Digital Marketing by 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐮𝐬𝐢𝐨𝐧

  • Home
  • Myanmar
  • Mandale
  • Digital Marketing by 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐮𝐬𝐢𝐨𝐧

Digital Marketing by 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐮𝐬𝐢𝐨𝐧 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digital Marketing by 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐮𝐬𝐢𝐨𝐧, Digital creator, Mandale.

သင့်လုပ်ငန်းအတွက် ဒစ်ဂျစ်တယ် စျေးကွက်ရှာဖွေရေး၊ Content/Vlog/Script ဖန်တီးမှု၊ Social Media မြှင့်တင်ရေး၊ E-commerce/POS စီမံခန့်ခွဲမှု နှင့် လုပ်ငန်းသုံး AI သင်တန်းများ ပို့ချပေးခြင်းဖြင့် သင့်လုပ်ငန်းကို Next Levelသို့ အရောက်ပို့ဆောင်ပေးမည်။
09442329009

📣 မန္တလေးရုံးခွဲနှင့် ဆိုင်ခွဲများအတွက် Team အသစ်မှာ ပါဝင်အားဖြည့်ပေးဖို့ ဝန်ထမ်းအလိုရှိနေပါတယ်! 📣ကျွန်တော်တို့ရဲ့ Digit...
07/12/2025

📣 မန္တလေးရုံးခွဲနှင့် ဆိုင်ခွဲများအတွက် Team အသစ်မှာ ပါဝင်အားဖြည့်ပေးဖို့ ဝန်ထမ်းအလိုရှိနေပါတယ်! 📣

ကျွန်တော်တို့ရဲ့ Digital Marketing Team နဲ့ Sales & Operation Team တွေမှာ အတူလက်တွဲလုပ်ကိုင်ဖို့ လူငယ်သွေးသစ်တွေ ဖိတ်ခေါ်နေပါတယ်။

ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ ရာထူးကို ရွေးချယ်ပြီး အမြန်ဆုံး လျှောက်ထားလိုက်တော့နော်... 👇

💻 Digital & Marketing Team

1️⃣ Position: Creative Content Writer (စာရေးရတာ ဝါသနာပါပြီး Idea အသစ်အဆန်းတွေကို ဖန်တီးနိုင်သူ)

📋 ဘာတွေ လုပ်ဆောင်ရမလဲ?
✅ Client တွေရဲ့ Brand နဲ့ ကိုက်ညီမယ့် ဆွဲဆောင်မှုရှိတဲ့ Social Media Caption များ၊ Content များ၊ Copy Writing များ ရေးသားခြင်း။
✅ Designer များနှင့် ပူးပေါင်းပြီး Creative Visual Concept များ စဉ်းစားပေးခြင်း။
✅ Marketing Campaign များအတွက် Content Plan များ ရေးဆွဲခြင်း။ ✅ နောက်ဆုံးပေါ် Trend တွေကို မျက်ခြည်မပြတ် လေ့လာပြီး Content အသစ်များ ဖန်တီးခြင်း။
✅ Script များရေးသားခြင်း။

👉 ဘာတွေ လိုအပ်လဲ?

✨ Digital Marketing နယ်ပယ်တွင် Content Writer အဖြစ် အတွေ့အကြုံ ရှိသူ (သို့မဟုတ်) စာရေးကောင်းသူ ဖြစ်ရမည်။
✨ မြန်မာစာ စာလုံးပေါင်း သတ်ပုံ မှန်ကန်ပြီး၊ English လိုပါ အသင့်အတင့် နားလည်သူ ဖြစ်ရမည်။
✨ Deadline များကို လေးစားလိုက်နာပြီး Teamwork ဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✨ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ရမည်။
✨ စာချုပ် ၁နှစ် အနည်းဆုံး ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။

2️⃣ Position: Community Engagement Officer (Customer တွေနဲ့ ဆက်ဆံရေးပြေပြစ်ပြီး ရုံးလုပ်ငန်းကျွမ်းကျင်သူ)

📋 ဘာတွေ လုပ်ဆောင်ရမလဲ?
✅ Community Management: pageများ ရှိ Comment များနှင့် Message များကို Customer စိတ်ကျေနပ်မှုရရှိအောင် လျင်မြန်တိကျစွာ ပြန်ကြားပေးရမည်။
✅ Customer Service: Call center မှ Customer Order ဖုန်းများကို ဖြေကြားခြင်းနှင့် Customer များ၏ မေးမြန်းစုံစမ်းမှုများကို စိတ်ရှည်စွာ ရှင်းပြပေးရမည်။
✅ Sales Recording: နေ့စဉ်ဝင်လာသော Order များနှင့် အရောင်းစာရင်းများကို တိကျသေချာစွာ မှတ်တမ်းတင် စာရင်းပြုစုရမည်။
✅ Logistics Coordination: Customer များထံ ပစ္စည်းရောက်ရှိရန် ရုံးက Delivery Team ကို အပ်နှံခြင်း၊ ချိတ်ဆက်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးရမည်။

👉 ဘာတွေ လိုအပ်လဲ?

✨ Customer Service သို့မဟုတ် အရောင်းပိုင်းတွင် လုပ်သက်ရှိသူ ဦးစားပေးမည်။
✨ ဖုန်းပြောဆိုရာတွင် လိမ္မာယဉ်ကျေးပြီး Communication ကောင်းမွန်သူ ဖြစ်ရမည်။
✨ စာရင်းဇယား မှတ်တမ်းတင်ခြင်းကို တိကျသေချာစွာ လုပ်ဆောင်နိုင်သူ ဖြစ်ရမည် (Computer Basic အသုံးပြုနိုင်ရမည်)။
✨ Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး၊ သွက်လက်ချက်ချာသူ ဖြစ်ရမည်။
✨ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ရမည်။
✨ စာချုပ် ၁နှစ် အနည်းဆုံးချုပ် နိုင်သူဖြစ်ရမည်။

👉 Digital Team တွင် အလုပ်လုပ်ပါက ရရှိမည့် အကျိုးခံစားခွင့်များ:

💥 Competitive Salary (လစာညှိနှိုင်းနိုင်)
💥 Friendly Working Environment
💥 Career Growth အတွက် သင်ယူလေ့လာခွင့်များ
💥 Digital Marketing နှင့် ပတ်သက်သော ဗဟုသုတများ လေ့လာခွင့် & In Office Training.

🛍️ Sales & Operation Team

3️⃣ Position: Shop Leader (တက်ကြွပြီး ဦးဆောင်နိုင်စွမ်းရှိသူ)

📋 အဓိက တာဝန်များ
✅ ဆိုင်ခွဲများကို လှည့်လည်စစ်ဆေးခြင်းနှင့် Check list များ စစ်ဆေးတင်ပြခြင်း။
✅ ကုန်ပစ္စည်းလက်ကျန် (Stock) များကို စနစ်တကျ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း။
✅ အရောင်းပစ်မှတ် (Sales Target) ပြည့်မီစေရန် အဖွဲ့ကို ဦးဆောင်လမ်းပြခြင်း။
✅ ဖောက်သည်ဝန်ဆောင်မှု (Customer Service) ပိုင်းကို ကြီးကြပ်ကွပ်ကဲခြင်း။
✅ ဆိုင်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ပြင်ဆင်ထိန်းသိမ်းမှုများကို တာဝန်ယူခြင်း။
✅ လုပ်ငန်းခွင်အတွင်း Communication ကောင်းမွန်စွာဖြင့် ပေါင်းသင်းဆက်ဆံခြင်း။
✅ လိုအပ်ပါက အားလပ်ချိန်များတွင် ဖောက်သည် ကျနေပါက ဈေးရောင်းကူညီပေးခြင်း။

👉 လိုအပ်ချက်များ

✨ ခေါင်းဆောင်မှုစွမ်းရည် (Leadership Skill) ရှိရမည်။
✨ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်း (Problem Solving Skill) ရှိရမည်။

4️⃣ Position: Stock Management

📋 အဓိက တာဝန်များ
✅ ကုန်ပစ္စည်းအဝင်/အထွက် (In/Out) စာရင်းများကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ခြင်း။
✅ ဂိုဒေါင်/စတိုခန်းအတွင်း ပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ စီစီထားရှိခြင်း။
✅ ပျက်စီးသွားသော သို့မဟုတ် သက်တမ်းလွန်နေသော ပစ္စည်းများကို စစ်ဆေးဖယ်ရှားခြင်း။
✅ ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရန် လက်ကျန်စာရင်းကို ပုံမှန်စစ်ဆေးပြီး အချိန်မီ တင်ပြခြင်း။
✅ Stock စာရင်းနှင့် မြေပြင်လက်ကျန် ကိုက်ညီမှုရှိမရှိ လစဉ် စာရင်းချုပ် စစ်ဆေးခြင်း။

5️⃣ Position: Sale Staff

📋 အဓိက တာဝန်များ
✅ လာရောက်ဝယ်ယူသူ Customer များကို ဖော်ရွေပျူငှာစွာ ကြိုဆို၍ ဝန်ဆောင်မှုပေးခြင်း။
✅ ကုန်ပစ္စည်း၏ အားသာချက်နှင့် အသုံးပြုပုံများကို သေချာစွာ ရှင်းပြရောင်းချခြင်း။
✅ မိမိတာဝန်ယူထားသော ပစ္စည်းစင်များကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်းနှင့် ပစ္စည်းဖြည့်တင်းခြင်း။
✅ သတ်မှတ်ထားသော နေ့စဉ်/လစဉ် အရောင်းပစ်မှတ် (Sales Target) ပြည့်မီအောင် ကြိုးစားခြင်း။
✅ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး Customer စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ခြင်း။

6️⃣ Position: Voucher Writer

📋 အဓိက တာဝန်များ
✅ ဝယ်ယူထားသော ပစ္စည်းစာရင်းနှင့် ဈေးနှုန်းများကို တိကျမှန်ကန်စွာ တွက်ချက်၍ ဘောင်ချာရေးပေးခြင်း။
✅ ငွေသားလက်ခံခြင်းနှင့် ပြန်အမ်းငွေများကို အမှားအယွင်းမရှိ စီမံခန့်ခွဲခြင်း။
✅ နေ့စဉ် အရောင်းစာရင်းချုပ်ခြင်း (Daily Closing) နှင့် ငွေစာရင်း အပ်နှံခြင်း။
✅ ပရိုမိုးရှင်း (Promotion) ကာလများတွင် ဈေးနှုန်းပြောင်းလဲမှုများကို မျက်ခြည်မပြတ် သိရှိထားခြင်း။
✅ စာရင်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထားရှိခြင်း။

7️⃣ Position: Page Admin

📋 အဓိက တာဝန်များ
✅ Page Chat Box (Messenger) နှင့် Comment များကို အချိန်နှင့်တစ်ပြေးညီ (Fast Response) ပြန်ကြားပေးခြင်း။
✅ Online Order များကို အမှားအယွင်းမရှိ လက်ခံခြင်းနှင့် ပို့ဆောင်ရန် (Delivery) စီစဉ်ခြင်း။
✅ ကုန်ပစ္စည်းအသစ်များနှင့် ပရိုမိုးရှင်း Post များကို ဆွဲဆောင်မှုရှိအောင် ရေးသားတင်ဆက်ခြင်း။
✅ Customer များ၏ တိုင်ကြားချက်များ (Complaints) သို့မဟုတ် မေးမြန်းချက်များကို စိတ်ရှည်စွာ ဖြေရှင်းပေးခြင်း။
✅ Online အရောင်းစာရင်းနှင့် Customer Data များကို စနစ်တကျ ပြုစုထိန်းသိမ်းခြင်း။
✅ လိုအပ်ပါက အားလပ်ချိန်များတွင် ဖောက်သည် ကျနေပါက ဈေးရောင်းကူညီပေးခြင်း။

💄 Sales & Operation Team အတွက် အထွေထွေလိုအပ်ချက်များ:

✨ အသက် (၂၆) နှစ်အောက် ဖြစ်ရမည်။
✨ Cosmetics နှင့် ပတ်သက်ပြီး စိတ်ဝင်စားသူ ဖြစ်ရမည်။
✨ မျှော်မှန်းလစာနှင့်အတူ လျှောက်ထားနိုင်ပါသည်။
✨ Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး၊ သွက်လက်ချက်ချာသူ ဖြစ်ရမည်။
✨ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ရမည်။
✨ စာချုပ် ၁နှစ် အနည်းဆုံးချုပ် နိုင်သူဖြစ်ရမည်။

📩 စိတ်ဝင်စားသူများအနေဖြင့် CV Form ပေးပို့လျှောက်ထားရန် မိမိလျှောက်ထားလိုသော ရာထူး ကို သေချာစွာရေးသားပြီး CV Form ကို အောက်ပါ Viber သို့မဟုတ် Page Messenger သို့ ပေးပို့နိုင်ပါသည်။

📲 Viber: 09442329009 💬 Page Messenger: (Chat Box သို့ လာရောက်လျှောက်ထားနိုင်ပါသည်)

Client. တွေကို နောက်ထပ် Value added services. ပေးနိုင်ဖို့ Unlimited Videos & images generation ရလို့ ၁နှစ်စာတော့ ဝယ်ပြီ...
25/11/2025

Client. တွေကို နောက်ထပ် Value added services. ပေးနိုင်ဖို့ Unlimited Videos & images generation ရလို့ ၁နှစ်စာတော့ ဝယ်ပြီးသွားပြီ
😎

24/11/2025

Prompt 👉
{
"title": "Notebook Doodle Portrait - use user photo as face reference",
"source_image": "USER_FACE_PHOTO (same person of 2 photo for your reference)",
"use_face_reference": true,
"face_reference_instructions": "Keep 100% of user's facial features, skin tone, hair texture and beard. Match head tilt and expression exactly; preserve eyes, nose, mouth proportions.",
"prompt": "Create a hand-drawn colored sketch portrait of the person from the supplied face photo, centered waist-up with arms http://
crossed.Style: lively marker + pen illustration on lined notebook paper (horizontal pale blue ruled lines, vertical left margin). Keep the subject's curly hair, slight stubble/beard, and warm smiling expression. Clothing: black button-up shirt with visible collar and rolled sleeves; emphasize highlights with yellow and red marker strokes. Lines: confident ink outlines, crosshatching shading, energetic colored accent strokes (red and yellow) creating a neon outline around the figure. Composition: subject occupying middle-right of page, three-quarter body, arms crossed, shoulders relaxed. Surrounding doodles and annotations: multiple speech-bubbles and sketched boxes containing words 'Digital Marketing', 'SEO', 'IT Solutions', 'STRATEGIES', 'BUSINESS', 'AI', "AI Automation", "Coaching" written in casual handwritten red marker; arrows pointing toward figure; small stars, lightning bolts, sketch arrows and chat bubble icons scattered around; a yellow-highlighted box at upper-left reading 'လုပ်မြဲအတိုင်းလုပ်ရင် ရမြဲအတိုင်းပဲ ရနေလိမ့်မယ်' with red question mark; 'Khant.' hand-lettered above head in orange/red. Texture: visible paper grain, slight smudges and marker bleed, 35% opacity pencil construction lines underneath; maintain sketchy, energetic, slightly messy look. Lighting: no realistic 3D lighting — flat illustrative highlights and strokes to suggest form. Color palette: black, red, yellow, warm skin tones, pale blue ruled lines on off-white paper.", small sign: by Genuine Fusion yellow red colour.
"negative_prompt": "photorealistic skin texture, studio portrait lighting, full body, background scenery, typography that looks printed or perfect, over-smoothing, unnatural face changes, extra people, watermark",
"size": "2048x2048",
"sampler": "ddim",
"steps": 28,
"cfg_scale": 7.5,
"seed": null
}

Prompt

🔥 Gemini 3 Pro နဲ့ Claude Sonnet 4.5 ကို Free ပေးသုံးထားတဲ့ Google AntigravityDeveloper တွေ Development ပိုင်းကို စိတ်ဝင...
23/11/2025

🔥 Gemini 3 Pro နဲ့ Claude Sonnet 4.5 ကို Free ပေးသုံးထားတဲ့ Google Antigravity

Developer တွေ Development ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေ အတွက် သတင်းကောင်း! 🎉 Google ကနေ Code Editor (IDE) ပုံစံသစ် "Antigravity" ကို Public Preview အနေနဲ့ မိတ်ဆက်လိုက်ပါပြီ။

သာမန် Editor တွေလို Code လိုက်ဖြည့်ပေးတာ (Autocomplete) မဟုတ်ဘဲ၊ AI Agent တွေကို အလုပ်ခွဲဝေပေးပြီး ကိုယ်တိုင်က "Architect" တစ်ယောက်လို စီမံခန့်ခွဲရမယ့် "Agent-First Platform" ဖြစ်ပါတယ်။

လက်ရှိ Preview ကာလမှာ ပိုက်ဆံပေးစရာ မလိုဘဲ Gemini 3 Pro အပြင် Coding မှာ ဆရာကျတဲ့ Claude Sonnet 4.5 (latest models) တွေကိုပါ Unlimited Free ပေးသုံးထားတာက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။

👉 Antigravity က Cursor နဲ့ Windsurf ယှဥ်ရင် ဘာတွေကွာသွားမလဲ?
👉 Vibe Coding နဲ့ Idea to App ဘယ်လိုဖန်တီးမလဲ?
👉 Agent တွေက Code ဘယ်လိုရေးပြီး ဘယ်လို Self-healing လုပ်လဲ?

စိတ်ဝင်စားရင် ဒီ Link မှာ ဝင်ဖတ်ပြီး အခုပဲ စမ်းသုံးကြည့်လိုက်ပါ 👇

Google Antigravity ဆိုတာ သမားရိုးကျ Code Editor (IDE) တစ်ခုမဟုတ်ဘဲ “Agent-First Development Platform” (AI ကို ဦးဆောင်စေသော ပလက်ဖောင်း) တစ်ခု ဖြစ်ပါတယ်။ အဓိ....

22/11/2025

🍌 Google ရဲ့ "Nano Banana Pro" (Gemini 3 Pro Image) က ဒီဇိုင်းလောကကို ဘယ်လို ကိုင်လှုပ်လိုက်လဲ ဆိုတာထက် ကိုယ်အကြိုက်ဆုံး Feature ၂ခုကတော့
​🖌️ ၁။ Manga/Comic Superpower: အဖြူအမည်း Manga တွေကို အရောင်သွင်းပေးနိုင်ပြီး၊ ပုံထဲက စာတွေကိုပါ မြန်မာလို တိုက်ရိုက်ဘာသာပြန်ပေးနိုင်ခြင်း။
​🎭 ၂။ Perfect Character Consistency: ဇာတ်ကောင်တစ်ယောက်တည်းကို ပုံစံမပျက်ဘဲ ပုံစံမျိုးစုံ (Poses/Scenarios) ပြန်ထုတ်ပေးနိုင်ခြင်း။
​✨ ဒါတင်မကဘဲ Native 4K Resolution နဲ့ မြန်မာစာလုံးပေါင်း မှန်ကန်မှုအပိုင်းတွေမှာပါ သိသိသာသာ ကောင်းမွန်လာပါတယ်။
​📝 ဘယ်လိုတွေ သုံးလို့ရလဲဆိုတာ အသေးစိတ်ကို Blog မှာ ရေးထားပါတယ် 👇
🔗 Read Here: https://genuinefusion.wordpress.com/2025/11/23/google-nano-banana-pro-gemini-3-pro-image/

Gemini 3: Reasoning Engine နဲ့ Agentic Capability တို့ရဲ့ အလှည့်အပြောင်းGoogle ကနေ အသစ်ထွက်ရှိလာတဲ့ Gemini 3 ရဲ့ Archite...
22/11/2025

Gemini 3: Reasoning Engine နဲ့ Agentic Capability တို့ရဲ့ အလှည့်အပြောင်း

Google ကနေ အသစ်ထွက်ရှိလာတဲ့ Gemini 3 ရဲ့ Architecture က တခြား AI တွေနဲ့ မတူပါဘူး။ Sparse MoE စနစ်၊ Deep Think (System 2 Thinking) နဲ့ Google Antigravity Platform တွေအကြောင်းကို ဖတ်ကြည့်ရသလောက် Fact တွေပေါ် အခြေခံပြီး သေချာ ရှင်းပြထားပါတယ်။

အထူးသဖြင့် devloper ပိုင်းစိတ်ဝင်စားတဲ့ သူတွေ မဖြစ်မနေ သိထားသင့်တဲ့ "Vibe Coding" နဲ့ "Thought Signatures" Security စနစ်တွေအကြောင်းကို ဒီဆောင်းပါးမှာ လေ့လာလိုက်ပါ။

Full Article Here 👇

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် Google မှ တရားဝင် မိတ်ဆက်ခဲ့သော Gemini 3 သည် Artificial Intelligence နည်းပညာလောကတွင် အရေးပါသော အခ...

🌐 Global Internet Blackout နှင့် မြန်မာ့အင်တာနက် အခြေအနေ (Technical Breakdown)နိုဝင်ဘာလ ၁၈ ရက်နေ့က ကမ္ဘာတစ်ဝှမ်းလုံးရှိ ...
18/11/2025

🌐 Global Internet Blackout နှင့် မြန်မာ့အင်တာနက် အခြေအနေ (Technical Breakdown)

နိုဝင်ဘာလ ၁၈ ရက်နေ့က ကမ္ဘာတစ်ဝှမ်းလုံးရှိ ဝဘ်ဆိုက်ပေါင်းများစွာ (ဥပမာ - ChatGPT, X/Twitter, Shopify) ဝင်မရဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့် လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အင်တာနက်နှေးကွေးမှု ပြဿနာသည် သီးခြားစီဖြစ်ပွားနေသော ဖြစ်စဉ်ကြီး (၂) ခု ဖြစ်သည်။

၁။ Cloudflare ပြဿနာ (The Global Outage)
ဖြစ်ပွားချိန်: Nov 18, 11:20 UTC မှ 14:30 UTC အထိ (မြန်မာစံတော်ချိန် ညနေပိုင်းခန့်)။
ပြဿနာအမျိုးအစား: Application Layer Failure (Layer 7)

ဖြစ်စဉ်အကျဉ်း: ကမ္ဘာ့အင်တာနက် Traffic ၏ ၂၀% ခန့်ကို ကိုင်တွယ်ပေးထားသော Cloudflare ၏ ဝန်ဆောင်မှုများ ရပ်တန့်သွားခြင်းကြောင့် "HTTP 500 Internal Server Error" များ ပြခဲ့ခြင်းဖြစ်သည်။

နည်းပညာပိုင်းဆိုင်ရာ အကြောင်းရင်း (Root Cause): Hacker များ တိုက်ခိုက်ခံရခြင်း (DDoS) မဟုတ်ပါ။ Cloudflare ၏ Bot Mitigation Service (အလိုအလျောက် တုံ့ပြန်သည့်စနစ်) တွင် အသုံးပြုသော Configuration File တစ်ခုသည် သတ်မှတ်ထားသည့် ပမာဏထက် ဆိုဒ်လွန်ကဲသွားခြင်း (Size Violation) ကြောင့် System Crash ဖြစ်သွားခြင်း ဖြစ်သည် ။

လက်ရှိအခြေအနေ: Cloudflare ဘက်မှ ပြုပြင်ပြီးဖြစ်၍ ကမ္ဘာ့အင်တာနက်လိုင်းများ ပုံမှန်ပြန်ဖြစ်နေပါပြီ ။

၂။ မြန်မာနိုင်ငံ၏ အင်တာနက် အခြေအနေ (The Local Crisis)
Cloudflare ပြဿနာ ပြီးသွားသော်လည်း မြန်မာနိုင်ငံတွင် အင်တာနက် ဆက်လက် နှေးကွေးနေရခြင်းမှာ အောက်ပါ အဓိက အကြောင်းရင်း (၃) ချက်ကြောင့် ဖြစ်သည်။

(က) ရေအောက်ကေဘယ်လ် ပြတ်တောက်မှုများ (Physical Layer Damage)

ပင်လယ်နီ (Red Sea) ဒေသ ပဋိပက္ခများကြောင့် ဥရောပနှင့် အာရှကို ချိတ်ဆက်ထားသော အဓိက ကေဘယ်လ်လိုင်းများဖြစ်သည့် SEA-ME-WE 4၊ IMEWE နှင့် EIG လိုင်းများ ထိခိုက်ပျက်စီးနေဆဲ ဖြစ်သည် ။

ထို့ကြောင့် Data Traffic များကို လမ်းကြောင်းပြောင်း (Reroute) ပေးပို့နေရသဖြင့် Latency (Lag ဖြစ်ခြင်း) မြင့်တက်နေပြီး Packet Loss များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

(ခ) ကျားဖြန့် (Scam) နှိမ်နင်းရေး ဂယက်

နိုဝင်ဘာလ ၁၄ ရက်နေ့က တရုတ်၊ မြန်မာ၊ ထိုင်း အပါအဝင် နိုင်ငံ (၆) နိုင်ငံ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မှုခင်းများနှိမ်နင်းရေး အစည်းအဝေး (Kunming Meeting) ပြုလုပ်ခဲ့သည် ။

ယင်း၏ နောက်ဆက်တွဲအဖြစ် သံသယဖြစ်ဖွယ် IP Address များနှင့် ဆက်သွယ်ရေးလိုင်းများကို တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးမှုများ (Surveillance) ပြုလုပ်လာခြင်းကလည်း ကွန်ရက်အမြန်နှုန်းကို ပိုမိုနှေးကွေးစေသည် ။

💡 သုံးသပ်ချက် (Summary)
အသုံးပြုသူများအနေဖြင့် "Error 500" ဟု မြင်ရပါက ၎င်းသည် Cloudflare ကြောင့်ဖြစ်ပြီး၊ Loading ဝိုင်းနေခြင်း၊ VPN ချိတ်မရခြင်းနှင့် လိုင်းမငြိမ်ခြင်း (Unstable Connection) များသည် မြန်မာနိုင်ငံတွင်း တစ်ခြားသော အထက်ပါ ဖော်ပြပါ အခြေအနေများ ကြောင့် ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ကမ္ဘာတစ်ဝှမ်းလုံးရှိ ဝဘ်ဆိုက်ပေါင်းများစွာ (ဥပမာ – ChatGPT, X/Twitter, Shopify) ဝင်မရဖြစ်ခဲ့သည့် ဖြစ်စဉ်....

Community Engagement Officer - 1 Postမန္တလေးမြို့အခြေစိုက် Genuine Fusion Digital Marketing Agency မှာ Customer တွေနဲ့ က...
17/11/2025

Community Engagement Officer - 1 Post

မန္တလေးမြို့အခြေစိုက် Genuine Fusion Digital Marketing Agency မှာ Customer တွေနဲ့ ကောင်းမွန်စွာ ဆက်ဆံပြီး၊ ရုံးရဲ့ ဆိုင်ရာ Deperment အတွေ အတူတူ လက်တွဲ လုပ်ကိုင်နိုင်မည့် Community Engagement Officer တစ်ဦး အလိုရှိနေပါတယ်။

📌 ဘာတွေ လုပ်ဆောင်ရမလဲ?

✅ Community Management: pageများ ရှိ Comment များနှင့် Message များကို Customer စိတ်ကျေနပ်မှုရရှိအောင် လျင်မြန်တိကျစွာ ပြန်ကြားပေးရမည်။
✅ Customer Service: call center မှ Customer Order ဖုန်းများကို ဖြေကြားခြင်းနှင့် Customer များ၏ မေးမြန်းစုံစမ်းမှုများကို စိတ်ရှည်စွာ ရှင်းပြပေးရမည်။
✅ Sales Recording: နေ့စဉ်ဝင်လာသော Order များနှင့် အရောင်းစာရင်းများကို တိကျသေချာစွာ မှတ်တမ်းတင် စာရင်းပြုစုရမည်။
✅ Logistics Coordination: Customer များထံ ပစ္စည်းရောက်ရှိရန် ရုံးက Delivery Team ကို အပ်နှံခြင်း၊ ချိတ်ဆက်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးရမည်။

📌 ဘာတွေ လိုအပ်လဲ?

🔹Customer Service သို့မဟုတ် အရောင်းပိုင်းတွင် လုပ်သက်ရှိသူ ဦးစားပေးမည်။
🔹ဖုန်းပြောဆိုရာတွင် လိမ္မာယဉ်ကျေးပြီး Communication ကောင်းမွန်သူ ဖြစ်ရမည်။
🔹စာရင်းဇယား မှတ်တမ်းတင်ခြင်းကို တိကျသေချာစွာ လုပ်ဆောင်နိုင်သူ ဖြစ်ရမည် (Computer Basic အသုံးပြုနိုင်ရမည်)။
🔹Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး၊ သွက်လက်ချက်ချာသူ ဖြစ်ရမည်။
🔹မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ရမည်။
🔹စာချုပ် ၁နှစ် အနည်းဆုံးချုပ် နိုင်သူဖြစ်ရမည်။

📌 Genuine Fusion မှာ အလုပ်လုပ်ရင်...

👉 လစာ + Performance ပေါ်မူတည်သော ခံစားခွင့်များ (ညှိနှိုင်း)
👉 Digital Marketing နှင့် ပတ်သက်သော ဗဟုသုတများ လေ့လာခွင့်
👉 ပျော်ရွှင်စရာကောင်းသော ရုံးပတ်ဝန်းကျင်
👉 ရုံးတွင်း Training

📩 လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါလိပ်စာများမှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Page Messenger: Genuine Fusion (Chat Box)

Viber: 09442329009

✨ Mandalay က Creative ဖြစ်တဲ့ Content Writer တွေကို Genuine Fusion မှ ဖိတ်ခေါ်နေပါတယ်! ✍️မန္တလေးမြို့အခြေစိုက် Digital M...
17/11/2025

✨ Mandalay က Creative ဖြစ်တဲ့ Content Writer တွေကို Genuine Fusion မှ ဖိတ်ခေါ်နေပါတယ်! ✍️

မန္တလေးမြို့အခြေစိုက် Digital Marketing Agency တစ်ခုဖြစ်တဲ့ Genuine Fusion မှာ လက်တွဲဖို့ စာရေးရတာ ဝါသနာပါပြီး၊ Idea အသစ်အဆန်းတွေကို ဖန်တီးနိုင်တဲ့ Content Writer တစ်ဦး အလိုရှိနေပါတယ်။

ဘာတွေ လုပ်ဆောင်ရမလဲ?
✅ Client တွေရဲ့ Brand နဲ့ ကိုက်ညီမယ့် ဆွဲဆောင်မှုရှိတဲ့ Social Media Caption များ content များ Copy Writing များ ရေးသားခြင်း။
✅ Designer များနှင့် ပူးပေါင်းပြီး Creative Visual Concept များ စဉ်းစားပေးခြင်း။
✅ Marketing Campaign များအတွက် Content Plan များ ရေးဆွဲခြင်း။
✅ နောက်ဆုံးပေါ် Trend တွေကို မျက်ခြည်မပြတ် လေ့လာပြီး Content အသစ်များ ဖန်တီးခြင်း။
✅ Script များရေးသားခြင်း။

ဘာတွေ လိုအပ်လဲ?
🔹 Digital Marketing နယ်ပယ်တွင် Content Writer အဖြစ် အတွေ့အကြုံ ရှိသူ (သို့မဟုတ်) စာရေးကောင်းသူ ဖြစ်ရမည်။
🔹 မြန်မာစာ သလုံးပေါင်းသတ်ပုံ မှန်ကန်ပြီး၊ English လိုပါ အသင့်အတင့် နားလည်သူ ဖြစ်ရမည်။
🔹 Deadline များကို လေးစားလိုက်နာပြီး Teamwork ဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
🔹 မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ရမည်။
🔹 စာချုပ် ၁နှစ် အနည်းဆုံး ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။

Genuine Fusion မှာ အလုပ်လုပ်ရင် ဘာတွေရမလဲ?
✨ Competitive Salary (လစာညှိနှိုင်းနိုင်)
✨ Friendly Working Environment
✨ Career Growth အတွက် သင်ယူလေ့လာခွင့်များ
✨ Digital Marketing နှင့် ပတ်သက်သော ဗဟုသုတများ လေ့လာခွင့်
✨ In Office Training.

စိတ်ဝင်စားသူများအနေဖြင့် လျှောက်ထားလိုပါက... ကိုယ့်ရဲ့ CV နဲ့အတူ ရေးသားခဲ့ဖူးတဲ့ Portfolio ကို အောက်ပါလိပ်စာများမှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Page Messenger: Genuine Fusion (Chat Box)
Viber: 09442329009

Note တွေ Audio Record တွေ Video တွေ နဲ့ AI ကို Train ဖို့ မြန်မာသံတွေကို စာသားပြောင်းဖို့ကို ကိုယ့်စိတ်ကြိုက်စမ်းမယ်ဆိုပ...
07/11/2025

Note တွေ Audio Record တွေ Video တွေ နဲ့ AI ကို Train ဖို့ မြန်မာသံတွေကို စာသားပြောင်းဖို့ကို ကိုယ့်စိတ်ကြိုက်စမ်းမယ်ဆိုပြီး မလုပ်ဖြစ်နေတာ ခုမှပဲ စမ်းဖြစ်တော့တယ်
Fine-Turning လုပ်ဖို့ပဲ ကျန်တော့မယ်

📱 Sora, Android မှာ တကယ်ရပြီလား။⚠️ သင် မဒေါင်းလုဒ်မလုပ်ခင် သိထားသင့်တဲ့ အချက် ၅ ချက်  Tech လောကမှာ အသံအကျယ်ဆုံး ဖြစ်နေတဲ...
06/11/2025

📱 Sora, Android မှာ တကယ်ရပြီလား။
⚠️ သင် မဒေါင်းလုဒ်မလုပ်ခင် သိထားသင့်တဲ့ အချက် ၅ ချက်

Tech လောကမှာ အသံအကျယ်ဆုံး ဖြစ်နေတဲ့ OpenAI ရဲ့ Sora ဟာ နောက်ဆုံးတော့ Android ဖုန်းတွေဆီ ရောက်လာပါပြီ 🚀 ။ စာရိုက်ထည့်လိုက်တာနဲ့ လက်တွေ့ဆန်တဲ့ ဗီဒီယိုတွေ ထွက်လာတဲ့ ဒီ AI ကို လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ ✨ ။

ဒါပေမယ့် ခဏလေးစောင့်ပါ ⏳ ။ Google Play Store မှာ "Sora" လို့ ရိုက်ရှာပြီး မဒေါင်းလုဒ်မလုပ်ခင်မှာ သင်မဖြစ်မနေ သိထားရမယ့် အရေးကြီးတဲ့ အချက်တွေ အများကြီး ရှိနေပါတယ် 🔍 ။ အထူးသဖြင့် မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ကန့်သတ်ချက်တွေ 🌍 ၊ App အတုတွေရဲ့ အန္တရာယ်တွေ 🚨 ရှိနေတာမို့၊ သိထားသင့်တဲ့ အဓိက အချက် ၅ ချက်ကို လွယ်လွယ်ကူကူ ရှင်းပြပေးလိုက်ပါတယ် 📋 ။

1️⃣ Android မှာ ရပြီ ✅ ၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ "တရားဝင်" မရသေးပါ ❌

ဟုတ်ပါတယ် 📢 ၊ OpenAI ဟာ Sora app ကို Google Play Store မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းမှာ တရားဝင် ဖြန့်ချိခဲ့ပါတယ် 🎉 ။

၏ဒီ App ကို ကမ္ဘာတစ်ဝန်းလုံး ဖြန့်ချိတာ မဟုတ်သေးဘဲ 🗺️ ၊ အစမ်းသဘောအနေနဲ့ နိုင်ငံ ၇ နိုင်ငံမှာပဲ စတင် ရရှိနိုင်ပါသေးတယ် 🏁 ။ အဲဒီ နိုင်ငံတွေကတော့-

🇺🇸 အမေရိကန်
🇨🇦 ကနေဒါ
🇯🇵 ဂျပန်
🇰🇷 တောင်ကိုရီးယား
🇹🇼 ထိုင်ဝမ်
🇹🇭 ထိုင်း
🇻🇳 ဗီယက်နမ်
ဒီစာရင်းထဲမှာ မြန်မာနိုင်ငံ 🇲🇲 မပါဝင်ပါဘူး 😔 ။

⚠️ အထူးသတိပေးချက်- App အတုများကို သတိထားပါ 🚫 ။ ဒါဆို သင်က "Sora" လို့ ရှာလိုက်လို့ တွေ့ရင် အဲဒါ ဘာကြီးလဲ 🤔 ။ အဲဒါဟာ App အတု (Scam) ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါး ပါပဲ 💯 ။ Sora က အရမ်းနာမည်ကြီးပြီး 🔥 ၊ နေရာတိုင်းမှာ မရနိုင်သေးတာမို့ 📍 ၊ လူတွေရဲ့ ပိုက်ဆံနဲ့ အချက်အလက် (Data) တွေကို ခိုးယူဖို့ ကြိုးစားနေတဲ့ App အတုတွေ အများအပြား ပေါ်ထွက်နေပါတယ် 🕵️‍♂️ ။

✅ တကယ့် App အစစ်က "by OpenAI" ဆိုတဲ့ Developer အမည်နဲ့ပဲ လာမှာ ဖြစ်ပါတယ် ။

2️⃣ Sora ဆိုတာ ဘာလဲ ❓ ။ ဘာလို့ လူတွေ ဒီလောက် စိတ်ဝင်စားကြတာလဲ 😍 ။

Sora ကို ရိုးရိုး AI "Tool" တစ်ခုလို့ ထင်ရင် မှားပါလိမ့်မယ် 🙅‍♂️ ။ သူက TikTok 🎵 ဒါမှမဟုတ် Instagram Reels 📽️ လိုမျိုး Social Media Platform တစ်ခုလို တည်ဆောက်ထားပါတယ် 🏗️ ။ သင် AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေကို တင်နိုင် 📤 ၊ တခြားသူတွေရဲ့ လက်ရာတွေကို ကြည့်ရှုနိုင် 👀 ၊ "Remix" လုပ်နိုင်မှာ ဖြစ်ပါတယ် 🔄 ။

✨ သူ့ရဲ့ အဓိက "မှော်အစွမ်း" က "Cameos" ဆိုတဲ့ အင်္ဂါရပ်ပါ 🪄 ။

🎭 ဒါက ဘာလဲဆိုတော့၊ သင် သင့်မျက်နှာနဲ့ အသံကို တစ်ခါပဲ မှတ်တမ်းတင်ထားလိုက်ရုံနဲ့ 📸🎤 ၊ AI က ဖန်တီးတဲ့ မည်သည့် ဗီဒီယိုထဲမှာမဆို သင့်ကို "သရုပ်ဆောင်" အဖြစ် ထည့်သွင်း အသုံးပြုနိုင်တာပါ 🌟 ။

🌌 ဥပမာ- "ကျွန်တော် အင်္ဂါဂြိုဟ်ပေါ်မှာ လမ်းလျှောက်နေတယ်" လို့ စာရိုက်လိုက်တာနဲ့ သင့်ပုံစံနဲ့ တကယ်ဖြစ်နေသလို ဗီဒီယို ထွက်လာမှာပါ 👨‍🚀 ။

🎉 အခုနောက်ဆုံးမှာ "Character Cameos" ဆိုတာ ပါလာပါပြီ ။ ဒါက လူတင် မဟုတ်ဘဲ 🙎‍♂️ ၊ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန် (ခွေး 🐶 ၊ ကြောင် 🐱) ၊ သင်ဆွဲထားတဲ့ ပုံကြမ်း (Doodle) ✏️ ၊ ဒါမှမဟုတ် ကစားစရာ အရုပ်လေးတွေကိုတောင် 🧸 ဇာတ်ကောင်အဖြစ် AI ဗီဒီယိုတွေထဲ ထည့်သွင်းနိုင်တာပါ 🎬 ။

3️⃣ Android App က သုံးလို့ ကောင်းရဲ့လား 📲 ။ (iOS နဲ့ ယှဉ်ရင်)

ဒါကတော့ ဝမ်းနည်းစရာ အဖြေပါ 😔 ။ တိုတိုပြောရရင် "မကောင်းသေးပါဘူး" 🙅‍♂️ ။

iOS ဗားရှင်း 🍏 ထွက်ပြီး တစ်လကျော်ကြာမှ ထွက်လာတဲ့ Android ဗားရှင်း 🤖 ဟာ "အလျင်စလို (rushed)" ထုတ်ထားသလို ခံစားရတယ်လို့ သုံးစွဲသူတွေက ဝေဖန်နေကြပါတယ် 📢 ။

🚧 အဓိက ပြဿနာက App ရဲ့ အကောင်းဆုံး၊ အဆွဲဆောင်နိုင်ဆုံး အင်္ဂါရပ်တွေ Android မှာ မပါလာသေးတာပါပဲ ။

❌ "Cameo" ဖန်တီးလို့ မရသေးပါ: Android အသုံးပြုသူတွေဟာ ကိုယ့်ရဲ့ ကိုယ်ပွား "Cameo" တွေ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် "Character Cameo" တွေကို ဖန်တီးနိုင်ခြင်း မရှိသေးပါဘူး ။
❌ ပုံထည့်ပြီး ဗီဒီယို လုပ်လို့ မရပါ: ဓာတ်ပုံတစ်ပုံကို Upload တင်ပြီး လုပ်လို့ရတဲ့ Image-to-Video Feature မပါဝင်သေးပါဘူး ။
📉 လောလောဆယ်မှာတော့ Android ဗားရှင်းဟာ iOS နဲ့ ယှဉ်ရင် အဓိက Feature တွေ ပျောက်ဆုံးနေတဲ့ "Lite" ဗားရှင်းတစ်ခုလို ဖြစ်နေပါသေးတယ် ။

4️⃣ လူတွေ Sora နဲ့ ဘာတွေ လုပ်နေကြလဲ 🔥 ။ (The "Trend")

Sora ထွက်လာပြီးနောက် အဓိက Trend နှစ်ခု ဖြစ်နေပါတယ် 📈 ။

Trend 1: The "AI Slop" (AI အမှိုက်) 🗑️
Sora က ဗီဒီယိုတွေ ဖန်တီးရတာ အရမ်းလွယ်ကူ မြန်ဆန်တဲ့အတွက် ⚡ ၊ လူတွေဟာ အရည်အသွေးကို ဦးမစားဘဲ 📉 ၊ အရေအတွက်များစွာနဲ့ "AI Slop" (AI အမှိုက်) လို့ ခေါ်တဲ့ အဓိပ္ပာယ်မရှိ၊ ကြိုးစားအားထုတ်မှု မရှိတဲ့ ဗီဒီယိုတွေ အများအပြား ဖန်တီးပြီး TikTok ၊ Instagram တို့မှာ တင်နေကြပါတယ် 📱 ။

Trend 2: Copyright နဲ့ Deepfake အငြင်းပွားမှုများ ⚖️
နောက်ထပ် Trend ကြီးတစ်ခုကတော့ မူပိုင်ခွင့်ရှိတဲ့ ဇာတ်ကောင်တွေကို အသုံးပြုတာပါပဲ 🚫 ။ ဥပမာ-

🎨 Studio Ghibli ကာတွန်းကားတွေထဲက ပုံစံတွေ
🧽 SpongeBob ဒါမှမဟုတ် ⚡ Pikachu လို ကာတွန်း ဇာတ်ကောင်တွေ
ဒီလို ဗီဒီယိုတွေ အပြင် 📹 ၊ Martin Luther King Jr. လို သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ Deepfake အတုတွေ ပါ ဖန်တီးခဲ့ကြတာကြောင့် 👥 ၊ ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ် 🚨 ။

5️⃣ Free Account က တစ်ရက် ဘယ်လောက် သုံးလို့ရလဲ 💸 ။

သင်သိချင်တဲ့ အဓိက မေးခွန်းရဲ့ အဖြေပါ ✅ ။ Sora ရဲ့ အခမဲ့ အကောင့်တွေ (Free and Plus users) အတွက် ကန့်သတ်ချက်တွေကတော့-

🎥 တစ်ရက်ကို ဗီဒီယို အခု ၃၀: Free အကောင့် အသုံးပြုသူတစ်ယောက်ဟာ တစ်နေ့ကို ဗီဒီယို အခု ၃၀ (30 videos per day) အထိ အခမဲ့ ဖန်တီးခွင့် ရပါတယ် ။ (Pro အကောင့်သမားတွေကတော့ တစ်ရက် အခု ၁၀၀ ရပါတယ် ) ။
⏱ Video အရှည်: အခမဲ့ ဗီဒီယိုတွေက အရမ်းမရှည်ပါဘူး ။ ၁၀ စက္ကန့် ဒါမှမဟုတ် ၁၅ စက္ကန့် အထိပဲ ရပါတယ် ။
💧 Watermark: အခမဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတိုင်းမှာ Sora ရဲ့ Watermark (ရေစာ) ပါဝင်မှာ ဖြစ်ပါတယ် ။
🛒 Limit ပြည့်သွားရင် ဝယ်လို့ရလား: ရပါတယ် ။ သင့်ရဲ့ တစ်နေ့တာ Limit အခု ၃၀ ပြည့်သွားရင် 📈 ၊ အပို ဗီဒီယို ၁၀ ခု (10 extra generations) ကို ခန့်မှန်းခြေ $4 (လေးဒေါ်လာ) လောက်နဲ့ ဝယ်ယူ အသုံးပြုနိုင်ပါတယ် 💰 ။
⚠️ အနာဂတ် သတိပေးချက်: OpenAI က "တစ်ရက် အခု ၃၀ အခမဲ့" ဆိုတဲ့ Limit ဟာ သူတို့ရဲ့ ကုန်ကျစရိတ် (GPU ကွန်ပျူတာ စွမ်းအား) နဲ့ တွက်ခြေမကိုက်ဘူး (unsustainable) လို့ ဝန်ခံထားပါတယ် 📉 ။ ဒါကြောင့် အနာဂတ်မှာ အသုံးပြုသူတွေ များလာတာနဲ့အမျှ 📈 ၊ ဒီ အခမဲ့ Limit ကို လျှော့ချသွားဖို့ အစီအစဉ် ရှိပါတယ် 🔄 ။

နောက်ဆုံးအချုပ် (Conclusion) 🏁

Sora ဟာ Android ပေါ် ရောက်လာတာ မှန်ပေမယ့် ✅ ၊ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက်တော့ ချက်ချင်း အသုံးမဝင်သေးပါဘူး 😔 ။ Play Store မှာ တွေ့ရတဲ့ App အတုတွေကို လုံးဝ မဒေါင်းလုဒ်လုပ်ဖို့ အထူး သတိပေးလိုပါတယ် 🚫 ။

တကယ်လို့ သင်က ရရှိနိုင်တဲ့ နိုင်ငံ ၇ နိုင်ငံထဲက တစ်ခုမှာ နေထိုင်ရင်တောင် 🌍 ၊ လက်ရှိ Android ဗားရှင်းဟာ အဓိက Feature တွေဖြစ်တဲ့ "Cameo" ဖန်တီးတာမျိုး မရနိုင်သေးတဲ့အတွက် ❌ ၊ iOS ဗားရှင်းလောက် အသုံးဝင်ဦးမှာ မဟုတ်သေးကြောင်း Tech Knowledge တစ်ခုအနေနဲ့ ဝေမျှလိုက်ရပါတယ် 📢 ။

မြန်မာနိုင်ငံက သူတွေ အနေနဲ့ကတော့ 🇲🇲 ၊ လက်တွေ့စမ်းသပ်ဖို့အတွက်က Virtual Private Network တစ်ခု 🔐 သုံးပြီးမှပဲ စမ်းလို့အဆင်ပြေဦးမှာပါခင်ဗျာ 🙌 ။

Join Sora with my invite code: TDVSM1! Open the Sora app and enter this code during onboarding to redeem. https://play.google.com/store/apps/details?id=com.openai.sora

Online Form ထက် Web Site နဲ့ Register လုပ်ခိုင်းမယ် ပြီးတော့ Confirm တာနဲ့ သိရနားလည်ရမယ့်အချက်တွေ ပို့ပေးမယ် Appoinment ...
02/10/2025

Online Form ထက် Web Site နဲ့ Register လုပ်ခိုင်းမယ် ပြီးတော့ Confirm တာနဲ့ သိရနားလည်ရမယ့်အချက်တွေ ပို့ပေးမယ် Appoinment ပေးမယ်ဆိုပြီး Try ဖြစ်ခဲ့သော

လုပ်ဖြစ်ခဲ့တော့ Vibe coding Site
Loveable တော့ ပို့ကြိုက်တယ်

Address

Mandale
05011

Alerts

Be the first to know and let us send you an email when Digital Marketing by 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐮𝐬𝐢𝐨𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share