Democratic TV

Democratic TV To support Myanmar democratic process

12/02/2022

ကျောင်းသားတပ်မတော်

ABSDF ကျောင်းသားတပ်မတော် ကရင်ပြည်နယ်ရဲ့
ရဲဘော်တွေ ကိုယ်တိုင် ရိုက်ထားတဲ့ MTV ပါ။

01/01/2022

အမုန်းတရားများနဲ့ ခါးသက်နေတဲ့ နှစ်သစ်ကူးည
By Democratic TV

၂၀၂၂ ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးညမှာ ကျဆုံးသွားတဲ့ သူငယ်ချင်းတွေကို သတိရပြီး စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင်ကို မုန်းတဲ့ အမုန်းတရားတွေနဲ့ ခါးသီးခဲ့ရသူတွေ ဒေါနတောင်တန်းတွေပေါ်မှာ ရှိနေပါတယ်။

(ဤရုပ်သံကို ကူးယူဖော်ပြနိုင်ပါသည်။)

01/01/2022

၂၀၂၂ မှာ နိုင်ငံသား အားလုံး အေးချမ်းသာယာတဲ့ ဘဝကို ပြန်လည်ရရှိပိုင်ဆိုင်နိုင်ပြီး မိဝေး၊ ဖဝေး မိသားစုတွေ ဝေးကွာပြီး ​လျောက်လှမ်းနေရတဲ့ ဒီမိုကရေစီ ခရီးကိုလည်း အမြန်ဆုံးရောက်ရှိနိုင်ပါစေ။

29/12/2021

စစ်ဘေးရှောင် ရာချီ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်

By Democratic TV

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ပိုင်းက စပြီး ဖလူးလေးကျေးရွာက စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ဘေးရှောင် စခန်းတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးနေတယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

(ဤရုပ်သံကို ကူးယူဖော်ပြနိုင်ပါသည်)

27/12/2021

အမှောင်ဖုံးနေခဲ့ရတဲ့ ခရစ်စမတ်ည

By Democratic TV

(ဤရုပ်သံကို ကူးယူဖော်ပြနိုင်ပါသည်။)

#စစ်ဘေးရှောင် #ခရစ်စမတ်ည #လက်နက်ကြီး

26/12/2021

ကဗျာဆရာ အယ်ဒီတာ ကိုအေစိုင်းကေ ရုပ်အလောင်း မြေချ

By Democratic TV

ဒီဇင်ဘာလ ၂၅ ရက်နေ့ မနေ့က မယ်ဝါးခီးရွာက တိုက်ပွဲမှာ ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ၊ ကဗျာဆရာအေစိုင်းကေ လက်နက်ကြီး ကျည်သင့် ကျဆုံးခဲ့ပါတယ်။

ရုပ်အလောင်း မြေချဖို့ ပြင်ဆင်နေတဲ့မြင်ကွင်းပါ။

(ဤရုပ်သံကို ကူးယူဖော်ပြနိုင်ပါသည်)

#အေစိုင်းကေ #လက်နက်ကြီးသင့် #ကျဆုံး

25/12/2021

မယ်ဝါးခိရှိ KNLA ကင်းစခန်းကို အကြမ်းဖက်စစ်တပ်က တိုက်ခိုက်

By Democratic TV

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ နံနက် ၁၀ နာရီ ၄၅ ခန့်က စတင်ပြီး လေးကေးကော်မြို့အနီး မယ်ဝါးခိ ကျေးရွာက KNLA ကင်းစခန်း တစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

လက်နက်ကြီး အချက်ရေ ၂၀၀ ထက်မနည်း ပစ်ခတ်ခဲ့သလို ရဟတ်ယာဥ် ၃ စင်းနဲ့လည်း လေ​ကြောင်း ပစ်ကူပေးခဲ့တာကြောင့် ဒေသခံတပ်ဖွဲ့ တွေ ဆုတ်ခွာပေးခဲ့ရပြီး အကျအဆုံး အထိအခိုက်လည်း ရှိခဲ့ပါတယ်။

(ဤရုပ်သံကို ကူးယူဖော်ပြနိုင်ပါသည်)

#မယ်ဝါးခိ #ကင်းစခန်း

အားမတန် မာန်လျော့လိုက်ရတဲ့ မယ်ဝါးခီးတိုက်ပွဲ By Democratic TV ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးအဖွဲ့ တစ်ခုရဲ့ ကားလေးက မယ်ဝါးခိ...
25/12/2021

အားမတန် မာန်လျော့လိုက်ရတဲ့ မယ်ဝါးခီးတိုက်ပွဲ

By Democratic TV

ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးအဖွဲ့ တစ်ခုရဲ့ ကားလေးက မယ်ဝါးခိရွာ အလွန်က ကင်းစခန်း တစ်ခုကို ဆိုက်ရောက်လာပါတယ်။

အချိန်ကား နံနက် ၁ဝ နာရီ ၄၅။

ဆန်အိတ်အချို့ အပါအဝင် ရိက္ခာ အချို့ကို ချအပြီး ထောက်ပို့ရဲဘော်တွေနဲ့ ကင်းစခန်းက လူအချို့ နှုတ်ဆက်နေစဉ်မှာပဲ

အုန်း

ရုတ်တရက်ကြားလိုက်တဲ့ ကျယ်လောင်ပေါက်ကွဲသံကြောင့် အားလုံးလိုလို မြေပြင်ပေါ်ကို မှောက်လိုက်ကြပါတယ်။

ခဏ အတွင်း စခန်းတစ်ခုလုံး ယောက်ယက်ခတ် ဆူညံသွားပါတော့တယ်။

မတ်တပ်ရပ်နေသူတွေကို ဝပ်ဖို့ ပြောနေရင်း မှာပဲ နောက်ထပ် တစ်လုံးပြီး တစ်လုံး ကျလာပါတော့တယ်။

၄ လုံးမြောက်ကျအပြီးမှာတော့ လမ်းမပေါ်က ကားလေးပေါ်ကို ထောက်ပို့အဖွဲ့ အပြေးအလွှားတက်ပြီး မောင်းထွက်လာပါတယ်။

လက်နက်ကြီးကျသံတွေကတော့ နောက်မှာ ကျန်ရစ်ခဲ့ပါတယ်။

နောက်ထပ် နောက်ထပ် လက်နက်ကြီးပစ်သံတွေကို ဆက်တိုက် ကြားနေရပါတယ်။

"မယ်ဝါးခီး ကျသွားပြီ"

စစ်ရှောင်စခန်းက လူတစ်ယောက်က သတင်းဆိုးကို သယ်ဆောင်လာပါတယ်။

မယ်ဝါးခီးစခန်းကနေ ဒေသခံတပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်ရပါတယ်။

လက်နက်ကြီးရေနဲ့ အချက်ပေါင်းများစွာ မရပ်မနား ပစ်ခတ်ခဲ့ သလို စစ်သုံးရဟတ်ယာဥ် Mi 35 ၃ စင်းနဲ့လည်း လေကြောင်းပစ်ကူပေးခဲ့တာကြောင့် ဒေသခံတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။

"ဒဏ်ရာရသူတွေ ပါလာတယ်။ ကျဆုံးတာလည်း ရှိတယ်။ အပေါ်က တအုန်းအုန်းပစ်နေတုန်း ကျားထိုးတက်လာတော့ မဆုတ်လို့ မရတော့ဘူး" ဟု ဒဏ်ရာရသူများကို ကူညီခေါ်ဆောင်လာသူ တစ်ဦးက ပြောပါတယ်။

၆၀ မမ အထက် လက်နက်ကြီးများနဲ့ ခန့်မှန်းခြေ အကြိမ် ၂၀၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲအနီး ရှိနေသူတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက်ကို လေကြောင်းကနေ တောက်လျောက် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရပါတယ်။

"မဲဆောက်က ဆေးရုံကို ၅ ယောက်လောက် ပို့လိုက်ရတယ်" လို့ ထောက်ပို့အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

ဒေသခံဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်သူတွေကို မဲဆောက်ကို ပို့ပြီး ဆေးဝါးကုသပေးနေတာပါ။

လက်နက်ကြီးသံတွေက ညနေ ၄ နာခွဲလောက်အထိ မစဲပါဘူး။

၄ နာရီကျော်လောက်မှ ပြန်ဆုတ်လာတဲ့ ဒေသခံတပ်ဖွဲ့ဝင် တစ်ဦးက "ဒီကောင်တွေ မတရား ယုတ်မာတယ်။ သေနတ်ချင်း ယှဥ်ပစ်ရရင် သူတင်ကိုယ်တင်ပဲ " လို့ မချိတင်ကဲ ကျုံးဝါးပါတယ်။

မယ်ဝါးခီးစခန်းဟာ အခိုင်အမာ ကင်းစခန်း မဟုတ်ဘဲ သစ်ပင်ဝါးပင် နည်းပါးတဲ့ ကွင်းပြင်ထီးထီးမှာ ရှိတဲ့ စခန်း တစ်ခုပါ။

စခန်းမှာလည်း တကယ့်လူဦးရေက ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။

ဒီစခန်းကို ရဖို့အတွက်တောင် အကြမ်းဖက် စစ်တပ်ဟာ လေကြောင်းရော၊ လက်နက်ကြီးပစ်ကူသာမက လူအင်အား ရာဂဏန်းလောက် သုံးခဲ့ရပါတယ်။

"လျော့ပေးလိုက်ရပေမယ့် သူတို့နိုင်သွားတာ မဟုတ်ဘူး"လို့ ဆုတ်ခွာလာရသူ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မယ်ဝါးခီစခန်းကို ကာကွယ်ရင်း သူရဲကောင်း အချို့ ကတော့ ကျဆုံးသွားခဲ့ရပါပြီ။

၁၀ ဂဏန်းအထက် ကျဆုံးနိုင်ပြီး ဖမ်းဆီးခံရသူတွေ လည်း ရှိနေပါတယ်။ ဖမ်းဆီးခံရသူတွေကို အသက်ရှင်ရက် ပြန်ရဖို့ မလွယ်ဘူးလို့လည်း ခန့်မှန်း ပြောဆိုနေကြပါတယ်။

"ကျမတို့ သူငယ်ချင်းတွေ ကျဆုံးသွားတဲ့ သွေးကြွေးကို ပြန်ဆပ်ရမယ်"လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မျက်ရည်တွေဝဲရင်း ကြိမ်းဝါးပါတယ်။

(ဤဆောင်းပါးကို မည်သည့် မီဒီယာ မဆို Democratic TV ကို Credit ပေး ကူးယူဖော်ပြနိုင်ပါသည်)

ဓာတ်ပုံ Democratic TV

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် လူ့အခွင့်အရေးကြေငြာစာတမ်း+++++ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွ...
10/12/2021

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် လူ့အခွင့်အရေးကြေငြာစာတမ်း
+++++

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သောအခွင့်အရေးများကိုလူ့အခွင့်အရေးကြေညာ စာတမ်းဖြစ်အတည်ပြုကြေညာခဲ့သည်။ ယင်းကြေညာစာတမ်းပါအချက်များကိုလေးစားလိုက်နာရန်၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား လုံးကိုဖြန့်ဝေ၍ သက်ဆိုင်ရာနိုင်ငံသူနိုင်ငံသားများသိရှိစေရန်စာသင်ကျောင်းများ၊ပညာရေးအဖွဲ့အစည်းများ တွင်ထင်ရှားသိသာမြင်တွေ့စေရန်ထပ်ဆင့်ဖြန့်ဝေခိုင်းသည်။ လူသားတိုင်းခံစားနိုင်သည့် အခြေခံလူ့အခွင့်အရေးများကိုဖော်ထုတ်အတည်ပြုခဲ့သည့်ဒီဇင်ဘာ၁၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါလူ့အခွင့်အရေးကြေညာစာတမ်းတွင်အချက်ပေါင်း၃၀ပါရှိသည်။ ယင်းအချက်သုံးဆယ်မှာအောက်ပါအတိုင်းဖြစ်သည်။

လူတိုင်းမွေးဖွားလာကတည်းကတူညီသောလူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးရှိသည်။
လူတိုင်းအသားအရောင်လိင်ကိုးကွယ်သည့်ဘာသာကျားမမရွေးတန်းတူညီမျှဖြစ်သည်။
လူတိုင်းအသက်ရှင်ခွင့်လုံခြုံခွင့်ရှိသည်။
မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။
မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။
လူတိုင်း တရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။
လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်။ ကျောသားရင်သားမခွဲခြားရ။
အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။
မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။
လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။ လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။
အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိ။
မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်းအိမ်အတွင်းဝင်ခြင်းမပြုရ။
လူတိုင်းမိမိတိုင်းပြည်အတွင်း လွပ်လပ်စာ သွားလာခွင့်ရှိသည်။
မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။
လူတိုင်းနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
အရွယ်ရောက်ပြီးသော ကျားမတိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့် အိမ်ထောင်ထူထောင်ခွင့်ရှိသည်။
လူတိုင်းကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။
လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။
လူတိုင်းလွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။
လူတိုင်းငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များသို့ လွပ်လပ်စွာ ဝင်ခွင့်ရှိသည်။
လူတိုင်းမိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။
လူတိုင်း လူမှုဘဝဖူလုံရေး ခံစားခွင့်ရှိသည်။
လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိ သည်။
လူတိုင်းအပန်းဖြေအနားယူခွင့်ရှိသည်။
လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်။
လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။
လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင်ပါဝင်ပိုင်ခွင့်ရှိသည်။
လူတိုင်းဤစာတမ်းပါအခွင့်အရေးများကိုလေးစားရမည်။
လူတိုင်းအခြားသူများ၏အခွင့်အရေးကိုလေးစားရမည်။
ဤစာတမ်းပါအခွင့်အရေးများကိုမည်သူမှမချိုးဖောက်ရ။

Minglardon Silent StrikeDecember 10, 2021
10/12/2021

Minglardon Silent Strike
December 10, 2021

Pyin Oo Lwin Silent StrikeDecember 10, 2021
10/12/2021

Pyin Oo Lwin Silent Strike
December 10, 2021

Kalay Silent StrikeDecember 10, 2021
10/12/2021

Kalay Silent Strike
December 10, 2021

Address

Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+66993157784

Website

Alerts

Be the first to know and let us send you an email when Democratic TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Democratic TV:

Share