မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ

  • Home
  • Myanmar
  • Mawlamyine
  • မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ

မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ မွန်ပြည်နယ် သတင်းစုံ

07/10/2025
ယနေ့ ည မော်လမြိုင် တောင်ဝိုင်း ကန်တော်ကြီး
07/10/2025

ယနေ့ ည မော်လမြိုင် တောင်ဝိုင်း ကန်တော်ကြီး


သီတင်းကျွတ်လပြည့်နေ့ ညနေ ၆:၃၀ အချိန် တွင် မော်လမြိုင် တောင်ဝိုင်းကန်တော်ကြီး၌ မီးပုံးပျံ လွှတ် ပူဇော်ပွဲ၊ မီးမျှော ပူဇော...
03/10/2025

သီတင်းကျွတ်လပြည့်နေ့ ညနေ ၆:၃၀ အချိန် တွင် မော်လမြိုင် တောင်ဝိုင်းကန်တော်ကြီး၌ မီးပုံးပျံ လွှတ် ပူဇော်ပွဲ၊ မီးမျှော ပူဇော်ပွဲ နှင့် စတုဒီသာအလှူတော်များ ကျင်းပပြုလုပ်ပါမည်။
မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ
ပရိုင်မန်+သုခုမမန်

ကမာဝက်မြို့၊မုဒုံမြို့နယ် တော်သလင်း လပြည့်နေ့ မွန်ရိုးရာ ဆွမ်းတော် ကြီး ကပ်လှူပူဇော်ပွဲ…🙏🙏🙏6.9.2025Photo - Kamawet/ Mudo...
06/09/2025

ကမာဝက်မြို့၊မုဒုံမြို့နယ်

တော်သလင်း လပြည့်နေ့

မွန်ရိုးရာ ဆွမ်းတော် ကြီး ကပ်လှူပူဇော်ပွဲ…🙏🙏🙏

6.9.2025

Photo - Kamawet/ Mudon Information
မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ
ပရိုင်မန်+သုခုမမန်

မြန်မာနိုင်ငံရဲ့အရှည်ဆုံးကမ်းနားလမ်းဘယ်မြို့ကလဲ 🤫မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံပရိုင်မန်+သုခုမမန်
11/06/2025

မြန်မာနိုင်ငံရဲ့အရှည်ဆုံးကမ်းနားလမ်း
ဘယ်မြို့ကလဲ 🤫
မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံ
ပရိုင်မန်+သုခုမမန်

Pa Auk - YoGo ဖားအောက် ရိုးဂိုး ဖားအောကျရိုးဂိုး
02/06/2025

Pa Auk - YoGo ဖားအောက် ရိုးဂိုး ဖားအောကျရိုးဂိုး

ဖုန်းဆက်အကူအညီတောင်းသံ၊ ပိုက်ဆံ သိန်း(၃၀)ခန့် ၀တ်ထားတဲ့ ရွှေထည်တွေနဲ့ အတူ ပျောက်ဆုံးနေတဲ့ မော်လမြိုင်က လူပျောက်မှု အပြည်...
06/05/2025

ဖုန်းဆက်အကူအညီတောင်းသံ၊ ပိုက်ဆံ သိန်း(၃၀)ခန့်
၀တ်ထားတဲ့ ရွှေထည်တွေနဲ့ အတူ ပျောက်ဆုံးနေတဲ့
မော်လမြိုင်က လူပျောက်မှု အပြည့်အစုံ

ပျောက်ဆုံးသူအမည် - မသန်းသန်းစိုး
အသက် - (၃၆)နှစ် (အိမ်ထောင်ရှိ)
အလုပ်အကိုင်- အိမ်ခြံမြေ အရောင်း၀ယ်အကျိုးဆောင်
ရွှေမြိုင်သီရိရပ် ရွှေမြိုင်သုခပရဟိတအဖွဲ့ အတွင်းရေးမှုး

နေရပ် -အမှတ်(၂၁၃)၊ ပုလဲသွယ်လမ်း၊ လမုတန်းရပ်၊
ရွှေမြိုင်သီရိရပ်ကွက်၊ မော်လမြိုင်မြို့။

လူပျောက်မှုဖြစ်စဥ်
==============
(3.5.2025) နံနက် (၇)နာရီ အချိန်ခန့်မှာ ပျောက်ဆုံးနေသူ
မသန်းသန်းစိုး ၏ နေအိမ်သို့ အမျိုးသမီးတစ်ဦးရောက်လာပြီး တိုက်ခန်းတခန်း ၀ယ်ချင်လို့ လိုက်ပြဖို့ လာခေါ်သွားကြောင်း

(မှတ်ချက်။ ။ မသန်းသန်းစိုး မှာ အိမ်ခြံမြေ အဌား/အ၀ယ်
အရောင်း ပွဲစားလဲလုပ်ပြီး ရွှေမြိုင်သီရိရပ်ကွက်က
ရွှေမြိုင်သုခ ပရဟိတအဖွဲ့မှာလဲ အတွင်းရေးမှုးဟုဆိုပါသည်)

ထိုသို့ အမည်မသိအမျိုးသမီးတဦးမှ လာခေါ်သွားပြီးနောက်
တနေ့လုံး ပြန်ရောက်မလာပဲ ညနေ (၅)နာရီခန့်တွင် ဖုန်း၀င်
လာပြီးနောက် ဖုန်းထဲမှ
" ကယ်ကြပါဦး .. ဘဲကုန်းစျေးဘက်မှာ ကျွန်မကို
တိုက်ခန်းထဲ လူ(၄)ယောက် တိုက်ခန်းထဲပိတ်ပြီး ပစ္စည်း
လုနေကြတယ် .. ၀ိုင်း -တ် နေကြပါတယ် " ဆိုပြီး
ဖုန်း၀င်လာပြီးနောက် ဖုန်းစက်ပိတ်သွားပြီး အဆက်အသွယ် လုံး၀ပြတ်သွားကြောင်း

၄င်းဖုန်း၀င်လာပြီးနောက် မသန်းသန်းစိုး ၏ ခင်ပွန်းမှ
ဘဲကုန်းစျေးဘက်မှ ရာအိမ်မှုးတွေကို အကြောင်းကြားပြီး
လိုက်ပတ်ရှာကြကြောင်း
ရဲစခန်း မှာလည်း ဖြစ်စဥ်ကို ပြောပြ၍ လူပျောက်အမှုဖွင့်
တိုင်ထားကြောင်း၊

နေ့စဥ် လိုက်လံရှာဖွေစုံစမ်းသော်လည်း (3.5.2025) မှ
(6.5.2025)ထိ မည်သည့်သတင်းအစအနမှ မရသလို
ယခုချိန်ထိ ဘာမှ ထူးခြားမလာ၍

ရပ်ကွက်ထဲမှ လူကြီးများနှင့် ပြည်သူများမှ
ကိုဇင်မိုး ထံသို့ သွား၍ လူမှုကွန်ယက်မှတဆင့်
လူပျောက်တင်၍ ပြည်သူများထံမှ အကူအညီတောင်းရန်
အကြံပေးကြသဖြင့် ကျွန်တော်ထံသို့ ယခုဖြစ်စဥ်အား
ပြောပြ၍ အကူအညီတောင်းခံလာ၍
ယခု လူပျောက်မှုဖြစ်စဥ်အား အသေးစိတ် အစအဆုံး
မေးမြန်း၍ လူပျောက် အကူအညီတောင်းခံပေးရခြင်း
ဖြစ်ပါသည်။

ပျောက်ဆုံးနေတဲ့ မသန်းသန်းစိုး နဲ့အတူ
- ငွေသား သိန်း(၃၀) ခန့် နှင့်
- ဆွဲကြိုး
- ဟန်းချိန်း
- လက်စွပ် (၂)ကွင်း
- လက်ကောက်
- နားကပ်
တို့ ပါဆုံးသွားကြောင်း သူ့အမျိုးသား၏
ပြောပြချက်အရ သိရပါသည်။

ဖြစ်စဥ် စဖြစ်တာ (3.5.2025) ရက်နေ့
ယနေ့ နေ့ (6.5.2025) -ဆိုတော့ (၃)ရက် ကြာနေပြီး
ဖြစ်ပါ၍ မသန်းသန်းစိုး နဲ့ ပတ်သတ်သည့် ထူးခြားမှု
တစုံတရာ သိရှိတွေ့ရှိကြပါက နီးစပ်ရာ ရဲစခန်းများ
သက်ဆိုင်ရာများနှင့်
မသန်းသန်းစိုး၏ ခင်ပွန်း ဖုန်း - 09- 987833804)
ကူညီသတင်းပေးနိုင်ကြဖို့ အကူအညီတောင်းခံပေး
အပ်ပါသည်။

(ယခု ရေးသားထားသော ဖြစ်စဥ် အားလုံးမှာ
မသန်းသန်းစိုး ၏ ခင်ပွန်းဖြစ်သူ၏ ပြောပြချက်
အစစ်အမှန်များ ဖြစ်ပါသည်)

6.5.2025
----------------------------------

#ဇင်မိုး
မော်လမြိုင်
09- 442158281
မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံ
ပရိုင်မန်+သုခုမမန်

18/04/2025

2025 မော်လမြိုင်ကမ်းနားနှစ်ဆန်းတစ်ရက်နေ့မြင်ကွင်းမွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံပရိုင်မန်+သုခုမမန်

ဖယောင်းနံ့သင်းသင်း မွန်ရိုးရာသၚ်္ကြန်ထမင်း❤သင်္ကြန်နားနီးပီးဆိုတော့ ငရုပ်သီးတောင့် ကြွပ်ကြော်လေးကိုက်ပြီး မွန်သင်္ကြန်ထမ...
08/04/2025

ဖယောင်းနံ့သင်းသင်း မွန်ရိုးရာသၚ်္ကြန်ထမင်း❤

သင်္ကြန်နားနီးပီးဆိုတော့ ငရုပ်သီးတောင့် ကြွပ်ကြော်လေးကိုက်ပြီး မွန်သင်္ကြန်ထမင်း စားကြရအောင် 😍

#မွန်လူမျိုးတို့ရဲ့ရိုးရာအစားအစာ “သင်္ကြန်ထမင်း” လုပ်နည်း

မွန်လူမျိုးတို့ရဲ့ အစားအစာ "သင်္ကြန်ထမင်း" / ဧရာဝတီ

တိုင်းရင်းသား လူမျိုးတိုင်းမှာ သူတို့ရဲ့ နာမည်ကျော် ရိုးရာ အစားအသောက်တွေ ရှိကြပါတယ်။

အထူးသဖြင့် ရိုးရာ ပွဲတော်တွေမှာ ပြင်ဆင် ချက်ပြုတ်ကြတဲ့ အစားအစာတွေထဲက မွန်လူမျိုးတို့ရဲ့ နာမည်ကျော် “မွန်သင်္ကြန်ထမင်း” လုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဝေမျှ ပေးချင်ပါတယ်။

မွန်လူမျိုးတွေက အခုလိုနွေရာသီ ပူလာတဲ့အချိန် မတ်လ၊ ဧပြီလတွေမှာ “သင်္ကြန်ထမင်း” လုပ်စားလေ့ရှိပြီး သင်္ကြန် အချိန်ခါမှာ သင်္ကြန်စာအဖြစ် ချက်စားလေ့ ရှိကြပါတယ်။

“မွန်သင်္ကြန်ထမင်း” လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက —

ငါးခြောက် (အသားများတဲ့ ငါးခြောက်သုံးရင် ပိုကောင်းပါတယ်)

ပုဇွန်ခြောက်

သရက်သီး

ကြက်သွန်ဖြူ

ကြက်သွန်နီ ( ၄ စိတ် စိတ်ထားပါ)

ငရုတ်သီးတောင့်ရှည်

ဆား

မျှင်ငပိ (မကြိုက်ရင် ငံပြာရည် သုံးနိုင်ပါတယ်)

ဆီ

ချက်ပြုတ်ရမယ့် ပစ္စည်းတွေ စုံပြီဆိုရင် စချက်လို့ရပါပြီ။

အရင်ဆုံး ငါးခြောက်ကို ရေစိမ်ထားပါ။ ရေမစိမ်ချင်ရင် ပြုတ်လိုက်လည်း ရပါတယ်။ ရေစိမ်ထားတဲ့ ငါးခြောက်တွေကို အသားတွေမျှင်ပြီး ထောင်းပါ။

ပုဇွန်ခြောက်ကိုလည်း ရေစိမ်ပြီး ထောင်းထားပါ။ သရက်သီးကို ခြစ်နဲ့ ခြစ် ထားပါ။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ဒယ်အိုး ပူလာပြီဆိုရင် ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန် အဖြူ၊ အနီကို အရင်ကြော်ပါ။ ရွှေအိုရောင် သမ်းလာပြီဆိုရင် ခွက်ထဲ ခဏ ဖယ်ထားလိုက်ပါ။ ပြီးရင် ထောင်းထားတဲ့ ငါးခြောက် အသားတွေကို ကြော်ပေးပါ။ အပေါ့အငန် မြည်းပြီး ရွှေရောင် သမ်းလာပြီဆိုရင် ခုနက ကြော်ထားတဲ့ ကြက်သွန်ကြော်နဲ့ ရောလိုက်ပါ။

နောက်ထပ် ချက်ရမယ့်ဟင်းက သရက်သီးချဉ်ပါ။ ဒယ်အိုး ဆီပူလာပြီဆိုရင် ခြစ်ထားတဲ့ သရက်သီးတွေကို ထောင်းထားတဲ့ ပုဇွန်ခြောက်နဲ့ ရောကြော်ပါ။

အပေါ့အငန်အတွက် မျှင်ငါးပိ နည်းနည်း ထည့်လိုက်ပါ။ ချခါနီးလေး စိတ်စိတ်ထားတဲ့ ကြက်သွန်နီ အုပ်လိုက်မယ်ဆိုရင် သင်္ကြန်ထမင်းနဲ့ တွဲစားဖို့ အဆင်သင့် ဖြစ်ပါပြီ။

အစပ်ကြိုက်သူတွေအတွက် ငရုပ်သီး အရှည်တောင့်တွေကို ကြွပ်နေအောင် ကြော်ပြီး တွဲဖက်စားနိုင်ပါတယ်။

သင်္ကြန် ထမင်းကို နွေရာသီနဲ့ လိုက်ဖက်ညီအောင် ထမင်းထဲ ရေအေး (သို့မဟုတ်) ရေခဲရေ ထည့်ပြီး သုံးဆောင်လေ့ ရှိကြပါတယ်။

မွန်လူမျိုးတွေကတော့ ထမင်းကို ဖယောင်းနံ့လေး မွှေးအောင် ဖယောင်းမွှေးရည် လုပ်ပြီး စားလေ့ရှိပါတယ်။

Topics: မွန်သင်္ကြန်ထမင်း
မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံ
ပရိုင်မန်+သုခုမမန်

ယနေ့ မြန်မာတနိုင်ငံလုံးအတိုင်းအတာ ငလျင်ကြီးလှုပ်ထိခိုက်ပျက်စီးမှု တော်တော်လေးများပြား ပုံ - စစ်ကိုင်းတံတားဟောင်း ကျိုးကျ...
28/03/2025

ယနေ့ မြန်မာတနိုင်ငံလုံးအတိုင်းအတာ ငလျင်ကြီးလှုပ်
ထိခိုက်ပျက်စီးမှု တော်တော်လေးများပြား

ပုံ - စစ်ကိုင်းတံတားဟောင်း ကျိုးကျမှုနှင့်
အမြန်လမ်းမကြီးနှင့် ပျက်စီးသွားမှု မှတ်တမ်းပုံများအချို့

Photo - Credit
မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံ

လွမ်းစရာ မော်လမြိုင် နွေဦး 🍂မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံပရိုင်မန်+သုခုမမန်
27/03/2025

လွမ်းစရာ မော်လမြိုင် နွေဦး 🍂
မွန်ပြည်နယ် သတင်းစုံ မှနျပွညျနယျသတငျးစုံ
ပရိုင်မန်+သုခုမမန်

Address

Mawlamyine
10110

Alerts

Be the first to know and let us send you an email when မွန်ပြည်နယ် သတင်းစုံ မွန်ပြည်နယ်သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category