Myanmar News

Myanmar News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar News, Media/News Company, Mawlamyine.

၂၀၀၄ စစ်ထောက်လှမ်းရေးခေါင်းဆောင် ခင်ညွန့် အဖမ်းခံရတော့ အမေရိကန်ပြည်ထောင်စုဆီ ထွက်ပြေးသွားတဲ့ ခင်ညွန့်ရဲ့ သူလျှိုဘုန်းကြီ...
06/02/2023

၂၀၀၄ စစ်ထောက်လှမ်းရေးခေါင်းဆောင် ခင်ညွန့် အဖမ်းခံရတော့ အမေရိကန်ပြည်ထောင်စုဆီ ထွက်ပြေးသွားတဲ့ ခင်ညွန့်ရဲ့ သူလျှိုဘုန်းကြီး။ အဲ့မတိုင်ခင် နပသ (ရန်ကုန်) မှာ ကထိကဖြစ်တုန်းက ခင်ညွန့်ရဲ့ ကိုးကွယ်ခံဘုန်းကြီးဖြစ်ခဲ့တယ်။

ဖို့ဝိန်းမြို့မှာ နေတုန်းကလည်း မွန်ကွန်မြူနတီတွေကြားမှာ ပြဿနာတွေမီးမွှေးခဲ့။ ရာမညနိကာယဂိုဏ်းဝင်လိုလို အသွင်ခိုးပြီး ဖို့ဝိန်းရာမညနိကာယဘုန်းကြီးကျောင်းကိုတောင် ဂိုဏ်းဂဏခွဲလိုက်သေး။ နောက်တော့ အဲ့ကျောင်းကနေ နှင်ထုတ်ခံရပြီးနောက် ကိုလိုရာဒိုရောက်သွား။

လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံရေးကျွမ်းကျင်ပညာရှင်လိုလို သူ့ဖန်အားကိုးနဲ့ လူမျိုးရေးသွေးခွဲစာတွေ ရေး၊ စစ်တပ်အားပေး နိုင်ငံရေးတရားတွေချည်း ဟော။ မွန်နဲ့ ဗမာမုန်းတိုင်းရင်းသားတွေကို အဆိပ်ခပ်လို့ကောင်းတုန်း။

ရွှေကျင်ဂိုဏ်းထွက် ဘုန်းကြီးဆိုတော့ သီတဂူလိုပဲပေါ့

05/02/2023

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးထုတ်ပြန်ကြေငြာချက်
February/04/2023

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးထုတ်ပြန်ကြေငြာချက်💪💪💪
05/02/2023

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးထုတ်ပြန်ကြေငြာချက်💪💪💪

13/06/2022
March-16-2022ယင်းမာပင်မြို့နယ် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်...
16/03/2022

March-16-2022

ယင်းမာပင်မြို့နယ် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

March-16-2022စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ နံနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြသည်။ကလေးမြို့ဒေသခ...
16/03/2022

March-16-2022
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ နံနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြသည်။

ကလေးမြို့ဒေသခံများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကို နေ့စဉ်မပျက် ပြုလုပ်လျက်ရှိပြီး ယနေ့မှာ ၄၀၂ ရက်မြောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - CJ


 #ငါတို့ရဲ့သစ္စာ “ ငါတို့သည် မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအပေါင်း၏ကျေးဇူးဂုဏ်ကို ရည်မှတ်ပါ၏။ တရားမျှတ လွတ်လပ်ခြ...
31/12/2021

#ငါတို့ရဲ့သစ္စာ

“ ငါတို့သည် မိမိကိုယ်ကို
မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအပေါင်း၏
ကျေးဇူးဂုဏ်ကို ရည်မှတ်ပါ၏။

တရားမျှတ လွတ်လပ်ခြင်းနှင့်
တန်းတူညီမျှခြင်း တို့သည်
ဤမြေ၌ တည်ပါစေသတည်း။ ”


====================

ဒီမှော်ရုံထဲ၀င်လာတာ
ရွှေသမင်လိုက်ဖို့ မဟုတ်
သစ်ခုတ်ဖို့မပါ

ငါတို့ဟာ
ကောင်းကင်ပေါ် မိုးတွေညို
ပိန်ညှင်းငှက်တွေ ဝဲတာကို မြင်ရုံ
လယ်ကွက်ထဲ
ထမိန်တိုတိုစည်း ဆင်းပြေးသွားတဲ့
ကောက်စိုက်သမလေးများလို
ဒီမှော်ရုံကို ၀င်ခဲ့တာ

တောမီး လောင်လောင်
တောကြောင် လက်ခမောင်းခတ်ခတ်
ဒီမှော်ရုံကို ဖြတ်ရာမှာ
ဆင်လည်း ဆင်အထွာ
ကြွက်လည်း ကြွက်အထွာ
ကိုယ်စီ ဒဏ်ရာတွေ...ဒဏ်ရာတွေ
(ဒါပေမယ့် )
ငါတို့ ..သန်မာနေတုန်းပဲ
ငါတို့ ..အသံမာနေတုန်းပဲ

သန္မာတဲ့
အသံဝါကြီးတွေနဲ့
ငါတို့ ဒီလို
သံပြိုင် ဟစ်ဆိုလိုက်ဦးမှာ

“ ငါတို့သည်
မိမိကိုယ်ကို
မျိုးစေ့အဖြစ်
ကြဲပက်ခဲ့သူအပေါင်း၏
ကျေးဇူးဂုဏ်ကို
ရည်မှတ်ပါ၏။
တရားမျှတ လွတ်လပ်ခြင်းနှင့်
တန်းတူညီမျှခြင်းတို့သည်
ဤမြေ၌ တည်ပါစေသတည်း။ ” ... ။

#မင်းကိုနိုင်

ပျော်စရာ မ​ကောင်းတဲ့ နှစ်သစ် ... ဒီတစ်ခါ ​နောက်ဆုံးဖြစ်ပါ​စေ။
31/12/2021

ပျော်စရာ မ​ကောင်းတဲ့ နှစ်သစ် ... ဒီတစ်ခါ ​နောက်ဆုံးဖြစ်ပါ​စေ။

16/12/2021

ကမ္ဘာ့နေရာအနှံ့က မြန်မာ့ညီအကို မောင်နှမများအနေနဲ့ မိမိတို့ရဲ့ နိုင်ငံခြားသားမိတ်ဆွေများအကြားမှာ - ' ကိုယ်တွေလို middle class တွေ အများအပြားပါဝင် နေတဲ့ မြန်မာ့ PDF နဲ့ ဒီတော်လှန်ရေးကြီး' ကို ပိုသိ၊ ပိုစိတ်ဝင်စားလာစေဖို့ .. အခု Music Video ကို social media များပေါ်မှာ တင်ပေးခြင်း၊ နည်းအမျိုးမျိုးနဲ့ ပြန့်ပွားအောင် share ပေးခြင်းများ ပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ ...

(စာကြွင်း - အောင်နိမိတ်ကောင်းနဲ့ 'ကျွဲမင်းစစ်ဆေးရေး' ကို ဂုဏ်ပြုသလိုလည်း ဖြစ်သွားခဲ့ပါတယ်။)

လွတ်လပ်စွာ ကူးယူပြန့်ပွားပေးကြပါရန်..

မနက်ဖြန် ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် စတင်ရောင်းချမည့် NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်အလက်များ #ငွေတိုက်စာ...
21/11/2021

မနက်ဖြန် ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် စတင်ရောင်းချမည့် NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်အလက်များ

#ငွေတိုက်စာချုပ်၀ယ်ယူမည်ဆိုလျှင်
* အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်၀ယ်ယူရန်အတွက်

🔺ပုံ(က)နှင့် ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန်
(၁) Order ID အမှတ်
(၂) အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင် ဘဏ်စာရင်း အမှတ်
(၃) ငွေတိုက်စာချုပ်တန်ဖိုး ငွေပေးဆောင်ပြီးကြောင်း ပုံစံ (ခ) တွင် ပါဝင်သော email ကို ([email protected]) မှ ပို့ပေးမည်ဖြစ်ပါသည်၊၊

🔸ငွေတိုက်စာချုပ်၀ယ်ယူသူ၏ ဘဏ်စာရင်းမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။

🔸ထိုအီးမေးလ် တွင် ဖော်ပြထားသော Order ID နံပါတ်ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်းသို့ ငွေလွှဲပေးပို့သည့်အခါတွင် ယင်း ID နံပါတ်အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်၊

#ငွေတိုက်စာချုပ်တန်ဖိုးငွေလွှဲပြီးသောအခါ

🚩ငွေလွှဲပြီးကြောင်း ပုံစံ(ခ) ကို ဖြင့် မပျက်မကွက် ဖြည့်သွင်းရပါမည်။

🚩ပုံစံ (ခ) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ချိတ်ဆက်ဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။

🚩အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ၀ယ်ယူထားသော ငွေတိုက်စာချုပ်ကို (၁၄) ရက်အတွင်း ပြန်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊

🚩၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန်လိုအပ်ပါသည်၊၊

#ငွေလွှဲချိန်တွင်သိထားသင့်သည့်အချက်များ

🚩 အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ ငွေတိုက်စာချုပ်တန်ဖိုးအဖြစ် သတ်မှတ်မည်ဖြစ်သည်၊၊

🚩အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်နိုင်ပါသည်၊၊

🚩Reference (သို့မဟုတ်) Purpose to transfer သို့မဟုတ် Message to beneficiary တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့ထားသည့် (Order ID Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊

🚩 ငွေလွှဲချိန်တွင် သက်ဆိုင်ရာနိုင်ငံနှင့် ဘဏ်များ၏ တည်ဆဲဥပဒေ စည်းမျဉ်းများပေါ်မူတည်ပြီး ဘဏ်များမှ လူကြီးမင်းအား စုံစမ်းမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် ငွေပေးချေမှုအတွက် ကန့်သတ်ထားသည့် ငွေလွှဲပမာဏကို သတိပြုစေလိုပါသည်။

လူကြီးမင်း ပေးဆောင်မည့် ငွေပမာဏများပြားလျှင် အကြိမ်ရေခွဲပြီး ငွေလွှဲရန် အကြံပြုအပ်ပါသည်၊၊

🚩အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲသို့ရောက်ရှိနေနိုင်သဖြင့် ယင်း Folder များထဲတွင်လည်း စစ်ဆေးစေလိုပါသည်၊၊

#ကိုယ်စားလှယ်မှတဆင့်ဝယ်ယူလိုသူများအတွက်လိုအပ်သောအချက်များ

* ငွေလွှဲပြီးသောအခါတွင် ကိုယ်စားလှယ်၀ယ်ယူပေးမည့်သူသည် စာချုပ်တန်ဖိုးငွေကို ပေးဆောင်ပြီးကြောင်း ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။

* ပုံစံ(ခ) ကို ဖြည့်သွင်းချိန်တွင် “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။ ဥပမာ – စုပေါင်း၀ယ်ယူသူ ၃ ဦးဖြစ်လျှင် ပုံစံ(ခ) ကို (Order ID နံပါတ်) တစ်ခုတည်းကိုသာ အသုံးပြု၍ “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူ(၁)၊ ၀ယ်ယူသူ(၂)၊ ၀ယ်ယူသူ(၃) ဟု ၃ယောက်စာ ဖြည့်သွင်းကာ ပေးပို့ရပါမည်။

* ၀ယ်ယူသူတစ်ဦးစီအတွက် ငွေတိုက်စာချုပ်တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်ဖြင့်ဝယ်ယူသည့် ပုံစံ(ခ)စာရင်းတွင်ပါဝင်သော ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ ထုတ်ပေးသွားမည်ဖြစ်သည်၊၊

Credit- original

နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဆီကို အမြန်ဆုံး အရောက်လှမ်းဖို့ နွေဦးအထူးငွေတိုက်စာချုပ်များကို ဝယ်ယူကြပါစို့။ 💪💪💪
21/11/2021

နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဆီကို အမြန်ဆုံး အရောက်လှမ်းဖို့
နွေဦးအထူးငွေတိုက်စာချုပ်များကို ဝယ်ယူကြပါစို့။ 💪💪💪

17/11/2021

ငါတို့တတွေ တရားခဲ့ကြပါတယ်နော်

ပန်းစည်းတွေ မုန့်တွေ နဲ့ မင်းတို့ကိုကြိုဆိုခဲ့ကြတယ်
(ကိုယ့်ကိုပစ်မယ့်လူကို ပန်းစည်းတွေဆက်သ ရေသန့်တွေ မုန့်တွေနဲ့ ပူဇော်ခဲ့ဘူးတာ မြန်မာတစ်နိုင်ငံပဲရှိမယ်ထင်တယ်)

ငါတို့တတွေ တရားခဲ့ကြပါတယ်နော်

ဆန္ဒပြပွဲမှာ အထိကရုဏ်း ဖြစ်မှာဆိုးလို့ ၅၀၀၀ စားတွေ ဝိုင်းရိုက်တာ ၊ ဓါးနဲ့ထိုးတာတွေလည်းခံခဲ့ကြရတယ်

ငါတို့တတွေတရားခဲ့ကြပါတယ်နော်

လွန်ခဲ့တဲ့ ၆ လတာလုံးလုံး မင်းတို့တတွေ ပစ်သတ်ခဲ့တာတွေကို ခါးစီးခံခဲ့ကြရတယ် ငါတို့မှာ ဘာလက်နက်မှ မရှိခဲ့ကြဘူး

ငါတို့ တွေတရားခဲ့ကြပါတယ်နော်

ပြည်သူ့ရဲလို့ အော်နေတုန်းက အသံတွေပါ နာ ခဲ့ကြတာကွ

ငါတို့တွေ တရားခဲ့ကြပါတယ်နော်

ညမထွက်ရအမိန့်က ညမအိပ်ရအမိန့်ဖြစ်ခဲ့တယ်
အခု မင်းတို့လည်း အိပ်ရမယ် မထင်လေနဲ့

ငါတို့တွေတရားခဲ့ကြပါတယ်နော်

ဒလန်တွေရဲ့ လက်ညှိုးထိုးဖမ်းဆီးတာတွေကို ခါးစီးခံခဲ့ကြတယ် ၊ ခုလည်းခံနေရတုန်းပဲ။

ငါတို့တတွေ လက်နက်မရှိတုန်းက မင်းတို့ပစ်သတ်ခဲ့ကြတုန်းကအကောင်း ခုကျမှ ပြည်သူတွေ အလန့်တကြားဖြစ်ရတယ်တဲ့လားကွာ😁

ပြည်သူတွေက မင်းတို့ပေးခဲ့တဲ့ သင်ခန်းစာကြောင့် ကျည်သံ ဗုံးသံကို ရိုးနေကြပါပြီ။ 🤣

တချိန်က မင်းတို့တတွေ မနက်ဆို ပြည်သူတွေကိုပစ်သတ်တယ် ညဆို လမ်းတကာလိုက် ဗုံးခွဲခဲ့တယ် အဲ့အချိန်တုန်းကကော ပြည်သူဆိုတာကို မင်းတို့ခေါင်းထဲ ထည့်ခဲ့ကြရဲ့လား။အခုမှ မျက်ရည်လာမချူနဲ့😎

ဒလန်တွေရဲ့ လက်ညှိုးထိုးပြီး ဖမ်းဆီးခံခဲ့ရလို့ ငါတို့တတွေ စစ်ကြောရေးဆိုတဲ့ ငရဲခန်းမှာ အသေဆိုးနဲ့ ရုပ်ပျက်ဆင်းပျက် သေခဲ့တယ် အခုအချိန်ကျမှ ဒလန်လည်း အသက်နဲ့ပါ မိသားစုနဲ့ပါတဲ့လား🤣🤣

ငါတို့တတွေမင်းတို့အပေါ် အမြဲတရားသဖြင့်လုပ်ခဲ့တာပါ။ အခု တရားသော စစ်ကို ခံကြပေအုံးတော့🤺🤺🤺

ငါတို့ဟာမတရားမှု့ကို မေတ္တာနဲ့ တားလို့မရခဲ့တဲ့အတွက် လက်နက်နဲ့ တားခဲ့ရပါတယ်။

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share