Modern Physics

Modern Physics Mayyu Press is an independent digital media channel/ reliable/ not biased. Est: 11 June 2016

10/10/2025

The Norwegian Nobel Committee on Friday awarded the 2025 Nobel Peace Prize to Maria Corina Machado for her efforts to promote democratic rights in Venezuela.

10/10/2025

ARSA celebrates Happy 9th October Day inside the Ground.

ARSA celebrates Happy 9th October Day
10/10/2025

ARSA celebrates Happy 9th October Day

09/10/2025

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ AA နှင့် ARSA တိုက်ပွဲဖြစ်
ကေခိုင်

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေမှာ ရိုဟင်ဂျာ လက်နက်ကိုင် (ARSA) တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိမှာတော့ AA က လုံခြုံရေးကို ပိုချထားတယ်။ ဒါပေမဲ့ နယ်စပ်လမ်းတလျှောက် လုံခြုံရေးမပေးနိုင်ဘူး။ လူသွားလူလာပြတ်တဲ့နေရာတွေ ရှိတယ်၊ မောင်တောမြောက်ပိုင်းမှာဆို ပိုဆိုးပါတယ်။

ကိုးကာ၊ DVB

AA အဖွဲ့မူးယစ်ဆေးဝါးများ ဖမ်းမိဟု စစ်ကော်မရှင် ထုတ်ပြန်ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၅အာရက္ခတပ်တော်(AA) အဖွဲ့က ရခိုင်ပြည်နယ်န...
08/10/2025

AA အဖွဲ့မူးယစ်ဆေးဝါးများ ဖမ်းမိဟု စစ်ကော်မရှင် ထုတ်ပြန်

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၅

အာရက္ခတပ်တော်(AA) အဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံများသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဒသမ ၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်မှ ယနေ့ သတင်း ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးလမ်းမပေါ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့ကတဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများ ထွက်ဆိုချက်အရဟုဆိုကာ နောက်ဆက်တွဲတရားခံ ၁၄ ဦးနှင့်အတူ သုံးခွမြို့နယ် သမ္မစိတ္တကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများကို ရမည်းသင်းမြို့အထိ ပို့ ဆောင်ပေးခဲ့ပြီး AA စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ရဲဇော်(ဖမ်းဆီးရန်ကျန်)၊ ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေ လမ်းကြောင်းဖြင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းက ဆိုသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်၌ ၁၄ မြို့နယ်အထိ ထိန်းချုပ်လာနိုင်ပြီးနောက် စစ်ကော်မရှင်သည် မူးယစ်ဆေးဝါးနှင့် ချိတ်ဆက်စွပ်စွဲခြင်းများ ပိုမိုလုပ်ဆောင်လာကာ မီဒီယာသာမက တချို့ ပြည်ပနိုင်ငံများနှင့် အင်တာပိုလ်ထိပါ ဖမ်းဆီးပေးရန် စာ ပေးပို့ခြင်းများ ရှိကြောင်း၊ နယ်မြေများ ထိန်းချုပ်လာနိုင်မှုအပေါ် သံတမန်အဆက်အသွယ်များ မရှိစေရေးနှင့် ဆက်သွယ်လာမှုများ တရားဝင်မှု မရှိစေရန် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘဲ မူးယစ်ဂိုဏ်းအဖွဲ့အစည်းအဖြစ် ပုံဖော်နေခြင်းမျိုးသာ ဖြစ်သည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ အယ်ဒီတာချုပ်နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။

ရခိုင်ပြည်နယ်အား စစ်ကော်မရှင် ထိန်းချုပ်နိုင်စဉ်ကတည်းက အုပ်ချုပ်ရေးပိုင်းများမှ ပါဝင်ပတ်သက်၍ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ရှိခဲ့ကာ AA ထိန်းချုပ်အပြီး ပပျောက်ကင်းစင်သည့်နီးပါးအထိ ဖြစ်လာသည်ဟုလည်း ဆိုထားသည်။
“မူးယစ်ဆေးဝါးတွေ ရန်ကုန်ဆိပ်ကမ်း၊ ဧရာဝတီတိုင်းကနေ ပင်လယ်ပြင်ကို ဖြတ်ပြီး သွားနေတာတွေကို သူတို့ရဲ့ ရေတပ်က မသိဘဲ ဘယ်နေမလဲဗျာ၊ ရှမ်းမြောက်ကလာတဲ့ မူးယစ်ဆေးတွေ ရန်ကုန်မြို့ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲဗျာ၊ ကရင် ပြည်က ပစ္စတိုတွေကို ကျည်တတောင့်မလွတ်အောင် ဖမ်းနိုင်တဲ့ဟာ အဲဒီ မူးယစ်ဆေးတွေ ဒီလောက် ရောက်လာတာ ရန်ကုန်ကို ဘယ်သူက ယူလာပေးတာလဲဗျာ၊ ကျနော်တို့က သူများကို မြင်အောင် အဲဒီလိုမျိုး ပြောပြချင်တယ်”ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ပုံစာ- စစ်ကော်မရှင် ထုတ်ပြန်ချက်

07/10/2025

BD Military Explained details for the recent issue inside the country.

07/10/2025

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာလ ၇

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင် စီ တပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက် နှင့်ပြောဆို ချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

07/10/2025

The Arakan Army (AA) has reportedly forced young Rohingya women in Maungdaw and Buthidaung townships into military service, sparking fear and anxiety among local communities.

According to local sources, on October 6, AA authorities gathered residents at the Maungdaw administrative office and demanded that 50 unmarried women from Maungdaw and another 50 from Buthidaung be enlisted for military duties.

07/10/2025

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှု ကော်မတီဖွဲ့စည်း

ရန်ကုန်၊ အောက်တိုဘာ ၇

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူနစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည် ရွယ် ၍ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ အဝိုင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မန္တလေးဒေသ တော်လှန်ရေးစိုးမိုးနယ်မြေ၊ ပြင်ဦးလွင်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ ဖက် ဒရယ် ဒီမိုကရေစီဆိုင်ရာ အသိပညာ၊ သဘော တရားရေးရာ ပြည့်ဝစွာဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဆန့်ကျင် တော်လှန်ရေးတွင် ပိုမို ထောက်ခံပါဝင်လာစေရေး မျှော်မှန်းလျက် ယနေ့‌ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြင်ဦး လွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းလိုက်ဖြစ်ကြောင်း အသိပေးထားသည်။

“ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းတာပါ။ ဒီလို ခရိုင်အဆင့်ရှိတဲ့ လူထုလှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက်လာဖို့ ကျနော်တွေ အများကြီးကြိုးစားခဲ့ရပါတယ်။ ကျနော်တို့ကြိုးစားတယ်ဆို တာထက် ကျနော်တို့ကို Cadre ကောင်းတွေ ဖြစ်အောင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့တဲ့ ဆရာတွေရဲ့‌ ကျေးဇူးတွေကြောင့်လို့ ပြောရင် ပိုမှန်ပါတယ်။ အသေးစိတ်ကို ကျွန်တော်တို့ လုံခြုံရေးအရ ပြောပြ လို့ အဆင်မပြေသေးပါဘူး” ဟု ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ အဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ အနေဖြင့် ဒေသအတွင်း လူထုအသိပညာပေး စည်းရုံးရေး နှင့် လူထုလှုပ်ရှားမှုများ အားကောင်းလာစေရန်၊ စစ်အုပ်စု၏အတုအယောင် ရွေးကောက်ပွဲအား လူ ထုဆန္ဒ မပါဝင်ကြောင်း သပိတ်မှောက် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖော်ဆောင်ရန်၊ ဒေသအ တွင်း ပြည်သူလူထုများ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများတွင် ပိုမို ပါဝင်ရန် ၊ မန္တလေးဒေသ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်စေရန်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ ညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဦးတည်ရည်ရွယ်ကာ ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီသည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင် အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC-Mdy) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

“ပြည်သူတွေကို ပြောချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့တွေ ဘယ် လောက်ထိ ဖိနှိပ်ခံနေ ရ ပါစေ စိတ်ဓာတ်မကျပဲ အဆုံးထိ သွားဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ကျနော်တို့ ရချင်တဲ့ ဒီမိုက ရေစီ ကျနော်တို့ ဖြစ်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်နိုင်ဖို့နဲ့ ဆိတ်သုန်း‌ နေတဲ့ လူ့အခွင့်အရေးတွေကို ရရှိဖို့ အတွက်ဆိုရင် ပြည်သူတွေနဲ့ ကျနော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင် တိုက်ပွဲဝင်နိုင်မှ ရမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေနဲ့ အတူတူ တသားထဲ ရှိနေပါတယ်။ ကျနော် တို့နဲ့ အတူတူ အဆုံးထိ သွားကြရအောင်လို့ ပြောချင်ပါတယ်။စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ အနေနဲ့ လုံးဝ လုံးဝ ဆန့်ကျင်ကြဖို့ လိုကြောင်းကိုလည်း ပြည်သူတွေကို သတင်းစကား ပါးချင်ပါတယ်။” ဟု ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ အဝိုင်းက ပြောဆိုသည်။

07/10/2025

Mayyu Press ၊ 7 October 2025

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

မတရားဖမ်းဆီးခံရပြီး ဥပဒေပုဒ်မ ၅၀၅-က/ ပေါက်ကွဲ-၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် အကျဉ်းချခံထားရသည့် အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် အောက်တိုဘာလ ၃ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

ကိုအောင်ကိုဦးသည် ၂၀၂၁ အစောပိုင်းကာလက အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရှင်မုတ္ထီးရွာရှိ နေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

𝐍𝐨 𝐬𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐭𝐨 𝐑𝐨𝐡𝐢𝐧𝐠𝐲𝐚 𝐜𝐫𝐢𝐬𝐢𝐬 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐫𝐞𝐩𝐚𝐭𝐫𝐢𝐚𝐭𝐢𝐨𝐧: 𝐑𝐑𝐑𝐂Speaking at an ActionAid Bangladesh event, Refugee ...
07/10/2025

𝐍𝐨 𝐬𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐭𝐨 𝐑𝐨𝐡𝐢𝐧𝐠𝐲𝐚 𝐜𝐫𝐢𝐬𝐢𝐬 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐫𝐞𝐩𝐚𝐭𝐫𝐢𝐚𝐭𝐢𝐨𝐧: 𝐑𝐑𝐑𝐂

Speaking at an ActionAid Bangladesh event, Refugee Commissioner Mohammed Mizanur Rahman stresses that while humanitarian efforts continue, a safe and dignified return to Myanmar is the only viable long-term fix amid declining funds

Address

Maungdaw

Telephone

+8801728053616

Website

Alerts

Be the first to know and let us send you an email when Modern Physics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Modern Physics:

Share