08/03/2025
Fine Motor Skills and Gross Motor Skills
ဒီနေ့မှာတော့ မူကြိုထားတဲ့အခါ တီချယ်တွေ ပြောနေကျဖြစ်တဲ့ Fine Motor Skills နဲ့ Gross Motor Skills သန်မာစေဖို့ဆိုတဲ့ အကြောင်းလေးကိုရှင်းပြပေးချင်ပါတယ်။
တချို့တွေသိကြပြီးဖြစ်မယ်ထင်ပေမယ့် မသိသေးတဲ့ ဖေဖေ မေမေတို့အတွက် knowledge Sharing လေးပါရှင့်။
Fine Motor Skills (FMS)
FMS ဆိုတာ ကြွက်သားငယ်လေးတွေ သန်မာခြင်းကိုဆိုလိုတာပါရှင့်။ ဥပမာ - လက်ချောင်းကြွက်သားလေးများ။ လက်ချောင်းကြွက်သားလေးတွေ သန်မာဖို့ကို ငယ်ရွယ်စဥ်မှာသာ လေ့ကျင့်ယူလို့ရပါတယ်။ဂျုံဖြင့်ကစားစေခြင်း ၊ ကတ်ကြေးညှပ်ကစားစေခြင်း ၊ စက္ကူအဟောင်းများ လုံးခြေကစားစေခြင်း စသည့်ကစားနည်းလေးတွေကို သုံးပြီး သန်မာစေရန် လေ့ကျင့်ပေးလို့ရပါတယ်။ KG တက်သည့်အခါ လက်ရေးလက်သားလှပစေဖို့အတွက် လက်ချောင်းကြွက်သားလေးများ သန်မာပြီး ထိုကြွက်သားလေးတွေကို လိုသလိုထိန်းညှိတက်စေဖို့ အထူးလိုအပ်ပါတယ်ရှင်။
Gross Motor Skills (GMS)
GMS ဆိုတာကတော့ ကြွက်သားကြီးလေးတွေ သန်မာခြင်းပဲဖြစ်ပါတယ်။ ဥပမာ - လက်မောင်းကြွက်သားများ ၊ ခြေထောက်ကြွက်သားများ ။ အဓိကအားဖြင့် လှုပ်ရှားကစားခြင်းကနေ ကြွက်သားကြီးလေးတွေကို သန်မာလာစေပါတယ်ရှင့်။ ဘောလုံး(ပစ်ခြင်း/ကန်ခြင်း)ကစားခြင်း ၊ လှေခါးတက်ခြင်း ၊ ပြေးလွှားကစားခြင်း စတဲ့ ခန္ဓာကိုယ်လှုပ်ရှားရသည့် ကစားနည်းများကို ကစားစေခြင်းဖြင့် သန်မာလာအောင်လေ့ကျင့်ပေးလို့ရပါတယ်ရှင့်။