Mawlamyine University News

Mawlamyine University News တက်ကြွလှုပ်ရှားသူ ကျောင်းသူ၊ သားများဖြင့် ဖွဲ့စည်းထားသော မော်လမြိုင်တက္ကသိုလ် အခြေစိုက် သတင်းဌာန

"ခေါင်မိုးထိ တက်ချိတ်နေသော အမျိုးသမီး လစဉ်သုံးများနှင့် သန့်ရှင်းမှု အားနည်းနေသော မော်လမြိုင်တက္ကသိုလ်"26 July 2025 | ML...
26/07/2025

"ခေါင်မိုးထိ တက်ချိတ်နေသော အမျိုးသမီး လစဉ်သုံးများနှင့် သန့်ရှင်းမှု အားနည်းနေသော မော်လမြိုင်တက္ကသိုလ်"

26 July 2025 | MLMU News

မော်လမြိုင်တက္ကသိုလ်ရှိ စာသင်ဆောင်အချို့၏ အိမ်သာများတွင် သန့်ရှင်းရေး အားနည်းလျက်ရှိပြီး ‌အမျိုးသမီးအိမ်သာတခုတွင်မူ လစဉ်သုံးပစ္စည်းများ၊ အညစ်အကြေး ပေကျံလျက်ရှိသော တစ်သျှူးများလည်း မျက်နှာကျက်နားအထိ ချိတ်ဆွဲလျက်ရှိကြောင်း သိရှိရသည်။

"အိမ်သာမှာက ရေလည်း လာချင်မှ လာတယ်။ အမှိုက်တွေကလည်း ပွစာကျဲနေတာပဲ။ ရေမလာတော့ အနံ့အသက်တွေက မခံနိုင်လောက်အောင် ဆိုးတဲ့အပြင် လစဉ်သုံးပစ္စည်းတွေပါ ခေါင်မိုးထိ တက်ချိတ်နေတယ်" ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသူတဦးကဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြေရှင်းရန် မော်လမြိုင်တက္ကသိုလ် နယ်မြေတာဝန်ရှိသူများက မည်သို့စီစဉ်ထားသည်ကို မသိရှိရ‌သေးဘဲ ယင်းကဲ့သို့ သန့်ရှင်းမှုအားနည်းနေသည်မှာ အချိန်ကာလအတန်ကြာနေပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် သတင်းဌာနမှ စုံစမ်းရရှိသည်။

(ဓာတ်ပုံ - ပေးပို့)

#သန့်ရှင်းမှုအားနည်း #မော်လမြိုင်တက္ကသိုလ်

[ဓာတ်ပုံသတင်း]9 July 2025 | MLMU Newsကရင့်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း မော်လမြိုင်တက...
09/07/2025

[ဓာတ်ပုံသတင်း]

9 July 2025 | MLMU News

ကရင့်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးစီးကျင်းပသော (၆၃)နှစ်မြောက် ဆဲလ်ဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ် ကျေးရွာ‌ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲတွင် ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပုံရိပ်များ။

(ဓာတ်ပုံ - MLMU-SU ပြန်ကြားရေး)

08/07/2025
"မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးစီး၍ (၆၃) နှစ်မြောက် 7 July အခမ်းအနားကျင်းပ"7 July 2025 | MLMU News၁၉၆၂ ခု...
08/07/2025

"မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးစီး၍ (၆၃) နှစ်မြောက် 7 July အခမ်းအနားကျင်းပ"

7 July 2025 | MLMU News

၁၉၆၂ ခု၊ ဗိုလ်နေဝင်း စစ်အုပ်စု၏ ကျောင်းသားထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့သော 7 July ကျောင်းသားအရေးတော်ပုံ (၆၃) နှစ်ပြည့် ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးစီးဦးဆောင်ပြု၍ ကရင့်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ကော်သူးလေ၊ ဒူးပလာယာခရိုင် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် ယခင်ကာလများကတည်းက (၇) ရက်၊ ဂျူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို တက္ကသိုလ်တွင်း နှစ်စဉ်ပြုလုပ်ခဲ့ပြီး ၂၀၂၁၊ စစ်အာဏာသိမ်းကာလ နောက်ပိုင်းတွင်လည်း လွတ်မြောက်နယ်မြေ နေရာအသီးသီးတွင် အစဉ်အလာမပျက် မပျက်မကွက်ဘဲ ကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

(ဓာတ်ပုံ - မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သတင်းနှင့် ပြန်ကြားရေး)

ေ့ကြနဲ့

#မော်လမြိုင် #သမဂ္ဂ #ဒူးပလာခရိုင်

25/03/2025

Share your videos with friends, family, and the world

"YouTube Channel ဖွင့်လှစ်ကြောင်း အသိပေးခြင်း"မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သတင်းနှင့်ပြန်ကြားရေး ကော်မတီနှင...
25/03/2025

"YouTube Channel ဖွင့်လှစ်ကြောင်း အသိပေးခြင်း"

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သတင်းနှင့်ပြန်ကြားရေး ကော်မတီနှင့် မော်လမြိုင်တက္ကသိုလ် သတင်းဌာနတို့ ပူးပေါင်း၍ ကျောင်းသားဘဝ လှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ၊ ဆွေးနွေးပွဲ စကားဝိုင်းများ၊ တော်လှန်ရေးလှုပ်ရှားမှုများ၊ ဖျော်ဖြေရေး၊ ပညာရေး၊ လူမှုရေးနှင့် ကျောင်းသားထုနှင့် သက်ဆိုင်သော အကြောင်းအရာများကို ကဏ္ဍစုံစုံလင်လင်ဖြင့် တင်ဆက်ပေးသွားမည်ဖြစ်ပြီး အောက်ဖော်ပြပါ YouTube channel အား subscribe ပြုလုပ်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

https://youtube.com/-su?si=hgu2nABQ-0W7qZBs

•Copyright ©️ နှင့် ပတ်သက်၍ ရှင်းလင်းချက်

ဆက်သွယ်ရေး အခြေအနေ အကြောင်းအမျိုးမျိုးအရ channel မှ တင်ဆက်ထားသော ဗီဒီယိုအချို့အား မူရင်းပိုင်ရှင်များထံ တိုက်ရိုက် ခွင့်ပြုချက်တောင်းခံနိုင်ခဲ့ခြင်းမရှိခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ပါကြောင်းနှင့် သက်ဆိုင်ရာ မူရင်းပိုင်ရှင်များ၏ အမည်များကိုသာ ဖော်ပြပေးခဲ့ကြောင်းလည်း အသိပေးအပ်ပါသည်။

[ဓာတ်ပုံသတင်း]13 March 2025 | MLMU Newsပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇၊ ၁၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်၌ ကေအဲန်ယူ - ကရင်အမျိုးသားအစည်း...
13/03/2025

[ဓာတ်ပုံသတင်း]

13 March 2025 | MLMU News

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇၊ ၁၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်၌ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ကာ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် "Ethnic Youth Exchange - လူမျိုးစုလူငယ်များနှီးနှောဖလှယ်ပွဲ" ကို မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ - MLMU-SU မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

(ဓာတ်ပုံ - Karen Youth Organization - KYO page မှ ကူးယူဖော်ပြပါသည်။)

#သမဂ္ဂ

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Mawlamyine University News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share