့စဉ်ဘဝကို အသေးစိတ်ခံစားရမှာပဲ ဖြစ်ပါတယ်။ ( အမှန်က ကြောင် Gangster တွေ )

#ဂိမ်းကဘယ်လိုပုံစံနဲ့ဆော့ရမှာလဲ ? 🎮

ဂိမ်းထဲမှာဆိုရင် ကိုယ်က ကြောင်တစ်ကောင်ရဲ့ မြင်ကွင်းအတိုင်း ကိုယ်တိုင်မြင်တွေ့နိုင်အောင်လို့ (First-Person Perspective) ကို ကြည့်ပြီး လွတ်လပ်စွာနဲ့ သွားလာနိုင်မှာဖြစ်ပြီး ဘာတွေလုပ်လို့ရလဲဆိုရင်...

😎 ကြောင် smart watch ပတ်ရမယ်။
😴 Luxury Cat Bed ကြီးမှာ အိပ်ရမယ်။
🧶 တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့နိုင်မယ်။
🏺 စိတ်မထင်ရင်၊ မထင်သလို ပစ္စည်းတွေလဲ တွန်းချမယ်။
🏠 တစ်အိမ်လုံး အိမ်ခေါင်မိုးပါမကျန် လိုက်စပ်စုမယ်။
😼 နောက်ဆုံး ‌သခင်ကိုပါ လိုက်ကုတ်မယ်။

စသည်ဖြင့် ပြောရရင် တော်တော်ကို သောင်းကျန်းတဲ့ အဝါကောင်မလို့ ကစားရတာ စပယ်ရှယ်ကို အားရစရာကောင်းမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာက သခင်ကို ချပြီးရင် ဗီရိုပေါ်တွေသာ တက်သာပြေး။ မဟုတ်ရင် ဟိုက ဒယ်အိုးနဲ့ ခွက်ကနဲ အိပ်ပျော်သွားလိမ့်မယ်။

#ဒီတော့ဂိမ်းကအချိန်ပေးရတာကောတန်ရဲ့လား?

ကြောင်ချစ်သူတဲ့သူဆိုရင် ကိုယ့်အိမ်က ကြောင်လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ သူတို့ဘာလိုချင်လဲဆိုတာကိုပါ ဒီဂိမ်းကနေတစ်ဆင့် ပိုမိုနားလည်အောင် ကူညီပေးပါလိမ့်မယ်။ ( ပြောလို့သာပြောတာ ကိုယ်သာကြောင်ဆိုရင် ဒီထက်တောင် ပိုသောင်းကျန်းမိလောက်တယ် )

နောက်ပြီး လူ့လောကမှာ Stress တွေများပြီး စိတ်ပင်ပန်းနေပြီဆိုရင်လည်း ဒီကြောင်လောကမှာ ခဏလောက်ဝင် ကမြင်းကြည့်လိုက်တာက စိတ်ကို တော်တော်လေး Relax ဖြစ်စေမှာပဲဖြစ်ပါတယ်။

ကဲ...ကြောင်ဘဝနဲ့ သောင်းကျန်းဖို့ အဆင်သင့်ဖြစ်ပြီလား? 🐈🐾

𝐈 𝐀𝐦 𝐂𝐚𝐭 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 )
=======================

◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 8 . 0 +
◈ 𝐑𝐚𝐦 = 4 GB
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 389 MB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 656 MB
◈ 𝐒𝐎𝐂 = Snapdragon 600 + , Helio G80 +

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2025/07/i-am-cat.html?m=1

🎮 ဆော့ကြည့်ပြီးပြီဆိုရင်လည်း ကြောင်ဘဝရဲ့ Feeling လေးတွေကို Comment မှာ ဝင်ရောက် ဆွေးနွေးခဲ့အုံးနော်။

ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေကို နောက်ထပ်သိချင်သေးချင်ရင် "HELLO YDB" Page လေးကို Like & Share လုပ်ထားဖို့ လိုမယ်နော် ❤️

#ကြောင်ဂိမ်း #အပန်းဖြေဂိမ်း #ဂိမ်းအညွှန်း

❝ အမွေဆိုတာ ထိုက်မှ ရတယ်လို့ ❞ မြန်မာလူမျိုးတွေ ခဏခဏပြောနေကြတာကို ကြားဖူးကြမှာပါ။ ပိုက်ဆံ၊ ပစ္စည်းဥစ္စာ၊ ဂုဏ် စသည်ဖြင့် ...
13/07/2025

❝ အမွေဆိုတာ ထိုက်မှ ရတယ်လို့ ❞ မြန်မာလူမျိုးတွေ ခဏခဏပြောနေကြတာကို ကြားဖူးကြမှာပါ။ ပိုက်ဆံ၊ ပစ္စည်းဥစ္စာ၊ ဂုဏ် စသည်ဖြင့် ဘယ်ဟာရရ အကောင်းကြီးပဲမလို့ ကျေနပ်စရာကောင်းပေမယ့် တစ်ချို့အမွေတွေကြတော့ ပိုင်ဆိုင်မှုတွေနဲ့အတူ ကိုယ်မလိုချင်လည်း လက်ဆင့်အကမ်းခံရတဲ့ ကျိန်စာမျိုးတွေ ရှိနေတတ်ပါတယ်။

အရပ်စကားနဲ့ နားလည်အောင်ရှင်းပြရရင် စီးပွားတက်ချင်လို့ ၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာတွေ စောင့်ရှောက်ဖို့အတွက် သရဲမွေးကြတယ်ဆိုတဲ့ ကောလဟာလတွေဟာ ဒီဂိမ်းနဲ့ အနီးစပ်ဆုံးတူနေတာမလို့ တကယ် မကြောက်တတ်ဘူးဆိုရင် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

•𝙂𝘼𝙈𝙀 𝙍𝙀𝙑𝙄𝙀𝙒

ဒီဂိမ်းထဲမှာဆိုရင် ညီမနှစ်ယောက်က အဓိက ဇာတ်ကောင်တွေဖြစ်ပြီး အငယ်မက စာဖတ်ဝါသနာပါသလောက် ၊ အကြီးမကတော့ Social Media တွေအပေါ်ကို စွဲလမ်းနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့ကြတော့ ညဘက်ကြီး ရုတ်တရက်ထွက်သွားတဲ့ မိဘတွေဟာ Accident ကြောင့် ဆုံးပါးသွားခဲ့ပြီး ညတွင်းခြင်း သိလိုက်ရတဲ့ ဒီအဖြစ်ပျက်ကြောင့် အကြီးမကတော့ မယုံနိုင်ဖြစ်နေခဲ့ပေမယ့် ၊ အငယ်မလေးကတော့ မိဘတွေဘာကြောင့် ဆုံးပါးသွားတယ်ဆိုတာကို အဲဒီညမှာတင် နိမိတ်မြင်နေခဲ့ရတာပါ။

နောက်ပြီး အမေဖြစ်သူ ရေးထားခဲ့တဲ့ စာကြောင့် ညီမနှစ်ယောက်စလုံး အံ့အားသင့်ခဲ့ရပြီး ဒီမိသားစုမျိုးဆက်တိုင်းမှာ ကျိန်စာတွေရှိနေတယ်ဆိုတာကိုလည်း အဲဒီအခါကြမှပဲ သိခဲ့ရတာပါ။ အဆိုးဆုံးကတော့ ဒီကျိန်စာရဲ့ နှိုးထချိန်ဟာ အသက်ကြီးသူ ဒါမှမဟုတ် အိမ်ထောင်ဦးစီးအရာမှာရှိတဲ့ မိသားစုဝင်တစ်ဦးဦးဆုံးပါးသွားတိုင်း ပေါ်လာတာဖြစ်ပြီး ( ညသန်းခေါင် ၁၂ နာရီကနေစပြီး ၊ မနက် ၆ နာရီမထိုးခင်အထိ ) အဲဒီကျိန်စာဟာ လူစားထိုးဖို့အတွက် လိုက်ရှာနေမှာပဲဖြစ်ပါတယ်။

အကယ်လို့ အဲဒီအချိန်အတွင်းသာ ကျိန်စာကို မတားနိုင်ခဲ့ဘူးဆိုရင် မိသားစုဝင်တွေကို တစ်ယောက်ပြီးတစ်ယောက် ဝင်ပူးခံရမှာဖြစ်ပြီး တစ်သက်လုံးခန္ဓာကိုယ်ကိုပါ အပိုင်သိမ်းသွားမှာပဲဖြစ်ပါတယ်။ ဒီကိစ္စတွေကို အကြီးမက ခေတ်လူငယ်ပီပီ လက်တွေ့မကျတာကြောင့် မယုံခဲ့ဘူးဆိုပေမယ့် ၊ အငယ်မကတော့ စာအမြဲဖတ်နေကြဆိုတော့ သူ့အမေပြောတဲ့ ကျိန်စာ စာအုပ်အကြောင်းကို သိနေခဲ့ပါတယ်။

ညဘက်ကြီး ညီမနှစ်ယောက်တည်းကျန်တော့တဲ့ ဒီစံတော်အိမ်ကြီးမှာ အကြီးမကတော့ စိတ်ခံစားချက်ကြောင့် တစ်ယောက်တည်းနေဖို့ရာ လုပ်ခဲ့ပြီး ၊ အငယ်မလေးကတော့ သူ့အမေပြောတဲ့ ကျိန်စာ စာအုပ်လေးကို ကိုင်ကာ ဖြစ်လာမယ့်အရာတွေအတွက် စိုးရိမ်စိတ်များနေခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာပါဘူး။ ည ၁၂ နာရီမထိုးခင်အချိန်မှာပဲ သူ့အစ်မနေနေတဲ့ အိပ်ခန်းထဲကနေ လက်သည်းကုတ်ရာတွေကို ကြားခဲ့ရပြီး၊ အော်ဟစ်ငြီးငြူသံတွေကိုပါ အတိုင်းသား ကြားခဲ့ရတာပါ။ ဒါဟာ သူတို့အမေပြောတဲ့ ပထမဆုံး လက္ခဏာဖြစ်ပြီး ကျိန်စာကို တားဆီးဖို့အတွက် တာဝန်ဟာ အငယ်မလေးအတွက် ဖြစ်လာခဲ့ပါတယ်။

•𝐆𝐀𝐌𝐄𝐏𝐋𝐀𝐘 / 𝐆𝐑𝐀𝐏𝐇𝐈𝐂 / 𝐒𝐄𝐓𝐓𝐈𝐍𝐆

တခြား Horror ဂိမ်းတွေနဲ့ မတူတာက သူက ကျိန်စာတွေကို အဓိကထားထားတာကြောင့် လက်နက်တွေ၊ ထောင်ချောက်တွေထက် စွမ်းအင်ချင်းတူတဲ့ ကျိန်စာတွေနဲ့ပဲ ပြန်လည် တိုက်ခိုက်ရမှာပါ။ အောက်လမ်းနည်းတွေပါ စာအုပ်ထဲကအတိုင်း ယတြာပစ္စည်းတွေကို လိုက်ရှာသုံးရမှာဖြစ်ပြီး မကောင်းတဲ့အမွေတွေကို ဆွေစဥ◌်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ရတာကြောင့် နှောက်ယှက်မယ့် ဝိညာဥ◌်တွေ၊ မကောင်းဆိုးဝါးတွေဟာလည်း ပုံစံမျိုးစံ ၊ နည်းမျိုးစုံနဲ့ကို တားကြမှာပဲဖြစ်ပါတယ်။

Horror ဂိမ်းတွေ အများကြီး ဆော့ဖူးပေမယ့် ဒီဂိမ်းလောက် Main Character ဖြစ်တဲ့ Weak လုပ်ထားတာမျိုးရှားပါတယ်။ ပြေးလို့လည်း မရသလို၊ အသံလည်း ထွက်လို့မရပါဘူး။ ခန္ဓာကိုယ်ဝင်ပူးခံထားရတဲ့ အစ်မဖြစ်သူကလည်း Physical အရ အသေသတ်မှာဖြစ်သလို၊ ဘေးက မကောင်းဆိုးဝါး၊ နာနာဘာဝတွေကလည်း သူ့နည်းလမ်းနဲ့သူ အသံပေးတာ၊ နှေးအောင်လုပ်တာ၊ အချက်ပေးတာတွေအထိ လှုပ်မရအောင်ကို စိန်ခေါ်မှုတွေပြည့်နေမှာပဲဖြစ်ပါတယ်။

Camera Movement တွေက တကယ်သွားနေသလိုအထိ First Person View နဲ့ အသက်ဝင်စေပြီး အသံပိုင်းဆိုင်ရာမှာကအစ လမ်းလျှောက်သံနဲ့ အသံရှုသံတွေအထိ ကိုယ့်ရဲ့ ကြောက်စိတ်ပေါ်မူတည်ပြီး အတိုးအလျော့ကို ရွေးချယ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်။ Graphic အားနည်းသလို ခံစားရပေမယ့် ဂိမ်းရဲ့ Concept နဲ့ ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ဖြစ်အောင် ဆော့ကြည့်သင့်တယ်လို့ အကြံပေးချင်တယ်။

•𝐏𝐄𝐑𝐒𝐎𝐍𝐀𝐋 𝐑𝐄𝐕𝐈𝐄𝐖

မင်မင်အနေနဲ့ ဒီဂိမ်းဆော့ရတဲ့ ခံစားချက်လေးကို ပြောပါဆိုရင် ဘာမှမလုပ်ချင်ပဲ ထောင့်လေးမှာပဲ ပုန်းနေလိုက်ချင်တော့တာပါ။ စံအိမ်ကြီးထဲမှာ ညီမနှစ်ယောက်တည်းရှိပါတယ်ဆိုမှ အစ်မဖြစ်သူက ဝင်ပူးခံရပြီး လိုက်သတ်နေတော့ လုံးဝကို ခံစားချက်ကြီးက ကူရာမဲ့ပြီး ပြောမပြတတ်အောင် Dark ဖြစ်လွန်းတယ်။ ဒီနေရာမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အကယ်လို့ ဝင်ပူခံထားရတဲ့ အစ်မဖြစ်သူက ကိုယ့်ကို သတိမေ့သွားအောင် ( ဒါမှမဟုတ် ) သတ်မိနိုင်တော့မယ်ဆိုရင် အငယ်မလေးရဲ့ အော်သံကြောင့် အကြီးမရဲ့ အသိစိတ်ပြန်ဝင်ပြီး သူ့ညီမကို လွှတ်ချလိုက်တဲ့ဖြစ်ရပ်က လုံးဝမထင်ထားလောက်အောင်ကို Shock ဖြစ်စေတဲ့ သဘာဝကျကျ Feature လေးတစ်ခုလို့ မြင်မိတယ်။

ဘာလို့လဲဆိုတော့ မွေးချင်းတွေထဲမှာ အကြီးတွေက အငယ်တွေနဲ့ မတည့်ဘူးဆိုရင်တောင် ၊ အငယ်တွေ သေရေးရှင်ရေး ဒုက္ခရောက်နေချိန်ဆိုရင် သူတို့ရဲ့ စိတ်က Trigger တစ်ခုလိုပဲ ခံစားချက်တွေပေါင်းကုန်ပြီး ဘေးလူတဲ့ နားမလည်နိုင်တဲ့ တုံ့ပြန်မှုမျိုးတွေ ပြုမူတတ်ကြတယ်။ သူတို့ဘဝကိုတောင် သူတို့ ဂရုမစိုက်တော့တဲ့အထိ Powerful ဖြစ်လာတတ်ကြတယ်။ ပြောရရင် ဘယ် Manipulation မှ အဲဒီ Trigger ကို သွားထိလို့မရဘူး။

ဒါကတော့ ဂိမ်းထဲမှာ မပါပေမယ့်လည်း ကစားတုန်းက ခံစားရတဲ့ Mood မျိုးပေါ့။ နောက်ပြီး ဒီဂိမ်းက ဒုတိယဂိမ်းဖြစ်ပြီး ၊ ပထမဂိမ်းကို နောက်ထပ် တင်ပေးပါအုံးမယ်။ ပထမဂိမ်းနဲ့ ချိတ်ဆက်ထားပေမယ့် ဒီဒုတိယဂိမ်းကို ကစားပြီးမှ ပထမဂိမ်းကို နားလည်မှာဖြစ်တာကြောင့် ရဲရဲကြီးသာ‌ ဆော့လိုက်တော့နော်။ ဒုတိယဂိမ်းကမှ Paid Game အနေနဲ့ ထွက်လာတာမလို့ ကစားကြည့်သင့်တယ်။

➥ 𝘿𝙤𝙬𝙣𝙡𝙤𝙖𝙙 𝙇𝙞𝙣𝙠
https://helloydbgame.blogspot.com/2025/07/deadly-nightmare-uh.html?m=1

( Apk Only မလို့ Install တင်ပြီး ကစားရုံပါနော် )

04/07/2025

နောက်ကကင်မရာဘယ်လိုဖြစ်လာလဲ

ဒီလိုဇာတ်အိမ်မျိုး မခံစားရတာ အတော်ကိုကြာပြီမလို့ ဖြစ်နိုင်ရင် ကြည့်ထားတဲ့ မှတ်ဉာဏ်တွေကိုပါဖျောက်ပြီး နောက်ထပ်တစ်ခါ အသစ်အ...
20/06/2025

ဒီလိုဇာတ်အိမ်မျိုး မခံစားရတာ အတော်ကိုကြာပြီမလို့ ဖြစ်နိုင်ရင် ကြည့်ထားတဲ့ မှတ်ဉာဏ်တွေကိုပါဖျောက်ပြီး နောက်ထပ်တစ်ခါ အသစ်အတိုင်း ပြန်ကြည့်ချင်မိတယ်။

အမှန်တိုင်းပြောရရင် Trailer ကြည့်တုန်းက ထင်ထားတာတစ်မျိုး ၊ တစ်ကယ်ကြည့်လိုက်တော့ အဲဒီ တစ်မျိုးတောင် ဘယ်နားရောက်သွားမှန်းမသိ အရမ်းသဘောကျမိသွားတယ်။

ဇာတ်ညွှန်းတစ်ခုလုံးက အချိန်တစ်နာရီ‌ဝန်းကျင်အတွက် အရမ်း Rush ဖြစ်လွန်းတယ်ဆိုပေမယ့် ပေးချင်တဲ့ Message ကိုကော ၊ Catchy ဖြစ်အောင်ကိုပါ အငိုက်ဖမ်းသွားတာ အရမ်းမိုက်တယ်။

ဒီလို ဖန်တီးမှုမျိုးကို ထုတ်သာမပြခဲ့ရင် အခုချိန်ထိ အဲဒီလို Concept မျိုးကို တွေးမိမှာတောင် မဟုတ်ခဲ့ဘူး။

နောက်ပြီး သဘောအကျဆုံးက ဘာလဲဆိုရင် Main protagonist တွေကို လုံးဝ Perfect Lovely ပုံစံမျိုးသွင်းထားတာမဟုတ်ပဲ မညှာမတာနဲ့ကို သဘာဝကျကျ အူတက်အောင် မျက်နှာပြောင်ထားတာမလို့ အဲဒီတစ်ချက်နဲ့တင်ကို လုံးဝကြည့်သင့်နေပြီ။

ပုံစံက Gamer တွေအတွက်ဆိုရင် K/DA ၊ Anime သမားတွေအတွက်ဆို အနီးစပ်ဆုံး Demon Slayer လိုမျိုး ( လုံးဝကြီး တူတာမဟုတ်ပေမယ့် concept လေးတွေက အဲဒီလို Vibe မျိုးရတယ် ) ၊ နောက်ပြီး မျက်နှာပြောင်တွေနဲ့ အရမ်း Catchy ဖြစ်တာ‌ကြောင့် Kakegurui ထဲက Jabami တို့ကိုတောင် သွားသတိရမိတယ်။ Movie သမားတွေအတွက်ဆို Gantz:O လို Vibe မျိုးရပြီး တစ်ချို့ Scene တွေဆိုရင် Korea ရဲ့ Catchy ဖြစ်တဲ့ Train To Busan ထဲက ခံစားမှုမျိုးတွေကိုပါ ပြန်ပြီး Remind ဖြစ်စေတယ်။

Korea Culture ဆိုတော့ သေချာပေါက် Drama Vibe လေးတွေပါ မြင်တွေ့ရအုံးမှာ။

အစောကပြောသလို ဇာတ်လမ်းက Rush သွားလို့ တစ်စစီပြန်ပေါင်းစပ်ရခက်ပေမယ့် ကိုယ်အကြိုက်ဆုံး ၊ အမှတ်ရဆုံး Vibe မျိုးတွေကို ‌ပေါင်းထည့်ပေးလိုက်သလို ခံစားရတာမလို့ အရမ်းသဘောကျမိတယ်။ နောက်ထပ်ကျန်သေးပေမယ့် များနေပြီမလို့ ရပ်လိုက်တော့မယ်။

××××

ဒါပေမယ့် ဒါတွေအကုန်လုံးက Just my opinion မလို့ အရေးမကြီးပေမယ့် တကယ်ရင်ထဲ ထိသွားစေတာကတော့ ဒီဇာတ်လမ်းကနေ ပေးတဲ့ Emotional Vibe ကြီးက တော်တော်ကြီးကို Heart ထိတယ်ဆိုတာပါပဲ။

စကြည့်တုန်းကတော့ လုံးဝကို Action Scenes တွေနဲ့ Catchy ဖြစ်လို့ ကြည့်ကောင်းတယ်ဆိုပေမယ့် ဇာတ်လမ်းနောက်ပိုင်းလဲ ရောက်လာရော Psychological ဆန်တဲ့ Inner Child တွေကို ပုံဖော်သွားတာကြီးက အရမ်းကြွေမိတယ်။

ဘယ်လိုမျိုးလဲဆိုရင်

" တစ်ခါလေမဟုတ်ပဲ အမြဲလိုလို အဆင်ပြေလာမှာပါဆိုပြီး ကိုယ့်ရဲ့ အားငယ်စိတ်တွေ ၊ သိမ်ငယ်စိတ်တွေ ၊ ကြောက်စိတ်တွေကို အမှောင်ထဲပိတ်ထားမိတတ်ကြတာဟာ လူတိုင်းနီးပါးပါပဲ "

" အဆင်ပြေဖို့အတွက် ဖုံးထားလေလေ ၊ ကိုယ်ပဲ အဆင်မပြေဖြစ်လာလေလေမလို့ တစ်ခါတစ်လေ အမှားအမှန်တောင် မခွဲခြားနိုင်တော့တဲ့အထိ ဖြစ်ဖူးကြမှာပါ "

" ကိုယ့်ဘာကိုယ် ကာကွယ်ရင်း ကိုယ့်ဘာကိုယ် ပြန်ပိတ်လှောင်နေမိတဲ့ ခံစားချက်မျိုးက တကယ်ကို ခံရခက်သလို ကာကွယ်ရက်နဲ့ ထိခိုက်သွားတဲ့အခါမျိုးဆိုရင်လည်း ပိုလို့တောင် ရူးမတတ်ဖြစ်တတ်ကြပါတယ် "

" ကောင်းဖို့အတွက် ၊ ကောင်းဖို့အတွက်ဆိုပြီး စိတ်ထဲကနေကော ၊ ပါးစပ်‌ကနေပါ ရွတ်နေပေမယ့် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေတဲ့ ခံစားချက်တွေကြောင့်ပဲ ဒေါသတွေ ၊ အတ္တတွေဖုံးပြီး စစ်မှန်တဲ့ မိမိကိုယ်မိမိ ပျောက်ဆုံးလာကြတာပါ။ "

ပြောရရင် ဒီဇာတ်ကားကနေ ပေးတဲ့ Emotional Vibe ကြီးက မြင်တတ်ရင် တော်တော်လေးကို Healing ဖြစ်စေတာမလို့ အဲဒီ ခံစားချက်လေးကို ကြည့်တဲ့အခါ တကယ် ရစေချင်မိတယ်။

------

Kpop လောကအနေနဲ့ကြည့်မယ်ဆိုရင်လည်း Idols တွေရဲ့ Life Style ကို သေချာထည့်ပေးထားသလို Muscle Memory ဖြစ်ရပ်တွေကအစ အသေးစိတ်ပုံဖော်ထားတာမလို့ တကယ်ကို အထင်ကြီးစရာကောင်းတာပါ။

နောက်ပြီး Fan တွေကို Demon တွေလက်ထဲကနေ ကယ်ပေးတယ်ဆိုတဲ့ Concept မျိုးက တကယ်ကို Unique ဖြစ်ပြီး Kpop Fan တွေ အပေါ်ကိုလည်း အမြင်ဆန်းသစ်စေတယ်။

Idols တွေက လူတွေအမြင်မှာတော့ ကျော်ကြားတဲ့ အဆိုတော်တွေဆိုပေမယ့် တစ်ဖက်မှာ ပြန်ကြည့်လိုက်တော့ သူတို့တွေက Fan တွေကို Demon တွေလက်ထဲကနေ ပြန်ကယ်တင်ပေးနေတဲ့ ပုံစံမျိုးလေးဖြစ်နေတယ်။

အဲဒီ ထူးခြားတဲ့ Concept လေးကို Admin အမြင်အရ ပြောရရင် ဒီထဲမှာပါတဲ့ Demon တွေဆိုတာက လက်တွေ့လောကမှာ မကောင်းတဲ့အတွေးတွေ ၊ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်တဲ့ စိတ်တွေကို ရည်ညွှန်းတာဖြစ်နိုင်ပြီး အဲဒီအတွေးတွေကိုသာ နစ်မြောသွားရင် နောက်ဆုံး ဘဝကြီးကို ငြီးငွေ့ပြီး လူ့လောကကနေ ထွက်သွားအောင် တွန်းအားပေးနေတဲ့ စွမ်းအင်တွေလို့ ယူစမိတယ်။ စိတ်ဓာတ်ကျပြီး ဆူဆိုက် Case တွေမျိုးပေါ့။

အဲဒါကြောင့် တစ်ဖက်မှာ Idols တွေက သူတို့ရဲ့ သီချင်းတွေနဲ့ အဲဒီအတွေးတွေကို ဝင်မလာအောင်လို့ လူသားတိုင်း Catchy ဖြစ်စေမယ့် တီးလုံး၊ ကကွက်တွေကို သုံးပြီး လူတိုင်းရဲ့ နှလုံးသားနဲ့ ကိုက်ညီစေမယ့် စာသားတွေကို ပေါင်းစပ်ခါ စိတ်ဓာတ်ပြိုလဲမသွားအောင်လို့ သီချင်းကနေ ခွန့်အားပေးနေကြတယ်လို့ မြင်မိတယ်။ စာသားတွေက ကိုယ့်အဖြစ်နဲ့ တူလာလေလေ၊ ‌ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိလာလေလေဆိုတာမျိုး။

🍀 ပြောလို့သာပြောတာ ကိုယ်လည်း ဒီဇာတ်လမ်းကြည့်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်မလိမ်မိအောင် သတိထားမိသွားစေတာ အမှန်ပဲ။

--------

နောက်ပြီး Voice Actor တွေကလည်း တကယ် နာမည်ကြီး Byung Hun Lee တို့အပြင် Kpop လောကရဲ့ ဒိတ်ဒိတ်ကျဲ Twice အဖွဲ့ဝင်တွေလဲ ပါဝင်အားဖြည့်ပေးထားတာမလို့ Kpop Energy အပြည့်နဲ့ကို ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်အောင်အထိ Lyrics တွေကော၊ Beats တွေကစ တကယ်ကို Catchy ဖြစ်စေတဲ့ သီချင်းမျိုး‌တွေ နားထောင်ရမှာပါ။

ရယ်ရမယ်၊ ခံစားရမယ်၊ စာနာမိမယ်၊ အားတက်စေမယ် နောက်ဆုံး နှလုံးခုန်မြန်ပြီး ကြက်သီးထလာစေတဲ့အထိ Emotional အတော်များများကို အချိန်တစ်နာရီလေးအတွင်းမှာ အစုံခံစားရမှာမလို့ ဘယ်လိုပုံစံနဲ့ပဲကြည့်ကြည့် တကယ်ကို အချိန်ပေးရကျိုးနပ်စေတဲ့ ရသစုံ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ မြင်မိတယ်။

ဖြစ်နိုင်ရင် ဆက်ထုတ်ပေးစေချင်ပါတယ် NETFLIX ရေ..

𝐌𝐨𝐯𝐢𝐞 𝐍𝐚𝐦𝐞 - Kpop Demon Hunter

ကြည့်ပြီးတဲ့သူတွေလဲ ရင်တွင်းဖြစ် ခံစားချက်လေးတွေ Comment မှာ ဝင်ရေးသွားကြအုံးနော် 🍀

ဒီပုံမမြင်ခင်အထိ ဘာဂိမ်းမှန်း မသိခဲ့တာ တကယ်ပါ 🥹
07/06/2025

ဒီပုံမမြင်ခင်အထိ ဘာဂိမ်းမှန်း မသိခဲ့တာ တကယ်ပါ 🥹

Address

Mandalay

Opening Hours

Monday 19:00 - 23:00
Tuesday 19:00 - 23:00
Wednesday 19:00 - 23:00
Thursday 19:00 - 23:00
Friday 19:00 - 23:00
Saturday 19:00 - 23:00
Sunday 19:00 - 23:00

Alerts

Be the first to know and let us send you an email when HELLO YDB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share