Border News Agency

Border News Agency Voices, rights, diversity. News & documentaries on underreported issues

01/14/2026

"သေနတ်အရေအတွက်ကိုလည်းမပြောဘူး။ဘင်္ဂလာ BGBအဖွဲ့က ခေါင်းဆောင်ကလည်းသတင်းစာရှင်းလင်းပွဲမှာပြောမယ်ဆိုပြီးတော့ခုထိမပြောသေးဘူး။''

ထိုင်းမှာ ရထားပေါ်သို့ကရိန်းပြိုကျမှုသေဆုံးသူ သုံးဆယ်နှစ်ဦးရှိလာ (ဓာတ်ပုံသတင်း)​Border News Agencyထိုင်း၊ဇန်နဝါရီ ၁၄။​ထ...
01/14/2026

ထိုင်းမှာ ရထားပေါ်သို့ကရိန်းပြိုကျမှုသေဆုံးသူ သုံးဆယ်နှစ်ဦးရှိလာ (ဓာတ်ပုံသတင်း)

​Border News Agency
ထိုင်း၊ဇန်နဝါရီ ၁၄။

​ထိုင်းနိုင်ငံ၊ စီခီယိုခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရထားပေါ် ကရိန်းပြိုကျမှုမှာ နောက်ဆုံးရရှိတဲ့သတင်းတွေအရ သေဆုံးသူသုံးဆယ်နှစ်ဦးထိရှိလာပြီ ဖြစ်ပါတယ်။

​အဲဒီခရီးသည်တရာ့ခုနှစ်ဆယ့်တဦးလိုက်ပါလာတဲ့ ရထားရဲ့တွဲသုံးတွဲပေါ်ကို ကရိန်းကြီးပြုတ်ကျခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တာပါ။

​အဲဒီအပြင် ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေ အများအပြားရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

​အဲဒီမတော်တဆမှုဟာ ထိုင်း-တရုတ် အမြန်ရထားလမ်း စီမံကိန်းလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Website - https://burmese.bnanews.net/news/17680/

#​ထိုင်းနိုင်ငံ #စီခီယိုခရိုင် #ရထား #ကရိန်း

01/14/2026

ထိုင်းမှာ ကရိန်းပြုတ်ကျရာမှရထားနဲ့တိုက်မိပြီး လူနှစ်ဆယ့်ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

01/14/2026

ထိုင်းမှာ ကရိန်းပြုတ်ကျရာမှရထားနဲ့တိုက်မိပြီး လူနှစ်ဆယ့်ခုနှစ်ဦးသေဆုံး

ထိုင်းမှာ ကရိန်းပြုတ်ကျရာမှ ရထားနဲ့တိုက်မိပြီး ခရီးသည်နှစ်ဆယ့်ခုနှစ်ဦး သေဆုံး (ဓာတ်ပုံသတင်း)​Border News Agencyဘန်ကောက်၊...
01/14/2026

ထိုင်းမှာ ကရိန်းပြုတ်ကျရာမှ ရထားနဲ့တိုက်မိပြီး ခရီးသည်နှစ်ဆယ့်ခုနှစ်ဦး သေဆုံး (ဓာတ်ပုံသတင်း)

​Border News Agency
ဘန်ကောက်၊ ဇန်နဝါရီ ၁၄။

​ထိုင်းနိုင်ငံ၊ စီခီယိုခရိုင် (Sikhiu) အတွင်းရှိ ရထားလမ်းပေါ်သို့ ဆောက်လုပ်ရေးကရိန်းတခုပြုတ်ကျရာမှ ခရီးသည်တင်ရထားနဲ့တိုက်မိပြီး လူနှစ်ဆယ့်ခုနှစ်ဦးသေဆုံးကာ ငါးဆယ့်ငါးဦးဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှ သိရပါတယ်။

ဘန်ကောက်မှ ဘွန်ရာချာဌာနီကို ဇန်နဝါရီလ ၁၄ ရက်၊ မနက် ၉ နာရီကျော်အချိန်မှာထွက်ခွာလာတဲ့ ခရီးသည်တရာ့နှစ်ဆယ်ပါရထားဟာ ဘန်သနွန်ကော့ဒ်ဘူတာအနီး လဲကျနေတဲ့ကရိန်းကို ဝင်တိုက်မိခဲ့တာပါ။

​အဲဒီကရိန်းဟာ အမြန်လမ်းကူးတံတားဆောက်လုပ်ရေးမှာ အသုံးပြုနေတာဖြစ်ပြီး ရထားလမ်းပေါ် ပြုတ်ကျနေတာကြောင့် လမ်းပိတ်နေချိန် ရထားကအရှိန်နဲ့ဝင်တိုက်မိကာ လမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရထားလမ်းချော်သွားတဲ့အပြင် အပေါ်ကဆောက်လုပ်ရေးပစ္စည်းတွေပါ ရထားပေါ် ပြုတ်ကျလာခဲ့ပြီး ဒုတိယရထားတွဲမှာ မီးလောင်မှုလည်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

​ရထားတွဲတွေဟာ အဲယားကွန်းတွဲတွေဖြစ်ပြီး လျှပ်စစ်အော်တိုတံခါးတွေ သုံးထားတာကြောင့် မတော်တဆဖြစ်ချိန်မှာ ပြတင်းပေါက်တွေကို လက်နဲ့ဖွင့်မရဘဲ ခရီးသည်အများအပြား ထွက်ပေါက်ပိတ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ​ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမရပ်ဝန်းအစီအစဉ် (BRI) အောက်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ ထိုင်း - တရုတ် အမြန်ရထားလမ်း (HSR) စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အဲဒီရထားလမ်းကို ၂၀၂၈ ခုနှစ်မှာ ဘန်ကောက်ကနေ လာအိုကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိချိတ်ဆက်နိုင်ဖို့ တည်ဆောက်နေတာဖြစ်ပါတယ်။

​ပုံစာ - ကရိန်းနဲ့တိုက်မိပြီးနောက် တိမ်းမှောက်သွားသည့်ရထားအား တွေ့ရစဉ်။ (ဓာတ်ပုံ - EPA)

Website - https://burmese.bnanews.net/photo-news/17667/

#​ထိုင်းနိုင်ငံ #စီခီယိုခရိုင် #ရထားလမ်း #ကရိန်းပြုတ်ကျ #သေဆုံး

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး KNU ဆီအလင်းဝင်Border News Agency ဖားအံ၊ ဇန်နဝါရီ ၁၄။ဖားအံခရိုင်၊ KNLA တပ်မဟာ ၇ နယ်မြေထဲကို...
01/14/2026

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး KNU ဆီအလင်းဝင်

Border News Agency
ဖားအံ၊ ဇန်နဝါရီ ၁၄။

ဖားအံခရိုင်၊ KNLA တပ်မဟာ ၇ နယ်မြေထဲကို စစ်ကော်မရှင်ရဲ့ ခမရ - ၅၄၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့တွေဖြစ်တဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် စည်သူဟိန်းနဲ့ အသက်နှစ်ဆယ့်​လေးနှစ်အရွယ် တပ်သားမောင်မောင်စိုးတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။

သူတို့ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကတည်းက လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

​အဲဒီတပ်သားနှစ်ဦးဟာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မဖမ်းဆီးတာကိုခံရပြီးနောက် စစ်မှုထမ်းဖို့ခိုင်းစေခံနေရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

​စစ်ကော်မရှင်တပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

Website - https://burmese.bnanews.net/news/17662/

#ဖားအံခရိုင် #တပ်မဟာ၇ #စစ်ကော်မရှင် #အလင်းဝင် #ကရင်အမျိုးသားအစည်းအရုံး

ပြည်သူသောင်းနဲ့ချီတက်ရောက်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပပြီးစီး (ဓာတ်ပုံသတင်း)Border News Agency မန်တုံ၊ ဇန...
01/14/2026

ပြည်သူသောင်းနဲ့ချီတက်ရောက်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပပြီးစီး (ဓာတ်ပုံသတင်း)

Border News Agency
မန်တုံ၊ ဇန်နဝါရီ ၁၄။

၆၃ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို တအာင်းပြည်၊ မန်တုံမြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြည်သူလူထုသောင်းနဲ့ချီပြီး စည်ကားခမ်းနားစွာကျင်းပခဲ့ကြတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

​အဲဒီအခမ်းအနားမှာ PSLF / TNLA တပ်ဖွဲ့ဝင်တွေရဲ့ ညီညာထက်မြက်တဲ့စစ်ရေးပြကွက်တွေနဲ့အတူ တအာင်းအမျိုးသားတွေရဲ့ စည်းလုံးမှုကိုဖော်ဆောင်တဲ့ အင်အားပြကွက်တွေကို မြင်တွေ့ခဲ့ရတာပါ။

​အဲဒီအပြင် ဒေသခံပြည်သူတွေကလည်း ရိုးရာဝတ်စုံတွေနဲ့အတူ ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြပြီး တအာင်းတော်လှန်ရေးအပေါ် လူထုရဲ့ ထောက်ခံအားပေးမှုကို အထင်အရှားပြသခဲ့ကြပါတယ်။

တအာင်းတမျိုးသားလုံးရဲ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မန်တုံမြို့မှာအောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့ တော်လှန်ရေးနေ့ရဲ့အမှတ်တရ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

Website - https://burmese.bnanews.net/photo-news/17638/

#တအာင်းအမျိုးသားတော်လှန်ရေးနေ့ #တအာင်းပြည် #မန်တုံမြို့ #ကျင်းပ

လယ်ဒိုစိုးမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးသေဆုံး (ဓာတ်ပုံသတင်း)Border News Agency ​မြိတ်၊ ဇန်နဝါရီ ၁၄။ကေ...
01/14/2026

လယ်ဒိုစိုးမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးသေဆုံး (ဓာတ်ပုံသတင်း)

Border News Agency
​မြိတ်၊ ဇန်နဝါရီ ၁၄။

ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရုံးကို ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၁ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်​နှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့ရပြီး အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားတဦး စုစုပေါင်းကိုးဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေနဲ့ အတုယောင်ရွေးကောက်ပွဲလုပ်လို့မရတဲ့ ဒေသတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

​ပြည်သူလူထုအတွင်း အကြောက်တရားဖြစ်ပေါ်စေဖို့အတွက် လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

Website - https://burmese.bnanews.net/photo-news/17626/

#ကေအဲန်ယူ #မြိတ်ထားဝယ် #လယ်ဒိုစိုး #စစ်ကော်မရှင် #လေကြောင်းတိုက်ခိုက်

ဖလမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်​Border News Agencyဖလမ်း၊ ဇန်နဝါရီ ၁၄။​ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟားခါး-ဖလမ်...
01/14/2026

ဖလမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

​Border News Agency
ဖလမ်း၊ ဇန်နဝါရီ ၁၄။

​ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟားခါး-ဖလမ်း လမ်းပိုင်းရှိလဲန်သဲ (Lente) ကျေးရွာကို ဇန်နဝါရီလ ၁၄ ရက်၊ ဒီနေ့မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီလဲန်သဲကျေးရွာကို ဒီနေ့ မနက်အစော ၁ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် RC ခရစ်ယာန်ဘုရားကျောင်းနဲ့ Revival Baptist Church (RBC) ဘုရားကျောင်းတို့ ပျက်စီးသွားသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီလဲန်သဲရွာဟာ ဟားခါး-ဖလမ်းကြားမှာရှိပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ဝေဘူလဘက်ကတက်လာတဲ့ စစ်ကော်ရှင််တပ်နဲ့ တော်လှန်ရေးတပ်တွေအပြန်အလှန် ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြတာကြာပြီဖြစ်လို့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူးလို့ဆိုကြပါတယ်။

အဲဒီအင်အားရာချီပါတဲ့ စစ်ကော်မရှင်စစ်တပ်ကြောင်းဟာ ဖလမ်းမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ လဲန်သဲရွာဘက်ကနေ ဖလမ်းမြို့ဘက်ကို စစ်ကြောင်းထိုးတက်လာနေတယ်လို့ သိရပါတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

Website - https://burmese.bnanews.net/news/17621/

​ #ချင်းပြည် #ဖလမ်းမြို့ #လမ်းပိုင်းရှိလဲန်သဲ #စစ်ကော်မရှင် #လေကြောင်း

01/14/2026

အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်တရားစွဲ

အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်တရားစွဲBorder News Agency ​တက္ကနပ်၊ ဇန်နဝါရီ ၁၄။​အာရက္ခတပ်တော် (AA) တိုက်ခိုက်လို့ ဘင်...
01/14/2026

အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်တရားစွဲ

Border News Agency
​တက္ကနပ်၊ ဇန်နဝါရီ ၁၄။

​အာရက္ခတပ်တော် (AA) တိုက်ခိုက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာတဲ့ အကြမ်းဖက်သမားငါးဆယ့်နှစ်ဦးကို တရားမဝင်ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်ပြီး အကျဉ်းထောင်သို့ ပို့လိုက်ပါတယ်။

အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းသမားတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုလှုံဖို့ပြေးဝင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီထဲက ဒဏ်ရာရထားသူတဦးကလွဲပြီး ကျန်တဲ့ငါးဆယ့်နှစ်ဦးကို တက္ကနပ်ရဲစခန်းက အမှုဖွင့်ကာတရားစွဲဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းအရင်းအမြစ်က ဆိုပါတယ်။

အာရက္ခ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ဇန်နဝါရီလ ၁၃ ရက်၊ နေ့က နှစ်နိုင်ငံနယ်စပ်၊ တက္ကနာ့ဖ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခအစိုးရ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအာရက္ခ - ဘင်္ဂလားနယ်စပ်မှာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအရေး ၊ နှစ်နိုင်ငံပြည်သူတွေ ဘေးကင်းလုံခြုံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရနေကြသလို မလုံခြုံမှုတွေကိုခံစားနေကြရတာမို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ပြုလုပ်နေကြပါတယ်။

အဲဒါကြောင့်အာရက္ခတပ်တော်ဟာ အာရက္ခ - ဘင်္ဂလားနယ်စပ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး အကြမ်းဖက်နှိမ်နင်းရေးတွေပြုလုပ်နေပါတယ်။

Website - https://burmese.bnanews.net/news/17615/

​ #အာရက္ခတပ်တော် #ဘင်္ဂလားဒေ့ရှ် #အကြမ်းဖက်သမား #တရားမဝင်ကျူးကျော် #ဖမ်းဆီးတရားစွဲ

01/14/2026

"ခု အကြမ်းဖက်အဖွဲ့တွေပြောတာက ရုံးအဆင်းမှာ ငါတို့အဲဒီကို တိုက်ဖို့သွားခဲ့တယ်ဆိုပြီးပြောတယ်။"

Address

626 Eldrid Drive
Silver Spring, MD
20904

Alerts

Be the first to know and let us send you an email when Border News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share