09/06/2026
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်
၀၈ ဇွန် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံအရှေ့ပိုင်း၌ လူထုတွေ့ဆုံပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့တွင် မြန်မာမိသားစုများနှင့် နောက်ဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို နှင့် ကရင်အမျိုးသားအစည်းအရုံးမှ စောနီးမရော့ဒ်တို့ ပါဝင်ကြပြီး လူထုက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် SCEF ၏ လုပ်ငန်းစဉ်များ၊ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ပြည်သူများ၏ စိုးရိမ်ပူပန်မှုများနှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြသည်။
The Steering Council for the Emergence of a Federal Democratic Union (SCEF) delegation's Final Town Hall in Canada
08 June 2026
On June 6, 2026, the SCEF delegation had its final Town Hall in Canada with Myanmar diasporas in Canada's west, Vancouver city after two Town Halls in Canada's east.
The delegation included Daw Zin Mar Aung, Union Minister for Foreign Affairs of the National Unity Government and a member of the SCEF Secretariat; Neineh Plo of the Interim Executive Council of Karenni State and Saw Ni**od of the Karen National Union, who are the members of SCEF Foreign Affairs, received warm welcome from the community.
The delegation had open and friendly discussion with the community on the SCEF and the military and political coordinations, also activities of the National Unity Government, and listened to their concerns and suggestions.