23/08/2025
ကြောင်ချစ်သောAdmin နှင့် သူ၏ကြောင်နာမည်များ
1. တိုတို (အောက်တိုဘာလတွင်ကောက်ရခဲ့သောကြောင့်)
2. လူးလူး (စကောက်ခဲ့တည်းက စပ်စလူးထပြီး အရမ်းမြူးသောကြောင့်)
3.ကိုးကိုး (စကောက်ရတုန်းက အခွံ မရှိတဲ့ အုန်းသီးလိုမျိုး ဖြစ်နေသောကြောင့် coconut ကိုအဖျားဆွတ်ခေါ်တာ)
4.ပြည့်ပြည့် ( လပြည့်နေ့တွင်ကောက်ရခဲ့သောကြောင့်)
5.ဝန်းဝန်း (ပြည့်ပြည့်နှင့် ကိုးကိုး၏ညီမ)
6.ရိုးရိုး (ရိုးဂိုးအပြန် ကောက်ရသောကြောင့်)
7.မရွှေ (ကိုးကိုးရှိသောကြောင့် ဂိုးဂိုးဟုတပ်မပေးဘဲ မိရွှေ ဟုခေါ်ခြင်း...ရိုးရိုးနဲ့မောင်နှမ)
8.နှစ်နှစ် (အိမ်ပေါက်..မိရွှေနှင့်ကိုးကိုးကလေး)
9.သစ်သစ် (အိမ်ပေါက်...နှစ်နှစ် ညီမ)
10.ကူးကူး (အိမ်ပေါက်....နှစ်နှစ်နဲ့ သစ်သစ် ရဲ့ညီမ)
11.အားဆိုး (စကောက်ခဲ့တည်းက တအားဆိုးသောကြောင့်)
အမလေး...မောထှာ...ခွေးတွေကျန်သေးတယ်...မသိရင်ဂေဟာထင်နေဦးမယ်...
#ပုံကတော့ သားကိုးကိုးပါ