Marketing Social Media

Marketing Social Media Digital marketing service in Yangon, Myanmar.

page တွေကို Hack ခံရမဲ့ ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ ?🔴 ဒါက အရမ်းကိုအရေးကြီးပါတယ်page ဖြစ်လာဖို့ အရမ်းလွယ်...
30/08/2023

page တွေကို Hack ခံရမဲ့ ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ ?
🔴 ဒါက အရမ်းကိုအရေးကြီးပါတယ်
page ဖြစ်လာဖို့ အရမ်းလွယ်ပေမဲ့
page ကို မိမိတို့ရဲ့ Brand Name နဲ့တွဲဖက်ပြီး နာမည်ရလာဖို့က အရမ်းခက်ပါတယ်
✅Customers တွေရဲ့ ယုံကြည်မူရဖို့ - ရေရှည်တည်တံ့အောင်လုပ်ဖို့ဆိုတာတွေက အဖက်ဖက်က ကြိုးစားပြီးမှရလာတာပါ
✅အဲ့ဒီလို ကျွန်တော်တို့ရဲ့ နေ့စဥ်နဲ့အမျှကြိုးစားမူတွေနဲ့ တည်ဆောက်ထားတဲ့ Page တွေကို Hack ခံရပြီး အချောင်လိုချင်တဲ့သူတွေက ယနေ့ခေတ်မှာတော့ အများသားရှိနေပါပြီခင်ဗျာ
🛑Online ပေါ်မှာလည်း နေ့စဥ်နဲ့အမျှကြားနေရတဲ့ Page တွေ Hack ခံရတဲ့ အကြောင်းတွေကိုလည်း မိတ်ဆွေတို့ သိပြီးသားဖြစ်နေမယ်ဆိုတာ ပြောပြစရာကိုလိုမယ်မထင်ပါဘူးခင်ဗျာ
✅✅✅ page တွေကို Hack ခံရမဲ့ ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့အကြောင်းကို
ကျွန်တော် Service ပေးနေတဲ့ Page တွေမှာ ဖြစ်ပျက်နေတဲ့ အတွေ့အကြုံတွေကိုပဲ ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ
🔶 ပုံ ၁ မှာ အနီရောင် ဝိုင်းပြထားတဲ့ စာသားတွေကို page Admin တိုင်းနီးပါး တွေ့ဖူး ကြုံဖူးကြမယ်ထင်ပါတယ်
➡️အဲ့လိုစာသားတွေကို ဘယ်နေရာမှာတွေ့ရမလဲဆိုရင် page Admin Account တွေရဲ့ Notifications မှာ ပေါ်လာမှာပါခင်ဗျာ
ဒီစာသားကိုတွေ့လိုက်တာနဲ့ Facebook ရဲ့ Policy တွေကို ချိုးဖောက်လိုက်ပြီဆိုပြီး မိမိတို့ရဲ့ ဘယ် Page ကများဖြစ်တာလဲဆိုပြီး ပြာပြာသလဲဖြစ်သွားတတ်ပါတယ်
အလုပ်လည်းရှုပ်နေတဲ့အချိန် အချိန်ကလည်း မရဆိုရင် သေချာမစစ်မိကြတော့ပါဘူး
🔸အဲ့လိုအချိန်တွေကပဲ မိမိတို့ရဲ့ Page ကို Hack ခံရစေတာပါပဲခင်ဗျာ ...
🛑 ပုံ ၁ , ပုံ ၂ , ပုံ ၃ မှာပြထားတဲ့ စာသားတွေ page Admin Account တွေရဲ့ Notifications မှာ ပေါ်လာတယ်ဆိုရင်
Facebook ဖက်က ပို့ထားတာ ဟုတ် မဟုတ်ကို သေချာလေး စစ်ဆေးဖို့လိုပါတယ်
🛑✅နောက်ပိုင်း Hacker တွေက Facebook ကလာတဲ့ပုံစံမျိုး အယောင်ဆောင်ပြီး ဝင်လာကြတာများပါတယ်
✅✅အယောင်ဆောင် ဟုတ် မဟုတ် ဘယ်လိုစစ်ဆေးရမလဲဆိုရင်...
✅Facebook ဖက်က ပို့တာမှန်ရင် page Admin Account တွေရဲ့ Notifications မှာ ပေါ်မယ်
✅page Admin Account ရဲ့ Gmail inbox ထဲကိုလည်း Facebook ဖက်က စာပို့ထားပါတယ်
✅page မှာထည့်ထားတဲ့ Gmail inbox ထဲကိုလည်း Facebook ဖက်က စာပို့ထားပါတယ် ( တခါတလေမှာ မပို့ထားပါ )
✅🆗 ဒီအချက် ၃ မျိုးကို စစ်ကြည့်လို့ Notifications မှာပဲ ပေါ်ရုံနဲ့တော့ Facebook ဖက်က ပို့တာ မဟုတ်ဘူးလို့ပဲ ဆုံးဖြတ်ရမှာပါခင်ဗျာ
🔺သေချာအောင်ဆိုရင် နားလည်တဲ့သူကို ပြပြီး သေချာစစ်ဆေးစေလိုပါတယ်ခင်ဗျာ
🔶🔶page Admin Account တွေရဲ့ Notifications မှာ ပေါ်လာတဲ့ ပုံ ၁ , ပုံ ၂ , ပုံ ၃ မှာပြထားတဲ့ သတိပေးစာသားကိုနှိပ်လိုက်ရင်
ပုံ ၄ ကို ရောက်ရှိသွားမှာဖြစ်ပါတယ်
🔶🔶🔶 ပုံ ၄ က A မှာပါတဲ့ စာသားပေါ် နှင့် ပုံ ၅ B ပေါ်ကစာသားကိုနှိပ်လိုက်ရင်တော့ အယောင်ဆောင် Page ကိုရောက်ရှိသွားမှာဖြစ်ပါတယ်
အဲ့ဒီ Page မှာ သူတို့ အယောင်ဆောင်စာသားတွေ ပို့ပေးထားတဲ့ Page စာရင်းတွေကို သူတို့ရေးထားတာ တွေ့ရမှာပါခင်ဗျာ
🔴✅🔴 အထူးသတိထားရမှာ ယခု ပုံ ၄ , ပုံ ၅ တွေမှာ ပြထားတဲ့ Link ကနေပြီး Report တွေ လုံးဝ (လုံးဝ) မတင်မိဖို့ အရေးကြီးပါတယ်
အဲ့ဒီ Link ကနေ Report တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Page တွေရော Account တွေပါ Hack ခံလိုက်ရပြီဆိုတာ လုံးဝ မေ့ထားလို့မရပါဘူးခင်ဗျာ
🔴🔴 ပုံ ၆ က A ရဲ့ Link ဟာ Facebook ဖက်က ပို့ထားတဲ့ Link မဟုတ်ပါဘူးခင်ဗျာ
Facebook ဖက်က ပို့ပေးထားတဲ့ Link ဆိုရင် အစဆုံးမှာ www.Facebook.com ဆိုတဲ့ စာသား အမြဲတမ်းပါပါတယ်
🔴🔴🔴 ပုံ ၆ က B နဲ့ C မှာပြထားတဲ့ အမှတ်အသားတွေဟာ Facebook ဖက်က အစစ်အမှန်တင်ခိုင်းရင် အဲ့လိုစာသားတွေ လုံးဝ မရှိပါဘူးခင်ဗျာ
ပုံ ၆ က D မှာ ပြထားတာ Report ဘယ်လိုတင်ရမလဲဆိုတဲ့ Hacker တွေ ဖန်တီးထားတဲ့ Video File ဖြစ်ပါတယ်
🛑❌နောက်ဆုံး အရေးအကြီးဆုံးကတော့ ယခု ပုံ ၆ က စာမျက်နှာပုံစံသည် Facebook ရဲ့ စာမျက်နှာပုံံစံနဲ့ လုံးဝခွဲမရအောင် တူညီနေတယ်ဆိုတာကို အထူးသတိထားစေချင်ပါတယ်
ဒီလောက်ဆို ကျွန်တော် ပြောပြတဲ့ အကြောင်းအရာတွေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်
နားမလည်သေးဘူးဆိုရင်လည်း Comment မှာ မေးသွားလို့ရပါတယ်ခင်ဗျာ

အများသူတွေလည်း လေ့လာလို့ရအောင် Share ပေးသွားပါအုံးခင်ဗျာ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ...
Zaw Min Oo
30 . 08 . 2023



Service
Marketing

# Call Now 09- 966 159 594 ,, 09-459 261 522

Address

78th Street
Mandalay
05032

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959966159594

Website

Alerts

Be the first to know and let us send you an email when Marketing Social Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marketing Social Media:

Share