Wai Yan စတီးလ် သံပန်း သံစိမ်းပန်းကွေးလုပ်ငန်း

  • Home
  • Myanmar
  • Mawlamyine
  • Wai Yan စတီးလ် သံပန်း သံစိမ်းပန်းကွေးလုပ်ငန်း

Wai Yan စတီးလ် သံပန်း သံစိမ်းပန်းကွေးလုပ်ငန်း နယ်အော်ဒါများဝင်နေပြိ
(2)

14/06/2025
19/12/2024

လွန်ခဲ့တဲ့ ၇ ရက်လောက်ကဘဲ ကျွန်တော်အဖေကို ကျွန်တော်ချစ်တဲ့အကြောင်း တန်ဆောင်မုန်းလပြည့်ညတိုင်း အဖေက မယ်စလီဖူးသုက်ကြွေးတဲ ငယ်ဘ၀ကိုသားအမြဲသတိရကြောင်း တိုင်းတစ်ပါးကိုသွားဖို့ သားပြောတော့အဖေငိုတယ် အဖေကအခုကြတော့ ဘ၀တစ်ပါးပြောင်းပြိးတော့ သားတို့ကို ငိုအောင်လုပ်ပြိးအပြိးခွဲခွါသွားပြိဗျာ ကျွန်တော်အဖေဆိုပြိး မှတ်ထားတဲ့ဖုန်း ကျွန်တော်နောက်နေ့ထပ်ခေါပြိးဖုန်းပြောဖို့ အဖေမရှိတော့ဘူး

အောက်တန်းစား စိတ်ဓာတ်*******************သူတစ်ပါး၏ကိုယ်ကျင့်သိက္ခာကို အပုတ်ချလိုသည့် သဘောဖြင့် မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်...
15/03/2023

အောက်တန်းစား စိတ်ဓာတ်
*******************
သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..
-
သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...
-
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...
-
ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...
-
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...
-
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..
-
ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..
-
မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...
-
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...
-
အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေတတ်သော စိတ်ဓာတ်..
-
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင် အကောင်းမထင်ဘဲ ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်အုံး ။

Crd

14/01/2023

တစ်ရက်တစ််ရက် တိုက်ပွဲဝင်နေရတယ်။

ကိုယ်နှလုံးသားထဲက ဖြစ်ချင်တဲ့
စိတ်ကူးတွေကို သွေဖယ်သွားစေမည့်
အတွေးအခေါ် အယူအဆတွေ၊
ခန္ဓာကိုယ် စေ့ဆော်မှု၊
စိတ်ခံစားချက်တွေ၊
ပတ်ဝန်းကျင် ပြင်ပ ပယောကတွေ၊
ကိုယ်နဲ့အနီးစပ်ဆုံးလူတွေနဲ့
ထိတွေ့ဆက်ဆံမှုတိုင်းက
ဘဝရဲ့ တိုက်ပွဲဖြစ်တယ်။

ပထမဆုံးက ကိုယ့်ရဲ့အတွေးအခေါ်ကို
ကိုယ်အနိုင်ယူဖို့ တိုက်ယူရတယ်။​
ဒုတိယ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို
ကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့၊
တတိယက ကိုယ့်အပြုအမူကို
ကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့
နေ့စဥ် လေ့ကျင့်ယူနေရတယ်။

ဒါမှ ပြင်ပ လွမ်းမိုးမှုတွေကို
တွန်းလှန်နိုင်မှာ။

ကျွန်တော်တို့ရဲ့ အတွင်းပိုင်း
training အားနည်းရင်
အပြင်က ကိုယ်မစားသင့်တဲ့
အစားအစာတွေကို စားမိမယ်။
မပေါင်းသင့်တဲ့ သူတွေနဲ့
ပေါင်းမိမယ်။
မလုပ်သင့်တာတွေကို တဒင်္ဂ
စိတ်ခံစားမှုကြောင့် လုပ်မိမယ်။

ဘဝရဲ့ တိုက်ပွဲမှာ အနိုင်ရဖို့
ကိုယ့်ကိုကိုယ် နေ့စဥ် train
နေဖို့လိုတယ်။

Phyo Paing @ Derek
crd

18/03/2022
17/03/2022

Address

Mawlamyine

Telephone

+959777272016

Website

Alerts

Be the first to know and let us send you an email when Wai Yan စတီးလ် သံပန်း သံစိမ်းပန်းကွေးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share