PDF.Witness

PDF.Witness တော်လှန်ရေးထောက်ပို့

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမ...
30/01/2022

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ ၁ နာရီကြာတိုက်ပွဲ ဆင်နွဲပီး အောင်မြင်စွာ စခန်းအားတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ကြောင်း၊ ပုသိမ်မုံရွာလမ်းဆုံ တွင်ရှိသော ဂိတ်စခန်းအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ဒဏ်ရာများဖြင့်စခန်းစွန့်ခွာထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့ကြောင်း မြိုင် PDF က သတင်းထုတ် ပြန်သည်။

"မြိုင် လင်းကတော ရဲစခန်း ကို ကျနော်တို့ PDF ဘက်က ဝင်ပစ်ပါတယ်။ စခန်းကို ဖျက်ဆီးပစ်နိုင်လိုက်တယ်။ သူတို့ဘက်က စစ်ကြောင်းတွေ ထပ်ထိုးလာတယ်။ အားလုံးဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု မြိုင်PDF ရဲဘော်တစ်ဦးက ပြောသည်။

မြိုင် PDF အနေဖြင့် G-3 ၅ လက် နှင့် ကျည် ၄၀၀ ၊အူစီ ၃ လက် နှင့် ကျည် ၂၀၀ ၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး ၊ပရင်တာ ၁ လုံး ၊ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF က ဝင်တိုက်ခိုက်စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စခန်းကို ရှင်းလင်းမှု မြင်ကွင်းများ။

Photo - PDF

ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း တာဝန်က နှုတ်ထွက်အနားယူဇန်နဝါရီ ၂၉ ၊ ၂၀၂၂ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒူးပလာယာခ...
29/01/2022

ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း တာဝန်က နှုတ်ထွက်အနားယူ
ဇန်နဝါရီ ၂၉ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒူးပလာယာခရိုင် ဥက္ကဌဖြစ်တဲ့ ပဒိုစောရွှေမောင်းက ခရိုင်အတွင်းမှာ အရေးပေါ်အစည်း အဝေးခေါ်ယူပြီးတော့ တာဝန်ကနေနှုတ်ထွတ်ခွင့်တောင်းလိုက်ပြီလို့ ကေအိုင်စီသတင်းဌာနက ခရိုင်တာဝန်ရှိတဲ့သူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီးတော့ ဖော်ပြလိုက်တာပါ။

ကေအိုင်စီသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဇန်နဝါရီ ၂၇ ရက်မှာ လုပ်ခဲ့တဲ့ ခရိုင်အရေးပေါ်အစည်းအဝေးမှာ နှုတ်ထွက်မယ်ဆိုတဲ့ အကြောင်းကို တရားဝင်အသိပေးခဲ့တာဖြစ်ပြီး ခရိုင်ဥက္ကဌသက်တမ်း မကုန်ဆုံးသေးပေမယ့်လည်း လာမယ့် ခရိုင်ကွန်ဂရက်ကျင်း ပတဲ့အချိန် အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

“အခုကနေ စနားလိုက်ပြီးပေါ့နော်။ အခု စနားလိုက်တာ သူ လုံး၀ မလုပ်တော့ဘူး။ ရှင်းရှင်း မလုပ်တော့ဘူး။ အဲ့လိုပေါ့နော်။ သက်တမ်းပြည့် တဲ့အထိ သူနားလိုက်မယ်။ ပြီးတော့ သူညီလာခံ ပြန်ခေါ်ပေးပြီးတော့ လွဲလိုက်ပေါ့ အဲ့လိုမျိုး” လို့ ခရိုင်တာဝန်ရှိသူ တစ်ယောက်ကို ကိုးကားပြီး ကေအိုင်စီသတင်းဌာနက ဖော်ပြထားတာပါ။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုနဲ့ ခရိုင်အဆင့် ခေါင်းဆောင်တွေရဲ့ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းက ၄ နှစ်ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာတော့ ခရိုင်ဥက္ကဌ တာဝန်တွေကို တပ်မဟာ ၆ တပ်မဟာမှူးထံ တာဝန်လွှဲပြောင်းထားတယ်လို့လည်း သိရ ပါတယ်။

ခင်ဦးမြို့နယ်၊​ယောက်သွားအိုင်ရွာကို စစ်​ကောင်စီတပ် အကြမ်းဖက်ပြည်သူနှစ်ဦး​​ကျည်ထိမှန်-People's Spring စစ်ကိုင်းတိုင်း၊ ...
29/01/2022

ခင်ဦးမြို့နယ်၊​ယောက်သွားအိုင်ရွာကို စစ်​ကောင်စီတပ် အကြမ်းဖက်ပြည်သူနှစ်ဦး​​ကျည်ထိမှန်

-People's Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာသို့ စစ်ကောင်စီတ​ပ်များ ဝင်ရောက်အကြမ်း​ေပစ်ခတ်ရာ​ဒေသခံပြည်သူနှစ်ဦးကျည်ထိမှန်ထားပြီး ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) နံနက် ၁၀နာရီခန့်တွင် ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာသို့ အင်အား သုံးဆယ်ကျော်ပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်ရောက်လာခဲ့ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာနေပြည်သူအချို့ကိုလည်း ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးစစ်ဆေးနေပြီး ပြည်သူနှစ်ဦးပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

"နှစ်ယောက်အပစ်ခံလိုက်ရတယ်ပြောတယ်။ သေတာမသေတာကတော့မသိရသေးပါဘူး။"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ရွာခံများသည် နံနက်အစောကတည်းကထွက်ပြေးနေရပြီး အကြမ်းဖက်စစ်တပ်သည် ၄၀ မမ လက်နက်ကြီးဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း၊အကြမ်းဖက်စစ်တပ်နှင့်အတူ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပေါက်တောကျေးရွာ၊ သရက်ကန်ရွာများသို့ အင်အား ၈၀
ခန့်ပါသည့် စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည်။

Jan 28 noon-မင်းတပ်မြို့ရှိ လူမနေသည့်အိမ်များ ချိပ်ပိတ်မည်ဟု လော်စပီကာဖြင့်လိုက်အော်၊ အင်တာနက်မရသည့် မြို့တွင် VPNတွေ့ရှ...
28/01/2022

Jan 28 noon

-မင်းတပ်မြို့ရှိ လူမနေသည့်အိမ်များ ချိပ်ပိတ်မည်ဟု လော်စပီကာဖြင့်လိုက်အော်၊ အင်တာနက်မရသည့် မြို့တွင် VPNတွေ့ရှိပါက ထောင်၃နှစ်ကျမည် ဟုဆို
-မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၂၀၀ ကျော်အထိ ဖြစ်လာ
-မန္တလေးမြို့က မြန်မာဘီယာရောင်းချသည့် နေရာ ၃ခုကို JMPDF ဗုံးဖောက်ခွဲ မီးရှို့သတိပေး
-နောင်ချိုမြို့နယ် ဘန့်ဘွေးရဲစခန်းအနီးရှိ ‌ရွှေဆိုင်ဓားပြတိုက်ခိုက်ခံရ
-ကြံခင်းမြို့နယ်တွင် လက်နက်မှုဖြင့် လူ၅ဦးစွပ်စွဲဖမ်းဆီးခံရ
-အင်းတော်မြို့နယ်၌ စစ်တပ်ထောက်ပို့ ယာဉ်တန်း၃ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ
-မြိုင်မြို့နယ်တွင် ပြည်သူ၃ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်ပြီး ရေနံမှော်များ ထပ်မံမီးရှို့

●ည၈နာရီမထိုးခင်ရရှိတဲ့​မြေပြင်အ​ခြေအ​နေများတစ်ဖြတ်စုစည်းမှုရဲစခန်းကနေ မြန်မာ့ဂုဏ်ရည်တစ်လျှောက်လုံး - ရေခဲ (epc မှာ စခ/ရခ...
28/01/2022

●ည၈နာရီမထိုးခင်ရရှိတဲ့​မြေပြင်အ​ခြေအ​နေများတစ်ဖြတ်စုစည်းမှု

ရဲစခန်းကနေ မြန်မာ့ဂုဏ်ရည်တစ်လျှောက်လုံး - ရေခဲ (epc မှာ စခ/ရခ/ အရပ်ဝတ်ရှိ)
7:28 PM

ဘင်္ဂါလီစု - ရေခဲ
သိမ်ဖြူကုန်း - ရေခဲ
စက်ရုံလမ်း - ရေခဲ
သာယာကုန်း - ရေခဲ
သပြေကုန်း - ရေခဲ
7:28 ~ 7:38 p.m

ယောက်လမ်းကားမှတ်တိုင်နဲ့ ဖဆပလ ရပ်ကွက်အတွင်းအပြင် - ရှင်း
7:38 PM

အထက်ပန်းဆိုးတန်းလမ်း - ရှင်း
7:40 PM

မြန်မာ့ဂုဏ်ရည်လမ်း - ရှင်း
7:43 PM

💢သိမ်ဖြူတင်းနစ်ကွင်း၊ ​တောင်ညွန့် EPC ၊ ဗိုလ်မင်း​ခေါင်+အလံပြ​ဘုရားလမ်းထောင့် ၊ အထက်ပန်းဆိုးတန်း​ထွေအုပ်ဘက် တပ်စွဲ ၊ အတားအဆီး နဲ့ကင်းပုန်းအမြဲရှိ သတိ ❗️

⚜️

ပေါင်းတလည်မြို့ မီတာရုံးမှ ခက်ခဲနေတဲ့ပြည်သူတွေဆီမှမီတာခတွေ အတင်းဖိအားပေး ကောက်ခံနေသဖြင့်နာနတ်သီးအသေးကျွေးခံရတယ်လို့ သိရပ...
28/01/2022

ပေါင်းတလည်မြို့ မီတာရုံးမှ ခက်ခဲနေတဲ့ပြည်သူတွေဆီမှ
မီတာခတွေ အတင်းဖိအားပေး ကောက်ခံနေသဖြင့်
နာနတ်သီးအသေးကျွေးခံရတယ်လို့ သိရပါတယ်။

(7:31pm)Jan28

#☯

27/01/2022

မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း၊ လူပုဂ္ဂိုလ်တွေနဲ့ မပတ်သက်ဖို့ အမေရိကန်သတိပေး
~~~~~~
■ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီဖြစ်စဉ်တွေကို တားဆီးမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် သတိထားဖို့ အမေရိကန်ဘဏ္ဍာရေးဌာနက သတိပေးချက်တစ်ခု မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွေ ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီ သတိပေး ကြေညာချက်ထဲမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တားဆီးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် ဂရုပြုကြဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေ ဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွေ ပူးပေါင်းပြီး အဲဒီသတိပေးချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ သတ္တုတွင်းကဏ္ဍ၊ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍ၊ စစ်လက်နက်နဲ့ နည်းပညာကဏ္ဍတွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်မှု များပြားပြီး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်လုပ်ငန်းတွေက ဒီကဏ္ဍတွေမှာ လက်ဝါးကြီးအုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေဟာလည်း မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတာဖြစ်ပြီး ဒီလုပ်ငန်းတွေထဲက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်နေတဲ့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေမယ်ဆိုရင် အမေရိကန်ရဲ့ ငွေကြေးခဝါချမှုဥပဒေနဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ကြေညာချက်က သတိပေးထားပါတယ်။

ဒီနိုင်ငံပိုင်လုပ်ငန်းတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းတို့ကို ဥပမာအနေနဲ့ ဖော်ပြထားပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံပိုင် အင်တာပရိုက် အဖွဲ့အစည်းတွေမှာ အကျင့်ပျက်ချစားမှုနဲ့ စစ်တပ်ရဲ့ ပါဝင်ပက်သက်မှုလည်း ပိုများပြီး မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီကထုတ်ပြန်တဲ့ အမေရိကန်သမ္မတရဲ့အမိန့်အရ ပိတ်ဆို့အရေးယူမယ့် အဖွဲ့အစည်းစာရင်းထဲမှာ ပါပြီးဖြစ်ပေမဲ့ မပါသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုအတွက်လည်း သတိပြုဖို့ ဖော်ပြထားပါတယ်။
- Unicode
----------------
မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း၊ လူပုဂ္ဂိုလ်တွေနဲ့ မပတ်သက်ဖို့ အမေရိကန်သတိပေး
~~~~~~
■ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီဖြစ်စဉ်တွေကို တားဆီးမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် သတိထားဖို့ အမေရိကန် ဘဏ္ဍာရေးဌာနက သတိပေးချက်တစ်ခု မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွေ ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီ သတိပေး ကြေညာချက်ထဲမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တားဆီးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် ဂရုပြုကြဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေ ဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွေ ပူးပေါင်းပြီး အဲဒီသတိပေးချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ သတ္တုတွင်းကဏ္ဍ၊ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍ၊ စစ်လက်နက်နဲ့ နည်းပညာ ကဏ္ဍတွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်မှု များပြားပြီး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်လုပ်ငန်းတွေက ဒီကဏ္ဍတွေမှာ လက်ဝါးကြီးအုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေဟာလည်း မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတာဖြစ်ပြီး ဒီလုပ်ငန်းတွေထဲက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်နေတဲ့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေမယ်ဆိုရင် အမေရိကန်ရဲ့ ငွေကြေးခဝါချမှုဥပဒေနဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ကြေညာချက်က သတိပေးထားပါတယ်။

ဒီနိုင်ငံပိုင်လုပ်ငန်းတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းတို့ကို ဥပမာအနေနဲ့ ဖော်ပြထားပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံပိုင် အင်တာပရိုက် အဖွဲ့အစည်းတွေမှာ အကျင့်ပျက်ချစားမှုနဲ့ စစ်တပ်ရဲ့ ပါဝင်ပက်သက်မှုလည်း ပိုများပြီး မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီကထုတ်ပြန်တဲ့ အမေရိကန်သမ္မတရဲ့အမိန့်အရ ပိတ်ဆို့အရေးယူမယ့် အဖွဲ့အစည်းစာရင်းထဲမှာ ပါပြီးဖြစ်ပေမဲ့ မပါသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုအတွက်လည်း သတိပြုဖို့ ဖော်ပြထားပါတယ်။
- Zawgyi
Photo: AFP
- ၂ဝ၁၆ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

စစ်ကောင်စီက ရွှေယမင်းရွာမှာ လူ ၂ ယောက်ကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပြီး လူ ၄ ယောက်ကို သေနတ်နဲ့ ဦးခေါင်းပစ်သတ်ခဲ့ဇန်နဝါရီ...
26/01/2022

စစ်ကောင်စီက ရွှေယမင်းရွာမှာ လူ ၂ ယောက်ကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပြီး လူ ၄ ယောက်ကို သေနတ်နဲ့ ဦးခေါင်းပစ်သတ်ခဲ့

ဇန်နဝါရီ ၂၆၊ ၂၀၂၂

ဒီနေ့မနက် ၆ နာရီမှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်ထဲက ရွှေယမင်းရယာကိုဝင်ရောက်ခဲ့ပြီး ဒေသခံ ရွာသား ၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပြီး ကျန် ၄ ဦးကို ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နောက်ဆက်တွဲ သတင်းအနေနဲ့ ရရှိပါတယ်။ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ လည်း ပြောပါတယ်။

“ ၂ ယောက်ကိုတော့ အရှင်လတ်လတ်မီးရှို့သတ်ခဲ့တယ်။ ကျန်တဲ့ ၄ ယောက်ကိုတော့ ခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ လက်နက်မဲ့ ပြည်သူတွေကို အခုလိုလုပ်သွားတာပါ။ အခုလည်း နောက်ထပ် အလောင်းတွေ ဆက်တိုက်တွေ့နေတယ်” လို့ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရွာအတွင်း PDF တွေကို သင်တန်းပေးတယ်လို့ ဒလန်သတင်းပေးတဲ့အတွက် စကစက အခုလို ကျေးရွာတွင်းဝင်ရောက်ပြီး ဒေသခံရွာသားတွေကို သတ်ပစ်နေတာလည်းဖြစ်ပါတယ်။

"တနိုင်ငံလုံးစည်းလုံးနေတာ အားရဖွယ်ဖြစ်တယ်လို့ စစ်ကောင်စီ အကြမ်းဖက် စိုး၀င်းပြော"😜***************************************...
26/01/2022

"တနိုင်ငံလုံးစည်းလုံးနေတာ အားရဖွယ်ဖြစ်တယ်လို့ စစ်ကောင်စီ အကြမ်းဖက် စိုး၀င်းပြော"😜
*****************************************

ယခုနှစ် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကာလတွင် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေကြမှုများနှင့် ပြည်သူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားရဖွယ် တွေ့မြင်ရပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုလှုပ်ရှားမှုများဟာ တနိုင်ငံလုံး၏ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေပါကြောင်း စစ်‌ကောင်စီ အကြမ်းဖက် စိုး၀င်းက မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီ ဗိုလ်ရှုခံပွဲကျင်းပရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်။

crd.Aung Kyaw Saint

စိုင်းခေးလောဝ်

ဟုတ်ကဲ့..ဆဲချင်သူခွီးချင်သူများ ဆဲလို့ခွီးလို့ရပါပြီ😁

မြောက်ဥက္ကလာပ ကိုယ်စားပြု The Guys Of Rangoon Molotov ဖွဲ့စည်းကြောင်းကြေငြာနွေဦးတော်လှန်ရေးရဲ့ အုပ်တချပ်သဲတပွင့်ဖြစ်သည်...
26/01/2022

မြောက်ဥက္ကလာပ ကိုယ်စားပြု The Guys Of Rangoon Molotov ဖွဲ့စည်းကြောင်းကြေငြာ

နွေဦးတော်လှန်ရေးရဲ့ အုပ်တချပ်သဲတပွင့်ဖြစ်
သည့် ရန်ကုန်မြို့ပြ တက်ကြွလူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို တော်လှန်
မည့် သင်တန်းဆင်း GZ များစုပေါင်း၍ မြောက်ဥက္ကလာပ ကိုယ်စားပြု The Guys Of Rangoon Molotov အဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ဖွဲ့စည်းပြီးကြောင်း အဆိုပါအဖွဲ့မှ North Okkalapa Information သို့ပြောသည်။

GRMအဖွဲ့အနေဖြင့် " စကစရဲ့ Mytel အပါဝင်
စခ လုပ်ငန်းမှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲ ရရာနည်းစနစ်ဖြင့် တော်လှန်သွားပါမည် " ဟု ပြောဆိုသည်။

ဇန်နဝါရီ ၂၆၊၂၀၂၂။

#☯

ရွှေဘိုက ရွာတရွာကို စစ်တပ်ကမီးရှိ လို  ရွာသားတွေထွက်ပြေးနေရ ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ...
26/01/2022

ရွှေဘိုက ရွာတရွာကို စစ်တပ်ကမီးရှိ လို ရွာသားတွေထွက်ပြေးနေရ

ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ပေါက်ချိုင်ရွာကို ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်တပ်ကမီးရှိခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့ကညပိုင်းကတည်းက အဲဒီရွာထဲကို မီးဝင်ရှိနေတာဖြစ်ပြီး
မီးမရှိခင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို ဒေသခံတဦးကပြောပါတယ်။

“ မနေ့ညပိုင်း ၇ နာရီခွဲလောက်မှာ ရှိတာပါ။ ရွာသားတွေ အကုန်ရှောင်ပြေးနေရတယ်၊ ဒီနေ့မနက် ၇ နာရီမှာလည်း ထပ်ရှိနေကြတယ်၊ အခုတော့ ငြိမ်းသွားပြီ၊ ရွာစိုးရွာကို ရှိတာလောက်တော့ မဆိုးဘူးလို သုံးသပ်ရတာပဲ၊ အိမ်ခြေဘယ်လောက် အထိအခိုက် ရှိမလဲဆိုတာ အတည်မပြုနိုင်သေးဘူး၊ “ လို သူကပြောပါတယ်။

ပေါက်ချိုင်ရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်နဲ့ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လိုလည်း ဒေသခံတဦးကပြောပါတယ်။

ICJ ကြားနားမှုအတွက် သံအမတ်ကြီးဦးကျော်မိုးထွန်း အမည်စာရင်း တင်သွင်းမှုအပေါ် ICJ ဘက်က ကောင်းမွန်စွာလက်ခံရရှိကြောင်း အကြောင...
25/01/2022

ICJ ကြားနားမှုအတွက် သံအမတ်ကြီးဦးကျော်မိုးထွန်း အမည်စာရင်း တင်သွင်းမှုအပေါ် ICJ ဘက်က ကောင်းမွန်စွာလက်ခံရရှိကြောင်း အကြောင်းပြန်🤝⭐





ဇန်နဝါရီလ ၂၃ ရက်

#နွေဦးကိုကို

Address

Maymyo
S30K

Website

Alerts

Be the first to know and let us send you an email when PDF.Witness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PDF.Witness:

Share