Today News ယနေ့သတင်း

Today News ယနေ့သတင်း News

"ဆာတီဖီကိတ် ယူမလား"ကာတွန်း - နေညိုအေး
20/12/2023

"ဆာတီဖီကိတ် ယူမလား"

ကာတွန်း - နေညိုအေး

03/12/2023

Breaking News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

■ ပဲခူးတွင် ပထမဆုံး သိမ်းပိုက်ရရှိသည့်မြို့ဖြစ်ပြီး PDF တပ်များက သိမ်းပိုက်နိုင်သော ၄ ခုမြောက် မြို့ဖြစ်၊ တစ်နိုင်ငံလုံးတွင် မြို့ပေါင်း ၂၁ ခု သိမ်းနိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အပြီး သတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

"တစ်ပြိုင်တည်း တပ်ရင်း ၂ ခု၊ မြို့တစ်မြို့ ရပြီ။ ခမရ ၅၉၉ တုံးတော တပ်ရင်း၊ ခမရ ၅၉၀ ရေအိုးစဉ် တပ်ရင်း၊ မုန်းရဲစခန်း၊ မုန်းသံတံတား တို့ကို သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ရရှိပြီးနောက် ပဲခူးတိုင်းတွင် မုန်းမြို့ကို ပထမဆုံး သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်ကမူ မုန်းမြို့ကို လက်ရှိတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော မြို့ပေါင်း ၂၁ မြို့ရှိလာပြီဖြစ်သည်။

Khit Thit Media

တရုတ်ကနေ ရုရှားဆီ လက်နက်တွေ လျှို့ဝှက်ပို့တဲ့ မိုင် ၃၀၀၀ ရှည် မြေအောက်ရထားလိုင်းကို ယူကရိန်း ဖောက်ခွဲဖျက်ဆီးမဲခေါင်၊ ဒီဇ...
01/12/2023

တရုတ်ကနေ ရုရှားဆီ လက်နက်တွေ လျှို့ဝှက်ပို့တဲ့ မိုင် ၃၀၀၀ ရှည် မြေအောက်ရထားလိုင်းကို ယူကရိန်း ဖောက်ခွဲဖျက်ဆီး

မဲခေါင်၊ ဒီဇင်ဘာ ၁

ရုရှားနိုင်ငံ ဗဟိုချက်မော်စကိုကနေ ဂျပန်ပင်လယ်အရှေ့ဘက်ကမ်းခြေအထိ ဖောက်လုပ်ထားတဲ့ မိုင် ၂၇၀၀ ရှည် မြေအောက်ရထားလမ်းကြီးထဲ ယူကရိန်းစစ်ထောက်လှမ်းရေးဝန်ဆောင်မှုအဖွဲ့ (SBU) ဦးဆောင်စီစဉ်မှုနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ တရုတ်ကနေ ရုရှားဘက်ကို ပေးပို့နေတဲ့ အဓိက စစ်လက်နက် အသုံးအဆောင်တွေ လမ်းကြောင်း ပိတ်ဆို့သွားခဲ့ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြသွားပါတယ်။

ဖောက်ခွဲတိုက်ခိုက်တဲ့ဥမင်နေရာဟာ ယူကရိန်းနယ်စပ်ကနေတွက်ရင် မိုင် ၃၀၀၀ အကွာအဝေးမှာ ရှိနေတာဖြစ် လို့ ယူကရိန်းရဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ဖျက်ဆီးတိုက်ခိုက်နိုင်စွမ်းဟာ အကောင်းဆုံးအခြေအနေမှာရှိနေ ပြီး စစ်ဆင်ရေးလုပ်ခဲ့သူအားလုံး ဒဏ်ရာမရ လွတ်မြောက်လာနိုင်တယ်လို့ ယူကရိန်းထောက်လှမ်းရေး သတင်း ရင်းမြစ်တစ်ခုက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းဘက်က ရုရှားရဲ့ ဘိုင်ကယ်-အမော် ဆက်သွယ် ဥမင်ရထားလမ်းကြီးရဲ့ ဆက်ဗရိုမိုင်းစကီး ဒေသ ၁၀ မိုင် ရှည်တဲ့ လမ်းပိုင်းမှာ ၄ နေရာ ပြင်းထန်စွာပေါက်ကွဲတာကြောင့် လေယာဉ်ဆီလှောင်ကန် ၃ ကန်အပြင် တရုတ်က ထောက်ပံ့တဲ့ လက်နက်နဲ့ ယူကရိန်းစစ်ပွဲဆင်နွှဲနေတဲ့ ရုရှားတပ်တွေအတွက် ထောက်ပို့ကုန်ပစ္စည်းတွေ တင်လာ တဲ့ ကုန်တွဲ ၄၁ တွဲပါ ရထား မီးလောင် ပျက်ဆီးသွားခဲ့တာဖြစ်သလို ဥမင်လမ်းတွေလည်း ပြိုကျပိတ်ဆို့သွားပြီလို့ ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ယူကရိန်းဘက်က ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ၁၀ မိုင်ရှည်တဲ့ ရထားလမ်းဥမင်ထဲ သွားထည့်ထားတာလား၊ ကုန်ရထားပေါ်မှာ တင်ပေးလိုက်တာလားဆိုတာကို အတိအကျမဖော်ပြဘဲ ရုရှားထိပ်သီး ထောက်လှမ်းရေးအဖွဲ့ FSB ကတော့ ဒီလမ်းပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သာ သတင်းထုတ်ပြန်ပြီး ကျန်တာတစ်စုံတရာ ထုတ်ပြန် မှုမလုပ်ခဲ့ပါဘူး။

ရက်ပိုင်းကပဲ ဇနီးဖြစ်သူ အာစင်းနစ်နဲ့ ပြဒါးပါအဆိပ် အစာထဲ ထည့်သွင်းလုပ်ကြံမှုခံရတဲ့ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ဘူဒါနော့ဗ်က ယူကရိန်းစစ်ဆင်ရေးဟာ ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်တွေ အိမ်တံခါးပေါက်အထိ လာခေါက်နေနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။


Ref:The Sun
MKF-001

ဝေါမြို့နယ်ရှိ သူရဲသမိန်ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကိုးဦးသေကျော်ဇော/People's Springပဲခူးတိုင်း၊ ဝေါမြို့...
29/11/2023

ဝေါမြို့နယ်ရှိ သူရဲသမိန်ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကိုးဦးသေ

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ကိုးဦးသေဆုံးကြောင်း ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သားသုံးဦး၊ စခန်းမှူးအပါအဝင် ရဲလေးဦး၊ ပျူစောထီးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးသေဆုံးပြီး သေနတ်လေးလက် သိမ်းဆည်းရရှိကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုသည်။

"သူရဲသမိန်စခန်းမှာ တာဝန်ကျတဲ့ ဗိုလ်မှူးကအရပ်ဝတ်လဲပြီး ရှေ့ဆုံးကပြေးတော့တာပဲ" ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက် နေစဥ် စခန်းအားသိမ်းပိုက်ရရှိခဲ့သော်လည်း မီးရှို့ဖျက်ဆီးရန် မီးခြစ်အရံသင့်ပါမလာခြင်း၊ အနီးဝန်းကျင်ကျေးရွာများဖြစ်သော မြစ်ကျိုး၊ လက်ပံ၊ အညာစု စသည့်ကျေးရွာများတွင် အထိုင်ချထားသော စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်းတို့ကြောင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

အလားတူ ဝေါမြို့နယ် တဘက်ကမ်း စစ်တောင်းမြစ်အနေညက်ဘက်ခြမ်းရှိ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၉၈) တပ်စခန်းကိုလည်း KNLA၊ PDF ပူးပေါင်းတပ်များက နိုဝင်ဘာ ၂၇ရက် နံနက် ၅ နာရီခန့်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအခြေအနေအား အသေးစိပ်မသိရသေးပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဝေါမြို့နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ပျူစောထီးအဖွဲ့သို့ဝင်ရန် ကျေးရွာတစ်ရွာလျှင် အင်အား ၃၀ ဦးပေးရမည်ဟု သတင်းများထွက်ပေါ်နေ၍ ဒေသခံများ စိုးရိမ်ပူပန်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

(ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သူရဲသမိန်ရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ဝေါ(ပကဖ))

လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိန...
29/11/2023

လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

နိုဝင်ဘာလ ၂၉

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့် အကြမ်းဖက် စစ် ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိထားကြောင်း ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၅၅ ၊ တပ်မ ၆၆ မှ စစ်ကောင်စီတပ်သားများသည် ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာစဉ် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

“မယ့်စဲ့မှာ ကျန်နေတဲ့ ပန်တိမ်းဘက်မှာ ကျန်တာ၊ ၂၂ ရက်လား၊ ၂၃ ရက်လား မသိဘူး၊ သွားတိုက်တော့ အရင်က နယ်ခြားစောင့်တပ်က ကျန်ခဲ့တဲ့ ကားတွေ ဆိုင်ကယ်တွေ၊ ဆန်တွေ အများကြီးပဲ သူတို့ ဖျက် ဆီး ပစ်ခဲ့တယ်၊ အဲဒီကနေ ဖားဆောင်းဘက်ကို ဆုတ်တဲ့ချိန်မှာ တိုက်ပွဲစဖြစ်တာ၊ မယ်စဲ့မြို့နယ်မှာ တော့ စကစတွေမရှိတော့ဘူး၊ အခုဆုတ်လာတဲ့ စစ်ကြောင်းကလည်း တစ်နေရာမဟုတ် တစ်နေရာမှာ တော့ ခံရမှာပဲ၊အခုလည်း အယောက် ၂၀ လောက်သေတယ်၊ တစ်ဦးအရှင်ဖမ်းမိထားတယ်ဆိုတော့ လွိုင်ကော်အထိ ရောက်အောင်သွားနိုင်မယ်မထင်ဘူး” ဟု ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့သိမ်း တိုက် ပွဲ သို့ စစ်ကူသွားရောက်ရန် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့တွင် KA ၊ KNPLF ၊ KNDF ၊ PDF စသည့်ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Khithit media
Photos khitthit media

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နားတွင် စကစလက်အောက်ခံရဲမှ ကုန်ကားမောင်းသမားအား သေနတ်ဖြင့် ပစ်သတ်ပြီး စပယ်ယာအား နားရွက်ဆွဲကာ ထိ...
18/11/2023

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နားတွင် စကစလက်အောက်ခံရဲမှ ကုန်ကားမောင်းသမားအား သေနတ်ဖြင့် ပစ်သတ်ပြီး စပယ်ယာအား နားရွက်ဆွဲကာ ထိုင်ထလုပ်ခိုင်း
=====================================

၁၈၊ နိုဝင်ဘာ၊ ၂၀၂၃။ KIT

ယနေ့ညနေပိုင်း ၄ နာရီမထိုးခင်အချိန်တွင် ဝေါမြို့နယ်၊ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နားတွင် ကုန်ကားမောင်းသမားတစ်ဦးအား စကစလက်အောက်ခံ ရဲတစ်ဦးမှ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့သည့်အတွက် ကားမောင်းသမားမှာ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားစပါယ်ယာသမားကိုလည်း နားရွက်ဆွဲထိုင်ထ လုပ်ခိုင်းကြောင်း သိရသည်။

ကုန်ကားမောင်းသမားသည် ပထမ ဒူးထောက်ထိုင်ပြီး တောင်းပန်နေသော်လည်း ဗိုက်ပူပူရဲမှ သေနတ်ဖြင့် ပစ်ထည့်လိုက်တာ အနောက်သို့ ပက်လက်လန်လဲကျသွားသည်ဟု မျက်မြင်တွေ့ရှိသူမှ KIT သို့ ပြောပြသည်။


မော်လမြိုင် ရတခ စစ်တိုင်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ စစ်တိုင်းအစည်းအဝေးပြုလုပ်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အရာရှိ...
16/11/2023

မော်လမြိုင် ရတခ စစ်တိုင်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

စစ်တိုင်းအစည်းအဝေးပြုလုပ်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

မောင်မောင်၊သတိုး/People’s Spring

မွန်ပြည်နယ် မောင်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် မွန်ဒေသရှိ သတင်းရင်းမြစ် အချို့က ပြောသည်။

နိုဝင်ဘာ ၁၆ရက် ညနေပိုင်းက စစ်ဌာနချုပ်၌ တိုင်းနှစ်ပတ်လည်အစည်းအဝေး ကျင်းပစဉ် ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ Fix wing Kamikaze Drone ၂စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Su***de Drone ၂စင်း သုံးပြီးတိုက်ခိုက်မှု၌ ရတခတိုင်းခန်းမလျှောက်လမ်းနှင့် ယာဥ်ရပ်နားဝင်းသို့ လေကွဲစနစ်ဖြင့် ကျရောက်ပေါက်ကွဲရာ ဗိုလ်မှူးကြီးအဆင့်နှင့် ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင်ထိခိုက်သူ အများအပြားရှိခဲ့ပြီး ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း တပ်တွင်းရင်းမြစ်ကို ကိုးကားပြီး သတင်းပေးပို့လာသည့် PDF စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရတခတိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်မှာ ဖြစ်နိုင်ခြေရှိသည်ဟု မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

"ဒီမှာလည်း အဲဒီသတင်းက ပြန့်နှံ့နေပြီ။ ဒီတလောမှာ လွန်ခဲ့တဲ့သုံးလေးရက်က ချောင်းနှစ်ခွမှာတိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်။ ချောင်းနှစ်ခွနဲ့ရတခနဲ့ဆိုတာကလည်းသိပ်မဝေးဘူးလေ။ ဆိုတော့ဖြစ်နိုင်ချေရှိတယ်လို့ထင်တယ် ဒရုန်းကျတယ်ဆိုတာ။ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ တလျှောက်မှာ တိုက်ပွဲကလည်း အပြင်(တော်လှန်ရေးအင်အားစုများ)က အသာစီးရနေတဲ့သဘောရှိတယ်။ အဲဒီလိုဆိုတော့ ရတခကိုခြိမ်းခြောက်တာပဲဖြစ်ဖြစ် မဟုတ်ရင် ရတခကို အလုပ်ပေးတာပဲဖြစ်ဖြစ် သူတို့က တစ်ခုခုလုပ်ချင် လုပ်နိုင်တယ်လေ"ဟု မွန်ဒေသ တော်လှန်ရေးတပ်သတင်းရင်းမြစ်က ပြောသည်။

"မော်လမြိုင်ဘက်ကသူတွေကိုမေးလို့ပြောကြတာကတော့ ပေါက်ကွဲသံ၂ချက် အကျယ်ကြီးနှင့်အတူ သေနတ်သံတွေဆက်တိုက်ကြားရပြီး ရတခထဲ အော်ဟစ်သံတွေနဲ့ဖယိုဖရဲဖြစ်ပြီး အချို့ ပြေးကြလွှားကြတယ်လို့သိရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် ပျံကျနေထိုင်သူများနှင့် နေ့စားသန့်ရှင်းရေးသမားများကို နေ့စားခပေး၍ စစ်ကောင်စီထောက်ခံပွဲပြုလုပ်နိုဝင်ဘာလ ၁...
15/11/2023

ပုသိမ်မြို့တွင် ပျံကျနေထိုင်သူများနှင့် နေ့စားသန့်ရှင်းရေးသမားများကို နေ့စားခပေး၍ စစ်ကောင်စီထောက်ခံပွဲပြုလုပ်

နိုဝင်ဘာလ ၁၅ ရက်

ဧရာ၀တီတိုင်းပုသိမ်မြို့ ကန်သုံးဆင့်ကွင်းတွင် နို၀င်ဘာလ ၁၅ရက်နေ့မနက်ပိုင်းက လူ၅၀ခန့်ကစစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"လာတဲ့သူတွေက မြို့မိမြို့ဖနဲ့ လူသိများတဲ့လူတစ်ယောက်မှမပါဘူး။ တစ်ချို့သန့်ရှင်းရေး၀န်ထမ်းနဲ့ ပလုံကောက် ပျံကျတွေလုပ်ကျတာ။ လုပ်သာလုပ်ရတယ်ကြောက်သေးတယ်တချို့ကအိမ်နေရင်းအ၀တ်အစားနဲ့လာကြတာ ကွင်းထဲရောက်မှ လူကြီးတွေကတိုက်ပုံတွေဘာတွေ၀တ်နေတာတွေ့တယ်။ မြို့ပေါ်ကဘယ်သူ့မှလဲစိတ်မ၀င်စားကြပါဘူး" ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

လာရောက်သူအများစု မှာ ပုသိမ်မြို့ ရထားလမ်းတစ်လျှောက်ကျူးကျော်တဲများတွင် ပျံကျနေထိုင်သူများနှင့်နေ့စားအမိူက်သိမ်းစည်ပင်၀န်ထမ်းအများစု ပါ၀င်ပြီးရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ နေ့စားခပေးကာစေခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါထောက်ခံပွဲကို ပုသိမ်မြို့ပေါ်ကကြံခိုင်ရေးပါတီ၀င်အချို့တက်ရောက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့၀င်အချို့ပါ၀င်ကြောင်းမျက်မြင်တွေ့ရှိသူဒေသခံများကပြောသည်။

စစ်ကောင်စီထောက်ခံပွဲပြုလုပ်နေစဉ်တွင်ပုသိမ်မြို့တွင်းစစ်ကောင်စီတပ်များနှင့်ရဲတွေကလုံခြုံရေးတင်းကြပ်ထားကာ စစ်ဆေးမှုများပြုလုပ်နေကြပြီး ထောက်ခံပွဲပြုလုပ်သည့် ကွင်းတွင် အရပ်၀တ်များနှင့်လုံခြုံရေးယူပေးထားကြောင်းသိရှိရသည်။


ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံသိမ်းပိုက်ရရှိဟု MNDAA ပြော မဟာမိတ်အဖွဲ့သိမ်းပိုက်ထား‌သော စုစုပေါင်းတပ်စခန်း ၁၈...
15/11/2023

ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံသိမ်းပိုက်ရရှိဟု MNDAA ပြော မဟာမိတ်အဖွဲ့သိမ်းပိုက်ထား‌သော စုစုပေါင်းတပ်စခန်း ၁၈၃ ခုထိရှိလာ

TodayNew

ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။

၁၀၂၇ စစ်ဆင်ရေး ၂၀ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ရက်နေ့ စစ်ရေးအခြေအနေကို ၎င်းကပြောပြခြင်းဖြစ်သည်။

“ဒီနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင်မြောက်ဘက်ပိုင်းမော်ထိုက်ဒေသပေါ့နော်။ အဲဒီအတွင်းမှာရှိတဲ့တပ်စခန်း ၃ခုပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

အဆိုပါတပ်စခန်း ၃ခုအပါအဝင် MNDAAနှင့်ရက္ခိုင်တပ်တော်(AA) မဟာမိတ်တပ်များသိမ်းပိုက်ရရှိထားသည့် တပ်စခန်း ၁၄၇ ခုရှိပြီဖြစ်သည်။ ထို့ပြင် တအာင်းတပ်မတော်(TNLA)ကလည်း ယနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း ၃၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၈၃ခုထိ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

TNLA ကလည်းယနေ့ တိုက်ပွဲသတင်း ဖော်ပြထားရာ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲတွင် TNLAနှင့် စစ်ကောင်စီတို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြိမ် ၃၀ ထက်မနဲတိုက်ခိုက်ခဲ့ပြီး၊ တိုက်လေယာဉ်ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့၍ ကျောက်မဲမြို့နယ်နောင်ပိန်ရွာရှိလူနေအိမ်နှင့်ဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

(ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်သားများ AA လိုက်လံတိုက်ခိုက်၊ ၅ ဦးသေဆုံး---------------------နိုဝင်ဘာ၊၁၅ရက္ခိုင့်တပ်တော...
15/11/2023

လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်သားများ AA လိုက်လံတိုက်ခိုက်၊ ၅ ဦးသေဆုံး
---------------------
နိုဝင်ဘာ၊၁၅

ရက္ခိုင့်တပ်တော်(AA) ကနေ လက်နက်ချအညံခံဖို့ အသိပေးထားပေမဲ့ လက်ခံမှုမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်မနက်က လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ် လို့ AA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရက္ခိုင်ပြည်၊ မောင်တော၊ ကံပြင်သာစည်ရွာဘက်မှာ လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် လက်နက်ချအညံ့မခံတဲ့သူတွေကို ဆက်လက်တိုက်ခိုက်သွားမယ် လို့ AA က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက် တစ်ရက်ထဲတင် စခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်သွားတယ်လို့ သိရပါတယ်။

အဲဒီတစ်ရက်ထဲမှာပဲ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ယောက်အပါအဝင် စစ်သား ၁၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို စစ်ကောင်စီရဲ ၂၈ ယောက်ဟာလည်း အသာတကြည်လက်နက်ချပြီး အလင်းဝင်လာတယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA) ဟာ အခုအချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာလည်း KIA၊ PDF တို့ နဲ့အတူ ပါဝင်တိုက်ခိုက်နေပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။


စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်းလုံး မိသားစုများအပါခေါ်ပြီး ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်----------------နိုဝင်ဘာ၊ ၁၄ရှမ်းပြည်နယ်မ...
14/11/2023

စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်းလုံး မိသားစုများအပါခေါ်ပြီး ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်
----------------

နိုဝင်ဘာ၊ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းတစ်ရင်းလုံး နိုဝင်ဘာ ၁၂ ရက်နေ့က အလင်းဝင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ခမရ (၁၂၉) က တပ်ရင်းမှူးဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၂၆ ယောက်နဲ့ မိသားစုတွေပါအပါ စုစုပေါင်း ၂၆၂ ယောက် အလင်းဝင်လာတာလို့ ဆိုပါတယ်။

အဲဒီ ခမရ ၁၂၉ ဟာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဒေသချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းဖြစ်ပြီး တပ်ရင်းမှူးကတော့ ဗိုလ်မှူး ကျော်ရဲအောင်ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၉ ယောက်ကိုတော့ တစ်ယောက်ကို ကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့ပြီး မိသားစုဝင်တစ်ယောက်ခြင်းစီကိုတော့ ကျပ်တစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

"တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်" လို့လည်း ညီနောင် ၃ ဖွဲ့က ရေးသားထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ဆက်သွယ်ပြီး အလင်းဝင်ကြဖို့နဲ့ အလင်းဝင်လာရင် လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အခုအချိန်အထိ စစ်ကောင်စီဘက်က အလင်းဝင်လာတဲ့ ၂၀၀ ကျော်ရှိသွားပါပြီ။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

From
Photos

အမေရိကန် ဩဇာအာဏာ အတက်အကျ ကို စမ်းသပ်ခံမည့် ပွဲ*********************Hla Soe Waiကမ္ဘာတွင် အမေရိကန်၏ အရှိန်အဝါ ကျဆင်းနေပြီဟ...
01/11/2023

အမေရိကန် ဩဇာအာဏာ အတက်အကျ ကို စမ်းသပ်ခံမည့် ပွဲ
*********************

Hla Soe Wai

ကမ္ဘာတွင် အမေရိကန်၏ အရှိန်အဝါ ကျဆင်းနေပြီဟု ယုံကြည်နေသူများ အတွက် သမ္မတ ဂျိုးဘိုင်ဒင်သည် တန်ချိန် နှစ်သိန်း ခန့် ရှိ လေယာဉ်တင် သင်္ဘောကြီး နှစ်စင်းအား ‌‌အစ္စရေး ကို ပံ့ပိုးပေးနိုင်ရန် စေလွှတ်လိုက်ပြီ ဖြစ်သည်။ ဟစ်ဘိုလာ နှင့် ၎င်းတို့၏ ဆရာသမား ဖြစ်သူ အီရန် မှ လက်ဘနွန် တောင်ပိုင်းမှ နေ၍ ဒုတိယ စစ်မျက်နှာ ဖွင့် လာမည့် အရေးကို ဟန့်တားရန် အတွက် ဖြစ်သည်။

ရှေ့လျောက် ကမ္ဘာအရေးအခင်းများ တွင် အမေရိကန်သည် မည်သည့် အခန်းကဏ္ဍမှ ရပ်တည်သွားနိုင်မည်လဲ ဆို သည်မှာ အစ္စရေး နှင့် ဟားမားစ်တို့ အကြား စစ်ပွဲကို ဂျိုး ဘိုင်ဒင် ၏ ကိုင်တွယ် ဖြေရှင်းနိုင်မှု အပေါ် မူတည်လာနေပြီ ဖြစ်သည်။

ဂျိုးဘိုင်ဒင်သည် ဤသည်ကို ကောင်းစွာ နားလည် သဘောပေါက်နေသည့် အမျှ အောက်တိုဘာ ၂၀ ရက်နေ့တွင် အပြောင်းအလဲ ပြုလုပ်ရမည့် အနေအထား inflection point ဟု ပြောဆိုလာခဲ့သည်။

ဟားမားစ်တို့၏ အကြမ်းဖက်မှု၊ ရုရှား၏ ယူကရိန်းအား ကျုးကျော်မှု၊ တရုတ်မှ တိုင်ဝမ်ကို ဝင်ရောက်သိမ်းပိုက်ရန် ခြိမ်းခြောက်လာနေမှု များသည် ထိုစကား၏ နောက်ကွယ်တွင် ရှိနေပြီး ဖြစ်သည်။

သို့သော် ကမ္ဘာအခြေအနေများသည် ထိုမျှလောက် မကပဲ ပို၍ အန္တရာယ်များလာနေပြီ ဖြစ်သည်။ ရှူပ်ထွေးပြီး ရန်လိုသော နိုင်ငံတကာ အခြေအနေများ နှင့် အမေရိကန်သည် ရင်ဆိုင်နေရသည်။

၁၉၇၀ ကျော် နှစ်များ တွင် ဆိုဗီယက် ပြည်ထောင်စု စတင် အနည်ထိုင်သွားခဲ့ချိန် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် တရုတ်၏ အင်နှင့် အားနှင့် ဆန့်ကျင်လာမှု ကြီး နှင့် ထိတ်တိုက် ရင်ဆိုင် နေရသည်။ အမေရိကန် ပြည်တွင်း နိုင်ငံရေး အခြေအနေသည် ကမောက်ကမ ဖြစ်လာနေပြီး ရီပတ်ဘလီကင် ပါတီသည် ဘယ်သူနှင့်မှ မပတ်သက်ပဲ တသီးတသန့် နေမည့် မူဝါဒများကို ကျယ်လောင်စွာ ထုတ်ဖေါ်ပြောဆိုလာနေသည်။

လက်ရှိ အနေအထား သည် အစ္စရေး နှင့် အရှေ့အလယ်ပိုင်းကိုသာ မကပဲ အမေရိကား နှင့် ကမ္ဘာကြီး၏ အနာဂတ်အား သတ်မှတ် ပြဋ္ဌာန်း ပေးလာရန် ဆော်ဩ လာပြီ ဖြစ်သည်။

ပြည်ပမှ ခြိမ်းခြောက်မှု များ အား အပိုင်း သုံးပိုင်း ခွဲ၍ သတ်မှတ် နိုင်သည်။ ပထမ ပိုင်း အဖြစ် အရှေ့အလယ်ပိုင်းတွင် အီရန် မှ ကမောက်ကမ ဖြစ်ရန် မီးမွှေးလာခဲ့မှု၊ ယူကရိန်း အား ရုရှား မှ ကျုးကျော်တိုက်ခိုက်နေမှုပင် ဖြစ်သည်။ ထိုအတွက် ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်လာသည် နှင့် အမျှ အမေရိကန် သည် နိုင်ငံရေး၊ ဘဏ္ဍာရေး နှင့် စစ်ရေး ဖက်တွင် အရင်းအမြစ်များ ထုတ်နှုတ်သုံးစွဲလာခဲ့ရသည်။

ရုရှားသည် ယူကရိန်းတွင် စိတ်ထင်တိုင်း လုပ်ခွင့်ရမည် ဆိုက ဥရောပ ဖက်ခြမ်းသို့ မျှားဦး လှည့်လာတော့မည် ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင်လည်း သွေးထွက်သံယို အဖြစ်များကြောင့် ထိုဒေသများရှိ အစိုးရများသည် လူထု၏ ဒေါသနှင့် ရင်ဆိုင်လာရ ပေ တော့မည် ဖြစ်သည်၊ စစ်ပွဲများကြောင့် အမေရိကန်အား လည်း စစ်‌ မီး မွှေးသူ၊ ကြောင်သူတော် အစရှိသဖြင့် စွပ်စွဲလာကြမည် ဖြစ်သည်။ ဤသို့ဖြင့် လက်ရှိ ကမ္ဘာကြီး လည်ပတ်နေသော စနစ်ကြီးသည် ပျက်စီးခြင်း ငါးပါးသို့ ဦးတည်လာပေတော့မည်။

ဒုတိယ ခြိမ်းခြောက်လာသည်က ရှုပ်ထွေးမှု များ ဖြစ်လာနိုင်ခြင်းပင်။ အိန္ဒိယ၊ ဆော်ဒီအာရေးဗီယား ကဲ့သို့ သော နိုင်ငံများ ပါဝင်သည့် အုပ်စုသည် ၎င်းတို့ အကျိူးစီးပွား အတွက်သာ အပြင်းအထန် အာရုံထားလာကြပြီး အချင်းချင်း တိုး၍ ‌ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာကြသည်။ ထိုနိုင်ငံများသည် ရုရှား နှင့် အီရန်တို့ ကဲ့သို မဟုတ်ပဲ ကိုယ့်စီးပွား ကိုယ် ရှာစားခြင်ကြသူများ ဖြစ်သည်။ ၎င်းတို့အတွက် အမေရိကန်၏ အမိန့် ပေးမှု ကို နာခံစရာ မလိုဟုလည်း ယူဆထားကြ၍ အမေရိကန် အဖို့ ဆူပါပါဝါ နိုင်ငံကြီး အဖြစ် ရပ်တည်သွားရန် ပို၍ ခက်ခဲသွားစေခဲ့သည်။ ဥပမာအားဖြင့် ဆွီဒင်အား နေတိုးသို့ ဝင်ခွင့်ရရေး အပေါ် ကန့်ကွက်နေသော တူရကီအား ၁၇ လ ကြာအောင် နည်းမျိုးစုံ သုံး၍ နားချခဲ့ကြရသည်။

တတိယ ခြိမ်းခြောက်မှု သည်က အားလုံးထဲတွင် အကြီးမားဆုံး ဟု ဆိုရမည် ဖြစ်သည်။ တရုတ်သည် နိုင်ငံတကာ အသင်းအဖွဲ့များတွင် ထည့်သွင်းပြဋ္ဌာန်းထားသော စံတန်ဖိုးများ ကို ဖယ်ထုတ်ပြီး သူ့စိတ်ကြိုက် အစားသွင်းနိုင်ရန် ရည်မှန်းချက်များ ရှိနေသည်။ ဆိုလိုသည်က ဒီမိုကရေစီ၊ လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး များထက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထားရမည်၊ နိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံတကာ စံနှုန်းများ လိုက်နာရေး ထက် ပိုအရေးကြီးသည် ဟူ၍ ဖြစ်သည်။

ရုရှား နှင့် အီရန်သည် မဟာမိတ် အဖြစ် မသိမသာ လက်တွဲလာနေသည်။ အီရန်သည် ရုရှားတို့အား ဒရုန်းများ ထောက်ပံ့ပေးနေပြီး တရုတ်သို့ ရေနံများ တင်ပို့ပေးနေသည်။ အပြန်အလှန် အနေဖြင့် တရုတ် နှင့် ရုရှားတို့သည် အီရန်၏ တပည့် ဖြစ်သူ ဟားမားစ် အတွက် ကုလသမဂ္ဂ တွင် သံတမန်ရေးအရ အကာအကွယ် ပေးနေသည်။

အမေရိကန် ၏ လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေသည် ထိုအန္တရာယ်များအား ပို၍ ကြီးမားအောင် ပြုလုပ်ပေးနေသလို ဖြစ်လာခဲ့သည်။ ရီပတ်ဘလီကင် နိုင်ငံရေး သမားများသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီ တသီးတခြား ကျင့်သုံးခဲ့သည့် ကုန်သွယ်ရေး နှင့် နိုင်ငံခြားရေး မူဝါဒများ အပေါ် အားသန် နေကြသည်။ ထိုအရေးသည် ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာမည်ထက်ပင် ပို၍ အရေးကြီးလာနေသည်။ အမေရိကန်သည် ဖြစ်ပေါ်လာနေသည့် ကမ္ဘာရေးရာများကို တာဝန် မဲ့စွာ လျစ်လျု ရှုမည်ဆိုလျှင် ဆူပါပါဝါ အဖြစ် ဆက်၍ ရပ်တည်သွားဖို့ မဖြစ်နိုင်တော့ပေ။ အမေရိကန်သည် ၁၉၄၁ တွင် ပုလဲဆိပ်ကမ်းကို ဗုံးကြဲခံရမှသာ ဒုတိယ ကမ္ဘာစစ်ထဲသို့ ဝင်လာသည်ကို အမှတ်ရဖို့ လိုပေသည်။

ထိုသို့ Make America Great Again ဆိုသော MAGA ရီပတ်ဘလီကင်များ ကြောင့် အမေရိကန်၏ အကျိုးစီးပွားများ မည်သို့ ထိခိုက်လာနိုင်သည် ကို ဆန်းစစ်ကြည့်ဖို့ လိုပေသည်၊ ဥပမာ အားဖြင့် ယူကရိန်းသို့ လက်နက် နှင့် ငွေကြေး များ ထောက်ပံ့ပေး နေမှုအား ရပ်ဆိုင်းလိုက်မည်ဆိုလျှင် ပူတင်အား အစွယ်ချိုးရန် နှင့် တရုတ်တို့ တိုင်ဝမ်အား ကျုးကျော်လာမည့် အရေး ကို တပ်အင်အား အသုံးပြုစရာ မလိုပဲ ဟန့်တား နိုင်ရန် ဆိုသော အမေရိကန် တို့ ရထားသည့် အခွင့် အလန်းများ ဆုံးရှူံးသွားပေ‌ တော့မည်။

ယူကရိန်း အား ပစ်ပယ်လိုက်မည်ဆိုက ရုရှားမှ နေတိုး အဖွဲ့ဝင် နိုင်ငံများအား တိုက်ခိုက်လာအောင် ဖိတ်ခေါ်လိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်၊ ထိုအခါ တွင် အမေရိကန် နိုင်ငံသားများ၏ အသက်ပေါင်း များစွာနှင့် ဘဏ္ဍာငွေ အမြောက်အမြား ရင်း၍ ဝင်ရောက် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ အမေရိကန် သည် ရန်သူ နှင့် မိတ်ဆွေများကိုလည်း မိမိ တို့သည် အရေးကြုံလာလျှင် အားကိုးမရဟု ကျေညာသလို ဖြစ်သွားနိုင်ပေသည်။ အိမ်ဖြူတော်သို့ ထရန့် ပြန်ရောက်လာမှု နှင့်အတူ ရီပတ်ဘလီကင်တို့၏ ယူကရိန်း အပေါ် ပျက်ကွက်ခဲ့မှု များ ပေါင်းစပ်လိုက်မည်ဆိုလျှင် အမေရိကန်သည် ရှေ့လျောက် ဘယ်သောင်ဘယ်ကမ်း ဆိုက်သွားမည်ကို ခန့်မှန်း ၍ ပင် ရတော့မည် မဟုတ်ပေ။

အမေရိကန်သည် ထိုသို့ ကြောက်မက်ဖွယ် အတားအဆီးများ ရှိနေသော်လည်း တဖက်တွင် မည်သူမျှ မယှဉ်နိုင်သည့် စစ်အင်အားကို ပိုင်ဆိုင်ထားသည်။ ယခုအခါ အရှေ့အလယ်ပိုင်းတွင် လေယာဉ်တင် သင်္ဘော အုပ်စုကြီး နှစ်ခု စေလွှတ်ထားနိုင်ယုံမျှမက အစ္စရေးအားလည်း လက်နက်များ၊ ထောက်လှမ်းရေး အချက်အလက်များ၊ ကျွမ်းကျင်မှု များ ထောက်ပံ့ ပေးနိုင်ခဲ့သည်။

တရုတ်သည် ၎င်းတို့၏ စစ်တပ် အတွက် ဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲလာနေသည် ဆိုသော်လည်း အမေရိကန် သည် လက်ရှိ ဒေါ်လာ ပေါက်ဈေး နှင့် ဆိုလျှင် ၎င်းတို့၏ မဟာမိတ် ဆယ်နိုင်ငံ ပေါင်း၏ ကာကွယ်ရေး ဘတ်ဂျက်များ နှင့် ညီမျှသည့် ပမာဏ ကို ပြီးခဲ့သည့် နှစ်အတွင်း သုံးစွဲခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။

အမေရိကန်သည် စီးပွားရေး ဖက်တွင်လည်း အင်အား တောင့်တင်းနေဆဲပင် ဖြစ်သည်။ တကမ္ဘာလုံး ထုတ်ကုန် ပမာဏ ၏ လေးပုံတပုံ သည် အမေရိကန် ထံမှ ဖြစ်သည်။ ကမ္ဘာ လူဦးရေ စုစုပေါင်း၏ နှစ်ဆယ်ပုံ တပုံကို ပိုင်ဆိုင်ထားပြန်သည်။ တရုတ် တို့ ခေါင်းထောင်လာနိုင်သည် ဆိုသော်လည်း ထိုအတိုင်းအဆ သည် ပြီးခဲ့သည့် ‌နှစ် လေးဆယ် အတွင်း အပြောင်းအလဲ မရှိ ဆက်ဖြစ်နေခဲ့သည်။ နည်းပညာ ပိုင်း တိုးတက်မှု တွင်လည်း သံသယ ပင် ဖြစ်စရာ မလိုအောင် အစွမ်းပြထားနိုင်ခဲ့သည်။

တရုတ်သည် နိုင်ငံ၏ စီးပွားရေး တိုးတက်မှု အား ကွန်မြူနစ် ပါတီမှ နိုင်ငံအား အစွမ်းကုန် ထိန်းချုပ်ထားရမည် ဆိုသော မူ၏ လက်အောက်ခံ အဖြစ် သာ ထားရှိခဲ့သည်။

အမေရိကန် အား လျော့တွက်ထားကြသည့် သံခင်းတမန် ခင်း ပိုင်းတွင်လည်း ကြွက်သားများ ဆန့်ထုတ် ပြလာနိုင်ခဲ့သည်။ ယူကရိန်း စစ်ပွဲကြောင့် နေတိုးအား တလေးတစား ဆက်ဆံလာနိုင်ခဲ့သည်။ အာရှ တွင်လည်း အမေရိကန်၊ ဗြိတိန် နှင့် ဩစတေးလျှ တို့ ပေါင်း၍ AUKUS ကို ဖွဲ့စည်းနိုင်ခဲ့သည်။ စစ်စခန်းများ ထားရှိရာ နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်တို့နှင့် လည်း ဆက်‌ဆံရေး ကောင်းမွန်လာခဲ့သည်။

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က အိန္ဒိယ ကဲ့သို့ ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်သော နိုင်ငံများ နှင့်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်၍ ရသည့် နည်းလမ်းများ ရှိကြောင်း Foreign Affairs မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ အိန္ဒိယသည် အမေရိကန် ၏ မဟာမိတ် အဖြစ် ရပ်တည် မသွားဖို့ ဆုံးဖြတ်ထားသော်လည်း အာရှ လုံခြုံရေး အား ကျားကန် ပေးထားနိုင်ဖို့ အိန္ဒိယ အား အသုံးချရန် အကြံအစည် များ ရှိထားပြီး ဖြစ်သည်။

ယခု အခါ စစ်ပွဲကြီး ပို၍ ကျယ်ပြန့်မလာရန် အစ္စရေး အား အမေရိကန် တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်လာမှု အား အချို့မှ ဆယ်ငါးနှစ်ခန့် ဖာသိဖာသာ နေလာခဲ့သော ဆံဖြူသွားကျိုး ဆူပါပါဝါကြီး အား အရှေ့အလယ်ပိုင်းသို့ ပြန်၍ ဆွဲသွင်းလာမှု ဟု ပြောဆိုနေကြသည်၊ သို့သော် လက်ရှိ အနေအထားသည် အီရတ် နှင့် အာဖဂန်နစ္စတန် မှာ လို အမေရိကန်တို့ ကိုယ်ထိ လက်ရောက် ပါဝင်စရာ မလိုလှပေ။

ဘိုင်ဒင်သည် ရှေ့လျောက် ပို၍ ရှုပ်ထွေးလာမည့် ကမ္ဘာကြီးသည် အမေရိကန် အား ပို၍ ခြိမ်းခြောက်လာနိုင်ဖွယ် ရှိသည်ကို မည်သို့ တုန့်ပြန်ရမည် နှင့် စပ်လျှင်း၍ ပို၍ ကောင်းမွန်သည့် ဖေါ်မြူလာတရပ် ဖေါ်စပ်နိုင်ရန် လက်ရှိ အရှေ့အလယ်ပိုင်း ပြဿနာအား အသုံးချ၍ စဉ်းစား ကြံဆရတော့မည့် အချိန် ဖြစ်သည်ဟု ယူဆထားပြီး ဖြစ်သည်ကို တွေ့လာရသည်။

ထို့အတွက် မဟာမိတ်များနှင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေး လမ်းကြောင်းများ ဆက် ပွင့်နေစေရန် တို့ ဖေါ်ဆောင်ရမည် ဖြစ်သည်။ အမေရိကန် တို့၏ စံတန်ဖိုး များသည် တကယ်တမ်းတွင် အပြစ်အနာ အဆာများ ရှိနေသော်လည်း ကမ္ဘာတဝှမ်းရှိ နိုင်ငံ အတော်များများ အတွက်မူ တရုတ် ကွန်မြူနစ် ဝါဒ ထက်တော့ သာလွန် နေသည်ဟု ယူဆထားကြ၍ ဆွဲဆောင်နိုင်မှု တွင် တရုတ်တို့ မယှဉ် နိုင် ဖြစ်နေသည်။

အကယ်၍ ဘိုင်ဒင်သည် ဂါဇာ အရေးအခင်းကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သွားနိုင်မည် ဆိုလျှင် အမေရိကန် အတွက် သာမက၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာကြီး အတွက် ရှေ့လျောက် လုံခြုံစိတ်ချစွာ နေထိုင်သွားနိုင်မည် ဖြစ်သည်။

(၂၀၂၃ အောက်တိုဘာ ၂၃ ရက်နေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းပါ "American power: indispensable or ineffective?" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)

Address

Main Road
Mawlamyine

Telephone

+6656565474

Website

Alerts

Be the first to know and let us send you an email when Today News ယနေ့သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Today News ယနေ့သတင်း:

Share