Maubin News

Maubin News maubin news

https://www.facebook.com/share/p/1JPa6GBwFR/
13/04/2026

https://www.facebook.com/share/p/1JPa6GBwFR/

As Myanmar’s dictator is sworn in as a civilian president, a groundswell of opposition internationally to his junta is making progress in holding him to account for his crimes, says Christopher Gunness

ငပု က ပြောသေးတယ်၊ ဘာတဲ့၊ တရုတ်ဟာ ကျေးဇူးရှင်၊ တရုတ်ကို အပြစ်မပြောရန် သတိပေးတယ် ဆိုပဲ။
23/04/2025

ငပု က ပြောသေးတယ်၊ ဘာတဲ့၊ တရုတ်ဟာ ကျေးဇူးရှင်၊ တရုတ်ကို အပြစ်မပြောရန် သတိပေးတယ် ဆိုပဲ။

မြန်မာစစ်တပ်အတွက် ဖျောက်ဖျက်မရတော့သည့် ရှက်စရာအကောင်းဆုံး နေ့ရက်

ဧပြီ ၂၂၊ ၂၀၂၅

တရုတ်၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ရလဒ်အနေဖြင့် ကိုးကန့် MNDAA တပ်များ ယခုရက်ပိုင်းအတွင်း လားရှိုးမြို့မှ အပြီးတိုင်ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။ မြေပြင်တွင်လည်း ပြီးခဲ့တဲ့ရက်ပိုင်း‌များကစ၍ MNDAA တပ်သားများ ကားကြီးကားငယ်အသွယ်သွယ်နှင့် သိန္ဒီမြို့ဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် လွှင့်ထူထားသည့် MNDAA အလံများကိုလည်း ပြန်လည်ဖြတ်ချသွားခဲ့ပြီဖြစ်သည်။

ယနေ့နေ့လည်ပိုင်းတွင်တော့ ရာထောင်ချီသော စစ်ကောင်စီတပ်သားများကို တင်ဆောင်လာသည့် စစ်မော်တော်ယာဥ်တန်းများ လာရှိုးမြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုသို့ အလံတလူလူလွှင့်ကာ စစ်ကားများ လားရှိုးမြို့ထဲ ဝင်ရောက်လာပုံကို စစ်တပ်ထောက်ခံသူများက ဂုဏ်ယူဝင်ကြွားစွာ ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

အထူးသဖြင့် “တနေ့ကျရင် ရမခကို ပြန်လည်ရမယ်လို့ ယုံကြည်ထားသည့်အတိုင်း ပြန်ရပြီ” ဟု စစ်ကောင်စီထောက်ခံသူများက ဝမ်းခေါင်းသံကြီးများနှင့် တယ်လီဂရမ်တွင် ကြုံးဝါးခဲ့ကြသည်။

ထိုသို့ လားရှိုးမြို့ စစ်ကောင်စီလက်ထဲ ပြန်ရောက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ၄င်းတို့ကြုံးဝါးထားသည့် အဆိုပါလားရှိုးမြို့ကို တပ်မတော်ဟု ၄င်းတို့ခေါ်ဆိုကြသည့် မြန်မာစစ်တပ်က စွမ်းစွမ်းတမံ တိုက်ခိုက်သိမ်းယူခဲ့ခြင်းတော့မဟုတ် … ရိုးရှင်းစွာပြောရလျှင် တရုတ် ထွင်းဖောက်‌ပေးခဲ့သည့် ခွေးတိုးပေါက်မှတဆင့် ဂုဏ်သိက္ခာမဲ့စွာ ပြန်လည်ဝင်ရောက် သိမ်းယူသွားခြင်းပင်ဖြစ်သည်။

ယခင်လများအတွင်း လားရှိုးမြို့ မပြောနှင့် … ပြင်ဦးလွင်မြို့ပြင်လောက်တွင်သာ တပ်စွဲနိုင်တော့သည့် စစ်တပ်အနေဖြင့် တရုတ်နိုင်ငံ၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖွက်မှုကြောင့်သာ ယခုကဲ့သို့ လားရှိုးမြို့ကို ခပ်တည်တည်နှင့် နောက်ဖေးပေါက်က ဝင်ရောက်လာနိုင်ခြင်းလည်း ဖြစ်သည်။

စစ်ပွဲအလီလီကို အနိုင်ယူခဲ့သည်ဆိုသည့် စစ်တပ်သည် ပြည်သူပါဝင်သော တော်လှန်ရေးတွင် ၄င်းတို့၏ စစ်တိုင်းဌာနချုပ် ရမခရှိရာ လားရှိုးမြို့ကို ရက်ပိုင်းအတွင်း လွယ်လင့်တကူ ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး၊ ထိုနေ့မှစ၍ ယခုရက်ပိုင်းအထိ လားရှိုးမြို့ကို အနားပင်မကပ်နိုင်အောင် လုံးလုံးလျားလျား ဆုံးရှုံးခဲ့ခြင်းလည်းဖြစ်သည်။

အချုပ်အားဖြင့် ပြည်ပအားကိုး ပုဆိန်ရိုးဟု ဆိုကာ အတိုက်အခံများကို တစိုက်မတ်မတ် တိုက်ခိုက်ချေမှုန်းခဲ့သည့် မြန်မာစစ်တပ်သည် လက်တွေ့တွင် ပြည်ပတရုတ်အားကိုးဖြင့် လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာနိုင်ခဲ့သည်။

ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာကို စတေးပြီး တရုတ်ကို ဒူးထောက်ခယကာ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်ခဲ့သည့် ယနေ့သည် မြန်မာစစ်တပ်အတွက် အရှက်ရဖွယ်ရာ အကောင်းဆုံးနေ့တနေ့သာ ဖြစ်ပေတော့သည်။

https://www.facebook.com/share/14njEHGyGF/
04/01/2025

https://www.facebook.com/share/14njEHGyGF/

ထောင် ၅ ခုမှ နိုင်ကျဉ်း ၃၇ ဦး လွတ်မြောက်

ဂျူချန်း

မဇ္ဈိမ။ ။ စစ်ကောင်စီ၏ ၂၀၂၅ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းတွင် ကနဦးရရှိသည့် အချက်အလက်များအရ အကျဉ်းထောင် ငါးခုမှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၇ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၄ ရက်နေ့ )မွန်းတည့် ၁၂ နာရီချိန်ထိ ရရှိထားသည့် အချက်အလက်များအရ ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသားလေးဦး၊ အမျိုးသမီးလေးဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီး သုံးဦး၊ ပြည်အကျဉ်းထောင်မှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ မိတ္ထီလာအကျဉ်းထောင်မှ အမျိုးသားသုံးဦး၊ အမျိုးသမီး နှစ်ဦး၊ မအူပင်အကျဉ်းထောင်မှ အမျိုးသားလေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၇ ဦး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မကြာခင်ထပ်ထုတ်ဖို့ရှိပါမယ်။ လက်ရှိ အတည်ပြုနေဆဲ စိစစ်နေဆဲ ဖြစ်နေလို့ပါဗျ။ တနိုင်ငံလုံးအနေအထားအားဖြင့်တော့ (နိုင်ကျဉ်း) ၁၀ ရာခိုင်နှုန်းအောက်ပဲ ပါဝင်မယ်လို့ အကြမ်းဖျင်း ပြောလို့ရမယ်ဗျ” ဟု PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးမှုကို ၂၀၂၄ ခုနှစ် ဧပြီလအထိ ၁၅ ကြိမ် ဆောင်ရွက်ထားပြီးဖြစ်ကာ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက်သည် အနည်းအကျဉ်းသာ ပါဝင်လေ့ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တဦးက "အစကတည်းက မမျှော်လင့်ဘူး၊ ကျင့်သား ရနေပြီတဲ့၊ ဒုက္ခတွေ မမှုတော့ဘူးတဲ့၊ လွှတ်ပေးလည်း ကျေးဇူးမရှိ အဆုံးထိ သွားမယ်” ဟု ပြောသည်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ကျဉ်း မိခင်တဦးကလည်း “သားက နှစ်ကြီးသမား၊ မျှော်လင့်ချက်မရှိသေးဘူး၊ သုံးနှစ်မှာ ဘာမှမရပါဘူး၊ ပြီးတဲ့နေ့ကိုပဲ မျှော်ရမှာ” ဟု ပြောသည်။

လက်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများသည်လည်း လွတ်ရက်စေ့ခါနီး သူများသာဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့(WOPP)တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) တွင် ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ယင်းအနက် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံအညွှန်း-၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့လွတ်ငြိမ်းရသူများအား အင်းစိန်ထောင်ရှေ့တွင် မိသားစုများ စောင့်ဆိုင်းကြစဉ်



#နိုင်ငံရေးအကျဉ်းသား
#လွတ်ငြိမ်းသက်သာခွင့်

-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

လခွမ်း ​၊ ပြည်ကြီးတံခွန် နဲ့ ရန်ကုန်
25/10/2024

လခွမ်း ​၊ ပြည်ကြီးတံခွန် နဲ့ ရန်ကုန်

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်လည်းဖြစ်၊ အာဏာရှင်ဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖခင် ဒေါက်တာနေစိုးမောင်ကို အ ကြမ်း ဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်သည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်ကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားကြောင်း၊ အဓိက အားဖြင့် Dr Nay Soe Maung Facebook လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့ ၍ ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထား သည်။

ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ ယခင်ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်သည်။ ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။

NLD ပါတီဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ဒေါက်တာနေစိုးမောင်က အောက်တိုဘာလ ၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြေကွဲ၍ ခံစားချက်များ ပြင်းထန်ရကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်။

"ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်
ကိုယ့်ပြည်သူတွေအတွက်
ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင်
အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့
ဆရာ နေမကောင်းတဲ့ ကာလမှာ
ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့
စိတ်မကောင်းဖြစ်ရပါတယ် ဆရာ….
မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့
အိပ်စက် အနားယူပါတော့ ဆရာ….
နောင်ဘဝမှာ လူဖြစ်ခဲ့လျင်
လွတ်လပ် တရားမျှတပြီး
လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာ
လူပြန်ဖြစ်ပြီး
လူသားတွေရဲ့ အကျိုးကို
ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ….။" ဟု ရေးသားခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေက မင်းအောင် လှိုင်ကို နားမချလေသလားဟု လူမှုကွန်ရက်တွင် မေးမြန်းလာမှုများကို ဒေါက် တာ နေစိုးမောင်က "ကျွဲပေါင်းစောင်းတီး၊ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်" ဟု တုံ့ပြန် ရေးသားခဲ့သည်။

ဒေါက်တာနေစိုးမောင်က စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိပြီး "မြန်မာပြည်သူအပေါင်း လေ ယာဉ်သံ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီ ရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေ" ဟု စစ်တပ်၏ လေယာဉ်ဖြင့် ပြည်သူများအပေါ် ဗုံးကျဲနေမှုကို အောက်တို ဘာလ ၃ ရက်နေ့တွင် ဝေဖန်ရေးသားခဲ့သည်။

25/10/2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပ...

05/10/2024

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

အောက်တိုဘာ ၃၊ ၂၀၂၄

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

သေဆုံးသူ လင်းထက်အောင်ဟာ စစ်ကြောရေး ပြုလုပ်ခံရစဉ်မှာ မျက်လုံးတစ်ဖက် အဖောက်ခံထားရပြီး နံရိုးတွေ ကျိုးကြေနေသလို ဝမ်းဗိုက်မှာလည်း ဆေးလိပ်မီးနဲ့ ထိုးခံထားရတယ်လို့ သိရပါတယ်။

"သူတို့စစ်ဆေးစဥ် ညှင်းပန်းနှိပ်စက်လို့ အသက်သေသွားတာကို အလောင်းဖျောက်ပစ်ဖို့ လုပ်သေးတယ်။ စရဖက သူရဝင်းက မလိုဘူးရတယ်ဆိုပြီး မအူပင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို ပို့ခိုင်းလိုက်တာ။ ရဲတွေဝင်စစ်တာမဟုတ်ဘူး။ စရဖကပဲ စစ်ဆေးတာ။ ပန်းတနော်နဲ့ ညောင်တုန်းက လာစစ်ဆေးတာ။ သူရဝင်းက မအူပင်သား။ သူကပန်းတနော်မြို့မှာ ယာယီတာဝန်ကျနေရာကနေ လာစစ်တာ.. သူ့လက်ချက်နဲ့သေတာ။” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“စရဖ ဗိုလ်ကြီးအဆင့်ရှိတဲ့ ကောင်းမြတ်ကတော့ မအူပင်မြို့မှာ တပ်စုမှူးအနေနဲ့တာဝန်ကျနေတာ။ သူတို့က နိုင်ငံရေးနဲ့ပတ်သက်သူတွေလို့ စွပ်စွဲဖမ်းဆီးခံရသူတွေဆိုရင် သူတို့ကိုယ်တိုင် စစ်ဆေးတာတွေလုပ်နေတာ”လို့ အထက်ပါ သတင်းရင်းမြစ်က ထပ်ပြောပါတယ်။

ကရင်ပြည်နယ်မှာ စစ်သင်တန်း တက်ရောက်ခဲ့သူတွေအနေနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ၁၆ ယောက်ထဲမှာ အမှန်တကယ် သင်တန်းတက်ခဲ့သူက ၁ ယောက်သာဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်ကို စစ်တပ်က လုပ်ကြံဖမ်းဆီး စစ်ဆေးနေတာဖြစ်တယ်လို့ ကရင်ပြည်နယ်မှာ စစ်သင်တန်းပို့ချနေသူတွေထံက သိရပါတယ်။

ပုံစာ - အကြမ်းဖက်စစ်တပ် မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ လင်းထက်အောင် (ခေါ်) Error

Address

Maubin
10181

Opening Hours

Monday 09:00 - 22:30
Tuesday 09:00 - 22:30
Wednesday 09:00 - 22:30
Thursday 09:00 - 22:30
Friday 09:00 - 22:30
Saturday 09:00 - 22:30
Sunday 06:00 - 23:45

Website

Alerts

Be the first to know and let us send you an email when Maubin News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share