17/05/2026
ချဲလ်ဆီးအသင်းရဲ့အနာဂတ်👀
ဇာဗီအလွန်ဆိုနဲ့ ချဲလ်ဆီး အသင်းရဲ့ အနာဂတ်
ရလဒ်တွေ ဆိုးဝါးနေတဲ့ ချဲလ်ဆီး အသင်းအနေနဲ့ မကြာသေးခင်ကမှ Real Madrid ကနေ ထွက်ခွာလာတဲ့ ဇာဗီအလွန်ဆိုကိုတော့ 4 နှစ် လုပ်ပိုင်ခွင့်အပြည့်အဝရှိတဲ့ စာချုပ်သက်တမ်းနဲ့ ခေါ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။
25-26 ရာသီဝက်မှာတင် Real Madrid အသင်းကနေ အဆင်မပြေမှုများစွားကြောင့် ထွက်ခွာလာခဲ့တဲ့ ဇာဗိိီ အလွန်ဆိုကိုတော့ ချဲလ်ဆီး အသင်းဟာ လုပ်ပိုင်ခွင့်အပြည့်အဝနဲ့ မန်နေဂျာ သဘောမျိုး ခေါ်ယူပြီးတဲ့နောက်မှာတော့ အလွန်ဆို တစ်ယောက် ပရီးမီးယားလိဂ်ကို တစ်ဖန် ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။
ရာသီ အစမှာလည်း မျက်နှာပန်းမလှခဲ့သလို ရာသီပိတ်သိမ်းခါနီးမှာလည်း နောက်ဆုံးငါးပွဲမှာ သုံးပွဲရှုံး တစ်ပွဲသရေ ဆိုတဲ့အနေအထားနဲ့ ရလဒ်ဆိုးနေတဲ့ ချဲလ်ဆီးတို့ ဇာဗီ အလွန်ဆိုရဲ့ Philosophy နဲ့ အံသားကိုက်ဖြစ်သွားလေအုံးမလား ဖလားလက်မဲ့ နေ့ရက်တွေကို အဆုံးသတ်ပြီး ခြင်္သေ့ပြာတို့ရဲ့ ရွှေအိုရောင်နေ့ရက်တွေပြန်လည်ရောက်ရှိလာလေအုံးမလား။