02/06/2026
မြိတ်ကျွန်းစု ကျွန်းစုမြို့နယ် ကံမော်ရွာက စျေးလေး..
စျေးလေးလို့ပြောတာက စျေးက လမ်းဘေးကစျေးတန်းလေးမို့.. ကျမတို့သွားတော့ တည်းတဲ့အိမ်ရှေ့မှာပဲရှိတာမို့ ကျမကတော့ နေ့တိုင်းနီးပါးကြည့်ခဲ့တာ..
ပင်လယ်ငါးတွေ က တစ်ရက်နဲ့တစ်ရက်မတူ.. အဓိကက ငါးတွေပေါ.. စွန်ပဒက်သီးတို့ ပိန္နဲသီးတို့တော့ အရမ်းပေါ.. ဒညင်းသီးလဲပေါ.. တညင်ရွက်ကတော့ ကျမအကြိုက်ဆုံး.. စျေးသည်တွေက အရမ်းသဘောကောင်းပြီး စေတနာလဲကောင်းတယ်.. ခေါင်းရမ်း ပန်းလေးတွေ စင်္ကြာပန်းလေးတွေသီရောင်းတာလဲ ချစ်ဖို့ကောင်းတယ်.. မြန်မာမုန့်တွေလဲအစုံပဲ.. သောက်ခရာတို့ အာပုံတို့..
ဒူးရင်းသီးလဲကောင်း..
ပုံလေးတွေကြည့်ကြည့်နော်..