Botany - Myanmar

Botany - Myanmar မြန်မာပြည်ရှိရုက္ခ‌ဗေဒမိသားစုအားလုံးအတွက်

ဆွမ်းသွတ်တရားတော်နာဖိတ်ကြားလွှာမိတ်သင်္ဂဟ ဆွေမျိုးအပေါင်းအားဖိတ်ကြားအပ်ပါသည်။
12/10/2025

ဆွမ်းသွတ်တရားတော်နာဖိတ်ကြားလွှာ

မိတ်သင်္ဂဟ ဆွေမျိုးအပေါင်းအားဖိတ်ကြားအပ်ပါသည်။

ဆရာကြီး ဒေါက်တာခင်မောင်အေး (သတ္တဗေဒ ပါမောက္ခ(ငြိမ်း)၏ ချစ်ဇနီး၊ ဒေါက်တာမေကျော့ခိုင်(ရုက္ခဗေဒ)၏ မိခင်ဒေါ်ခင်မေမြင့် (၉၅) ...
09/10/2025

ဆရာကြီး ဒေါက်တာခင်မောင်အေး (သတ္တဗေဒ ပါမောက္ခ(ငြိမ်း)၏ ချစ်ဇနီး၊
ဒေါက်တာမေကျော့ခိုင်(ရုက္ခဗေဒ)၏ မိခင်

ဒေါ်ခင်မေမြင့် (၉၅) နှစ်
ဆရာမ(ငြိမ်း)၊ အ.ထ.က (၁၆) သည်

၉-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားပါသဖြင့် နက်ဖြန် (၁၀-၁၀-၂၀၂၅) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်ကြောင်း ရပ်နီး ရပ်ဝေး မိတ်သင်္ဂဟအပေါင်းအား ညိုးငယ်စွာဖြင့် အသိပေးအပ်ပါသည်။

ကောင်းရာသုဂတိရောက်ပါစေ။

22/09/2025

မန္တလေးတက္ကသိုလ် နှစ်တရာပြည့်အထိမ်းအမှတ် ရာပြည့်သဘင်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုပါသည်။

၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် နှစ်တစ်ရာ ရာပြည့်အထိမ်းအမှတ် ရာပြည့်သဘင်ပွဲနှင့်အတူ တက္ကသိုလ်...
13/09/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် နှစ်တစ်ရာ ရာပြည့်အထိမ်းအမှတ် ရာပြည့်သဘင်ပွဲနှင့်အတူ တက္ကသိုလ်များ(မန္တလေး) ရုက္ခဗေဒ မိသားစု အာစရိယ ပူဇော်ပွဲအတွက်
မန္တလေး တက္ကသိုလ် ရုက္ခဗေဒ ကျောင်းသူဟောင်း ဒေါ်ဝိုင်းဝိုင်းမြင့် မိသားစုတို့က ၁၀၀၀၀၀၀ကျပ် (ကျပ် ဆယ်သိန်းတိတိ) ကိုလှုဒါန်း‌ကြောင်း သိရှိရပါတယ်။

လွှဒါန်းမှုအစုစုတို့အတွက် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါတယ်။
သာဓု သာဓု သာဓု

၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် နှစ်တစ်ရာ ရာပြည့်အထိမ်းအမှတ် ရာပြည့်သဘင်ပွဲနှင့်အတူ တက္ကသိုလ်...
12/09/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် နှစ်တစ်ရာ ရာပြည့်အထိမ်းအမှတ် ရာပြည့်သဘင်ပွဲနှင့်အတူ တက္ကသိုလ်များ(မန္တလေး) ရုက္ခဗေဒ မိသားစု အာစရိယ ပူဇော်ပွဲအတွက်
မန္တလေး တက္ကသိုလ် ရုက္ခဗေဒ ကျောင်းသားဟောင်း ဦးလှဘုန်းကျော်
(ဥက္ကဋ္ဌ၊ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ) မိသားစုတို့က ၂၀၀၀၀၀၀ကျပ် (ကျပ် သိန်းနှစ်ဆယ်တိတိ) လှုဒါန်း‌ကြောင်း သိရှိရပါတယ်။

လွှဒါန်းမှုအစုစုတို့အတွက် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါတယ်။
သာဓု သာဓု သာဓု

12/09/2025
12/09/2025

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် (၁၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲကို ၅-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ပါမည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် အသက် (၇၀) ပြည့်ပြီးသော ဘာသာရပ်ပေါင်းစုံမှ ဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့ကြမည်ဖြစ်ပါသည်။ မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော အသက် (၇၀) ပြည့်ပြီးသည့် ကန်တော့ခံဆရာကြီး၊ ရောမကြီးများ ၆၁၅ ဦးရှိပါသည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ဖြစ်မြောက်ရေး နှင့် အာစရိယပူဇော်ပွဲ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်းရှိစေရန် မန္တလေးတက္ကသိုလ် ကျောင်း သား/သူဟောင်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြပါရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

မန္တလေးတက္ကသိုလ် ရုက္ခဗေဒမိသားစု အာစရိယပူဇော်ပွဲကို ၄-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့်  မန္တလေးတက္ကသိုလ်  ရာပြည့်သဘင် ဂုဏ်ပြုပွဲနှင့်အတူ တက္ကသိုလ်များ(မန္တလေး) ရုက္ခဗေ...
10/09/2025

၂၀၂၅ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ဂုဏ်ပြုပွဲနှင့်အတူ တက္ကသိုလ်များ(မန္တလေး) ရုက္ခဗေဒမိသားစု
အာစရိယပူ‌ဇော်ပွဲအတွက်
မန္တလေး တက္ကသိုလ် ရုက္ခဗေဒ ကျောင်းသား‌၊ ကျောင်သူဟောင်း
ဦးကိုကိုလွင်+ ဒေါ်စန်းစန်းဝင်း
(ငွေနန်းတော်ပုံနှိပ်တိုက်) မန္တလေး မိသားစုတို့က ၅၀၀၀၀၀ကျပ် (ငါးသိန်းကျပ်တိတိ) ကို လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဝမ်းမြောက် သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါသည်။

မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးများ
25/08/2025

မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးများ

25/08/2025
18/08/2025

အသက်ရှည်ရာ အနာမဲ့ကြောင်း ဘေးအပေါင်းမှကင်းဝေးကာ လိုအင်ဆန္ဒတွေ ပြည့်ပါစေကြောင်း Botany-Myanmar က ဆုမွန်ကောင်းတောင်းအပ်ပါသည်။

16/08/2025

ဆယ့်နှစ်လရာသီ ပန်းများ ပွင့်ချိန်

မြန်မာလရာသီပန်းဖွဲ့ကို

"ပန်းကံ့ကော် ရွှေစံကားနှင့်
ငွေသားနု စပယ်မှန်။
မုလေး(မြတ်လေး) ခတ္တာနှင့်
ရွှေရင်းမာ ကြာ ခဝဲ
ဖွဲစ နှင်းလျှံ။
သဇင်ကျန်
ခွာတန်နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေဖီမင်း
သင်းထုံနံ့ကဲ.. ”
ဟု ကင်းဝန်မင်းကြီးက နှစ်သက်ဖွယ် ရေးဖွဲ့ခဲ့လေသည်။

#မြန်မာလရာသီပန်း

Address

Mandalay

Alerts

Be the first to know and let us send you an email when Botany - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share