Pyinoolwin Post

Pyinoolwin Post Local ads accepted

Address

Maymyo
05081

Telephone

+959443702511

Website

Alerts

Be the first to know and let us send you an email when Pyinoolwin Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyinoolwin Post:

Share

ပြင်ဦးလွင်မြို့

ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။

တည်နေရာ-

ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။

ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။