𝙈𝙤𝙙𝙚 𝙤𝙣

𝙈𝙤𝙙𝙚 𝙤𝙣 Feeling good
(3)

I have reached 90K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
27/10/2024

I have reached 90K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

05/07/2024

အဆိုတော် ခင်ဝမ်း ရေးသားပြီး ခင်ဝမ်း ခင်မောင်တိုး တို့သီဆိုခဲ့ကြတဲ့ "ဆယ်လ်မွန်ငါးတို့အပြန်"

~~~~~~~~~~~~~~~~
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..

ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....

အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။

တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။

အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။

အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။

ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။

ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...

တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...

ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...

မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...

အန်ိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုး၀င်ပြီး ပါသွားလိုက်တာ အများအပြား...

ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...

ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...

ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...

အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား...

အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား...

အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...

အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။

ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။


Admin - Theint

23/06/2024

မတူတာကို မနှိုင်းယှဥ်ပါနဲ့....

ခုတလော တော်တော်များများက အခုခေတ်နဲ့ အရင်က နာမည်ကြီးပြီးသားတွေနဲ့ နှိုင်းယှဥ်လာကြတာ တွေ့ရပါတယ်...

လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ ရှိနေကြပြီးသားပါ။ အေးချမ်းမောင်သရုပ်ဆောင်တာ ဒွေးနဲ့မတူနိုင်သလို၊ နေဝင်း သရုပ်ဆောင်တာလည်း ကျော်ဟိန်းနဲ့ မတူနိုင်ပါဘူး။ အဲလိုပဲ အောင်ကိုကို သီချင်းဆိုတာ သူ့ပါရမီနဲ့သူ ရှိပေမယ့် ထူးအိမ်သင်နဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။

အားလုံးဟာ သူ့နေရာမှာ သူ့တန်ဖိုးနဲ့သူ တည်ရှိနေပြီးသားပါ။ ကိုယ့်အမြင်ကို ချပြခြင်းပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်🫰🫰

#အနုပညာ #ဒွေး #ကျော်ဟိန်း #ထူးအိမ်သင် #အေးချမ်းမောင် #နေဝင်း #အောင်ကိုကို

ငါ့စုဆောင်းထားတဲ့ငွေတွေနဲ့ ကားတစ်စီးဝယ်နိုင်သောအခါ
26/05/2024

ငါ့စုဆောင်းထားတဲ့ငွေတွေနဲ့ ကားတစ်စီးဝယ်နိုင်သောအခါ

ခရီသွားမယ်ဘယ်သူလိုက်ကြမလဲ
23/05/2024

ခရီသွားမယ်ဘယ်သူလိုက်ကြမလဲ

ဒီတစ်ခေါက်သင်္ဘောတက်တာကြာမယ်အမေနည်းနည်းမြင့်လို့ပြန်မဆင်းတက်တော့လို့
21/05/2024

ဒီတစ်ခေါက်သင်္ဘောတက်တာကြာမယ်အမေ

နည်းနည်းမြင့်လို့ပြန်မဆင်းတက်တော့လို့

‘မဆုံသောလမ်း’ကလွဲရင် ကြိုက်တဲ့လမ်းကိုပို့ပေးပါ ဆရာPS ဒီထက်စုတ်ပြတ်စရာမရှိတော့လို့ပါ
21/05/2024

‘မဆုံသောလမ်း’ကလွဲရင် ကြိုက်တဲ့လမ်းကိုပို့ပေးပါ ဆရာ

PS ဒီထက်စုတ်ပြတ်စရာမရှိတော့လို့ပါ

တနေ့ကျရင် ငါ့သူငယ်ချင်းနဲ့ငါကွာခြားပုံPS စျေးရောင်းနေတာငါMay 10
10/05/2024

တနေ့ကျရင် ငါ့သူငယ်ချင်းနဲ့ငါကွာခြားပုံ

PS စျေးရောင်းနေတာငါ
May 10

07/05/2024

နေ့လည်နေ့ခင်းလေး မုန့်စားမယ်ပေါ့
ခလာကြီး ရက်စက်တယ်ဗျာ🥹

ကျီစားသလား 🤭
18/04/2024

ကျီစားသလား 🤭

မှန်ထဲပြန်ကြည့်တော့လဲအမေမြင်သလိုမြင်တာပဲ
17/04/2024

မှန်ထဲပြန်ကြည့်တော့လဲအမေမြင်သလိုမြင်တာပဲ

"ခြံခုန်ရင်တော့ ငါ့အပိုင်ပဲနော်"PS ကို့သားကိုနိုင်အောင်ထိမ်း
16/04/2024

"ခြံခုန်ရင်တော့ ငါ့အပိုင်ပဲနော်"

PS ကို့သားကိုနိုင်အောင်ထိမ်း

ကိုယ့်လမ်းကိုယ်သွား မဆိုင်ရင် ဝင်မပါနဲ့
15/04/2024

ကိုယ့်လမ်းကိုယ်သွား
မဆိုင်ရင် ဝင်မပါနဲ့

မင်းခက်ခဲနေတဲ့အချိန်တိုင်း မင်းဘေးမှာအမြဲရှိနေမှာပါ😬
14/04/2024

မင်းခက်ခဲနေတဲ့အချိန်တိုင်း မင်းဘေးမှာအမြဲရှိနေမှာပါ😬

သင်္ကြန်ကျပြီဆိုရင် သိကြားမင်းက လူ့ပြည်ဆင်းတယ်ဆိုတာဟာ  ဗုဒ္ဓစာပေထဲမှာ မပါဘူးနော် အစဉ်အလာအရ ပြောနေကြတာသာ ဖြစ်တယ်။အဲ့ဒါ ဘု...
13/04/2024

သင်္ကြန်ကျပြီဆိုရင် သိကြားမင်းက
လူ့ပြည်ဆင်းတယ်ဆိုတာဟာ ဗုဒ္ဓစာပေထဲမှာ မပါဘူးနော်

အစဉ်အလာအရ ပြောနေကြတာသာ ဖြစ်တယ်။

အဲ့ဒါ ဘုရားလက်ထက်ကလည်း မရှိခဲ့ဘူး။

အင်္ဂုတ္တရနိကာယ် စတုမဟာရာဇသုတ်မှာ

လူ့ပြည်က သတင်းတွေကို နတ်တွေကအမြဲတမ်း စုံစမ်း ထောက်လှမ်းနေတယ်ဆိုတာတော့ ပါတယ်ပေါ့။

သူဆင်းချင်ရင်တော့ သင်္ကြန်ဟုတ်ဟုတ်
မဟုတ်ဟုတ် ဆင်းတာတွေတော့ရှိတယ်။

ဥပမာ- ဘုရားဆီလာပြီးတော့ တရားတော်နဲ့
ပတ်သတ်ပြီးတော့ မေးမြန်းစရာတွေရှိတယ်
ဆိုရင် လာတယ်။

မြတ်စွာဘုရား သာသနာပမှာတော့
ကယ်တင်ရမယ့်သူတွေရှိရင် လာပြီး ကယ်တင်တယ်ဆိုတာတော့ ၅၅၀နိပါတ်တော်တွေမှာ ပါတယ်။

အေးဒါကြောင့် သင်္ကြန်ကာလ သိကြားမင်းဆင်းတယ်ဆိုတာ
ဗုဒ္ဓစာပေပိဋကတ်စာတွေက မဟုတ်ဘူး။

အကြောင်းအရင်းကို ဆင်ခြင်ကြည့်မယ်
ဆိုလည်း သိကြားမင်းနေတဲ့ဘုံက
တာဝတိံသာနတ်ပြည်......

အေး တာ၀တိံသာနတ်ပြည်ဆိုတာ
လူ့ပြည်မှာ အနှစ်တစ်ရာမှ တစ်ရက်ပဲရှိတယ်၊

အဲ့တော့ လူ့ပြည်က တစ်နှစ်ပြည့်တိုင်း
တစ်ခါဆင်းနေရရင် သိကြားမင်းက နတ်ပြည်ကနေ
မိနစ်တိုင်း မိနစ်တိုင်း ဆင်းနေရမှာပေါ့။

အဲ့လို ယုတ္တိနဲ့ကြည့်မယ်ဆိုရင်လည်း
ဒါက အင်မတန်မှ ယုတ္တိမရှိဘူးလို့ ပြောလို့ရတယ်ပေါ့။

အကြောင်းကိစ္စရှိရင်တော့ မဆင်းဘူး
မဟုတ်ဘူး။ ဆင်းရင် ဆင်းမယ်ပေါ့။

ဒါပေမယ့် လူ့ပြည်မှာ နှစ်သစ်ကူးတိုင်းသာ

ဆင်းတယ်ဆိုရင် လူ့ပြည်မှာ နှစ်သစ်
ဘယ်နှစ်ခါကူးတယ် ထင်ကြတုန်း

မြန်မာနိုင်ငံမှာတင် နှစ်သစ်ကူးတာလား?
တခြားနိုင်ငံတွေမှာရော နှစ်သစ်
မကူးဘူးလား?

အဲ့တော့ မြန်မာနိုင်ငံမှာပဲ ဆင်းမယ်
ဆိုလို့ရှိရင် ဒီသိကြားမင်းက မြန်မာလူမျိုးတွေကိုပဲ
Favourပေးနေတယ်လို့ပဲ ပြောမှာပေါ့။

ကမ္ဘာမှာNewYearဆိုတာ ရှိသေးတာပဲလေ

အဲ့အချိန်တွေမှာသာ ဆင်းရမယ်ဆိုရင်
မြန်မာပြည်က တန်ခူးလ။

သူတို့က ဇန်နဝါရီလဆိုတော့
နတ်တော် ပြာသိုဆိုတော့ တစ်နှစ်ကို ကမ္ဘာ့နှစ်သစ်ကူးနဲ့

မြန်မာ့နှစ်သစ်ကူး ဆိုပြီးတော့ ဒီလိုတွေဆင်းရမယ့် ပုံဖြစ်နေတယ်။

အဲ့တော့ အဲ့ဒါတွေ အသာထား

ဒါတွေက စာလာ ပေစာ စကားမဟုတ်ဘူး

လူမျိုးတွေရဲ့ယုံကြည်ချက်လို့ပဲပြောရမှာပေါ့။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

သီချင်းဆိုနည်းကငါမသင်လဲ ညည်းလင်ကသင်ခိုင်းမှာအခုထဲကကျင့်
12/04/2024

သီချင်းဆိုနည်းကငါမသင်လဲ ညည်းလင်ကသင်ခိုင်းမှာအခုထဲကကျင့်

စံပယ်ရယ်သူငယ်ချင်းတွေမို့ယုံကြည်စွာတိုင်ပင်ခဲ့ဖူးထားသည်
11/04/2024

စံပယ်ရယ်သူငယ်ချင်းတွေမို့ယုံကြည်စွာတိုင်ပင်ခဲ့ဖူးထားသည်

Address

Mawlamyine
12012

Telephone

+959963863302

Website

https://t.me/ypacapture

Alerts

Be the first to know and let us send you an email when 𝙈𝙤𝙙𝙚 𝙤𝙣 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙈𝙤𝙙𝙚 𝙤𝙣:

Share