
26/07/2025
"ခေါင်မိုးထိ တက်ချိတ်နေသော အမျိုးသမီး လစဉ်သုံးများနှင့် သန့်ရှင်းမှု အားနည်းနေသော မော်လမြိုင်တက္ကသိုလ်"
26 July 2025 | MLMU News
မော်လမြိုင်တက္ကသိုလ်ရှိ စာသင်ဆောင်အချို့၏ အိမ်သာများတွင် သန့်ရှင်းရေး အားနည်းလျက်ရှိပြီး အမျိုးသမီးအိမ်သာတခုတွင်မူ လစဉ်သုံးပစ္စည်းများ၊ အညစ်အကြေး ပေကျံလျက်ရှိသော တစ်သျှူးများလည်း မျက်နှာကျက်နားအထိ ချိတ်ဆွဲလျက်ရှိကြောင်း သိရှိရသည်။
"အိမ်သာမှာက ရေလည်း လာချင်မှ လာတယ်။ အမှိုက်တွေကလည်း ပွစာကျဲနေတာပဲ။ ရေမလာတော့ အနံ့အသက်တွေက မခံနိုင်လောက်အောင် ဆိုးတဲ့အပြင် လစဉ်သုံးပစ္စည်းတွေပါ ခေါင်မိုးထိ တက်ချိတ်နေတယ်" ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသူတဦးကဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြေရှင်းရန် မော်လမြိုင်တက္ကသိုလ် နယ်မြေတာဝန်ရှိသူများက မည်သို့စီစဉ်ထားသည်ကို မသိရှိရသေးဘဲ ယင်းကဲ့သို့ သန့်ရှင်းမှုအားနည်းနေသည်မှာ အချိန်ကာလအတန်ကြာနေပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် သတင်းဌာနမှ စုံစမ်းရရှိသည်။
(ဓာတ်ပုံ - ပေးပို့)
#သန့်ရှင်းမှုအားနည်း #မော်လမြိုင်တက္ကသိုလ်