Friday Times News Journal

Friday Times News Journal သင်၏ ယုံကြည်ရသော သတင်းဂျာနယ်

Breakingမနေ့က မုံရွာဆိုင်ကယ်သပိတ်စစ်ကြောင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ ကားနဲ့ တိုက်ပီး အကြမ်းဖက် ဖမ်းဆီးခံ ခဲ့ရတဲ့ မုံရွာလ...
16/04/2021

Breaking

မနေ့က မုံရွာဆိုင်ကယ်သပိတ်စစ်ကြောင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ ကားနဲ့ တိုက်ပီး အကြမ်းဖက် ဖမ်းဆီးခံ ခဲ့ရတဲ့ မုံရွာလူထုခေါင်းဆောင် ကိုဝေမိုးနိုင်ကို ညှင်းပန်းနှိပ်စက်ထုရိုက်ထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ယနေ့ ဧပြီလ ၁၆ ရက် နာရီပိုင်းက ပြန်နှံ့လာတာ တွေ့ရပါတယ်။

မန္တလေး ဆူးလေဗလီဝင်းအတွင်း စစ်အာဏာရှင်များက ဝင်ရောက်ပစ်ခတ်သောကြောင့်တစ်ယောက်ကျဆုံးပြီးနှစ်ဦးဒဏ်ရာရမန္တလေး ၊ ဧပြီ ၁၅မြေးခ...
15/04/2021

မန္တလေး ဆူးလေဗလီဝင်းအတွင်း စစ်အာဏာရှင်များက ဝင်ရောက်ပစ်ခတ်သောကြောင့်
တစ်ယောက်ကျဆုံးပြီးနှစ်ဦးဒဏ်ရာရ

မန္တလေး ၊ ဧပြီ ၁၅
မြေးချစ်ညို

မန္တလေးမြို့ ၇၄လမ်း၊ ၃၇လမ်းနှင့် ၃၈လမ်းကြားရှိ ဆူးလေဗလီဝင်းအတွင်း စစ်အာဏာရှင်များက ဝင်ရောက်ပစ်ခတ်မှုကြောင့် ယနေ့မနက် (၁၁)နာရီဝန်းကျင်အထိ တစ်ဦးကျည်ထိမှန်ပြီး ကျဆုံးသွားကြောင်း ယင်းရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက Friday Times သို့ပြောကြားသည်။

“ ခုကျွန်တော်တို့ ပုန်းနေရတယ်၊ ဖြစ်တာက ဆိုင်ကယ်သပိတ်လှည့်တဲ့အနောက်ကို စစ်တပ်က လိုက်လာရင်းနဲ့ ဝင်းထဲကို ဝင်ပစ်တာ” ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီလက်ပါးစေများက ယနေ့မနက်ပိုင်းထဲက စတင်ပစ်ခတ်နေခဲ့ခြင်းဖြစ်ပြီး ဗလီဝင်းအတွင်းဝင်ရောက်ပစ်ခတ်မှုမှာ မည်သည့်ပတ်သက်မှုမျှမရှိဘဲ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ဆိုသည်။

ကျည်ထိလူနာများကို ကူညီကယ်ဆယ်ပေးသည့် လူမှုရေးအဖွဲ့များ၏ပြောကြားချက်အရ စစ်တပ်ကပစ်ခတ်သောကြောင့် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

လုံးဝ အုပ်ချုပ်၍ မရစေရ လှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ ၁၈ လမ်း ပြည်သူတွေရဲ့ လှုပ်ရှားမှုများ Photos credit - CJ
14/04/2021

လုံးဝ အုပ်ချုပ်၍ မရစေရ လှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ ၁၈ လမ်း ပြည်သူတွေရဲ့ လှုပ်ရှားမှုများ

Photos credit - CJ

မန္တလေးမြို့လမ်းဘေးတွင် စွန့်ပစ်ထားသည့်လူသေအလောင်းတစ်လောင်းတွေ့ရှိမန္တလေး ၊ ဧပြီ ၁၄ATKမန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ...
14/04/2021

မန္တလေးမြို့လမ်းဘေးတွင် စွန့်ပစ်ထားသည့်လူသေအလောင်းတစ်လောင်းတွေ့ရှိ

မန္တလေး ၊ ဧပြီ ၁၄
ATK

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်၊၃၂ လမ်း၊၈၆ နင့် ၈၇ လမ်းကြားတွင် ဧပြီ (၁၄) ရက် နံနက်စောစောပိုင်းက စွန့်ပစ်ထားသည့် လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ အသက် ၂၀ နင့် ၃၀ အတွင်းခန့်မှန်းရသည့် အမျိုးသားတစ်ဦးဖြစ်၍ ပါးစပ်တွင်အမြှုပ်များတွေ့ရှိကာ သွေးထွက်ဒါဏ်ရာ မတွေ့ရှိရဟု မျက်မြင်တစ်ဦးက ဆိုသည်။

"လာပစ်သွားတာဖြစ်မယ်။တွေ့တဲ့အနားရဲ့ နေအိမ် ၃ အိမ်က ဝင်းတံခါးတွေ သော့ပိတ်ထားတာ လူမရှိဘူးဆိုတော့ ဘယ်အချိန်က ဘယ်လိုလာပစ်သွားလဲ မသိရဘူး။သေသူရဲ့ ဘယ်ဘက်လက်ကိုပုဆိုးတစ်ထည် အုပ်ထားတယ်"ဟု ၄င်းကပြောသည်။

သေဆုံးသူ၏ ခြေဖျားတွင် ရေသန့်ဗူးတစ်ခု၊အနီးနင့်မလှမ်းမကမ်းတွင် M-3 အချိုရည်ပုလင်းတစ်လုံးတွေ့ရှိရပြီးသေဆုံးသူ မည်သူဖြစ်သည်ကို မသိရသေးဘဲ နံနက် ၈ နာရီ ခွဲကျော်က မဏိစလ လူမှုကူညီရေးအသင်းမှ သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။

မန္တလေးနဲ့သင်္ကြန် သင်္ကြန်နဲ့မန္တလေးဆိုတာ ခွဲထားလို့မရသလို သင်္ကြန်ဆိုတာလည်း မန္တလေးပုံရိပ်တွေနဲ့မှ ပြည့်စုံတာပါ။ခုလိုအ...
13/04/2021

မန္တလေးနဲ့သင်္ကြန် သင်္ကြန်နဲ့မန္တလေးဆိုတာ ခွဲထားလို့မရသလို သင်္ကြန်ဆိုတာလည်း မန္တလေးပုံရိပ်တွေနဲ့မှ ပြည့်စုံတာပါ။

ခုလိုအတာကူးတဲ့ကာလ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာ စစ်အာဏာရှင်တွေရဲ့အမိန့်တွေကိုလက်မခံဘဲ ဆန့်ကျင်တော်လှန်နေတဲ့ မန္တလေးမြို့ရဲ့ သင်္ကြန်အကြိုနေ့မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။

ရန်ကုန်၊  ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ စစ်အာဏာရှင် ဖြုတ်ချရေး အတာအိုးသပိတ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဒီကနေ...
13/04/2021

ရန်ကုန်၊ ဧပြီ ၁၃ ရက်

သင်္ကြန်အကြိုနေ့မှာ စစ်အာဏာရှင် ဖြုတ်ချရေး အတာအိုးသပိတ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဒီကနေ့ ဧပြီ ၁၃ ရက်မှာ လုပ်ဆောင်ခဲ့တဲ့ မြင်ကွင်း

Photos credit - CJ

မန္တလေးတွင် လုံခြုံရေးအရပိတ်ထားသော ဝင်းတံခါးများကို လာရောက်ဖျက်ဆီးမန္တလေး ၊ ဧပြီ ၁၃မြေးချစ်ညိုမန္တလေးမြို့ အောင်မြေသာစံမ...
13/04/2021

မန္တလေးတွင် လုံခြုံရေးအရပိတ်ထားသော ဝင်းတံခါးများကို လာရောက်ဖျက်ဆီး

မန္တလေး ၊ ဧပြီ ၁၃
မြေးချစ်ညို

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ လူနေရပ်ကွက်မ လမ်းကြားဝင်းများကို ရပ်ကွက်နေပြည်သူများက လုံခြုံရေးအရတပ်ဆင်ထားသည့် သံတခါးများအား စစ်တပ်က ဘူဒိူဇာများဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

" တပ်ထားတဲ့တံခါးတွေကို ကိုယ်တိုင်ဖြုတ်ခိုင်းတယ်၊ မဖြုတ်ပေးတဲ့ဖက်က တံခါးတွေကိုကြတော့ ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်ကြတယ်၊ သူပုန်တွေဝင်မစိုးလို့ဆိုပြီးတော့လည်း ပြောသွားသေးတယ်"ဟု အမည်မဖော်လိုသူ ရပ်ကွက်သားတစ်ဦးကဆိုသည်။

ထိုသို့လာရောက်ဖျက်ဆီးမှုများပြုလုပ်ချိန်တွင် စစ်အင်အားများစွာပါလာသောကြောငိ့ ပြည်သူများစိုးရိမ်ပူပန်မှုဖြစ်ပေါ်ခဲ့ပြီး ပုန်းအောင်းနေရကြောင်းကိုလည်း ရပ်ကွက်ခံများက Friday Times သို့ ပြောကြားသည်။

အလားတူဖျက်ဆီးမှုများကို စစ်ကောင်စီက မန္တလေးမြို့နေရာအနှံ့အပြားတွင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

နွားခြံကုန်းရပ်ကွက်မီးလောင်မှု ရှို့မီးဟု ဒေသခံအချို့ယူဆနေမန္တလေး ၊ ဧပြီ ၁၃ATKမန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော...
13/04/2021

နွားခြံကုန်းရပ်ကွက်မီးလောင်မှု ရှို့မီးဟု ဒေသခံအချို့ယူဆနေ

မန္တလေး ၊ ဧပြီ ၁၃
ATK

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ် အကွက် ၃၄ ၊နွားခြံကုန်းရပ်တွင် ဧပြီ ၁၃ ရက်နံက်နက် ၃ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၁လုံး(အိမ်ထောင်စု ၃၆)မီးဘေးသင့်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုစတင်ပြီး အနည်းနောက်ကျမှ မီးသတ်ကားများရောက်ရှိ ငြိမ်းသတ်နိုင်ခဲ့သည်ဟု ရပ်ကွက်ခံများထံမှ သိရသည်။

"မီးစ လောင်တဲ့အိမ် နောက်ဘက် အပေါ်ထပ် သွပ်အမိုးပေါ်ကို ပစ္စည်းတစ်ခုကျလာတာ ဘုန်းကနဲ အသံမြည်သွားပြီး နီရဲသွားတယ်။သွပ်မိုး အောက်က ထုပ်တန်းပြတ်သွားပြီးမီးခိုးမှိုင်းမရှိတော့ မီးလောင်စေတဲ့ ပစ္စည်းက အပေါ်က ကျလာတာ။မီးပေါ့ဆမှုက လောင်တာမဖြစ်နိုင်တော့ ဒါက သံသယရှိစရာပါ"ဟုယင်း ရပ်ကွက်နေသူကပြောသည်။

ရပ်ကွက်နေသူအချို့သည် ထိုအချိန်က မအိပ်သေးသူများလည်းရှိပြီး အသံကြားပြီးနောက် အနီရောင် မီးအလင်းကြီးကို မြင်တွေ့လိုက်ရပြီးနောက် အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၂၁လုံး(အိမ်ထောင်စု ၃၆စု)မီးဘေးသင့်ခဲံသဖြင့် မီးဘေးသင့်အိမ်ထောင်စုများကို ရပ်ကွက်အနီးရှိ လမ်းလယ်ဘုရားတွင် ကယ်ဆယ်ရေးစလန်းဖွင့်လှစ်ထားရှိကြောင်းသိရသည်။

မီးဘေးသင့်ခံရသူပြည်သူများအား ယနေ့ နံနက်၁၀ နာရီနောက်ပိုင်း လာရောက် ထောက်ပံ့လှူဒါန်းမှုများရှိနေကြောင်းသိရသည်

ဒီနေ့ည (၉) နာရီမှာ Flash Strike ရှိပါတယ်✅✅✅✅✅✅✅✅ဘယ်လိုပါဝင်ရမလဲ ? ===============🔺 April 11 ရက်နေ့ - တနင်္ဂနွေနေ့🔺 ယနေ့ည...
11/04/2021

ဒီနေ့ည (၉) နာရီမှာ Flash Strike ရှိပါတယ်
✅✅✅✅✅✅✅✅

ဘယ်လိုပါဝင်ရမလဲ ?
===============
🔺 April 11 ရက်နေ့ - တနင်္ဂနွေနေ့
🔺 ယနေ့ည - 9:00 to 9:15

🚩ဘယ်လိုပါဝင်ဆောင်ရွက်ကြမလဲ
🎈ကောင်းကင်ကို လက်နှိပ်ဓာတ်မီး (or) ဖုန်းမီးလေးတွေနဲ့ထိုးပါမယ်

🔺 မြန်မာနိုင်ငံအနှံ့ရှိ ပြည်နယ်နှင့် တိုင်းဒေကြီး အသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးစုံနဲ့ ဘာသာမျိုးစုံက Flashlight လေးတွေဖွင့်ပြီး ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် တစ်ပြိုင်နက် Flash Strike ပြုလုပ်ကြမယ်နော် !

🔺 အိမ်တွေအားလုံး၊ ဖြစ်နိုင်ရင် မီးတွေအားလုံး ခဏမှိတ်ထားပေးဖို့လည်း သူက အကြံပြုပါတယ်။ ဒါမှ အလင်းတွေ ပျံ့မနေတော့ဘဲ (Light Pollution မရှိတော့ဘဲ) တနိုင်ငံလုံးက အလင်းရောင်တွေ ကောင်းကင်မှာ လင်းထိန်နေမှာ ဖြစ်ပါတယ်ခင်ဗျာ။

🔺 အချိန်ကပ်နေတဲ့အတွက် နီးစပ်ရာ မိတ်ဆွေတွေ၊ ရပ်ကွက်ထဲက အိမ်နီးချင်းတွေကို လှမ်းပြောပေးကြပါ။

🔺 Internet ဖြတ်တောက်ခံထားရတဲ့ နယ်မြို့လေးတွေကိုလည်း ဖုန်းဆက်ပြီးပြောပေးကြပါခင်ဗျာ

credit Wai Moe Naing

ရန်ကုန်၊  ဧပြီလ ၁၁ ရက် ယနေ့ ရန်ကုန်မြို့ သာကေတအဝိုင်းတွင် "လုံးဝအုပ်ချုပ်လို့မရစေရ" Red Movement လှုပ်ရှားမှုပြုလုပ်ခဲ့ပ...
11/04/2021

ရန်ကုန်၊ ဧပြီလ ၁၁ ရက်

ယနေ့ ရန်ကုန်မြို့ သာကေတအဝိုင်းတွင် "လုံးဝအုပ်ချုပ်လို့မရစေရ" Red Movement လှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ) မှ ဦးဆောင်ကာ သာကေတအဝိုင်းရှိ ဆွမ်းအုပ်ကို ဆေးအနီရောင်များပက်၍ စာရွက်များ ကြဲကာ စစ်ကောင်စီ၏ အုပ်ချုပ်ခြင်းကို လုံးဝခေါင်းငုံ့မခံကြောင်း ပြသခဲ့သည်။

Photos credit - CJ

မန္တလေး စစ်တပ်ပိုင်မြဝတီဘဏ်အရှေ့ရှိ အစောင့်စစ်သားများကို လက်လုပ်ဗုံးဖြင့်ထုပြီး တိုက်ခိုက်ခံရမန္တလေး၊ ဧပြီ ၁၁မြေးချစ်ညို...
11/04/2021

မန္တလေး စစ်တပ်ပိုင်မြဝတီဘဏ်အရှေ့ရှိ အစောင့်စစ်သားများကို လက်လုပ်ဗုံးဖြင့်ထုပြီး တိုက်ခိုက်ခံရ

မန္တလေး၊ ဧပြီ ၁၁
မြေးချစ်ညို

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁လမ်း ၂၆လမ်းနှင့် ၂၇လမ်းကြားရှိ စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့တွင် လုံခြုံရေးချထားသော စစ်သားနှစ်ဦးကို ဆိုင်ကယ်မောင်းလာသည့် အမည်မသိလူနှစ်ဦးက လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီးတွင်နေထိုင်သူတစ်ဦးက Friday Times သို့ပြောကြားသည်။

"မနက် (၉)နာရီမထိုးခင်လေးပေါ့ အုန်းဆိုပြီးအသံကြားလို့ထွက်ကြည့်တော့ မြဝတီဘဏ်ရှေ့မှာစောင့်နေတဲ့ စစ်သားတစ်ယောက် ဒဏ်ရာရထားတာ တွေ့ရတယ်၊ သွေးတော်တော်ထွက်နေတယ် မတ်တပ်တောင် မရပ်နိုင်ဘူး"ဟု ၎င်းကပြောသည်။

ဧပြီလ(၁၁)ရက်နေ့မနက်ပိုင်းက ဗုံးဖြင့်လာရောက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး Friday Times ကဆက်သွယ်မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်

"ထုသွားတာက လက်လုပ်ဗုံးနဲ့တူတယ် ဘာလို့လဲဆိုတော့ ဝါယာတိပ်ရယ် သုံးမတ်အိမ်ရိုက်သံချောင်းတွေ ပြန့်ကျဲနေတာတွေ့တယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုကဲ့သို့လာရောက်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်တွက် လက်နက်ကိုင်ထားသည့်လုံခြုံရေးအဖွဲ့ဝင်အချို့မှာ အရပ်ဝတ်များဝတ်ဆင်ထားပြီး ပြည်သူများ၏နေအိမ်အရှေ့များတွင် ထိုင်နေကြကြောင်းကိုလည်း ၎င်းကဆိုသည်။

ယမနေ့ညကလည်း တမူးမြို့တွင်းတိုက်ပွဲတွင် ပြည်သူနှင့် ကူကီးလက်နက်ကိုင်အဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် စစ်သား(၁၈)ဦး သေဆုံးကြောင်း Mizzama သတင်းဋ္ဌာနက ရေးသားဖော်ပြထားသေးသည်။

အာဇာနည်ဝိဉာဉ်သပိတ် ရန်ကုန် ၊ ဧပြီ ၁၁Photo - Cjရန်ကုန်မြိ ဆူးလေလူကူးကုန်းကျော်တံတားပေါ်တွင် ယနေ့မနက်အစောပိုင်းက " သေသောသူ...
11/04/2021

အာဇာနည်ဝိဉာဉ်သပိတ်

ရန်ကုန် ၊ ဧပြီ ၁၁
Photo - Cj

ရန်ကုန်မြိ ဆူးလေလူကူးကုန်းကျော်တံတားပေါ်တွင် ယနေ့မနက်အစောပိုင်းက " သေသောသူများရှင်လိမ့်မည် " ဟု စာများရေးထားသည့် ပိတ်စပေါ်တွင် တိုက်ပွဲဝင်ကျဆုံးသွားသည့် ပြည်သူ့ သူရဲကောင်းများ၏ အမည်များကို ရေးထိုးထားပြီး ဝိဉာဉ်သပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Address

19St Bet. 80 & 81St
Mandalay
05011

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

+959258252565

Alerts

Be the first to know and let us send you an email when Friday Times News Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Friday Times News Journal:

Share