The Arakan Express News

The Arakan Express News News, Intelligence, Investigation The Arakan Express News is a local media agency with wide coverage of citizen journalists from Rakhine State.

We report true and accurate news from hard to reach people. We tell stories with a firm stand with on humanity, independence and accountability.

တူရကီနဲ့ ယူကေ Eurofighter သဘောတူညီချက်နဲ့ ပူးပေါင်းကာကွယ်ရေး အစီအစဥ်အသစ်များ စတင်ဖွင့်လှစ်အောက်တိုဘာ ၃၁ ၊ AENတူရကီသမ္မတ ...
31/10/2025

တူရကီနဲ့ ယူကေ Eurofighter သဘောတူညီချက်နဲ့ ပူးပေါင်းကာကွယ်ရေး အစီအစဥ်အသစ်များ စတင်ဖွင့်လှစ်

အောက်တိုဘာ ၃၁ ၊ AEN

တူရကီသမ္မတ အာဒိုဂန်က ယူနိုက်တက်ကင်းဒမ်းနဲ့ သဘောတူခဲ့တဲ့ Eurofighter Typhoon စာချုပ်ဟာ အနာဂတ် ပူးပေါင်းကာကွယ်ရေး စီမံကိန်းအသစ်တွေ ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည့်ကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အာဒိုဂန်က အဆိုပါ သဘောတူညီချက်ကို တူရကီနဲ့ ယူကေ အကြား မဟာဗျူဟာမြောက်ဆက်ဆံရေး ပိုမိုနက်နဲလာမှုအတွက် မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ပြီး အနာဂတ်မှာ ပူးပေါင်းကာကွယ်ရေးလုပ်ငန်းတွေ အတူတကွ ဆောင်ရွက်နိုင်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ယူကေဝန်ကြီးချုပ် ကီးယာ စတာမားနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဂါဇာအပစ်ရပ်သဘောတူညီချက်ကို ထိန်းသိမ်းရမယ့် တာဝန်ကြီးမားပြီး အစ္စရေးအစိုးရကို ထိန်းချုပ်ဖို့ လိုအပ်ကြောင်းကို အလေးအနက်ထား ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် တူရကီအစိုးရက ယူကေရဲ့ ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုမှုကို ချီးကျူးခဲ့ပြီး နှစ်နိုင်ငံဖြေရှင်းနည်း အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးခြေလှမ်း ဖြစ်တယ်လို့ နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရပါတယ်။

The Arakan Express News

ဘူးသီးတောင်နဲ့ မောင်တောမှာ AA က ရိုဟင်ဂျာလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်နေအောက်တိုဘာ ၃၁ ၊ AENရခိုင်ပြည်နယ် ဘူ...
31/10/2025

ဘူးသီးတောင်နဲ့ မောင်တောမှာ AA က ရိုဟင်ဂျာလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်နေ

အောက်တိုဘာ ၃၁ ၊ AEN

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာပြည်သူတွေထဲက အသက်မပြည့်သေးတဲ့ လူငယ်တွေကိုပါ စစ်မှုထမ်းအဖြစ် Arakan Army (AA) က အတင်းအဓမ္မ ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

AA က ရပ်ကွက်နဲ့ ကျေးရွာအလိုက် ကွင်းဆင်းပြီး လိုအပ်တဲ့ စစ်အင်းအားအတွက် စည်းရုံးဆွဲဆောင်နေသော်လည်း ရိုဟင်ဂျာပြည်သူတွေက စိတ်ဝင်စားမှုနည်းကာ AA ဆီစစ်မှုထမ်းကြတဲ့ အချို့ ရိုဟင်ဂျာတပ်သားတွေကိုလည်း ရခိုင်တပ်သားတွေနဲ့ အတူမထားပဲ “AAP” နာမည်နဲ့ သီးသန့်ဌာနတစ်ခုအဖြစ် ထားရှိတယ်လို့ သိရပါတယ်။

ရွက်ညိုတောင်နဲ့ မြောက်ရွာမှာ တည်ဆောက်ထားတဲ့ “AAP” ဌာနထဲမှာ ရိုဟင်ဂျာတပ်သားတွေကို သီးသန့်စုဆောင်းထားပြီး စာရွက်နီကပ်ထားတဲ့ အိမ်တွေကို သိမ်းပိုက်နေသလို စာရွက်နီမကပ်ထားတဲ့ ရိုဟင်ဂျာအိမ်တွေကို ရခိုင်ပြည်သူတွေကို ပေးနေထိုင်နေကာ ဒါ့အပြင် အဆိုပါရွာတွေက ရှေ့ဟောင်းဗလီနှစ်လုံးလည်း ဖြိုချဖျက်ဆီးခံရတယ်လိို့ ဒေသခံတွေက ဆိုပါတယ်။

သွားလာရေးအနေနဲ့လည်း ရိုဟင်ဂျာလူမျိုးတွေကိုသာ ပစ်မှတ်ထားပြီး ထောက်ခံစာ မရှိပဲ သွားလာခွင့်မပြုတာတွေ ဖြစ်ပွားနေပြီး အချို့ကတော့ မောင်တောမြို့ကို ဆေးကုသဖို့ သွားချင်ပေမဲ့ စစ်ဆေးရေးဂိတ်မှာ အကြောင်းအမျိုးမျိုးနဲ့ တားဆီးခံနေရတယ်လို့ ဒေသခံတွေရဲ့ တင်ပြလာချက်အရ သိရပါတယ်။

ဒေသခံတချို့က AA ဟာ အသက် ၁၄ နှစ်မှ ၃၅ နှစ်အထိ လူငယ်အားလုံးကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်နေပြီး မလိုက်နာသူတွေကို ဖမ်းဆီးနေကြတယ်လို့ ပြောကြပြီး ဒေသအတွင်း အုပ်ချုပ်မှုမှာလည်း အထက်အောက် မညီအောင် ဖြစ်နေတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

The Arakan Express News

အာလက်စကာ ငြိမ်းချမ်းရေးသဘောတူညီချက် ထရမ့် ဖောက်ဖျက်ဟု ရုရှားဆိုအောက်တိုဘာ ၃၀ ၊ AENရုရှားနိုင်ငံခြင်းရေးဝန်ကြီး စာဂျေး လာ...
30/10/2025

အာလက်စကာ ငြိမ်းချမ်းရေးသဘောတူညီချက် ထရမ့် ဖောက်ဖျက်ဟု ရုရှားဆို

အောက်တိုဘာ ၃၀ ၊ AEN

ရုရှားနိုင်ငံခြင်းရေးဝန်ကြီး စာဂျေး လာဗရော့က အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာခြင်းကြောင့် အာလက်စကာညီလာခံမှာ သဘောတူခဲ့တဲ့ အခြေခံ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လက်လွတ်သွားနေတယ်လို့ ယမန်နေ့ညက စွတ်စွဲပြောဆိုလိုက်ကြောင်း သိရပါတယ်။

လာဗရော့က ဟန်ဂေရီနိုင်ငံက Ultrahang ဆိုတဲ့ YouTube ချန်နယ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ထရမ့်ဟာ အာလက်စကာညီလာခံမှာ တစ်ခါတည်း တည်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ကို ရည်ရွယ်ခဲ့တာဖြစ်ပြီး ယခုလို ချက်ချင်းအပစ်ရပ်ဖို့ ပြောင်းသွားတာဟာ အံဲသြစရာ ဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါညီလာခံကို ရုရှားသမ္မတ ပူတင်ကလည်း သဘောတူခဲ့ပြီး အဆိုပါသဘောတူညီချက်တွေကို နောင်လာမယ့် ဆွေးနွေးမှုတွေအတွက် အခြေခံအနေနဲ့ လက်ခံထားတယ်လို့ လာဗရော့က ပြောပြီး ထရမ့်ရဲ့ သဘောထားပြောင်းလဲမှုဟာ ယူကရိန်းကြောင့် စစ်ရေးအကျိုးရှိနေတဲ့ ဥရောပနိုင်ငံတွေရဲ့ ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ ထပ်မံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထရမ့်က ယူကရိန်းအပေါ် မကြာသေခင်းက ဗုံးကြဲခဲ့တဲ့ ရုရှားကို ဝေဖန်ပြီး ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်ခဲ့ကာ ရုရှားက ငြိမ်းချမ်းရေးအပြီးသတ် သဘောတူညီချက်မတိုင်မီ အပစ်ရပ်သင့်ကြောင်း ဆက်လက်ဖိအားပေး ပြောဆိုနေတယ်လို့ သိရပါတယ်။

The Arakan Express News

စစ်ကောင်စီနဲ့ တအာင်းတပ် (TNLA) တို့ တရုတ်ညှိနှိုင်းမှုနဲ့ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးအောက်တိုဘာ ၃၀ ၊ AENရှမ်းပြည်မြောက်ပ...
30/10/2025

စစ်ကောင်စီနဲ့ တအာင်းတပ် (TNLA) တို့ တရုတ်ညှိနှိုင်းမှုနဲ့ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုး

အောက်တိုဘာ ၃၀ ၊ AEN

ရှမ်းပြည်မြောက်ပိုင်းမှာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ တအာင်းအဖွဲ့ (TNLA) တို့အကြား တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA ရဲ့ အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ညှိနှိုင်းပေးမှုနဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေက တရုတ်နိုင်ငံကူမင်းမြို့မှာ PSLF/TNLA ဖက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဖက်က NSPNC ကိုယ်စားလှယ်အဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ ဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။

သဘောတူညီချက်အတိုင်း TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ တပ်အင်အားတွေ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း တအာင်းဒေသအတွင်း လေကြောင်းဗုံးကြဲခြင်းနဲ့ ထိုးစစ်ဆင်ရေးတွေ မပြုလုပ်ဘူးလို့ ကတိပေးထားကြောင်း သိရပါတယ်။

အဆိုပါ အပစ်ရပ်သဘောတူညီချက်မတိုင်မီ စစ်ကောင်စီလေတပ်က TNLA ထိန်းချုပ်နယ်မြေတွေကို ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ ဖြစ်လာတဲ့ ဤအပစ်ရပ်သဘောတူညီချက်ဟာ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေလျော့နည်းလာစေနိုင်တယ်လို့ မျှော်လင့်နေကြသော်လည်း သဘောတူညီချက်အကောင်အထည်ဖော်မှုအတွက် လက်ကျန်နယ်မြေအခြေအနေတွေပေါ် မူတည်နေတယ်လို့ စစ်ရေးကျွမ်းကျင်တွေက သုံးသပ်နေကြတယ်လို့ သိရပါတယ်။

The Arakan Express News

အမေရိကန်နှင့် ဂျပန် “ရွှေရောင်ခေတ်သစ်” မဟာဗျူဟာ သဘောတူညီချက် လက်မှတ်ရေးထိုးအောက်တိုဘာ ၂၉ ၊ AENအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ...
29/10/2025

အမေရိကန်နှင့် ဂျပန် “ရွှေရောင်ခေတ်သစ်” မဟာဗျူဟာ သဘောတူညီချက် လက်မှတ်ရေးထိုး

အောက်တိုဘာ ၂၉ ၊ AEN

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဂျပန် ဝန်ကြီးချုပ် ဆာနအေ တာကာအိချိ တို့ဟာ အောက်တိုဘာ ၂၈ ရက်နေ့က တိုကျိုမြို့မှ သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေအရ သိရပါတယ်။

ဒီသဘောတူညီချက်ကို “အမေရိကန်-ဂျပန် မဟာမိတ် ရွှေရောင်ခေတ်သစ်” လို့ အမည်တပ်ထားပြီး အဓိကအားဖြင့် မြေရှားဓါတ်ငွေ့တွေ(rare earths)၊ အရေးကြီးဓါတ်တောက်ပစ္စည်းတွေ(critical minerals) နဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေ (advanced technologies) အပေါ် ပူးပေါင်းဆောင်ရွက်မယ့် ရင်းနှီးမြုပ်နှံမှု အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

သဘောတူညီချက်အရ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေး ပူးပေါင်းဆက်ဆံရေးတွေကို တိုးချဲ့သွားမှာဖြစ်ပြီး နည်းပညာအလွှဲအပြောင်း၊ စွမ်းအင်သုံးစွဲမှု၊ ထုတ်လုပ်မှုကဏ္ဍတွေမှာလည်း တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ နှစ်နိုင်ငံအတွက် စီးပွားရေးတိုးတက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် အရေးပါတဲ့ မဟာဗျူဟာတစ်ခုအဖြစ် သတ်မှတ်ထားပြီး သုတေသနပညာ၊ နည်းပညာတိုးတက်မှုနဲ့ စွမ်းအင်လုံခြုံရေးကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ အိမ်ဖြုတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

The Arakan Express News

ပူတင်ဟာ ဒုံးကျည်မစမ်းပဲ စစ်ပွဲရပ်သင့်တယ်လို့ ဒေါ်နယ်လ်ထရမ့်ဆိုအောက်တိုဘာ ၂၉ ၊ AENအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားသမ္...
29/10/2025

ပူတင်ဟာ ဒုံးကျည်မစမ်းပဲ စစ်ပွဲရပ်သင့်တယ်လို့ ဒေါ်နယ်လ်ထရမ့်ဆို

အောက်တိုဘာ ၂၉ ၊ AEN

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်နေမယ့်အစား ယူကရိန်းစစ်ပွဲကို အရင်ဆုံး အဆုံးသတ်သင့်တယ်လို့ သတိပေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ထရမ့်က အောက်တိုဘာ ၂၇ ရက်နေ့က မလေးရှားနိုင်ငံကနေ အမေရိကန်ကို ပြန်လည်ထွက်ခွာစဉ် Air Force One လေယာဉ်ပေါ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်စဉ် အဆိုပါအကြောင်းအရာကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

သမ္မတထရမ့်ရဲ့ ယင်းအဆိုဟာ မိုင် ၈၀၀၀ ကျော်အကွာအဝေးထိ ပစ်ခတ်နိုင်တယ်လို့ ဆိုကြတဲ့ Burevestnik ခရုဇ်ဒုံးကျည် အသစ်ကို ရုရှားက စမ်းသပ်ပစ်ခတ်ခဲ့တဲ့ အပေါ် သတင်းထောက်တွေမေးမြန်းရာကနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ထရမ့်က အမေရိကန်ရဲ့ အကောင်းဆုံး နျူကလီးယားရေငုပ်သင်္ဘောတွေဟာ ရုရှားကမ်းရိုးတန်းအနီးမှာပဲ ရှိနေပြီး မိုင်ရှစ်ထောင်ခန့် ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေ မလိုအပ်ဘူးလို့ ပြောဆိုခဲ့တဲ့အပြင် အမေရိကန်ကလည်း ရည်မှန်းထားတဲ့ စမ်းသပ်မှုတွေ အများကြီး ရှိတဲ့အတွက် ပူတင်အနေနဲ့ ဒုံးကျည် စမ်းသပ်နေခြင်းကို ဂုဏ်ယူစရာ မလိုဘူးလို့ ဝေဖန်ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထရမ့်က တစ်ပတ်အတွင်း ပြီးဆုံးသင့်တဲ့ ယူကရိန်းစစ်ပွဲဟာ လေးနှစ်ထဲ ထိ ရှည်လျားလာပြီး ဒုံးကျည် စမ်းသပ်နေမယ့်အစား ပူတင်အနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ ဦးစားပေးသင့်တယ်လို့ အဆုံးသတ် ပြောကြားခဲ့ကြောင်း သိရပါတယ်။

The Arakan Express News

ဘူးသီးတောင်တွင် AA အဖွဲ့က ရိုဟင်ဂျာများကို နေရပ်ပြန်ခွင့် ပြုဖို့ စာရင်းကောက်ခံနေအောက်တိုဘာ ၂၉ ၊ AENရခိုင်ပြည်နယ် ဘူးသီး...
29/10/2025

ဘူးသီးတောင်တွင် AA အဖွဲ့က ရိုဟင်ဂျာများကို နေရပ်ပြန်ခွင့် ပြုဖို့ စာရင်းကောက်ခံနေ

အောက်တိုဘာ ၂၉ ၊ AEN

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်နဲ့ ရွာမကျေးရွာတွေက ဒေသခံ ရိုဟင်ဂျာ​တွေရဲ့ မူလနေရာကို ပြန်သွားခွင့်ပေးဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က အိမ်ထောင်စုအလိုက် စာရင်းကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

AA တာဝန်ရှိသူတွေက ရိုဟင်ဂျာဒေသခံတွေရဲ့ မူလနေရာကို ပြန်သွားခွင့်ကို ယခင်လကတည်းက အတည်ပြုခဲ့ပြီး ယခုအခါ ဒေသခံအများစုက မိမိတို့ မူလနေရာကို ပြန်သွားဖို့ စိုင်းပြင်းနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ စစ်ပွဲကြီး မတိုင်မီကတည်းက စိန်ညှင်းပြင်ရွာအနီးမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံအများအပြားက ယခုအခါ မူလနေရပ်ကို ပြန်သွားနိုင်ဖို့ အလားအလာ ပေါ်ပေါက်လာခြင်းအတွက် ပျော်ရွှင်ကြည်နူးရနေရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

AA ရဲ့ ဤကဲ့သို့ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်မှုဟာ တိုက်ပွဲပြီးနောက် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ပြီး မီးလောင်ဖျက်ဆီးခံရတဲ့ အိမ်နဲ့ အနာဂတ် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို ပြန်လည်တည်ဆောက်ဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

The Arakan Express News

အမေရိကန်အပေါ် ယုံကြည်ဖို့ခက်တယ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောအောက်တိုဘာ ၂၈ ၊ AENအီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အ...
28/10/2025

အမေရိကန်အပေါ် ယုံကြည်ဖို့ခက်တယ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

အောက်တိုဘာ ၂၈ ၊ AEN

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရပ်ဂျ်ချီက အမေရိကန်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အတွေ့အကြုံမရှိခဲ့တာကြောင့် အမေရိကန်ကို ယုံကြည်မှုရှိဖို့ ခက်ခဲနေကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က အီရန်အစိုးရသတင်းဌာနတစ်ခုနဲ့ မေးမြန်းခန်းပြောကြားချက်အရ သိရပါတယ်။

အာရပ်ဂျ်ချီက အီရန်ဖက်မှ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ရိုးသားစွာ ကြိုးပမ်းခဲ့သော်လည်း အမေရိကန်ဖက်ကနေ အပြုသဘောဆောင်တဲ့တုန့်ပြန်မှု မရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အခြေခံယုံကြည်မှု မရှိသေးကြောင်းကိုလည်း ထပ်မံပြောကြားခဲ့တယ်လို့ သိရပါတယ်။

၎င်းက အမေရိကန်ရဲ့ လွှမ်းမိုးလိုတဲ့ သဘောထားတွေကို စွန့်လွှတ်နိုင်မှသာ အပြန်အလှန်လေးစားမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်နိုင်မယ်လို့ ပြောခဲ့ပြီး တန်းတူအခွင့်အရေးနဲ့ အပြန်အလှန်အကျိုးရှိတဲ့ သဘောတူညီချက်တစ်ခု ရှာဖွေဖို့ အမေရိကန်ဖက်က အသင့်ဖြစ်နေပါက အီရန်ဖက်ကလည်း အသင့်ဖြစ်နေမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အာရပ်ဂျ်ချီက အီရန်ရဲ့ လုံခြုံရေးမူဝါဒအတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှု မပါဝင်ကြောင်းနဲ့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်လို့ နိဂုံးချုပ် အာမခံ ထပ်မံပြောကြားခဲ့တယ်လို့ သိရပါတယ်။

The Arakan Express News

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ရပ်တန့်အောင် ထရမ့်က ကုလထက် ကောင်းအောင် လုပ်ခဲ့ဟုဆိုအောက်တိုဘာ ၂၈ ၊ AENမလေးရှားနိုင်ငံမှာ ကျင...
28/10/2025

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ရပ်တန့်အောင် ထရမ့်က ကုလထက် ကောင်းအောင် လုပ်ခဲ့ဟုဆို

အောက်တိုဘာ ၂၈ ၊ AEN

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပဋိပက္ခကို ရပ်တန့်အောင် ပြုလုပ်နိုင်ခဲ့ကြောင်းကို ဂုဏ်ယူပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားမှာ ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထရမ့်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုပဋိပက္ခတွေကို ရပ်တန့်သွားအောင် အာဆီယံဥက္ကဋ္ဌ မလေးရှား ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့ အချိန်နဲ့အမျှ ဖုန်းခေါ်ဆိုမှု အများအပြား ပြုလုပ်ခဲ့ပြီး ဆက်တိုက် ဆက်သွယ်ညှိနှိုင်းခဲ့ကြောင်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထရမ့်က ကုလသမဂ္ဂထက် အဆပေါင်းများစွာ သာလွန်အောင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးအထူးကျွမ်းကျင်သူဖြစ် ဂုဏ်ယူပြောကြားခဲ့ပြီး မလေးရှားရဲ့ ကြားဝင် ကူညီပေးမှုကလည်း အရေးပါကြောင်းကို အသိအမှတ်ပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အကြမ်းဖက်အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသခံတွေ ထွက်ပြေးနေရကာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုက ဒေသတွင်း တည်ငြိမ်မှုအတွက် အရေးပါတဲ့အဆင့်တစ်ခု ဖြစ်လာနိုင်ကြောင်းကို ကျွမ်းကျင်သူတွေက သုံးသပ်နေကြတယ်လို့ သိရပါတယ်။

The Arakan Express News

AA တပ်ဖွဲ့များ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ဆေးမှုများ ဆောင်ရွက်–ရိုဟင်ဂျာ တစ်ဦးအား မတရားဖမ်းဆီးခေါ်ဆောင်သွားအေ...
28/10/2025

AA တပ်ဖွဲ့များ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ဆေးမှုများ ဆောင်ရွက်
–ရိုဟင်ဂျာ တစ်ဦးအား မတရားဖမ်းဆီးခေါ်ဆောင်သွား

အောက်တိုဘာ ၂၈ ၊ AEN

မောင်တောမြို့နယ် မြောက်ပိုင်း သူဦးလာနဲ့ ဒါးကြီးစား ကျေးရွာအုပ်စုတွေကို ယမန်နေ့ ညနေပိုင်းက (AA)အဖွဲ့ အင်အား ၁၀၀ လောက်နဲ့ ဝန်းရံ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။

သူဦးလာကျေးရွာက လူတွေကို စာသင်ကျောင်းမှာ စုခိုင်းထားပြီး AA တပ်ဖွဲ့ဝင်တွေက လူ အပါအဝင် အိမ်တွေပါ စစ်ဆေးပြီး သရက်အုပ် ဒါးကြီးစားကျေးရွာက မာမတ်တောယုပ် (ဘ) အဘုလ်ဟူဆိန်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

အဆိုပါ စစ်ဆေးမှုတွေကို မောင်တောမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေမှာ ယခင်ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ပြုတ်ချပြီး အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ AA ဘက်တော်သား ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒေသခံတွေအနေနဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဥ်ရက်ဆက် ပြုလုပ်နေတဲ့ မတရားမှုတွေအတွက် စိုးရိမ်ပူပန်နေပြီး လက်ရှိ လူအခွင့်အရေး ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ပျက်ပြားစေနေတဲ့ အောက်ခြေ AA တပ်ဖွဲ့တွေကို တားဆီး အရေးယူပေးဖို့ AA ရဲ့ အဆင့်မြင့် အရာရှိတွေ အပါအဝင် နိုင်ငံတကား အသိုင်းအဝိုင်းကိုလည်း တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

The Arakan Express News

အစ္စရေး တရားမဝင် နေထိုင်သူတွေရဲ့တိုက်ခိုက်မှုကြောင့် ပါးလက်စတိုင် ၁၀ ဦး ဒဏ်ရာရအောက်တိုဘာ ၂၇ ၊ AENအစ္စရေး အစိုးရရဲ့ ခွင့်...
27/10/2025

အစ္စရေး တရားမဝင် နေထိုင်သူတွေရဲ့တိုက်ခိုက်မှုကြောင့် ပါးလက်စတိုင် ၁၀ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၇ ၊ AEN

အစ္စရေး အစိုးရရဲ့ ခွင့်ပြုချက်မရှိပဲ နေထိုင်နေတဲ့ အစ္စရေးအမျိုးသား တစ်ချို့က ပါလက်စတိုင်းလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အကြမ်းဖက် အစ္စရေး ဧည့်နိုင်ငံသားတွေက ပါလက်စတိုင်း လယ်ယာစိုက်ပျိုးသူတွေကို သေနတ်၊ တုတ်နဲ့ ခွေးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တစ်ချို့လယ်သမားတွေ အသက်လု ပြေးခဲ့ရပြီး အချို့ကို လယ်ယာစိုက်ပျိုးခွင့် ပိတ်ပင် တားမြစ်ခဲ့တယ်လို့ ဒေသခံအဖွဲ့ဥက္ကဌရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါအပြင် ရမလာမြို့အနီးမှာလည်း တရားမဝင် နေထိုင်တဲ့ လက်နက်ကိုင်အစ္စရေးအဖွဲ့ဝင်တွေက ပါလက်စတိုင်း မိသားစုအချို့ကို တုတ်၊ ကျောက်တွေနဲ့ ပစ်ခတ်ခဲ့ကြလို့ အမျိုးသမီးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရခဲ့ပြီး တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်ကာ လူငယ်တွေကို ဖမ်းဆီးခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အစ္စရေးက ပါလက်စတိုင်းလယ်ယာနဲ့ ပစ္စည်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ယခုအချိန်ထိ ၇၀၀၀ ကျော် ပြုလုပ်ထားပြီး ပွင့်လင်းရာသီကာလအတွင်းသာပင် စုစုပေါင်း ၁၅၈ ကြိမ် အကြမ်းဖက်ခဲ့တယ်လို့ သိရပါတယ်။

The Arakan Express News

ဥရောပက အမေရိကန်-ရုရှား ဆက်ဆံရေး ဖျက်ဆီးဖို့ ကြိုးပမ်းနေဟု ရုရှားအထူးကိုယ်စားလှယ်ဆိုအောက်တိုဘာ ၂၇ ၊ AENအမေရိကန်ကို ရောက်ရ...
27/10/2025

ဥရောပက အမေရိကန်-ရုရှား ဆက်ဆံရေး ဖျက်ဆီးဖို့ ကြိုးပမ်းနေဟု ရုရှားအထူးကိုယ်စားလှယ်ဆို

အောက်တိုဘာ ၂၇ ၊ AEN

အမေရိကန်ကို ရောက်ရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အထူးကိုယ်စားလှယ် ကီရီ ဒီမီထရိုက်ဗ်က ရုရှားဟာ ယူကရိန်း ပဋိပက္ခကို သံတမန်နည်းလမ်းနဲ့ အမြန်ဆုံး အဆုံးသတ်ချင်တယ်လို့ ပြောကြားခဲ့ပြီး တစ်ခြားတစ်ဖက်က ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေကတော့ စစ်ပွဲ ဆက်ဖြစ်အောင်သာ မျှော်မှန်းနေကြတယ်လို့ ဖြစ်တင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ ငြိမ်းချမ်းရေးလိုချင်ပေမဲ့ ဥရောပဟာ အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးပမ်းနေပြီး ယူကရိန်းနဲ့ စစ်ရေးစာချုပ်ပေါင်းများစွာ ချုပ်ဆိုထားတဲ့ ဥရောပနိုင်ငံတွေက စီးပွားရေး အကျိုးအမြတ်အတွက် စစ်ပွဲ ဆက်ဖြစ်ရေးကို ထောက်ခံနေကြတယ်လို့ ဒီမီထရိုက်ဗ်က ပြောဆို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန် တို့အကြား ဟန်ဂေရီမှာ ကျင်းပဖို့ ရှိတဲ့ ထိပ်သီးဆွေးနွေးပွဲကိုပင် ဥရောပဖက်က ပျက်ပြားအောင် ကြိုးပမ်းခဲ့ကြတယ်လို့ အထူးကိုယ်စားလှယ်က ထပ်မံပြောကြား ဖော်ပြခဲ့ပါတာ ဖြစ်ပါတယ်။

အမေရိကန်က ရုရှား ရေနံကုမ္ပဏီကြီး ၂ ခုအပေါ် ပိတ်ဆို့ အရေးယူခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ပူတင်နဲ့ ဟန်ဂေရီမှာ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းအတွက် ဒီမီထရိုက်ဗ်က နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးဖို့အတွက် အမေရိကန်ကို ရောက်ရှိနေတယ်လို့ ရုရှားသတင်းတွေအရ သိရပါတယ်။

The Arakan Express News

Address

Maungdaw

Alerts

Be the first to know and let us send you an email when The Arakan Express News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Arakan Express News:

Share