
21/02/2025
" သစ္စာတရားထက်ပိုပြီး ဆွဲဆောင်နိုင်သောအရာသည်
မရှိ" တဲ့
ဒီစကားကို ကျွန်မအပြည့်အဝထော-က်ခံတယ်။ သစ္စာတရားကို သိတဲ့သူ၊ စောင့်ထိန်းသူက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသလို သူ့စိတ်ကလည်း Power ရှိတယ်။
အများစုက မချစ်သင့်တဲ့သူကို ချစ်မိတဲ့အခါ ကိုယ့်ရဲ့ သစ္စာထားခဲ့မှုကို နော-င်တရတတ်ကြတယ်။ ကျွန်မအနေနဲ့ဆိုရင် အဲ့လိုကိစ္စမျိုးမှာ နော-င်တရနေမှာမဟုတ်ဘူး။ ကိုယ်မှားနေတာမှမဟုတ်ပဲ။ ကိုယ်က သစ္စာဖော-က်မိရင်သာ တစ်သက်လုံးနောင်တရနေမှာ။
တချို့ထားခဲ့သူတွေကြတော့ ကိုယ်ဖက်ကသစ္စာမထားခဲ့သလို အဲ့ဒီအတွက်လည်း နော-င်တလည်း မရဘူး။ ဒီလိုလူတွေကြတော့ သူ့လိုလူမျိုးနဲ့ပြန်ဆုံတာ၊ သူ့ကိုအနို-င်ကျ-င့်တဲ့ သူနဲ့ပြန်ဆုံရတာတွေရှိတယ်။
ကိုယ့်အပေါ်မေတ္တာကြီးတဲ့သူ၊ ယုံကြည်ထားတဲ့သူကို သစ္စာပျ-က်ခဲ့ရင် အဲ့ဒီမေတ္တာက တကယ်စူးတယ်။ သစ္စာမရှိတဲ့သူတွေကို ကြည့်လိုက်။ ဘယ်တော့မှ အရောင်
မထွက်ဘူး။ Energy ကျနေတာများတယ်။
ဒါကြောင့် အချစ်ရေးမှာ ကိုယ်က ချစ်သူကို သစ္စာထားခဲ့မိလို့ နော-င်တရနေစရာမလိုဘူး။ ကိုယ်က သစ္စာပျက်ခဲ့ရင်သာ နော-င်တကမရချင်ရင်တောင် သ-စ္စာမဲ့ခြင်းရဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ခံ-စားရမှာပါ။