𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

  • Home
  • Myanmar
  • Matupi
  • 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 ဤpageသည် တော်လှန်ရေးကာလ အတွက်သာ ဖြစ်ပါသည်

CDF-မတူပီ၊ တပ်မဟာ- ၂ က ရဲဘော်များ တပ်မဟာ - ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟု ဆို M...
10/01/2025

CDF-မတူပီ၊ တပ်မဟာ- ၂ က ရဲဘော်များ တပ်မဟာ - ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟု ဆို

MRN၊ ဇန်နဝါရီ ၁၀ ရက်

CDF - မတူပီ၊ တပ်မဟာ - ၂ မှ တပ်မှူး - ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ- ၁ တပ်ဖွဲ့ထံ ပူးပေါင်းသည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ၎င်းတို့သည် ခွင့်ဖြင့်အိမ်ပြန်စဉ် တပ်မဟာ - ၁ က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု CDF - မတူပီ၊ တပ်မဟာ - ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

CDF မတူပီ၊ တပ်မဟာ - ၂ ၊ တပ်ရင်း ၆ ၏ စခန်းမှူးသည် သားဖြစ်သူ မိုင်ထိ၍ လက်ပြတ်သွားသောကြောင့် ခွင့်ယူ၍ အိမ်ပြန်စဉ် ဖမ်းဆီးခံရပြီး၊ တပ်ရင်း - ၆ စစ်ရေးဌာနမှူးသည်လည်း မိန်းမဖြစ်သူ အမွှာပူး ကလေးမွေးရန် ရှိနေ၍ ခွင့်ဖြင့် အိမ်ပြန်စဉ် တပ်မဟာ - ၁ က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

တပ်မဟာ ၂ ၏ ရဲဘော် ၆ ဦးသည်လည်း ခရစ္စမတ်ကာလအပါအဝင် ၎င်းတို့၏ ဇာတိနယ်မြေကို ပြန်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းတို့အထဲက ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ရဲဘော် ၁ ဦးတို့မှာ ချစ်ကြိုက်၍ လက်ထပ်ရန် အိမ်ပြန်ကြခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“သူတို့က ရွာဘက်ကို ပြန်ရင်းနဲ့ သူတို့ ရွာဘက် ရောက်တဲ့အချိန် ဖမ်းသွားတယ်။ အကုန်လုံး ဖမ်းပြီးမှ ကျနော်တို့နဲ့ လာပူးပေါင်း တယ်လို့ ထုတ်ပြန်တာပါ။ ကျနော်တို့က ခရစ္စမတ်နေ့မို့ ခွင့်ပေးထားတယ်။ ကောင်းကောင်းမွန်မွန် ပြန်လာနိုင်ဖို့ဆိုပြီး လုပ်ပေး တယ်။ ပြီးရင် တပ်မဟာ ၁ နဲ့ တိုင်ပင်ပြီးမှ ဝင်ထွက်သွားလာခွင့် လုပ်ပါ၊ အခန့်မသင့်ရင် အဖမ်းခံရနိုင်တယ်လို့ ကြိုတင်ပြောပြီး သာ။ ကျနော်တို့ ထင်တဲ့အတိုင်းပဲ ဟိုဘက်ရောက်တော့ အကုန်လုံး ဖမ်းသွားတယ်။ ဖမ်းသွားတာကို ဟိုဘက်ကို ပူးပေါင်းတယ် လို့ သူတို့ ထုတ်ပြန်တာပါ။ ဒါက အမှားကြီးပါ” ဟု CDF - မတူပီ၊ တပ်မဟာ - ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

တပ်မဟာ - ၂၊ တပ်ရင်း ၆ သည် CDF မတူပီ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကွဲပြဲပြီးနောက် တပ်မဟာ -၁ ၊ တပ်ရင်း - ၁ မှ ခွဲထွက်ပြီး တပ်ရင်းအသစ်၊ တပ်ရင်း - ၆ အဖြစ် တည်ထောင်ထားခြင်းဖြစ်ကာ၊ တနယ်ထဲသားချင်းများ ဖြစ်ကြသည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသော တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် မရဖြစ်ကြောင်း၊ လိုင်းသုံးခွင့်၊ ဆက်သွယ်ပြောဆိုခွင့်များ ပိတ်ပင်ထားသည်ဟု ယူဆကြောင်း တပ်မဟာ - ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ စည်းလုံးညီညွတ်ရေးအတွက် ပူးပေါင်းဝင်ရောက်လာသည်ဟု CDF - မတူပီ၊ တပ်မဟာ ၁ က ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ - ၁ နဲ့ ပူးပေါင်းမယ်လို့ ပြောဆိုတာ ရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်နဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင် ပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း မရှိတော့ဘူးဆိုတော့ ကျနော်တို့က မတူပီ ညီညွတ် တာပဲ လိုချင်တယ်ဆိုပြီးတော့မှ ထွက်ဆိုတာတွေလည်း ရှိတယ်” ဟု CDF - မတူပီ၊ တပ်မဟာ - ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်က ယမန်နေ့က ခိုနူမ်းသုန်းကို ပြောသည်။

တပ်မဟာ - ၂ မှ ရဲဘော်များကို သတ်မှတ်တိုက်နယ်အတွင်းမှာသာ လောလောဆယ် နေထိုင်ရန် ကန့်သတ်ထားမှုရှိပြီး စည်းကမ်း ချက်တချို့ဖြင့် တားမြစ်ချက်အနည်းငယ် ပြုလုပ်ထားသည်ဟု ကိုဘွေအုပ်က ပြောသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် တပ်မဟာ - ၁ ပါဝင်သော ချင်းညီနောင်နှင့် ပူးပေါင်းအဖွဲ့သည် မတူပီမြို့ စစ်ကောင်စီစခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားသည်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်နေသည်ဟု သိရသည်။

Cridit-ခိုနူမ်းသုန်သတင်း။

ချင်းပြည်(Chinland)အစိုးရရဲ့ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အလုပ်...
10/01/2025

ချင်းပြည်(Chinland)အစိုးရရဲ့ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အလုပ်ခေါ်ယူ

MRN၊ ဇန်နဝါရီလ ၁၀ ရက်

Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက
အလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန်တွေ၊ သွားနဲ့ခံတွင်း အထူးကုဆရာဝန်နဲ့ သွားခံတွင်းဆရာဝန်တွေ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားတွေ၊ အထူးပြုသူနာပြုတွေ၊ သူနာပြုတွေ၊ ဘဏာရေးနဲ့ စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များက ဒီပလိုမာဘွဲ့ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရသူတွေ၊ ဆေးနဲ့ ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရသူတွေ၊ ကျန်းမာရေးမှူးတွေ၊ အမျိုးသမီးကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၁ တွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၂ တွေ၊ ဌာနခွဲစာရေး(BC) ၊ အကြီးတန်းစားရေး (UD)၊ အငယ်တန်းစာရေး (LD) တွေ စတဲ့ ကဏ္ဏ ၁၆ နေရာအတွက် အလုပ် လျှောက်လွှာတင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

လျှောက်ထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဖွားဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူဖြစ်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနနဲ့ ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားတဲ့ နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ၃၁ ရက်၊ ၁ လ ပိုင်းကို နောက်ဆုံးထားပြီး နေ့စဉ်ပိတ်ရက်မရှိ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ Telegram Account - https://t.me/HR_MOHNUG ဒါ့မှမဟုတ် Telegram Username - မှာ လျှောက်လွှာပုံစံ ထုတ်ယူပြီး ပေးပို့လျှောက်ထားနိုင်တယ်လို့ NUG အစိုးရ၊ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အတည်ပြုရွေးချယ်ခြင်းခံရသူတွေဟာ တာဝန်ချထားမယ့် နေရာတွေအတွက် လိုအပ်တဲ့ သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Cridit-Chin World

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက လိုင်လင်းပီမြို့ဘက်ကနေ လမ်းပိတ်လိုက်တော့ ထန်တလန်မြို့ဘက်ကနေ ခရီးဆက်လာခဲ့ပါတယ်။လမ်းတဝက်အရောက်မှာ ...
09/01/2025

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက လိုင်လင်းပီမြို့ဘက်ကနေ လမ်းပိတ်လိုက်တော့ ထန်တလန်မြို့ဘက်ကနေ ခရီးဆက်လာခဲ့ပါတယ်။

လမ်းတဝက်အရောက်မှာ ဆိုင်ကယ်ပျက်သွားလို့ ရွာတရွာမှာ အကူအညီတောင်းရင်း မိုးလည်း ချုပ်သွားတော့ အဲ့ရွာမှာပဲ ညအိပ်ဖြစ်ခဲ့တယ်။

မတူပီသားလို့ မိတ်ဆက်လိုက်တော့ ရွာခံတွေရဲ့ အကြည့်တွေက တမျိုးကြီးဖြစ်နေလို့ ညအိပ်ဖို့ တည်းတဲ့ အိမ်ရှင်ကို စကားမစပ်မေးကြည့်တယ်။

``မတူပီတွေက ရခိုင်တွေလို့ပဲ သူတို့ထင်ကြတယ်။ ဒါကြောင့် ရွာကလူတွေက အဲ့သလိုကြည့်နေကြတာ´´ဆိုပြီး ပြုံးစိစိနဲ့ ရှင်းပြခဲ့ပါတယ်။

အဲ့ခါကျမှ ကိုယ့်လိပ်ပြာပြန်လုံတော့တယ်။ အဲ့ရွာမှာ ဗမာစကားသိပ်မတတ်ကြတော့ ကျောင်းဆရာက စကားပြန်လုပ်ပေးတယ်။

မတူပီမှာ တပ်မဟာ ၁ နဲ့ ၂ ဆိုပြီး နှစ်ဖွဲ့ကွဲတယ်။ တပ်မဟာ ၁ က အေအေနဲ့ မဟာမိတ်လုပ်တယ်။ တပ်မဟာ ၂ က ချင်းလဲန်အစိုးရနဲ့ ပူးပေါင်းတယ်။ တပ်မဟာ ၁ ကို ထောက်ခံသူရှိသလို တပ်မဟာ ၂ ကို ထောက်ခံသူတွေလည်းရှိတယ်။ မတူပီအကြောင်းကို အသေးစိတ်ရှင်းပြလို့ အပြီးမှာ ရွာဥက္ကဌရောက်လာခဲ့ပါတယ်။

သူတို့ဧည့်ဝတ်မကြေတဲ့ အကြောင်းတွေ တောင်းပန်ပြီး ဥက္ကဌအိမ်မှာ မနက်စာလာစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

``သူတို့ရွာမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရတော့ သတင်းတွေ သိပ်မဖတ်ကြဘူး။ မတူပီတွေက အေအေကို ချင်းပြည်ခေါ်လာပြီး အချင်းချင်းပြသနာဖြစ်အောင်လုပ်တယ်လို့ပဲ သူတို့ နားလည်ကြတာတဲ့´´

သူတို့ရွာမှာ တပ်စွဲထားတဲ့ စကစတပ်စခန်းကို သူတို့အောင်မြင်စွာ တိုက်တဲ့အကြောင်းအရာတွေ၊ ဟားခါး၊ ထန်တလန်တိုက်ပွဲတွေမှာ သူတို့သား၊ သမီးတွေ တိုက်ပွဲဝင်တဲ့ အကြောင်းတွေကို သူတို့မိဘတွေက ဂုဏ်ယူဝံ့ကြွားစွာ ပြောပြကြပါတယ်။

CDFတွေဆိုရင် ဆိုင်ကယ်ပြင်တာ၊ စားတာတွေအကုန်လုံးကို ရွာအုပ်ချုပ်ရေးအဖွဲ့က အကုန်လုံးစီစဥ်ပေးတယ်လို့ ဆိုပါတယ်။

အချိန်မရွေးအကူအညီတောင်းဖို့နဲ့ ကူညီဖို့ အသင့်ရှိတယ်လို့ ဥက္ကဌက ပြောပြပါတယ်။

ဧည့်ဝတ်ကြေတာကတော့ လက်ခါးဖြာလောက်အောင် ဧည့်ဝတ်ကြေကြတယ်။

ဆိုင်ကယ်တောင် ရွာကနေ တစ်စီးစီစဥ်ပေးဖို့ လုပ်တော့ မတားငြင်းရသေးတယ်။

​ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသလို မတူပီဆိုရင် ရခိုင်ထောက်ခံသူလို့ပဲ ထင်ကြတော့တယ်။

မတူပီဆိုရင် အေအေလိုလားသူလို့ ထင်မြင်ကြတဲ့ ရွာတွေ၊ ပြည်သူတွေ ချင်းပြည်နယ်မှာ ဘယ်လောက်တောင်ရှိနေမလဲနော်။

MRN၊ ဇန်နဝါရီ ၉ ရက်

CDF-မတူပီ၊ တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်MRN၊ ဇန်နဝါရီ ၈ ရက်
08/01/2025

CDF-မတူပီ၊ တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်

MRN၊ ဇန်နဝါရီ ၈ ရက်

မတူပီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့သတ်ဖြတ်တာ ၃ နှစ်ပြည့်ပါပြီ။MRN၊ ဇန်နဝါရီ ၈ ရက်
08/01/2025

မတူပီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့သတ်ဖြတ်တာ ၃ နှစ်ပြည့်ပါပြီ။

MRN၊ ဇန်နဝါရီ ၈ ရက်

 #နာရေးသတင်း ခရစ်တော်၌ အိပ်ပျော်ခြင်းမတူပီမြို့၊ စန်ဘောင်ရပ်ကွက်နေ၊ရန်ကုန်တိုင်းဒေသကြီးအရှေ့ဒဂုံနေ ဦးအောင်မြင့်၏ ချစ်လှစ...
05/01/2025

#နာရေးသတင်း
ခရစ်တော်၌ အိပ်ပျော်ခြင်း

မတူပီမြို့၊ စန်ဘောင်ရပ်ကွက်နေ၊ရန်ကုန်တိုင်းဒေသကြီးအရှေ့ဒဂုံနေ ဦးအောင်မြင့်၏ ချစ်လှစွာသောဇနီး Nu Tlim No (49)နှစ် U Phau Thang (Ngannu)သည် ယနေ့ ၅/၁/၂၀၂၅ (Sunday)၊ ညနေ ၆:၀၀ နာရီခန့်မှာ ရုတ်တရက်ခရစ်တော်၌ အိပ်ပျော်သွားကြောင်းသိရပါတယ်။

မတူပီမှာ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက် MRN၊ ဇန်နဝါရီ ၄ ရက် မတူပီမြို့မှာ စစ်ကောင်စီက လေကြောင...
04/01/2025

မတူပီမှာ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

MRN၊ ဇန်နဝါရီ ၄ ရက်

မတူပီမြို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ကင်းထောက်မှုများ နေ့စဥ်ပြုလုပ်ပြီးနောက် ယမန်နေ့၊ ဇန်နဝါရီလ ၃ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်မှာ ၃၀၄ တပ်ရင်းနဲ့ ၉ မိုင်အကြားမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယနေ့၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းနဲ့ နေ့လည် ၁၂ နာရီကျော်ခန့်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ထပ်မံဗုံးကြဲခဲ့ပြီး လဝကရုံးတဝိုက်မှာ မီးလောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတူပီမြို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ကင်းထောက်မှုတွေ နေ့တိုင်းလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့MRN၊ ဇန်နဝါရီ ၃ ရက်■ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ...
03/01/2025

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့

MRN၊ ဇန်နဝါရီ ၃ ရက်

■ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှုအလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ အိန္ဒိယအခြေစိုက် NDTV World သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။

ပျံ့နှံ့မှု မြန်ဆန်လွန်းပြီး ဆေးရုံနဲ့ မီးသင်္ဂြုဟ်တဲ့ နေရာတွေမှာ လူတွေပြည့်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြည့်ကျပ်နေတာ တွေ့မြင်ရပါတယ်။ ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ အခြားအဆုတ်ထိခိုက်တဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့ NDTV World သတင်းမှာ ဖော်ပြပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ဆင်တူတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေကို ကျန်းမာရေးအရာရှိတွေက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဒါကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး စီမံကွပ်ကဲမှုအဖွဲ့ အနေနဲ့ ဓာတ်ခွဲခန်း အစီရင်ခံစာတွေ ထုတ်ပြန်ဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး လုပ်ထုံးလုပ်နည်းအသစ်တွေ ချမှတ်မှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပြောတာကို ကိုးကားပြီး CCTV နိုင်ငံပိုင် ရုပ်သံသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က ၂၂ ရက်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ၂၀၂၅ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု အသစ်တစ်ခုဖြစ်ပွားနေကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ရုပ်သံပျံ့နှံ့သည်အား တွေ့ရစဉ်။

Cridit-RFA

  New မင်းတပ် မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ကြသော CDF-မင်းတပ်၊ တပ်ရင်း (၃) မှ ပြည်သူ့ ရဲဘော်များအားဂုဏ်ပြုကြိုဆိုကြခြင်း။P...
03/01/2025

New မင်းတပ် မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ကြသော CDF-မင်းတပ်၊ တပ်ရင်း (၃) မှ ပြည်သူ့ ရဲဘော်များအား
ဂုဏ်ပြုကြိုဆိုကြခြင်း။

Photo- Salai Naing Hung

CDF-လောက်တူထိန်းချုပ်နယ်မြေမှာ MDFက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။MRN၊ ဇန်နဝါရီ ၂ ရက်...
02/01/2025

CDF-လောက်တူထိန်းချုပ်နယ်မြေမှာ MDFက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

MRN၊ ဇန်နဝါရီ ၂ ရက်

Photo News ချင်းလုံမြို့တွင် မူးယစ်ဆေးဝါးဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်MRN၊ ဒီဇင်ဘာ ၃၁ ရက်ချင်းလုံမြို့တွင် ယနေ့၊ ဒီဇင်ဘာလ...
31/12/2024

Photo News ချင်းလုံမြို့တွင် မူးယစ်ဆေးဝါးဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်

MRN၊ ဒီဇင်ဘာ ၃၁ ရက်

ချင်းလုံမြို့တွင် ယနေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ချင်းလဲန်အစိုးရတပ်ဖွဲ့များမှ အိန္ဒိယ-မြန်မာနယ်စပ်၊ ကျီခါးကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အလေးချိန်အားဖြင့် ကီလိုဂရမ်် ၅၅၀၀ (ငါးထောင်ငါးရာ) ရှိပြီး မြန်မာကျပ်ငွေ သိန်းငါးထောင် ခန့်ရှိနိုင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးဖျက်ဆီးခြင်းအခမ်းအနားသို့ ချင်းလဲန်အစိုးရ ဝန်ကြီးများ၊ လွှတ်တော် အမတ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ချင်းအမျိုးသားတပ်ဦး၊တပ်မတော်မှ အရာရှိများ၊ ဗဟိုတရားရုံးမှ အဖွဲ့ဝင်များနှင့် ရဲဘော်၊ ရဲမေများ၊ မဟာမိတ် အဖွဲ့အစည်းများနှင့် အတူ Farkawn ကျေးရွာ၊ Mizoram ရှိ Young Mizo Association (YMA) ၏ ဥက္ကဌ နှင့် အတွင်းရေးမှူးအပါအဝင် Farkawn ကျေးရွာကောင်စီ၏ ဥက္ကဌ တို့မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo-Cridit

  News မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများMRN၊ ဒီဇင်ဘာ ၂၂ ရက် မင်းတပ်မြို့သိမ်းတို...
22/12/2024

News မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ

MRN၊ ဒီဇင်ဘာ ၂၂ ရက်

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့ရာ ယမန်နေ့၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ စစ်သုံးပန့်နဲ့ လက်နက်ခဲယမ်းအများအပြားကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

  News ကန်ပက်လက်မြို့ကို ချင်းညီနောင်က ထိန်းချုပ်လိုက်ပြီMRN၊ ဒီဇင်ဘာ ၂၂ ရက်ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်...
22/12/2024

News ကန်ပက်လက်မြို့ကို ချင်းညီနောင်က ထိန်းချုပ်လိုက်ပြီ

MRN၊ ဒီဇင်ဘာ ၂၂ ရက်

ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များဟာ ယမန်နေ့၊ ည ၁၁ နာရီကျော်ခန့်က ကန်ပက်လက်မြို့မှ အကုန်စွန့်ခွာကြပြီး ချင်းညီနောင်က မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။MRN၊ ဒီဇင်ဘာ ၂၂ ရက်
22/12/2024

ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

MRN၊ ဒီဇင်ဘာ ၂၂ ရက်

မတူပီမှာ ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်သွားMRN၊ ဒီဇင်ဘာ ၂၂ ရက်မတူပီမြို့နယ်၊ ဖနိုင်ရွာ၊ ဘုံတလာရေတံခွန်...
22/12/2024

မတူပီမှာ ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်သွား

MRN၊ ဒီဇင်ဘာ ၂၂ ရက်

မတူပီမြို့နယ်၊ ဖနိုင်ရွာ၊ ဘုံတလာရေတံခွန်သွားတဲ့ လမ်းဘေးရှိ လယ်နားမှာ ယမန်နေ့က ဖနိုင်ရွာဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေပြတ်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မတူပီမြို့၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှေ့တန်းကနေ ပြန်လည်ရောက်ရှိလာကြတဲ့ CDF-Daai တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပတယ်လို့ သိရပါတယ်။MRN၊ ဒီဇင်ဘာ ၂၀ ရက...
20/12/2024

ရှေ့တန်းကနေ ပြန်လည်ရောက်ရှိလာကြတဲ့ CDF-Daai တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပတယ်လို့ သိရပါတယ်။

MRN၊ ဒီဇင်ဘာ ၂၀ ရက်။

မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်က စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း ...
20/12/2024

မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်က စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း ယနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ်မြို့နဲ့ ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲဆက်လက်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MRN၊ ဒီဇင်ဘာ ၂၀ ရက်

ဟားခါး-ထန်တလန်ကြားစစ်ဆင်ရေးတွင် CDF– Zotung တပ်ဖွဲ့ဝင်တစ်ဦး‌ကျဆုံးMRN၊ ဒီဇင်ဘာ ၁၇ ရက် ဟားခါး-ထန်တလန်ကြားမှာ ချင်းလဲန်းအစ...
17/12/2024

ဟားခါး-ထန်တလန်ကြားစစ်ဆင်ရေးတွင် CDF– Zotung တပ်ဖွဲ့ဝင်တစ်ဦး‌ကျဆုံး

MRN၊ ဒီဇင်ဘာ ၁၇ ရက်

ဟားခါး-ထန်တလန်ကြားမှာ ချင်းလဲန်းအစိုးရက ဆင်နွှဲတဲ့ Jacobစစ်ဆင်ရေးမှာ CDF- ဇိုတုန်မှ ရဲဘော်ဆလိုင်းကိုင်ထောင်းလိန်သည် ဒီဇင်ဘာလ (၁၆) ရက်နေ့ကမြင့်မြတ်စွာ ကျဆုံးတယ်လို့ သိရပါတယ်။

Address

Matupi

Website

Alerts

Be the first to know and let us send you an email when 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share