The News of Southern State

The News of Southern State Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The News of Southern State, Media, Mawlamyine.

ဆံတော်ရှင်ဆူးလေစေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင် ရွှေပြား မျက်ပါးရွှေသင်္ဃန်းတ...
30/11/2022

ဆံတော်ရှင်ဆူးလေစေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင် ရွှေပြား မျက်ပါးရွှေသင်္ဃန်းတော် ကပ်လှူပူဇော်နေပါသောကြောင့် ပါဝင်လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်ရည်မျှော် နှိုးဆော်အပ်ပါသည် 🙏
ဖုန်းနံပါတ်များ
09-975323920
09-450012991 တို့ကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်ခင်ဗျာ ။

KNU တို့ရဲ့ အရှင်သခင်၊ PDP ရဲ့ PLA တပ်မတော်မှ အသွင်ပြောင်းလာတဲ့ NUG ရဲ့ PDF*******အရင်ဦးဆုံး PDP နဲ့ PLA ရဲ့အကြောင်းကို...
22/11/2022

KNU တို့ရဲ့ အရှင်သခင်၊ PDP ရဲ့ PLA တပ်မတော်မှ အသွင်ပြောင်းလာတဲ့ NUG ရဲ့ PDF
*******
အရင်ဦးဆုံး PDP နဲ့ PLA ရဲ့အကြောင်းကို အတိုချုံးပြောပြပါမယ်..
PDP ဆိုတာ Parliamentry Democracy Party ကို ခေါ်တာပါ
PDP ကို ဘယ်သူက ဘယ်အချိန်မှာ တည်ထောင်ခဲ့တာလဲ ?
PDP ကို ၁၉၆၉ ခုနှစ် ဩဂုတ်လမှာ ဦးနုက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
PDP ပေါ်ပေါက်လာရခြင်း အကြောင်းအရင်းက ဘာလဲ ?
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က ရွေးကောက်ခံအရပ်သား အစိုးရတစ်ရပ်ကို တပ်မတော်မှ အာဏာသိမ်းခဲ့ပြီး CIA Backing ကြောင့် မမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့လို့ အာဏာသိမ်းခဲ့တာဖြစ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် CIA ရဲ့ ကျောထောက်နောက်ခံယူထားတဲ့ ဦးနုကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဦးနုကို လွှတ်ပေးခဲ့ပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံကို ထွက်ပြေးပြီး PDP ကို ၁၉၆၉ ခုနှစ်မှာ သူနှင့်အတူ ပါသွားတဲ့ ရဲဘော်သုံးကျိပ်ဝင် ၃ ဦးနှင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုရဲ့ပါတီအနေဖြင့် ၄ နှစ်အကြာ ရှင်သန်ခဲ့ပြီး ဦးနု လည်း အိန္ဒိယနိုင်ငံကို ထွက်ခွာသွားကာ ၁၉၇၃ ခုနှစ်မှာ ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုတစ်ယောက် PDP လက်အောက်ခံ လက်နက်ကိုင်တပ်ရင်းတစ်ခု PLA ကို ဖွဲ့စည်းခဲ့ပါတယ်။ ထိုအချိန်များမှာ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် PLA သာလျှင် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး KNU ၊CDA(Chin Democracy Party)တို့ဟာ PLA ကို ဖားယားနေရသောအချိန်ဖြစ်ပါတယ်။ ဦးနုကြောင့် အနောက်နိုင်ငံရဲ့ အထောက်အပံ့ကို PLA က ကောင်းကောင်းရနေတဲ့အချိန်ဖြစ်နေလို့ပါပဲ။ ၁၉၇၃ ခုနှစ်မှာ PDP ကို ဖျက်သိမ်းပြီးချိန် PLA ကိုလည်း CIA က Backing မလုပ်တော့ပဲ KNU ဆီ ဦးလှည့်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကတော့ PDP နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေပဲ ဖြစ်ပါတယ်။
ယနေ့အချိန်အခါ တိုင်းပြည်ရဲ့အခြေအနေကို ကြည့်မယ်ဆိုရင် NUG ဆိုတာ အရင်တုန်းက PDP လက်အောက်ခံ PLA ကို KNU ရဲ့နေရာမှာ အစားထိုးချင်တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အရင် ဦးနုလက်ထက်တုန်းက PLA က နေဝင်းအစိုးရကိုတိုက်ရင် KNU တို့ကပါ ဝင်တိုက်ပေးရပါတယ်။ အခုလည်း နစက ကို PDF(PLA)တိုက်နေတဲ့အချိန်၊ တိုက်မယ့်အချိန်မှာ KNU တို့ ကူညီပေးနေရပြန်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် NUG နဲ့ PDF ရဲ့ ရည်ရွယ်ချက်က PDP/PLA ရဲ့ မူ အကျင့်အတိုင်း သွားချင်နေတာ သိသာနေပြန်တယ်။ စဉ်းစားရမဲ့အချက်က KNU နယ်မြေအတွင်းမှာပဲ PDF ဆိုတာ ရှိနှင့်ပြီးဖြစ်နေတယ်။ ပြီးတော့ BPLA ကို ဖွဲ့ခွင့်ပေး ထားရတယ်။ ပကဖ နဲ့ ပကဖ အဖွဲ့တွေ ဆက်တိုက်ဆိုသလို ဖွဲ့စည်းခဲ့တာကို ဘာမှမပြောခဲ့ပြန်ဘူး။ လေ့လာကြည့်ပါ။
KNU ရဲ့အခြေအနေကို ကြည့်ရအောင်ဗျာ.......
KNU ရဲ့ အင်အား(လက်နက်မပါ)က PDF ရဲ့တဝက်လောက်သာရှိနေနိုင်တဲ့အင်အားမျိုးပါ။
CIA Backing အရ ကြည့်ရင်လည်း အရင်ကလောက်တော့ ရမယ်မထင်ပါဘူး။ CIA ရဲ့ သဘောသဘာဝကတော့ ရှင်းနေပါတယ်။ထောက်ပံ့မယ်၊ တိုက်ရမယ်၊ ဘယ်သူတိုက်တိုက် မငြိမ်သက်ရင် လက်ခံမည့်သဘောမျိုး။ ယနေ့အချိန် PDF တွေက ကားတွေပစ်တယ်၊ တံတားတွေခွဲတယ်၊ ခရီးသည်ကားတွေ မီးရှို့ခဲ့တယ်၊ ကျိုက်ထီးရိုးဘုရားလို မြန်မာနိုင်ငံရဲ့ အမွေအနှစ် အထင်ကရ နေရာတွေကို တိုက်တယ်.. ဒါတွေ သိနေတာတောင် စာထုတ်တာလောက်ပဲလုပ်ပေမယ့် ချုပ်ကိုင်တာမျိုး မလုပ်နိုင်ဘူး..ပြီးတော့ မလုပ်ရဲဘူး.
ဘာလို့မလုပ်ရဲတာလဲဆိုရင် KNU က NUG ကို ကြောက်ရလို့ပဲ..
CIA ကျောထောက်နောက်ခံရှိတဲ့ မီဒီယာတွေဘက် ကြည့်လိုက်ပါ..
တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို တိုက်ရင်တောင် KNU/PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက် ဆိုတဲ့စာမျိုး မီဒီယာများက ဖော်ပြလေ့ရှိနေတာကို တွေ့ရလေ့ရှိတယ်။ မီဒီယာများက KNU ထက် PDF ကို ဦးစားပေး ရှေ့တန်းတင်နေတာ ဆက်တိုက်ပါပဲ။ ယနေ့ခေတ်မှာသာ AA၊ KIA၊ KNU တို့လို အင်အားတောင့်တဲ့ လက်နက်ကိုင်တွေကို မြောက်စားသလို လုပ်နေပေမယ့် ဒေါ်စုလက်ထက်က AA၊ MNDA၊ KIA တို့ကို စတုတ္ထမဏ္ဍိုင်ကနေ ဝိုင်းသမနေတဲ့ကောင်တွေက အခု သူတို့ကို ဖူဖူးမှုတ်သလို လုပ်နေလေရဲ့..ပြန်ရှာဖတ်ကြည့်ပါ..
လက်ရှိမြန်မာနိုင်ငံရေး အခင်းအကျင်းအရ-
ဘာမှမဖြစ်ခဲ့ရင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ် NUG ဆိုတာ ယခင်က PDP ဖြစ်သွားခဲ့ရင်တော့ မျက်မှောက်ခေတ် PDF ဆိုတာ ရှေးယခင်က KNU တို့ရဲ့ ဘုရားသခင် PLA ဖြစ်သွားလိမ့်မယ်...
PDP မှ NUG ၊ PLA မှ PDP ဆိုတာ ဖြစ်လာခဲ့ရင်တော့ KNU တို့ NUG/PDF ကို ရှိခိုးဦးတင်ပြီး အိပ်စက်မှ အိမ်ပျော်ညတွေနဲ့ ကုန်ဆုံး နိုင်ပါလိမ့်မယ်။

Saw Ba Maung(ဖားစည်သံ)

တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှု၊သုံးလတည်းနဲ့ လိုငွေ ကျပ် ၁၃၅၆ ဘီလျံကျော်ဖြစ်အောင် သုံးစွဲတဲ့ ဝန်ကြီးဌာနတွ...
20/11/2022

တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှု၊
သုံးလတည်းနဲ့ လိုငွေ ကျပ် ၁၃၅၆ ဘီလျံကျော်ဖြစ်အောင် သုံးစွဲတဲ့ ဝန်ကြီးဌာနတွေနဲ့ အခွန်ရှောင်သူတွေ အရေးယူတော့မဲ့ ၂၀၂၃

၂၀. ၁၁. ၂၀၂၂
Written by Phyo Wei

မြန်မာ့စီးပွားရေး ကျဆင်းနေပြီ၊ ကုန်စျေးနှုန်းကြီးလို့ ပြည်သူတွေ ကျပ်တည်းနေပြီလို့ တော်လှန်သူတွေ နှိုးဆော်နေတဲ့ ကာလမှာ ဆီစျေးကြီးမှ လမ်းပေါ်ပြည့်လာတဲ့ ကားတွေ၊ ညနေစောင်းတာနဲ့ ပြည့်နှက်နေတဲ့ Bar တွေ၊ ဘီယာဆိုင်တွေ ပိတ်ရက်လေးနည်းနည်းထပ်လိုက်တာနဲ့ အမြန်လမ်းတစ်လျှောက် ပြည့်ကျပ်ပိတ်ဆို့သွားတဲ့ ယာဥ်တွေက ပျက်ရယ်ပြုနေသလိုပါပဲ။

တစ်ဖက်မှာလည်း နေ့စဥ်နီးပါး ဘိန်းဖြူလို မူးယစ်ဆေးဝါးတွေ သိန်းရာထောင်ချီ ဖမ်းမိနေသလို တရားမဝင်ကုန်သွယ်မှုတွေကလည်း သိန်းရာနဲ့ချီ နေ့စဥ်နီးပါး ဖမ်းမိနေတာကို တွေ့ရပါတယ်။ တရားဝင်လမ်းကြောင်းတွေမှာ မြန်မာ့စီးပွားရေးဟာ တိုက်ခိုက်သူတွေပြောနေသလို ပြိုကျသွားမှုမရှိတာကလည်း ဒီလို မှောင်ခိုလမ်းကြောင်းတွေ၊ မှောင်ခိုကုန်သွယ်မှုတွေက တရားဝင်လမ်းကြောင်းထက် အဆပေါင်းများစွာကြီးထွားနေလို့ပါ။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နယ်စပ်ထိစပ်နေရာတိုင်းဟာလည်းလက်နက်ကိုင်တိုင်းရဲ့ စီးပွားရေးဝင်ငွေရဖို့ ဒီ မူးယစ်ဆေးတွေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကနေဘဲ ငွေကောက်ခံနေကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်အဆင့်ဆင့်ကို အပေးအယူလုပ်ပြီး ကုန်သွယ်မှုတွေများလာနေတယ်ဆိုပေမဲ့ စီးပွားကူးသန်းရဲ့ ကာလတူကုန်သွယ်မှုစာရင်းတွေမှာ​တော့ ပဋိပက္ခတွေ တိုက်ပွဲတွေရှိနေတဲ့ကြားက ကုန်သွယ်မှုက သန်း ၃၈၀၀ ကျော် တက်လာတာကို တွေ့ရပြန်ပါတယ်။ တကယ်တော့ ဒီရက်သတ္တပတ်မှာဆို ဩဂုတ်နဲ့ စက်တင်ဘာ ၂ လပေါင်းထက် အောက်တိုဘာရဲ့ FDI ဝင်ရောက်မှုက ဆယ်ဆကျော်များခဲ့တာ ရှိပေမဲ့လည်း စီးပွားရေးသုံးသပ်ချက်အတွက်တော့ အငြင်းပွားစရာဖြစ်လာတဲ့ တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှုတွေအကြောင်း၊ သုံးလတည်းနဲ့ လိုငွေ ကျပ်ဘီလျံ ၁၃၅၆ ဘီလျံကျော်သုံးစွဲတဲ့ ဝန်ကြီးဌာနတွေအကြောင်းနဲ့ အခွန်ရှောင်သူတွေကို အရေးယူတော့မယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

"တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှု''

လက်ရှိ ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြန်မာ့ကုန်သွယ်မှုဟာ ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိနေပြီး ပြည်သူတွေ သွေးဆူနေတဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကာလတူက ဒေါ်လာ ၁၆ ဘီလျံကျော်ပဲ ရှိခဲ့လို့ ကုန်သွယ်မှုဟာ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုငွေပြခဲ့တယ်လို့ သိရပါတယ်။

စီးပွားကူးသန်းရဲ့ စာရင်းတွေမှာလည်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုက ပို့ကုန် ဒေါ်လာ ၁၅၇၄၅ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၄၆၅၃ သန်းကျော်ရှိလို့ စုစုပေါင်း ၂၀၃၉၉ သန်းကျော် ကုန်သွယ်နိုင်ခဲ့တာကြောင့် ပို့ကုန်ဒေါ်လာ ၁၁၇၉၄ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၄၇၂၁ သန်းကျော် စုစုပေါင်း ဒေါ်လာ ၁၆၅၁၅ သန်းကျော်ပဲ ဆောင်ရွက်နိုင်ခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက် ကာလတူထက် ဒေါ်လာ ၃၈၈၃ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ တရားမဝင်ကုန်သွယ်မှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်မသွားတဲ့ မြန်မာ့စီးပွားရေးလည်ပတ်မှုဟာ တရားဝင်မှာလည်း မြင့်တက်လာတယ်ဆိုတာကြောင့် မြန်မာ့စီးပွားရေးကဏ္ဍပျက်သုဥ်းပါပြီလို့ ကြွေးကြော်သူတွေ တိုက်ခိုက်တဲ့ ပုံစံထဲတော့ မဝင်တော့ပါဘူး။

ဒါပေမဲ့လည်း ဒီမှောင်ခိုကုန်သွယ်မှုတွေဟာ နိုင်ငံ့အတွက် အခွန်အကောက်မရတဲ့အပြင် ပြည်တွင်းစစ်ကိုပါ ရှည်ကြာအောင် ထောက်ပံ့နေတဲ့ အဓိကဝင်ငွေအရင်းအမြစ်ဖြစ်လို့ ငြိမ်းချမ်းရေးရချင်တယ်ဆိုရင်တော့ အားသွန်ခွန်စိုက် တိုက်ဖျက်ရပါလိမ့်မယ်။

''သုံးလတည်းနဲ့ လိုငွေ ကျပ် ၁၃၅၆ ဘီလျံကျော်ဖြစ်အောင် သုံးစွဲတဲ့ ဝန်ကြီးဌာနတွေ''

SAC ရဲ့ ဒုတိယသက်တမ်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေက သုံးလအတွင်း ကျပ် ၅၇၃၆ ဘီလျံ သုံးစွဲတာကြောင့် လိုငွေက ကျပ် ၁၃၅၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို SAC ရဲ့ ယန္တရားလည်ပတ်အောင် လုပ်ပေးနေတယ်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံနေရတဲ့ကာလမှာ၊ CDM လုပ်သွားလို့ ဝန်ထမ်းလစာတွေ မပေးရ၊ လုံခြုံရေးအရ လုပ်ငန်းတွေ မလုပ်နိုင်တဲ့ကာလမှာ သုံးလတည်းနဲ့ ကျပ် ၁၃၅၆ ဘီလျံ လိုငွေဖြစ်အောင် သုံးစွဲတယ်ဆိုတာက တွေးဆစရာဖြစ်လာပါတယ်။

NLD အစိုးရဟောင်းလက်ထက်မှာတော့ လွှတ်တော်ထဲမှာ သုံးမဲ့ ဘတ်ဂျက်တွေ ဆွေးနွေးလို့ ဝန်ကြီးဌာနတွေရဲ့ မမှန်ကန်တဲ့အသုံးစရိတ်တွေကို ကိုယ်စားလှယ်တွေက ထောက်ပြပြီး ဖြတ်တောက်နိုင်ခဲ့ပေမဲ့ SAC လက်ထက်မှာတော့ ဝန်ကြီးဌာနတွေက တောင်းတဲ့ ဘတ်ဂျက်တွေကို ဝေဖန်စိစစ်ဖြတ်တောက်ဖို့ တောင်းဆိုသူ မရှိတော့ပါဘူး။ ဒီတော့ ဦးသိန်းစိန်လက်ထက်မှာ "ဇီးသီးဗန်းမှောက် ဘတ်ဂျက်"၊ NLD အစိုးရဟောင်းလက်ထက်မှာ "ဘတ်ဂျက်ဘူဖေး'' လို့ ပြောစမှတ်တွင်တဲ့အထိ ပုံပျက်ပန်းပျက်ဖြစ်ခဲ့တဲ့ မြန်မာ့ဘတ်ဂျက်ဟာ သုံးသင့်သုံးထိုက်တဲ့ နေရာမှာ သုံးနေတာမှန်ပါရဲ့လားဆိုတာ စိစစ်သင့်ပါတယ်။

SAC ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဘတ်ဂျတ်တွေကို တိတိကျကျမှန်မှန်ကန်ကန်သုံးစွဲဖို့ မသုံးနိုင်တာတွေ ပြန်အပ်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ပြောနေရုံနဲ့ မရပါဘူး။ ကြပ်မတ်စိစစ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ဒီသုံးလပတ်မှာ လဝကလိုဝန်ကြီးဌာနက ပိုငွေ ဘီလျံချီရှိနေချိန်မှာ စီးပွားကူးသန်းလို့ ဝန်ကြီးဌာနက ပိုငွေသန်းရာဂဏန်းပဲ ဘာကြောင့်ရှိနေရတာလဲ တွေးဆစရာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအကြားမှာ နာမည်ကောင်းရှိသူ ဦးအောင်နိုင်ဦးဟာ စီးပွားကူးသန်းဝန်ကြီးဖြစ်လာတာမို့ သူ့တာဝန်ယူချိန်မဟုတ်တဲ့ ကာလက အမှားတွေကို ပြင်ဆင်နိုင်ပြီး သူတာဝန်စယူတဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်ကစ အားနည်းချက်တွေ ပြင်ဆင်နိုင်ဖို့ မျှော်လင့်ရပါတယ်။

"အခွန်ရှောင်သူတွေ အရေးယူတော့မဲ့ ၂၀၂၃''

နိုင်ငံရေးကို အကြောင်းပြပြီး အခွန်ရှောင်ခဲ့ကြတဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်အရေးယူတော့မှာဖြစ်ပါတယ်။ ဒီလို အရေးယူရာမှာလည်း NLD အစိုးရဟောင်း ပြဌာန်းခဲ့ပြီး ထောင်ခုနစ်အထိ ချလို့ရတဲ့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနဲ့ အရေးယူမှာပါ။ ဒါ့အပြင် လိုအပ်ရင်လည်း ထောင် ဆယ်နှစ်အထိ ချလို့ရတဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဦးမှာပါ။

တကယ်တော့ မြန်မာပြည်က လုပ်ငန်းရှင်တွေအားလုံးလိုလိုဟာ ခေတ်ကာလတွေအရ အခွန်ရှောင်ဖူးသူချည်းလို့ ပြောရမှာပါ။ လာဘ်ပေးမယ်။ အခွန်လျှော့ချဖို့ ညှိမယ်။ သိန်း ၁၀၀၀ အခွန်ကျရင် အစိုးရကို သိန်း ၃၀၀ လောက် သွင်းပြီး သိန်း ၂၀၀ လောက် လာဘ်ပေး သိန်း ၅၀၀ လောက်က အခွန်ရှောင်ခဲ့ကြတာပါ။ ဒီလိုအခွန်ရှောင်နေကြလူတွေဟာ နိုင်ငံရေးဝိရောဓိဖြစ်ချိန်မှာတော့ ဝမ်းသာအားရအခွန်ရှောင်ကြပါတယ်။ ဒါကြောင့်လည်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ဘီလျံ ၈၃၀၀ ကျော် ရခဲ့ရာက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဘီလျံ ၃၀၀၀ နီးပါးလျှော့ကျတဲ့အထိ အခွန်မဆောင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီကာလမှာ နိုင်ငံရေးအခြေအနေကြောင့် လုပ်ငန်းမလည်ပတ်နိုင်လို့လို့ အကြောင်းပြချက်တွေ ပေးနိုင်ပေမဲ့လည်း SAC မို့ အခွန်မဆောင်ဘူး၊ ရွေးကောက်ခံအစိုးရတက်လာမှ အခွန်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ လုပ်ငန်းရှင်တွေရှိခဲ့တာလည်း လူမှုကွန်ရက်မှာ ပြည့်နှက်ခဲ့တာပါ။ ဒီလိုမျိုး အခွန်ရှောင်မှုတွေကို လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာတော့ ဘယ်လိုကြပ်မတ်မလဲ။ ဒါမှမဟုတ် ကိုယ့်သုံးစွဲမှုအခကြေးငွေဖြစ်တဲ့ မီတာခတောင် မဆောင်၊ မီးလည်းအဖြတ်မခံရ၊ မီးဖြတ်တော့လည်း ခိုးသုံးတဲ့ နိုင်ငံမျိုးမှာ အခွန်ရှောင်သူတွေဆီက အခွန်ငွေလည်း ပြန်ရ၊ လူကိုလည်းအရေးယူနိုင်တာမျိုးဖြစ်အောင် ပြည်တွင်းအခွန်ရုံးက စွမ်းဆောင်ပြနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

15/11/2022

ဒီနှစ်ဆောင်း || ဆုန်သင်းပါရ်

#ဆုန်သင်းပါရ်
#ဒီနှစ်ဆောင်း

15/11/2022

[14-11-2022] ကျော်မျိုးမင်း K-Comedy

မြန်မာကို အာဆီယံထဲက ထုတ်ချင်တဲ့နိုင်ငံတွေရှိနေ၊ ဘုရားသုံးဆူမြို့ဟာ နစကအုပ်ချုပ်မှုအောက်မှာ မရှိတော့တဲ့မြို့လား၊ တောင်ယာစိုက်နေတဲ့ပြည်သူတွေကို ပစ်သတ်တဲ့သူတွေ

ဘောလုံးအားကစား ဝါသနာရှင်များအတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ပွဲစဥ်ဇယားပါ(ဘယ်အသင်းကို အားပေးကြမှာလဲ...
15/11/2022

ဘောလုံးအားကစား ဝါသနာရှင်များအတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ပွဲစဥ်ဇယားပါ
(ဘယ်အသင်းကို အားပေးကြမှာလဲ? ကျွန်တော်ကတော့ ဘရာဇီးနဲ့ ဂျာမနီကို အားပေးပါမယ်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းပြည်ထောင်စုဝန်ကြီး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို တာဝန်မ...
15/11/2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းပြည်ထောင်စုဝန်ကြီး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို တာဝန်မှအနားယူခွင့်ပြု

နိုဝင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၆၆/၂၀၂၂ ၊ ၆၇/၂၀၂၂ ၊ ၆၈/၂၀၂၂ ၊ ၆၉/၂၀၂၂ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ‌အောင်လင်း‌ဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၄၁၉ အရစိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးအား တာဝန်မှ အနားယူခွင့် ပြုလိုက်‌ကြောင်း ထုတ်ပြန်‌ကြေညာချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီသည် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးအား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲခန့်အပ် တာဝန်ပေးခဲ့‌ကြောင်း သိရသည်။

ထို့နည်းတူ ဦးမျိုးသန့်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့‌ကြောင်း သိရသည်

ဘောလုံးအားကစား ဝါသနာရှင်များအတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ပွဲစဥ်ဇယားပါ
14/11/2022

ဘောလုံးအားကစား ဝါသနာရှင်များအတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ပွဲစဥ်ဇယားပါ

12/11/2022

စနေနေ့ ညရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်(၁၆) ပွဲကြိုသုံးသပ်ချက်

တိုင်းပြည်တိုးတက်ဖို့ အမှိုက်တစ မကောက်ဖူးသေးတဲ့ ရေးက အကြမ်းဖက်အဖွဲ့(YPDF) ကတော့ စာသင်ကျောင်းတွေ ပိတ်ခိုင်းနေတယ်ဆိုပဲ.မင်...
12/11/2022

တိုင်းပြည်တိုးတက်ဖို့ အမှိုက်တစ မကောက်ဖူးသေးတဲ့ ရေးက အကြမ်းဖက်အဖွဲ့(YPDF) ကတော့ စာသင်ကျောင်းတွေ ပိတ်ခိုင်းနေတယ်ဆိုပဲ.
မင်းတို့လုပ်နေတဲ့ တော်လှန်ရေးနဲ့ စာသင်ကျောင်းက ဘာဆိုင်လို့လဲ?
ကိုယ့်ယုံကြည်ချက်အရ လျှောက်တဲ့လမ်းမှာ ကလေးတွေနဲ့ ဆရာ/မ တွေက မင်းတို့အဖွဲ့ကို ဘာများထိခိုက်စရာ ရှိလို့ပါလဲ.?
လက်နက်ကိုင်ထားရင် လက်နက်ကိုင်ထားတဲ့အဖွဲ့ကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုတိုက်လို့ရတယ်.
ဒါပေမယ့် အခု..မင်းတို့လုပ်နေတဲ့အလုပ်က KALAR မနိုင်လို့ ရခိုင်မဲနေသလိုဖြစ်နေပြီ..
စဥ်းစားကြပါဦး ရေးမြို့က အကြမ်းဖက် YPDF အပေါင်းတို့ရေ..

Saw Ba Maung

လျှပ်စစ်ကားတွေ အခွန် ၀ ရာခိုင်နှုန်းအထိ လျှော့ချ
11/11/2022

လျှပ်စစ်ကားတွေ အခွန် ၀ ရာခိုင်နှုန်းအထိ လျှော့ချ

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when The News of Southern State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category