Botany - Myanmar

Directions Website

Botany - Myanmar မြန်မာပြည်ရှိရုက္ခ‌ဗေဒမိသားစုအားလုံးနှင့် အပင်ကိုစိတ်ဝင်စားသူများ၊ ဆေးဖက်ဝင်အပင်များကို နှစ်သက်သူများ၊ ပန်းကိုချစ်တဲ့ ပန်းချစ်သူများ အတွက် ရည်ရွယ်ပါသည်။

ပျော်ဘွယ် နဲ့ ရမည်းသင်းကြား ငလျင်လှုပ်သွား၂၇-၉-၂၀၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ပျော်ဘွယ် နဲ့ ရမည်း...
27/09/2026

ပျော်ဘွယ် နဲ့ ရမည်းသင်းကြား ငလျင်လှုပ်သွား

၂၇-၉-၂၀၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ပျော်ဘွယ် နဲ့ ရမည်းသင်းကြား အင်ကြင်းကန် ကျေးရွာအနီးမှာ ပြင်းအား ၃ ရှိ ငလျင်လှုပ်ခဲ့သည်။

 #တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်က...
26/09/2026

#တော်သလင်းလပြည့်နေ့
#ဂရုဓမ္မအခါတော်နေ့

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော
- သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
- သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။[

စစ်ကိုင်းတိုင်း မော်လိုက်မြောက်ဘက် တံငါရွာအနီး ငလျင်လှုပ်၂၆-၉-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၄ မိနစ်တွင် စစ်ကိုင်းတိုင်း မော...
26/09/2026

စစ်ကိုင်းတိုင်း မော်လိုက်မြောက်ဘက် တံငါရွာအနီး ငလျင်လှုပ်

၂၆-၉-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၄ မိနစ်တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့၏ မြောက်ဘက်၊ ဖောင်းပြင်၏ အနောက်တောင်ဘက်၊ တမူးမြို့၏ အရှေ့တောင်ဘက် တံငါကျေးရွာအနီးတွင် ဗဟိုပြုလျှက် ပြင်းအား ၄.၁ ရှိသော မြေငလျင် လှုပ်သွားသည်။

မန္တလေးက တောင်ပြုံးအနီး အင်အား ၃.၅ ရှိ မြေငလျင်လှုပ်၊ ၂၅-၉-၂၀၂၆ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်အချိန်က မန္တလေးမြို့မှ အရှေ့မြော...
25/09/2026

မန္တလေးက တောင်ပြုံးအနီး အင်အား ၃.၅ ရှိ မြေငလျင်လှုပ်၊

၂၅-၉-၂၀၂၆ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်အချိန်က မန္တလေးမြို့မှ အရှေ့မြောက်ဘက်တောင်ပြုံးအနီးကို ဗဟိုပြုပြီး ပြင်းအား ၃.၅ အဆင့်ရှိ မြေငလျင်လှုပ်သွားခဲ့သည်။

မန္တလေးဝန်းကျင်နေ ပြည်သူများ သိလိုက်ကြပါသေးသလား။ အများသိသတိထာူရအောင် Like and Share လေး လုပ်ပေးကြပါ။

#မြေငလျင်
#တောင်ပြုံး

ရှမ်းပြည်နယ် လင်းခေး မောက်မယ် ဘက် အလှည့် ပေးကြဦးစို့၂၅-၉-၂၀၂၆ ရက်နေ့  ညနေ ၄ နာရီ ၁၇ မိနစ်အချိန် ရှမ်းပြည်နယ် လင်းခေးရဲ့တ...
25/09/2026

ရှမ်းပြည်နယ် လင်းခေး မောက်မယ် ဘက် အလှည့် ပေးကြဦးစို့

၂၅-၉-၂၀၂၆ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန် ရှမ်းပြည်နယ် လင်းခေးရဲ့တောင်ဘက်၊ မောက်မယ်ရဲ့ အရှေ့တောင်ဘက် Wan Konlang ကျေးရွာတွင် ဗဟိုပြု၍ အင်အား ၃.၆ ရှိ မြေငလျင် လှုပ်သွားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ပုလဲ အနီးတွင် ငလျင်လှုပ်၂၅-၉-၂၀၂၆ ရက်နေ့  နံနက် ၈ နာရီ ၄၄ မိနစ်အချိန် ပုလဲ၏ အနောက်မြောက်ဘက...
25/09/2026

စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ပုလဲ အနီးတွင် ငလျင်လှုပ်

၂၅-၉-၂၀၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်အချိန် ပုလဲ၏ အနောက်မြောက်ဘက်၊ ယင်းမာပင်ကျေးရွာ၏ အနောက်ဘက်တွင် မြေအောက်အနက် ၇၈.၃ မိုင်ကို ဗဟိုပြု၍ အင်အား ၄.၇ ရှိ မြေငလျင် လှုပ်သွားသည်။

၄.၇ ဆိုတော့ နဲနဲပြင်းအားများလို့ မုံရွာမြို့အနောက်ဘက်ဒေသရှိ မိတ်ဆွေများ သိလိုက်ကြပါသလား။

စစ်ကိုင်းတိုင်း ဟုမ္မလင်းအနီး ငလျင်လှုပ်၂၅-၉-၂၀၂၆ ရက်နေ့  နံနက် ၁ နာရီ ၄၁ မိနစ်အချိန် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် ချေ...
25/09/2026

စစ်ကိုင်းတိုင်း ဟုမ္မလင်းအနီး ငလျင်လှုပ်

၂၅-၉-၂၀၂၆ ရက်နေ့ နံနက် ၁ နာရီ ၄၁ မိနစ်အချိန် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် ချောင်းစုံကျေးရွာ၏ မြောက်ဘက်တွင် အင်အား ၃.၅ ရှိ မြေငလျင် လှုပ်သွားသည်။

ကန်စွန်းရွက် (water spinach / Ipomoea aquatica) က အာဟာရဓာတ်များပါဝင်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ပုံမှန်သင့...
25/09/2026

ကန်စွန်းရွက် (water spinach / Ipomoea aquatica) က အာဟာရဓာတ်များပါဝင်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

ပုံမှန်သင့်တင့်စွာ စားသုံးရင် အောက်ပါအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်—

🥬 အမျှင်ဓာတ် (fiber) ပါဝင်မှုကောင်း — အစာချေဖျက်မှုနဲ့ ဝမ်းမှန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

👁️ ဗီတာမင် A/ကာရိုတီးနွိုက်များ — မျက်စိနဲ့ ကိုယ်ခံအားကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

🦴 ဗီတာမင် K နှင့် သတ္တုဓာတ်များ — အရိုးကျန်းမာရေးနဲ့ သွေးခဲမှု ပုံမှန်ဖြစ်စဉ်မှာ ပါဝင်ပါတယ်။

🛡️ Vitamin C နှင့် antioxidant များ — ဆဲလ်တွေကို oxidative stress ကြောင့် ထိခိုက်မှုမှ ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

💧 ကယ်လိုရီနည်း — အစားအစာကို အာဟာရပြည့်အောင် စီမံစားသုံးလိုသူတွေအတွက် သင့်တော်ပါတယ်။

❤️ ပိုတက်စီယမ်နှင့် အခြားအာဟာရဓာတ်များ ပါဝင်တာကြောင့် နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

စားသုံးရာမှာ ကန်စွန်းရွက်ကို သေချာဆေးကြောပြီး ကောင်းစွာချက်ပြုတ်စားတာ ပိုသင့်တော်ပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်မြို့အနီး အင်အား ၃.၂ ဖြင့် ငလျင်လှုပ်သွား၂၄-၉-၂၀၂၆ ရက်နေ့  ညနေ ၅ နာရီ ၄၈ မိနစ်တွင် ကျောက်ဆည်မြို့...
24/09/2026

မန္တလေးတိုင်း ကျောက်ဆည်မြို့အနီး အင်အား ၃.၂ ဖြင့် ငလျင်လှုပ်သွား

၂၄-၉-၂၀၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်တွင် ကျောက်ဆည်မြို့အနီး ဗဟိုပြုလျှက် အင်အား ၃.၂ ဖြင့် ငလျင် လှုပ်သွားသည်။

သိတဲ့သူများရှိကြပါသလား။

စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက် ငလျင်လှုပ်၂၄-၉-၂၀၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၄ မိနစ်တွင် ဟုမ္မလင်းမြို့အရှေ့မြောက်ဘက် Htedanshi...
24/09/2026

စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက် ငလျင်လှုပ်

၂၄-၉-၂၀၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၄ မိနစ်တွင် ဟုမ္မလင်းမြို့အရှေ့မြောက်ဘက် Htedanshi ကျေးရွာအနီးတွင် ဗဟိုပြု၍ ပြင်းအား ၃.၄ ဖြင့် ငလျင်လှုပ်သွားပါတယ်။

Address

Mandalay

Opening Hours

09:00 - 17:00

Alerts

Be the first to know and let us send you an email when Botany - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share