Naw nar nar

Naw nar nar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naw nar nar, Digital creator, Maubin.

Bkk အစင်း3 in 1တထည်စျေး 15400ကြာချိန် တစ်ပက် မအူပင်ကပါရှင့်
15/01/2025

Bkk အစင်း3 in 1

တထည်စျေး 15400
ကြာချိန် တစ်ပက်
မအူပင်ကပါရှင့်

08/10/2023

ကျေနပ်စွာ လမ်းခွဲခြင်း
---------------------
ဘဝမှာ တိတ်တိတ်လေး ဝင်လာပြီး
သိသိသာသာ ပြန်ထွက်သွားသူများလည်း ရှိခဲ့သလို
သိသိသာသာ ဝင်လာပြီးတော့
တိတ်တိတ်လေး ပြန်ထွက်သွားကြတဲ့
ဆက်ဆံရေးမျိုးလည်း ကြုံခဲ့ဖူးပါတယ်။

အများကြီး မျှော်လင့်ထားပေမယ့်လည်း
တဖက်စောင်းနင်းပေးရတဲ့ နားလည်မှုနဲ့
ဆက်ဆံပေးရသူများကိုလည်း ကြုံဖူးပါတယ်။

ကျွန်တော့်စိတ်ကို တစ်မိနစ် တစ်နာရီ
ပျော်ရွှင်စေတဲ့သူ မည်သူ့ကိုမဆို
ကျွန်တော် အမှတ်တရရှိပါတယ်။

ထိုနည်းတူ ကျွန်တော့်ခံစားချက်ကို
တစ်စက္ကန့် တစ်မိနစ်စာထိခိုက်အောင်
လုပ်သွားသူများကိုလည်း အမြဲအမှတ်ရပါတယ်။

ပျော်ရွှင်အောင် လုပ်ပေးသူများအပေါ်
ကျေးဇူးတင်အမှတ်ထားထားသလို
ထိခိုက်အောင် လုပ်သွားသူများကိုလည်း
သင်ခန်းစာတစ်ခုအဖြစ် အမှတ်ထားတတ်ပါတယ်။

ချစ်ခြင်းအပေါ်ဖြစ်ပါစေ၊
ခင်မင်မှုအပေါ်ဖြစ်ပါစေ၊
သံယောဇဉ်တစ်ခုအပေါ်မှီတင်းပြီ
ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပဲမို့
မမြဲတဲ့လောကကြီးမှာ ဘယ်သူ့အပေါ်မဆို
ဘယ်အသိုင်းအဝိုင်းအပေါ်ကိုမဆို
ကျေနပ်စွာ လမ်းခွဲတတ်ဖို့ လိုပါတယ်။

လေးစားစွာဖြင့် -Credit 🪽

08/10/2023

ရပ်သင့်ပြီ ထင်တဲ့နေရာမှာ ရပ်လိုက်တယ်
ဒါ ကိုယ့်တန်ဖိုးပဲ ။

နွေးနွေးထွေးထွေးမရှိတဲ့ ပတ်သက်မှုမျိုးနဲ့
အေးစက်စက်အပြုံးတုတွေကြားမှာ ကိုယ့်ကိုယ်ကို
အသိမ်ငယ်မခံတော့ဘူး ။

တစ်ယောက်ထဲရော မဖြစ်ဘူးလား လို့
ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်ခဲ့တယ် ။

ဖြစ်တာပေါ့
မေးထူးခေါ်ပြော ဆက်ဆံရေးတွေအတွက်
ဘာမှ ဝမ်းနည်းစရာမရှိဘူးလို့တွေးထားတယ်
တစ်ယောက်ထဲနေရင်းနေရင်း နေတတ်သွားတာမဟုတ်ဘူး
လူတွေအကြောင်းပိုသိရင်းသိရင်း တစ်ယောက်ထဲနေဖြစ်သွားတာ ။

Only one but I'm Ok. 🙂

သက်ထားခင်(THK)

လေးစားစွာဖြင့််

#ဘဝမှစာမေဦး

08/10/2023

တစ်ခါတလေ လူတချို့ကိုမေးကြည့်ချင်တယ်
ကိုယ့်အပေါ်ယုတ်မာပြီး...
တကယ်ရော ပျော်ရွှင်စွာနေထိုင်နေရဲ့လား?

ကိုယ့်သိက္ခာတွေ အချိန်တွေ ချနင်းပြီး...
မင်းသိက္ခာတွေ ကောင်းကောင်းမွန်မွန်ထိန်းထားနိုင်ရဲ့လား?

ကိုယ့်ကို အသုံးချပြီးတော့ရော...
မင်းဘဝလေး အဆင်ရော ပြေနေရဲ့လား?

ကိုယ့်အပေါ် နည်းမျိုးစုံနဲ့ စော်ကားပြီးတော့ရော
မင်းတို့ဘဝလေးတွေ တိုးတက်သွားရဲ့လား?

နောက်ကျောကို ဓါးနဲ့ လာထိုးရင်း
လက်ရှသွားမှာလည်းစိုးမိတယ် ။
ပျော်ရွှင်စွာနေထိုင်ပါ....
ဝဋ်လည်ပါစေလို့လည်း မတွေးမိသလို
ဒုက္ခရောက်ပါစေလို့လည်း ဆုမတောင်းမိတဲ့အတွက်....

စိတ်အေးချမ်းစွာနဲ့ ရှင်သန်လို့ရပါတယ် ။ ။

credit to owner with respect🕊️

Address

Maubin

Website

Alerts

Be the first to know and let us send you an email when Naw nar nar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share