
24/07/2025
မန္တလေး မန်းမြို့ဈေးအနီးက ရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့
Jul 24, 5:08 PM
ယနေ့ ဇူလိုင်၂၄ရက် ညနေပိုင်းက မန္တလေးမြို့ရှိ ရွှေဆိုင်တဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားသွားခဲ့သည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်းနှင့် ၈၅ လမ်းထောင့်ရှိ ရွှေနန်းသုခရွှေဆိုင်တွင် ယနေ့ညနေ၄နာရီအချိန်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ဓားပြတိုက်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ၂ဦး ထိခိုက်မှုများရှိခဲ့ကြောင်း လူနာများကို သွားရောက်ကူညီခဲ့သည့် မဏီစလလူမှုကူညီရေးအသင်းမှ ထုတ်ပြန်သည်။
ဖြစ်စဉ်အသေးစိတ်အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်။
#မန္တလေးသတင်းကွန်ရက် #မန္တလေး
Photo credit to မဏီစလ